လူသားတွေဟာ
အသိုင်းအ၀ိုင်းနဲ့နေတတ်တဲ့ သတ္တ၀ါတွေပါ။ သမိုင်းဟာ လူသားတွေအချင်းချင်း တစ်ဦးနဲ့ တစ်ဦး
အချိန်ကာလတစ်ခုမှာ ဘယ်လိုဆက်ဆံဆက်သွယ်ခဲ့ကြတယ်ဆိုတာတွေကို မှတ်တမ်းပြု ထားတာ ပါ။ ဒီတော့
လူရယ်လို့ဖြစ်လာရင် တစ်ဦးတည်းနေလို့မရဘဲ အသိုင်းအ၀ိုင်းနဲ့ ပေါင်းစပ်နေထိုင်ကြရပါတယ်။
အချိန်ကာလတွေပြောင်းလဲလာရင်း နည်းပညာခေတ်ကိုရောက်လာချိန်မှာ လူတွေဟာ အပြင်လောကကြီး ထဲမှာ
ပေါင်းသင်းဆက်ဆံနေထိုင်ကြတယ်ဆိုတာထက် Virtual လောကထဲမှာ နေထိုင်လာတဲ့အချိန်တွေက ပိုများလာပါတယ်။
ဒီအခါမှာ လူသားတွေရဲ့ ပေါင်းသင်းဆက်ဆံရေးဟာလည်း လက်တွေ့ အပြင်လောက မှာထက် Virtual လောကမှာက
ပိုပြီးများလာပါတယ်။
Virtual လောကမှာ
တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံပုံတွေက အချိန်နဲ့အမျှပြောင်းလဲနေပါတယ်။ နည်း ပညာတွေတိုးတက်လာတာနဲ့တပြိုင်တည်း
အရင်ကစာသားတွေနဲ့ပဲဆက်ဆံပြောဆိုကြရာကနေ၊ နောက် ပိုင်းခေတ်ရောက်လာချိန်မှာ ဓာတ်ပုံတွေကိုသုံးပြီး
အခု 4G နဲ့ LTE တွေခေတ်မှာတော့ video တွေ၊ maps တွေလို အခြားသော media တွေကိုပါ မျှဝေပေးလာနေပါတယ်။
ခေတ်ကိုလိုက်ပြီးတော့လည်း အဲဒီလိုမျှဝေ မှုတွေမှာ အသုံးပြုကြတဲ့ Tools တွေ၊ platform
တွေက အပြောင်းအလဲတွေဖြစ်လာပါတယ်။
အစောပိုင်းမှာ
desktop တို့၊ laptop တို့ကိုသုံးပြီး Web ကနေတစ်ဆင့် ချိတ်ဆက်မှုတွေ၊ မျှဝေမှုတွေကို
လုပ်ခဲ့ကြရာကနေ နောက်ပိုင်းမှာ Mobile platform ကနေ app တွေကိုသုံးပြီး Social
Network တွေကို အသုံးပြုမှုက ပိုပြီးများပြားလာပါတယ်။ Email တွေတုန်းကလို တခမ်းတနားကြီးတွေရေးနေသားနေတဲ့
ပုံစံမျိုးတွေအစား Social Network တွေမှာက အတည်အခန့်ဆိုတာထက် အလုပ်သဘောဖြစ်တယ်ဆိုရုံ
မြန်မြန်သွက်သွက်နဲ့ ပေးချင်တဲ့အချက်အလက်ကို ပိုထိရောက်အောင်ပေးတဲ့ ပုံစံမျိုးကို ပိုအသားပေးလာပါ တယ်။
အလုပ်နဲ့ဆိုင်တဲ့ကိစ္စတွေကိုတောင်မှပဲ Social Media တွေ၊ Social Network တွေကနေ အချက်အ လက်တွေသယ်ပို့ပေးတဲ့အထိ
အသုံးတွင်ကျယ်လာသလို မိတ်ဆွေသူငယ်ချင်းအချင်းချင်း တွေ့ဆုံ ဆက်ဆံကြတာတွေကလည်း ပိုများလာပါတယ်။
သတင်းတွေ၊ အချက်အလက်တွေကိုတောင် ပုံမှန်ပေး ပို့နေကြပုံစံတွေနဲ့မဟုတ်ဘဲ Social
Media တွေကနေတစ်ဆင့် ပေးပို့လာကြသလို အရင်လိုတစ်ဦး တစ်ယောက်ဆီကနေ သတင်းအချက်အလက်ကိုရယူတယ်ဆိုတာထက်
အချင်းချင်းသတင်းအချက် အလက်ကို မျှဝေပေးတဲ့ပုံစံကို ပိုအားကိုးလာတဲ့အထိ Social
Media တွေ၊ Social Network တွေက ပိုမိုထိရောက်လာပါတယ်။
အရင်က desktop
တွေပေါ်မှာပဲ အသုံးများခဲ့ကြပေမယ့် လက်ရှိ Mobile ခေတ်မှာတော့ အရင်ကပုံစံနဲ့ Social
Media ကိုသုံးတဲ့ပုံစံအစား ပိုပြီးကျစ်လစ်တဲ့ အသုံးပြုပုံမျိုးကိုသုံးလာပါတယ်။ အဓိကအားသာ ချက်တွေအနေနဲ့
သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ လျင်လျင်မြန်မြန်ရနိုင်တာ၊ ပျံ့နှံ့ဖို့ လွယ်ကူတာ
အရင်ကလက်လှမ်းမမီတဲ့ သတင်းရင်းမြစ်တွေကို တိုက်ရိုက်ထိတွေ့နိုင်တာတွေရှိလာသလို တစ်ဘက်မှာလည်း
သတင်းမှားတွေကိုပျံ့နှံ့သွားရင် ပြန်လည်ထိန်းချုပ်နိုင်ဖို့ခက်ခဲတာ၊ လူတွေဆီကို ပျံ့နှံ့အားအရမ်းကောင်းပြီး
ပြန်ဖြေရှင်းနိုင်ဖို့ ခက်ခဲတာတွေကလည်းရှိနေပါတယ်။ ဒါကြောင့် Social Media တွေသုံးကြမယ်ဆိုရင်
သတိထားဖို့အရမ်းကိုလိုအပ်နေတာပါ။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment