အပြောင်းအလဲများစွာနဲ့ထွက်ရှိလာမယ့် iOS 11








အခုအချိန်အခါဟာ Apple အသုံးပြုသူတွေအတွက် iSO version အသစ်ထွက်ရှိလာတဲ့အတွက် အတော်များများကမြှင့်တင်အသုံးပြုဖို့အတွက်စောင့်ဆိုင်းနေကြပြီဖြစ်ပါသည်။ အခုလက်ရှိအသုံးပြုနေတဲ့ iSO version နဲ့ယှဉ်ရင် ဘာတွေများပြောင်းလဲသွားပါသလဲ။ Version 11 အဖြစ် Major update အသွင်ထွက်ရှိလာတဲ့အတွက် အပြောင်းအလဲသစ်တွေက ပါဝင်လာမှာတော့အသေအချာပါပဲ။ 

ဒီအပြောင်းအလဲတွေကို အလွယ်တကူအတိုချုံးလေ့လာရင်တော့ App တွေကို တစ်ပြိုင်တည်း ကိုင်တွယ် ထိန်းချုပ်နိုင်စွမ်း Multitasking ပိုင်း၊ Messaging App ကို စွယ်စုံသုံးပုံစံမျိုးဖြစ်အောင် ပြုပြင်လိုက်တဲ့အပိုင်း၊ iPad နဲ့ အဓိကအသုံးပြုရတဲ့ Apple Pencil ရဲ့ အခန်းကကဏ္ဍကို ပိုမိုမြှင့်တင်လိုက်တဲ့အပိုင်း၊ စာရိုက် ရတာပိုမိုအဆင်ပြေအောင် ပြောင်းလဲလိုက်တဲ့ Keyboard ဒီဇိုင်းပိုင်း၊ Live Photo တွေရိုက်ကူးတဲ့အခါ ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားတဲ့အပိုင်း၊ ကင်မရာပိုင်းနဲ့ပတ်သက်ပြီး အလင်းရောင်ချိန်ညှိတဲ့နေရာမှာ ပိုမိုကောင်းမွန်အောင်အပြောင်းအလဲအနည်းငယ်ထည့်သွင်းထားတဲ့အပိုင်းနဲ့ အဓိက အသုံးပြုနေကြရတဲ့ App Store ရဲ့ပုံစံကိုလည်း သိသိသာသာပြောင်းလဲထားတာတွေ့မြင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် အသုံးပြုသူတွေအဓိကတောင်းဆိုလေ့ရှိတဲ့ Control Center ကို မိမိစိတ်ကြိုက် ပြုပြင်ပြောင်း လဲနိုင်တော့မှာဖြစ်တဲ့အတွက် Control Center ဟာ အရင်ကထက်ပိုပြီး အသုံးဝင်လာတော့မှာဖြစ်ပါတယ်။ ကိုယ်မလိုတဲ့ function တွေကို ဖယ်ပစ်ပြီး လိုအပ်ပြောင်းလဲနိုင်တာက iSO အသုံးပြုသူ တိုင်းကြိုက်နှစ်သက် မယ့်အချက်ဖြစ်ပါတယ်။ 

lock screen မှာပေါ်နေမယ့် notification တွေကိုလည်း လိုသလိုပြောင်းလဲနိုင်မှာဖြစ်တဲ့အတွက် ဒီတစ်ခါ ထွက်ရှိလာမယ့် iSO 11 ဟာ user တွေအတွက် အတော်လေးဖြေလျော့ပေးထားတယ် လို့ဆိုရမှာဖြစ်ပါ တယ်။ နောက်ထပ်အသုံးဝင်နိုင်မယ့် function တစ်ခုကတော့ Do Not Disturb ဟာ အရင်ကထက်ပိုပြီး အသုံးတည့်လာမှာဖြစ်ပါတယ်။ ဥပမာ ကားမောင်းနေရင် ဒီ mode ကို ဖွင့်ထားခဲ့မယ်ဆိုရင် ကိုယ့်ဆီကို call တွေ၊ message တွေ မ၀င်အောင်တားထားမယ့်အပြင် အခြား noti ကိုပါ တားထားမှာဖြစ်ပြီး လိုအပ်ရင် ကားမောင်းနေကြောင်း auto message ပြန်နိုင်အောင် ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။

နောက်ထပ် သိသာတဲ့အပြောင်းအလဲတစ်ခုကတော့ Maps App အသစ်ဟာ ကိုယ်ရောက်ရှိနေရာတွေရဲ့ ဥပမာ shopping mall တွေဆိုရင် ရောက်ရှိနေတဲ့ အထပ် level ရဲ့ အတွင်းပိုင်းပုံစံကိုပါ ပြသပေးနိုင်မယ့် indoor map frature အသစ်ကို ထည့်သွင်းပေးထားတာတွေ့ရမှာဖြစ်ပါတယ်။ ဒီ update ကို iPhone 7,
iPhone 7 Plus
iPhone 6s
iPhone 6s Plus
iPhone 6 Plus
iPhone SE
iPhone 5s
6th generation iPod Touch
iPad:
အစရှိတဲ့ ဖုန်းတွေမှာ မြှင့်တင်အသုံးပြုနိုင်မှာဖြစ်ပြီး New
9.7-inch iPad
12.9-inch iPad Pro
9.7-inch iPad Pro
iPad Air 2
iPad Air
iPad mini 4
iPad mini 3
iPad mini 2
iPad 5 အစရှိတဲ့ iPad အမျိုးအစားတွေမှာ မြှင့်တင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ Beta Version ဖြစ်ပြီး အလျင်စလို update မတင်သေးဘဲ နောက်ထပ် minor update တွေထွက်လာတဲ့အထိ အနည်းငယ်စောင့်ဆိုင်းဖို့လည်း အကြံပြုလိုပါတယ်။
မင်းသုနောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment