ဂျင်းက ဘယ်တော့မှရိုးမသွားဘူး။ အခုဆိုလည်း တစ်ပတ်ပြန်လည်လာတယ်… နှင်းရွှေရည်










လတ်တလောဘာတွေလုပ်
လတ်တလောမှာတော့ ညီမ Show ပွဲတွေလျှောက်ဖြစ်တယ်။ Cover တွေရိုက်တယ်။ Photo တွေ လည်းရိုက်ဖြစ်တယ်။ သရုပ်ဆောင်ဘက်ကူသွားဖို့လည်းရှိတယ်။ အနုပညာကထဲကိုလွန်ခဲ့တဲ့ (၂)နှစ် လောက် က ၂၀၁၄ လောက်တုန်းက ၀င်လာတာ။ ပထမဦးဆုံး Miss Valentine’s 2014 ပြိုင်ပွဲ အတွေ့အကြုံမရှိ၊ သင်တန်းမတက်ဖူးဘဲဝင်ပြိုင်တယ်။ Miss Valentine’s ဆုရသွားခဲ့တယ်။ ရှေ့ဆက်လုပ်ဖို့ ကိုယ့်မှာခွန်အားတွေ ရှိလာတယ်။ ညီမ ပြီးတော့ Talents & Models တီချယ်မိုးဆီမှာ သင်တန်းတက်ဖြစ်တယ်။
Myanmar International 2016 ကို ၀င်ပြိုင်သွားမှာပါ
Miss Valentine’s ပြီးတော့ Miss April Queen ပြိုင်ခဲ့တယ်။ Miss April Queen 2015 ရခဲ့တယ်။ Miss Face Of Myanmar လည်းဝင်ပြိုင်ခဲ့တယ်။ Miss Myanmar World လည်းဝင်ပြိုင်ခဲ့တယ်။ အခု  Miss Myanmar World ဆုရခဲ့တယ်။ ဒီနှစ် Miss Myanmar International 2016 ကိုဝင်ပြိုင်သွားမှာပါ။ ဖောင်တော့ မတင်ရသေးဘူး။

Tourism နဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်စေချင်ပါတယ်
အဓိကခန္ဓာကိုယ်က ၀လွယ်တော့ ညစာမစားဘူး။ ရှောင်ဖြစ်တယ်။ ညပိုင်းဆိုလည်း အသီးအနှံ လောက်ပဲစားဖြစ်တယ်။ English စာကျတော့ အရင်ကအင်္ဂလိပ်ကျောင်းတွေတက်ဖူးတော့ အင်္ဂလိပ်စာနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့အတွက် ပြန်လေ့လာသွားဖို့ရှိတယ်။ Toruism နဲ့ပတ်သက်ပြီး ညီမတို့မြန်မာနိုင်ငံက မကြာသေးခင်က မြိတ်ကျွန်းစုလိုမျိုးပေါ့။ တခြားနိုင်ငံက ကမ်းခြေတွေထက်တောင်ပိုလှပါတယ်။ ဒီ Tourism နဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်စေချင်ပါတယ်။

မောင်နှတွေထဲမှာ အငယ်ဆုံးဆိုတော့ အစ်ကိုတွေအစ်မတွေရဲ့အကျတွေဝတ်ရတယ်
Jeans က ငယ်ငယ်ကဆိုရင် ညီမက မောင်နှမတွေထဲမှာ အငယ်ဆုံးဆိုတော့ အစ်ကိုတွေအစ်မတွေ ရဲ့အကျတွေဝတ်ရတယ်။ ဂျင်းဘောင်းဘီပွပွကြီးတွေ ငယ်ငယ်ကတော့ ဂျင်းကခေတ်စားတဲ့အတွက် ၀တ်ရတာ သဘောကျတယ်။ ညီမ ၃-၄ တန်းလောက်ကတည်းက စ၀တ်ဖြစ်ခဲ့တယ်။ အငယ်ဆုံးဆိုတော့ အစ်ကိုတွေ အစ်မတွေရဲ့ မတော်တာတွေပြန်ဝတ်ရတာ။ ငယ်ငယ်ကလှချင်စိတ်မရှိတော့ စိတ်ထဲမရှိပေမယ့် ကြီးလာတော့ နည်းနည်းတော့အောက်တာပေါ့။ သူများအကျဝတ်ရတာ။ အဲဒီတော့နောက်ပိုင်းကျတော့ အမေနဲ့အဖေကို သူ တို့ကို ၂ထည်ဝယ်ပေးရင် ညီမကိုလည်း ၀ယ်ပေးဖို့ပြောရတာပေါ့။

Jeans ကကောင်းကွက်ပြောရရင် အကြမ်းအရမ်းခံတယ်
အရွယ်ရလာတော့ ဂျင်းကဘယ်တော့မှရိုးမသွားဘူး။ အခုဆိုလည်း တပတ်ပြန်လည်လာတယ်။ ငယ် ငယ်က၀တ်တဲ့ ဂျင်းစကပ်ကားကားလေးတွေဆိုရင် အခုပြန်ခေတ်စားနေတယ်။ ညီမဆိုလည်းဝတ်ရတာကြိုက် တယ်။
Jeans ကကောင်းကွက်ပြောရရင် အကြမ်းအရမ်းခံတယ်။ ရာသီဥတုနဲ့လိုက်ပြီးဝတ်စားနိုင်တယ်။ ဂျင်းကအေးတဲ့ရာသီမှာလည်း နွေးအောင်လုပ်ပေးနိုင်တယ်။ ပူရင်လည်း ၀တ်လိုက်ရင်သက်သောင့် သက်သာရှိစေတယ်။ ဖက်ရှင်အမျိုးမျိုးနဲ့လိုက်တယ်။ ဘယ်လိုဝတ်ဝတ် လိုက်ပါတယ်။ ပြီးတော့ ပြဲလေလှ လှလေပေါ့။

Jeans ကချွေးထွက်ရင် ကွက်တယ်။ အဲဒါကတော့ဆိုးချက်ပေါ့
Jeans က ဘာကိုဆိုလိုသလဲဆိုရင် ချွေးထွက်ရင် ကွက်တယ်ပေါ့။ အကွက်လိုက်လေးဖြစ်နေတာ။ အဲ ဒါကတော့ဆိုးချက်ပေါ့။ ညီမတို့က Show ပွဲတွေ တချို့ရွေးချယ်ခွင့်မရှိဘူး။ သူတို့ပေးတဲ့အ၀တ်အစားဝတ် ရတယ်။ Jeans က ကိုယ်နဲ့ဝတ်ရတာအဆင်ပြေမှ သက်သောင့်သက်သာဖြစ်စေမှာလေ။ လှုပ်ရှားရကြပ်တာ မျိုးတွေဖြစ်စေတယ်။ ချွေးထွက်ရင် ချွေးထွက်တဲ့နေရာမှာ အကွက်လိုက်ဖြစ်နေတာမျိုးပေါ့။ ဒီလိုဖြစ်ရင်ညီမက ခြောက်အောင်လုပ်ရတာပေါ့။

Jeans ဖက်ရှင်နဲ့ပတ်သက်ရင် Lopez ရဲ့ Ain’t your mama ဆိုတဲ့သီချင်းလေးထဲမှာ သူက စက်ရုံမှာ အလုပ်သမား ကောင်မလေးပုံစံသရုပ်ဆောင်ထားတာ တော်တော်သဘောကျပါတယ်
Jeans ဖက်ရှင်နဲ့ပတ်သက်ရင် လတ်တလောနားထောင်ထားတဲ့သီချင်းလေး Jennifer Lopez ရဲ့ Ain’t your mama ဆိုတဲ့သီချင်းလေးထဲမှာ သူကစက်ရုံမှာအလုပ်သမားကောင်မလေးပုံစံ သရုပ်ဆောင်ထားတာ။ ဂျင်းအင်္ကျီလေး၊ ဂျင်းဘောင်းဘီလေးနဲ့ ခေတ်ဟောင်းပုံစံလေးပေမယ့် ပြန်ဆန်းသစ်ထားတဲ့ပုံစံမျိုး လေးပေါ့။ အဲဒါလေးကိုတော်တော်သဘောကျပါတယ်။

သူဝတ်လိုက်တဲ့အရာမှန်သမျှ အတွဲအစပ်ညီတယ်
ပြင်တွင်းမှာဆိုရင် ဂျင်းဝတ်ရင် စတိုင်ကျတာကမအူဝဲပေါ့။ ကြိုက်တယ်။ သူကဖက်ရှင်တော်တော် များများကိုဝတ်တတ်တဲ့နေရာမှာ နာမည်ကြီးတယ်။ သူဝတ်လိုက်တဲ့ အရာမှန်သမျှအတွဲအစပ်ညီတယ်။ ကြည့်ကောင်းတယ်။

Jeans ကအရပ်ပုတဲ့လူတွေနဲ့ မလိုက်ဘူး
Jeans ကအရပ်ပုတဲ့လူတွေနဲ့ မလိုက်ဘူး။ အဓိကအရပ်ရှည်တဲ့လူပေါ့။ Jeans ၀တ်လိုက်ရင် ဆွဲဆောင် မှုရှိသွားစေတယ်။ ခန္ဓာကိုယ်အချိုးအစားပြည့်ပြည့် အရပ်ရှည်တဲ့လူတွေနဲ့ ပိုပြီးလိုက်ဖက်တယ်ထင်ပါတယ်။ အရပ်ပုတဲ့သူတွေတော့ ဂျင်းကိုစကပ်တိုတိုလိုမျိုး ရှာပြီးဝတ်သင့်ပါတယ်။
ဂျင်းကိုဘောင်းဘီအရှည်နဲ့ အင်္ကျီလက်ရှည်မှာမှ ခါးအလွတ်စည်းထားတဲ့ပုံစံလေးတွေသဘော ကျပါတယ်

ဂျင်းကခန္ဓာကိုယ်ကိုနွေးစေတယ်
ဂျင်းကနွေရာသီနဲ့ သိပ်မလိုက်ဖက်ဘူးထင်ပါတယ်။ နဂိုကတည်းက ဂျင်းက ခန္ဓာကိုယ်ကို နွေးစေ တယ်ဆိုတော့ ဂျင်းဝတ်ချင်တယ်ဆိုရင်လည်း ဂျင်းသားပါးပါးလေးတွေ ၀တ်သင့်တာပေါ့။

အနုပညာအလုပ်တွေ လုပ်သွားဖို့ရှိတယ်။ သရုပ်ဆောင်ဘက်ကိုလည်း ခြေချနေပါပြီ။
ရှေ့ဆက်ပြီး အနုပညာအလုပ်တွေ လုပ်သွားဖို့ရှိပါသေးတယ်။ သရုပ်ဆောင်ဘက်ကိုလည်းခြေချ နေပါပြီ။ သရုပ်ဆောင်အနေနဲ့လည်း တွေ့ရဦးမှာပါ။ ပွဲကြီးတွေလည်း ၀င်ပြိုင်သွားဖို့ရှိပါတယ်။ ဒီနှစ်ထဲမှာ Miss Myanmar International ၀င်ပြိုင်သွားမှာပါရှင့်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment