သံတိုင်ကွေးလို့ စစချင်းမှာတော့ ဘာမှမဖြစ်ပါဘူး…
ကိုယ်လည်း ဟုတ်နေတာပဲလေ…
လုလုအောင်
မြစ်ကြီးနားကို စာမေးပွဲဖြေဖို့ပြန်ရင်းနဲ့
အနုပညာအလုပ်နဲ့အဆက်ပြတ်သွားခဲ့ပါတယ်…
၂၀၀၄
တုန်းက မော်ဒယ်လုပ်ရင်းပြိုင်ပွဲတွေဝင်ပြိုင်တယ်။ ပြိုင်ရင်းနဲ့မှ Magazine တွေ၊ Baillboard
ရိုက်တာတွေလိုမျိုးလုပ်ပြီးတော့ မြစ်ကြီးနားကို စာမေးပွဲဖြေဖို့ပြန်ရင်းနဲ့ အနုပညာအလုပ်နဲ့
အဆက်ပြတ် သွားခဲ့ပါတယ်။ ပြိုင်ပွဲတွေပြိုင်တဲ့အချိန် သင်တန်းတော့မတက်ဖြစ်ဘူး။ ပြိုင်ပွဲတစ်ပွဲပြိုင်မယ်ဆို
၁၀ ရက်လောက်ွTraining ပေးတာ။ အဲဒီမှာပဲ သင်တန်းတက်သလိုဖြစ်သွားတာပေါ့။ စစချင်းပြိုင်တုန်းက
ဒုတိယဆုရခဲ့ဖူး တယ်။ မြစ်ကြီးနားကို စာမေးပွဲဖြေဖို့သွားရင်း မော်ဒယ်လောကနဲ့ အဆက်ပြတ်သွားတယ်။
ပြီးတော့ အိမ်ထောင်ပြု ကလေးမွေးတာပေါ့။
၂၀၀၆မှာ အိမ်ထောင်ပြု ကလေးကို ၂၀၀၇
ကျော်ကျော်လောက်မှာ မွေးတာပေါ့…
2006
လောက်မှာအိမ်ထောင်ပြုပြီး ကလေးကို 2007 ကျော်ကျော်လောက်မှာ မွေးတာပေါ့။ Single
Mother အနေနဲ့ အိမ်ထောင်ပြုပြီးတော့ ကလေးကို ၂၀၀၇ ကျော်ကျော်လောက်မှာ မွေးတာပေါ့။ှငညါူန
သြအ့နမ အနေနဲ့ ဘာပဲဖြစ်ဖြစ် အမေတစ်ယောက် ဖြစ်လာပြီဆိုရင် ကလေးအတွက် ကိုယ်က သတ္တိတွေရှိလာတယ်။
တာဝန်ယူချင်တဲ့စိတ်တွေရှိလာတဲ့အတွက်ကြောင့်မို့လို့ ကြိုးစားချင် စိတ်တွေဖြစ်လာတယ်။
မိခင်တစ်ယောက်အနေနဲ့ ခွန်အားတွေပြည့်လာတယ်လို့ထင်ပါတယ်။ အဲဒီ အားမာန်ကတော့ ကိုယ့်သမီးတွေကိုကြည့်ပြီး
ခွန်အားတွေရှိလာတယ်။ အများကြီး ဘာမဆို ဖြည့်ဆည်း ပေးချင်လာတယ်။ အဲဒါကြောင့် Single
Mothwe တစ်ယောက်အနေနဲ့ ခွန်အားတွေအများကြီးရလာတယ်။
၂၀၀၄ တုန်းက မီဒီယာတွေ အားနည်းနေသေးတယ်…
အခုဆိုရင် မီဒီယာတွေ အမျိုးမျိုးပေါ်လာတယ်…
၂၀၀၄
ခုနှစ်တုန်းက မီဒီယာတွေ အားနည်းနေသေးတယ်။ အခုဆိုရင် မီဒီယာတွေအမျိုးမျိုးပေါ်လာ တယ်။
Facebook ရော မဂ္ဂဇင်း၊ ဂျာနယ်တွေလည်း အများကြီးပေါ်လာတော့ လူတစ်ယောက် ထူးခြားတယ် ဆိုရင်
ထင်ရှားလာတာပေါ့။
Online
ပေါ် ဓာတ်ပုံတွေတင်တာက ကိုယ့်အားလပ်ချိန် Streess တွေကို ဖြေဖျောက်တဲ့အနေနဲ့ရော၊ အရင်တုန်းကရိုက်ခဲ့ဖူးတဲ့
အရင်းခံကလည်းရှိတော့ ၀ါသနာအရပုံတွေတင်ဖြစ်တယ်။ အဲဒီအချိန်မှာ ပရိသတ်က သတိထားမိလာတယ်။
ပြီးတော့အားပေးမှုတွေ ရရှိလာပါတယ်။
ခန္ဓာကိုယ်ကတော့ အထူးတလည် မထိန်းသိမ်းပါဘူး။
Gym ဆိုလည်းအရင်တုန်းက ဆော့လိုက် မဆော့လိုက်နဲ့။
အိမ်မှာ ကစားတဲ့စက် နည်းနည်းပါးပါးရှိတယ်…
ခန္ဓာကိုယ်ကတော့
အထူးတလည်မထိန်းသိမ်းပါဘူး။ Gym ဆိုလည်းအရင်တုန်းက ဆော့လိုက် မဆော့လိုက်နဲ့။ အိမ်မှာ
ကစားတဲ့စက် နည်းနည်းပါးပါးရှိတယ်။ အဲဒါနဲ့ပုံမှန်လေးကစားဖြစ်တယ်။ အဲဒါနဲ့ အစားအသောက်ကိုလည်း
ချင့်ချိန်ပါတယ်။ ပြင်းပြင်းထန်ထန် ခန္ဓာကိုယ် ထိန်းသိမ်းတာမျိုးတော့မရှိပါဘူး။
သံတိုင်ကွေးလို့ စစချင်းမှာတော့ ဘာမှမဖြစ်ပါဘူး…
ကိုယ်လည်း ဟုတ်နေတာပဲလေ…
Facebook မှာသံတိုင်ကွေးဆိုပြီး အပြောခံရတာတော့ ကိုယ်လည်း
ဓာတ်ပုံတွေရိုက်ရင် ခြေထောက် ကို ပြင်တယ်။ အဲဒါကို လူတွေသိသွားပြီးတော့ သံတိုင်ကွေးလို့ပြောတာ။
စစချင်းမှာတော့ ဘာမှမဖြစ်ပါဘူး။ ကိုယ်လည်း ဟုတ်နေတာပဲလေ။ ပြုပြင်တာဆိုတော့ ကိုယ်ကပေါ့ပေါ့ပါးပါးပဲနေပေမယ့်
သူတို့တွေက တစ်ယောက်စ နှစ်ယောက်စ အများကြီးပြောလာတော့ လူတွေပိုသိသွားတာပေါ့။ အဲဒီလိုမျိုးအခေါ်ခံရတာ
ဘာမှတော့မဖြစ်ပါဘူး။ ဒါ အားလုံးရဲ့ လွတ်လပ်ခွင့်ပဲလေ။ ကိုယ်ကလည်း တစ်ခါတခါရယ်စရာတစ်ခု
အနေနဲ့သဘောထားပါတယ်။
We Love Lu Lu Aung တွေ ဘာတွေအများကြီးပေါ်လာတော့
အရမ်းလည်းအံ့သြမိတယ်…
ကိုယ်ကတော့
အားလပ်တဲ့အချိန်မှာ ဒီလိုပဲရိုက်လိုက်တယ်။ သွားတယ်လာတယ်ဆိုပေမယ့် ဒီကိစ္စကို သတိမထားမိဘူး။
အဲဒီကိစ္စဖြစ်ပြီး We Love Lu Lu Aung တွေ ဘာတွေအများကြီးပေါ်လာတော့ အရမ်း လည်းအံ့သြမိတယ်။
အရမ်းလည်းကျေးဇူးတင်တယ်။ အရမ်းလည်းစိတ်လှုပ်ရှားမိပါတယ်။
ကလေးရဲ့အဖေကတော့ တကယ်ကိုပဲ တာဝန်ကျေပါတယ်။
ဒီကလေးကိစ္စဆိုရင်လည်း အနေဝေးပေမယ့် တစ်ခါ တလေ ကလေးအတွက်စကားပြောဖို့ လိုအပ်လာပြီဆိုရင်လည်း
အေးအေးဆေးဆေးပြောပေးနိုင်ပါတယ်…
ကလေးရဲ့အဖေကတော့
တကယ်ကိုပဲ တာဝန်ကျေပါတယ်။ ဒီကလေး ကိစ္စဆိုရင်လည်း အနေဝေးပေ မယ့် တစ်ခါတလေ ကလေးအတွက်စကားပြောဖို့
လိုအပ်လာပြီဆိုရင်လည်း အေးအေးဆေးဆေးပြောပေးနိုင် ပါတယ်။ မိတ်ဆွေတစ်ယောက်အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်တာပေါ့။
အခုအချိန်အထိလည်း သူငယ်ချင်း ကောင်း၊ ဖခင်ကောင်းတစ်ယောက်လိုပါပဲ။
အိမ်ထောင်တစ်ခုအတွက်
အကြံပေးချင်တာက အဓိက စိတ်လိုက်မာန်ပါမလုပ်ဘဲ တစ်ယောက်နဲ့တစ် ယောက် အကျယ်လေးဆွေးနွေးစေချင်ပါတယ်။
မြန်မာပြည်က အိမ်ထောင်ရှင်တွေကတော့ ဘယ်သူမှ ကွဲကွာချင်ကြမှာမဟုတ်ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်
သူ့စိတ် ကိုယ်သိ ကိုယ့်စိတ်သူသိ သေသေ ချာချာဆွေးနွေးပြီး နောက်ဆုံးမဖြစ်နိုင်ဘူးဆိုတော့မှ
လမ်းခွဲသင့်ပါတယ်။
တစ်ယောက်စိတ်ကို
တစ်ယောက်နားမလည်ကျချိန်မှာ သူကလည်း ကိုယ့်ကိုယ်အထင်လွဲ ကိုယ်က လည်း သူ့ကိုအထင်လွဲပေါ့။
သဘောကတော့ စိတ်က တစ်ယောက်နဲ့တစ်ယောက် အနေဝေးရင်ဝေးပါစေ၊ နားလည်မှုရှိရင် ရေရှည်အတွက်အဆင်ပြေတာပေါ့။
နားလည်မှုမရှိရင် လမ်းဆုံးရောက်သွားတာပေါ့။
လုကို ဝေဖန်တာတွေနဲ့ပတ်သက်ပြီး
သမီးလေးကလည်းသိနေတယ်။ Facebook ကိုလည်း သူကဖွင့်ကြည့်ပြီး ဒီလိုမျိုးပုံစံဆိုမ၀တ်နဲ့၊
ဒီလိုမျိုးဆိုကောင်းတယ်ဆိုပြီး သူကလည်းအကြံပေးတယ်။ သူလည်းကျေနပ်တယ် လို့ပြောတာပဲ။ ကျွန်မရဲ့သမီးဖြစ်ရတာ
သူလည်းပျော်တယ်တဲ့။
အနုပညာအလုပ်ကတော့ ကိုယ့်ဆီမှာရောက်လာတဲ့အခွင့်အရေးကို
အကောင်းဆုံးလုပ်ဆောင်သွားမှာပါ…
အနုပညာအလုပ်ကတော့
ကိုယ့်ဆီမှာရောက်လာတဲ့အခွင့်အရေးကို အကောင်းဆုံးလုပ်ဆောင်သွား မှာပါ။ ကြော်ငြာလောက်၊
Photo Model တို့လောက်ပဲ။ ဒီလိုမျိုး ပေါ့ပေါ့ပါးပါးလေးလောက်ပဲ လုပ်သွားဖြစ် မှာပါ။
သရုပ်ဆောင်လုပ်ဖို့ ဘာလို့အစီအစဉ်မရှိတာလဲဆိုတော့ သရုပ်ဆောင်အလုပ်က အခုချိန်ကျမှ ကိုယ်မကျွမ်းကျင်တဲ့
အလုပ်ကိစ္စကို စပြီးမလုပ်ချင်ဘူး။ ကိုယ်ကိုယ်တိုင်ကလည်း ဒီအလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘူး။
ပိုင်ပိုင်နိုင်နိုင်မရှိဘူး။ မော်ဒယ်အလုပ်ကတော့ ဘုရားကပေးတဲ့အချိန်မှာ လုပ်နေတာပါ။
တခြားစီးပွားရေးတွေလည်းလုပ်ဖို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်နေပါတယ်။ ၀ါသနာကတော့ အိမ်မှာနေပြီးဟင်းတွေချက်စား၊
ဇာတ်ကားတွေကြည့်ပြီး အေးအေးဆေးဆေးပဲနေချင်တာပေါ့။
အိမ်ထောင်က အခုအချိန်ထိ ပြုဖို့အစီအစဉ်မရှိပါဘူး။
''ကွီးတို့ ညေးတို့ စိတ်မကောင်းဖြစ်မှာစိုးလို့…
အိမ်ထောင်က အခုအချိန်ထိတော့ ပြုဖို့အစီအစဉ်မရှိပါဘူး။
''ကွီးတို့ ညေးတို့ စိတ်မကောင်းဖြစ်မှာ စိုးလို့”ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးတာက
အရွှန်းဖောက်တာပေါ့နော်။ အခုအချိန်အထိကတော့ မစဉ်းစားပါဘူး။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment