J Naw (Super Model)









နောလေးတို့   model Life မှာက Professional လို့ပြောလိုက်ရင် Miss နဲ့ Professional Model တွေနဲ့ ကဘယ်လိုမှယှဉ်လို့ မရဘူးလေ…  Miss က Miss ပဲ… Professional Model က Professional Model ပါပဲ…
J Naw (Super Model)

Catwalk trainer  တွေလုပ်ပေးဖြစ်ပါတယ်
နောလေး ခုလက်ရှိ Magazine Cover တွေရယ် Journal cover တော်တော်များများရယ်  MTV ရိုက်ကူးမှုတွေရယ်။ Miss Universe နယ်မြို့တွေ တော်တော်များများတွက်  Catwalk trainer  တွေလုပ်ပေး ဖြစ်ပါတယ်။

Miss Huawei winner  ဆုကို ဆွတ်ခူးပြီး အနုပညာလောကကို သေချာဝင်ရောက်လာဖြစ်တာပါ…
၂၀၁၄ Miss Universe Myanmar ၂၀၁၄ မှာ Miss Huawei ဆုကို ပထမဦးဆုံးပေးတဲ့ Miss Huawei winner  ဆုကို ဆွတ်ခူးပြီးနောက်ပိုင်း အနုပညာလောကကို သေချာဝင်ရောက်လာဖြစ်တာပါ။

Model life ထဲကိုစစချင်း ၀င်အိမ်ကမိဘတွေကသဘော
Model life ထဲကိုစစချင်းဝင်တော့ အိမ်ကမိဘတွေက သဘောမတူတော့ နောက်ကပံ့ပိုးပေးမယ့်သူ မရှိတော့ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ခုလိုအခြေအနေအနေအထား ပြန်ရောက်လာတော့ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ရုံမကဘဲ နောက်ထပ်စီးပွားရေးလုပ်ငန်းလေးတွေ လုပ်ဖို့လေးတွေလည်းစုဆောင်းဖြစ်တယ်။ မိဘတွေကိုလည်း ပြန်ပေးကမ်းနိုင်တယ်။ ကိုယ့်ထက်ချို့တဲ့ တဲ့သူတချို့ကိုလည်း ကိုယ်ကပြန်ပေးကမ်းနိုင် လာတယ်။

အ၀တ်စားမိတ်ကပ်ကစ နောလေးကိုယ်တိုင်ဘဲ။ စီစဉ်ရတာပိုကြိုက်တယ်…
နောက်နည်းနည်း ဂျီးများတတ်တဲ့သူမျိုးဆိုတော့ photo shoot တို့ပွဲတက်တာတို့ကို နော စိတ်ကြိုက် အ၀တ်စားမိတ်ကပ်ကစ နောလေးကိုယ်တိုင်ဘဲ။ စီစဉ်ရတာပိုကြိုက်တယ်။
နောက နည်းနည်းချေးများတတ်တဲ့လူဆိုတော့ တစ်ခါတလေ photographer, stylist designer တွေနဲ့တိုင်ပင်ပြီးဝတ်ဖြစ်တာတွေလည်းရှိပါတယ်။ သရုပ်ဆောင်မလုပ်သေးဘူးလားဆိုတော့ အရင်တုန်း ကတော့ ရုပ်ရှင်ကားရိုက်ဖို့တွေ လာကမ်းလှမ်းကြပါတယ်။

မမ Lဆိုင်းဇီရဲ့ ဘာဖြစ်ချင်လဲ ဘာလုပ်မှာလဲ…
နောလေးကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ်အဆင်သင့်မဖြစ်သေးဘူးထင်လို့ လက်မခံခဲ့တာပါ။ ခု နောက်ပိုင်းတော့ MTV တွေဆိုလည်း တော်တော်များများကိုယ်လုပ်နိုင်မယ်။ ကိုယ်နဲ့လိုက်ဖက်မယ်ထင်ရင် ရိုက်ကူးပေးဖြစ်ပါတယ်။ ခုနောက်ဆုံးရိုက်ထားတာလေးတွေက မမ Lဆိုင်းဇီ ရဲ့ဘာဖြစ်ချင်လဲ ဘာလုပ်မှာလဲ။ အဆိုတော် ART ရဲ့ New world MTV စန္ဒီမြင့်လွင်ရဲ့ J MTV လေးတွေရိုက်ပေးဖြစ်တယ်။ ဖြစ်ချင်တဲ့ စိတ်တခုကို အမှီပြုပြီး ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ရောက်အောင် လျှောက်လှမ်းခဲ့တာပါ။

ပရိသတ်တွေ ကိုယ့်ကိုလက်ခံတဲ့သူတွေရှိလို့ ဆိုတာကိုသိလို့လည်း အတိုင်းမသိအမြဲဝမ်းသာပါတယ်…
ခုလို အချိန်တိုလေးအတွင်းမှာ အောင်မြင်မှုရပြီး ခုလိုအခြေအနေ နေရာမျိုးရောက်လာတယ်ဆိုတာက လည်း အားပေးပေးကြတဲ့ ပရိသတ်တွေ ကိုယ့်ကိုလက်ခံတဲ့သူတွေရှိလို့ဆိုတာကို သိလို့လည်းအတိုင်းမသိ အမြဲဝမ်းသာပါတယ်။
သူတို့တွေအတွက်လည်း အမြဲဆုတောင်းမေတ္တပို့ပေးဖြစ်ပါတယ်။ ဆက်လက်လည်းအားပေး ကြဖို့လည်းမျှော်လင့်ပါတယ်။ အောင်မြင်မှုဆိုတာ ကိုယ်အောင်မြင်ချင်တိုင်း အောင်မြင်လို့မရဘူးလေနော်။
ကိုယ့်ကိုလက်ခံတဲ့ အားပေးချစ်ခင်တဲ့သူတွေရှိမှ၊ အောင်မြင်မှုဆိုတာ နောလေးလက်ခံထားတာကတော့ ကိုယ့်ကိုချစ်တဲ့ပရိသတ်တွေပေးတဲ့ ဆုပါဘဲ။ နောတို့ Model life ထဲမှာ Model အများကြီးရှိပါတယ်။

နောလေးတို့   model Life မှာက Professional လို့ပြောလိုက်ရင် Miss နဲ့ Professional Model တွေနဲ့ ကဘယ်လိုမှယှဉ်လို့ မရဘူးလေ…  Miss က Miss ပဲ… Professional Model က Professional Model ပါပဲ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာက Professional Model အဖြစ်ရပ်တည်တာကတော့ လက်ချိုးရေလို့ သေးတာပေါ့နော်။ တချို့တွေက လိုင်းပေါင်းစုံလုပ်နေကြတာဆိုတော့ နောလေးတို့   model Life မှာက Professional လို့ပြောလိုက်ရင် Miss နဲ့ Professional Model တွေနဲ့ ကဘယ်လိုမှယှဉ်လို့ မရဘူးလေ…  Miss က Miss ပဲ… Professional Model က Professional Model ပါပဲ။ အခုခေတ် model ဈေးကွက်က ကောင်းပါတယ်။ ကိုယ်က runway အလုပ်များများ ကြော်ငြာ calender တို့ များများရိုက်ရရင် ကိုဘဲရပ်တည်နိုင်ရုံမကဘဲ အများကြီးတောင် စုမိသေးတဲ့ခေတ်ဆိုတော့လေ။

မတိမကျလုပ်တတ်တာမျိုးလည်း မုန်းတယ် မကြိုက်ဖူး အဲ့ကြောင့်ခုလက်ရှိမှာလည်း ခုအောင်မြင်မှုထက် ပိုပိုပြီးကောင်းအောင်ဘဲ အမြဲကြိုးစားနေသူမို့ ရှေ့လျှောက်လည်း ပရိသတ်ကိုချပြဖို့ တိတ်တိတ်လေး…
နောလေးက ဘယ်အလုပ်ကို မဆိုတိတိကျကျလုပ်ရတာပိုကြိုက်တယ်။ မတိမကျလုပ်တတ်တာမျိုး လည်းမုန်းတယ် မကြိုက်ဖူး အဲ့ကြောင့်ခုလက်ရှိမှာလည်း ခုအောင်မြင်မှုထက် ပိုပိုပြီးကောင်းအောင်ဘဲ အမြဲကြိုးစားနေသူမို့ ရှေ့လျှောက်လည်း ပရိသတ်ကိုချပြဖို့ တိတ်တိတ်လေးစီစဉ်နေတာလေးတွေရှိ တယ်။၂၀၁၇ ကုန်၂၀၁၈လောက်မှာတော့ ပရိသတ်ကို အသိပေးချပြသွားဖို့ရှိပါမယ်။
ကိုယ်လက်ရှိရထားတဲ့နေရာမှာ အမြဲနေရာရထားဖို့က ကိုယ်ကအမြဲကြိုးစားနေဖို့လိုမယ်။ ကိုယ်က အောင်မြင်နေပါပြီဘဲဆိုပြီး လျော့ကြိုးစားလို့မရဘူး။ ဘာလို့လဲဆိုတော့ ခုခေတ်မှာ ကိုယ့်နောက်က အသစ် အသစ်တွေက အမြဲပေါ်နေတာမို့ပါ။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment