ဘယ်အရာမဆိုအကောင်း မြင်ပေးတယ်…......M ဆိုင်းလူ









တော်တော်များများက အလုပ်နဲ့ Personal မခွဲခြားတတ်ဘူး။ Personal ကိစ္စပိုင်းနဲ့ အဆင်မပြေရင် သူနဲ့
အလုပ်တွဲမလုပ်တော့တာမျိုးတွေဖြစ်တယ်…M. ဆိုင်းလူ

အနုပညာလောကထဲ ကို အသက် ၁၈ နှစ်ကနေ၀င်လာ တာ။ အခု ၂၄ပြည့်တော့မယ်ဆိုတော့ ၆နှစ်နီးပါးပေါ့…
လက်ရှိက ညီမ Magazine Journal တွေရိုက်ဖြစ်နေတယ်။ ကြော်ငြာဓာတ်ပုံလေးတွေရိုက်ဖြစ်နေ တယ်။ ညီမအနုပညာလောကထဲကို အသက် ၁၈ နှစ်ကနေ၀င်လာတာ။ အခု ၂၄ပြည့်တော့မယ်ဆိုတော့ ၆နှစ်နီးပါးပေါ့။ ဘာမှမသိတာကနေ အခုဆိုတော်တော်သိလာတာပါ။ အလုပ်တွေကနေ experiences လည်းရှိလာတယ်။ ရင့်ကျက်လာတယ်။

မော်ဒယ်ဈေးကွက်ကမော် ဒယ်စလုပ်တုန်းကထက်စာရင် ကောင်းလည်းကောင်းလာပြီ…
မော်ဒယ်ဈေးကွက်က ဆိုင်းလူမော်ဒယ်စလုပ်တုန်းကထက်စာရင် ကောင်းလည်းကောင်းလာပြီ။ အရင်တုန်းကဆို ဘာမှသိပ်မပေးချင်ကြဘူး။ သူတို့ဒီမော်ဒယ်ကြိုက်တယ်ဆိုရင် အနုပညာကြေးတောင်း သလောက်ပေးလာတာများပါတယ်။ မဆိုးဘူးပေါ့။ အရမ်းတော့အဆင်ပြေတာပေါ့။  တခြားအနုပညာနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ဘူး။ မော်ဒယ်ပဲ၊ မော်ဒယ်အနေနဲ့ပဲရပ်တည်သွားမှာပါ။

ဆိုင်းလူ တခြားလူငယ်တွေထက်စာရင် အားလုံးထက်ပိုပြီး လွတ်လပ်တဲ့လူငယ်တစ်ယောက်
ဆိုင်းလူ တခြားလူငယ်တွေထက်စာရင် အားလုံးထက်ပိုပြီးလွတ်လပ်တဲ့ လူငယ်တစ်ယောက်ဖြစ်တယ်။ စိတ်ကျဉ်းကျပ်တာမျိုး တစ်ခါမှမရှိခဲ့ဘူး။ ညီမက ညီမလုပ်ချင်တာ ဘယ်အရာကိုမှ မစဉ်းစားဘူး။ ကိုယ်စိတ် ပျော်ဖို့ကအဓိကပဲ။ ကျန်တာတွေက အဓိကမဟုတ်ဘူး။ ကိုယ်စိတ်ပျော်ရင် စားချင်တာစားမယ်။ ပျော်ချင်တာပျော်မယ်။ တခြားထက်စာရင်ဆိုင်းလူရဲ့ လူငယ်ဘ၀ကိုအကြိုက်ဆုံးပဲ။

တာဝန်ယူမှု တာဝန်ခံမှုဆိုရင် နောက်ပိုင် Model ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အသက်အန္တရာယ်နဲ့ပတ်သက်လာ ရင် contract အဓိကရှိဖို့လိုအပ်တယ်…
တာဝန်ယူမှု တာဝန်ခံမှုဆိုရင် နောက်ပိုင်း Model ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အသက်အန္တရာယ်နဲ့ ပတ်သက်လာရင် contarant အဓိကရှိဖို့လိုအပ်တယ်လို့ ဆိုင်းလူမြင်တယ်။

ဂျူနီယာမော်ဒယ်များများဟာ Level တန်းပြန်ဆက်ဆံတာမျိုးတွေရှိကြတယ်။ တချို့တွေလည်း ကိုယ့် Senior ကို respect ထားကြတယ်…
အခုနောက်ပိုင်းမော်ဒယ်လောကမှာ ဂျူနီယာမော်ဒယ်များများဟာ Level တန်းပြန်ဆက်ဆံတာ မျိုးတွေရှိကြတယ်။ တချို့တွေလည်း ကိုယ့် Senior ကို repect ထားကြတယ်။ ဒါပေမဲ့ ညီမကျတော့ ဘယ်လိုပြောရမလဲဆိုတော့ အခုနောက်ပိုင်း စတက်လာတဲ့ မော်ဒယ်တော်တော်များများက ညီမနဲ့ အသက် တူတယ်။ ညီမထက် အသက်ငယ်တဲ့လူလည်းများတယ်။ အကုန်လုံးအေးအေးဆေးဆေး ဆက်ဆံတာများ ပါတယ်။

ဘယ်အရာမဆိုအကောင်း မြင်ပေးတယ်…
ပရိသတ်တွေနဲ့ပတ်သက်ပြီးပြောရရင် ညီမလည်းညီမကြိုက်တဲ့ idol တွေရှိတယ်။ ကိုယ်လည်း ကိုယ်ချင်းပြန်စာတတ်တယ်။ နိုင်ငံခြားရောက်သွားလို့ ကိုယ်ကြိုက်တဲ့ အဆိုတော်တွေ့ရင် ဓာတ်ပုံရိုက်ဖို့ မနည်းလုံးပန်းမှာပဲ။ သူတို့လည်း ငါ့လိုမျိုးစိတ်ရှိမှာပဲဆိုပြီး ဘယ်အရာမဆိုအကောင်းမြင်ပေးတယ်။

ညီမလည်း ညီမအောင်မြင်သင့်သလောက် အောင်မြင်တယ်
အောင်မြင်မှုနဲ့ပတ်သက်ပြီးပြောရရင် ညီမလည်း ညီမအောင်မြင်သင့်သလောက်အောင်မြင်တယ်ရှင့်။ အောင်မြင်မှုကို မတိုင်းတာချင်ဘူး။ စိတ်ချမ်းသာသလောက် အောင်မြင်တယ်။ အဓိကစိတ်ချမ်းသာဖို့ပဲ။ အောင်မြင်နေပြီး စိတ်မချမ်းသာရင် ဘာမှမတတ်နိုင်ဘူး။ ကိုယ်ပျော်သလောက်တော့ ဖြစ်တယ်ရှင့်။ အရေးကြီးဆုံးက ဘယ်အရာမဆို အကောင်းမြင်စိတ်ထားဖို့ပါ။ စိတ်ထားကောင်းဖို့ပါ။

စိတ်ထားကောင်းရင် ဘယ်အချိန်ဘယ်နေရာမဆိုကိုယ့်အလှည့်ဆိုတာရောက်လာမှာ
စိတ်ထားကောင်းရင် ဘယ်အချိန် ဘယ်နေရာမဆို ကိုယ့်အလှည့်ဆိုတာရောက်လာမှာပဲ။
Professional ဆိုတာအလုပ်လုပ်ရင် အလုပ်နဲ့ Personal နဲ့ခွဲထားဖို့ပေါ့။ တော်တော်များများက အလုပ်နဲ့ Personal မခွဲခြားတတ်ဘူး။ Personal ကိစ္စပိုင်းနဲ့ အဆင်မပြေရင် သူနဲ့အလုပ်တွဲမလုပ်တော့ တာမျိုးတွေ ဖြစ်တယ်။ ဘယ်လောက်ပဲသူနဲ့ ကိုယ်ကြည့်ရတာအဆင်မပြေတာဖြစ်စေ၊ ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်သွားနိုင်ဖို့ အဓိကပါပဲ။
--------------------------------------------------------

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment