နန္ဒလွင် (Miss Grand Myanmar 2016)










ကိုယ့်အမြင်အရ Miss Myanmar တစ်ယောက်အနေနဲ့မကြည့်ဘဲ ဒါငါကြိုက်တဲ့ Miss၊  ငါမကြိုက်တဲ့ Miss ဆိုပြီး ဝေဖန်ပိုင်းခြားတာ အမြင်မကောင်းဘူးလို့ ထင်ပါတယ်
နန္ဒလွင် (Miss Grand Myanmar 2016)

ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်နဲ့ ရှေ့က Senior တွေကို ကြည့်လိုက်တဲ့အချိန်မှာ ပြိုင်ချင်သွားတယ်…
လက်ရှိမှာပြိုင်ပွဲကပြန်လာပြီးခါစဆိုတော့ ဓာတ်ပုံတွေပဲရိုက်ဖြစ်နေတယ်။ နောက်ပြီးသီချင်းတွေ လုပ်ဖို့တော့ရှိပါတယ်။ ဒီ Miss Grand Myanmar ၂၀၁၆ ဆိုပြီး ဖောင်တွေခေါ်တဲ့အချိန်မှာ ညီမဆီ သူငယ်ချင်း တွေက မီသေးတယ် ပြိုင်မလားဆိုတော့ ညီမစဉ်းစားတယ်။ ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်နဲ့ ရှေ့က Senior တွေကို ကြည့်လိုက်တဲ့အချိန်မှာ ပြိုင်ချင်သွားတယ်။ ဖောင်တင်တာနည်းနည်း နောက်ကျသွားပေမယ့် ကံကောင်းပါ တယ်။ ဆရာတို့ တီချယ်တို့ လက်ခံပေးတဲ့အတွက် ဒီပြိုင်ပွဲပြိုင်ဖြစ်သွားတာပါ။ ပြိုင်ပွဲကို ပြင်ဦးလွင်မှာသွား လုပ်တယ်။ အဲဒီကနေဆုရပြီး Miss Grand Myanmar ၂၀၁၆ ဖြစ်ခဲ့တာပါရှင်။ Miss Grand မတိုင်ခင်ရှေ့မှာ Miss Now How၂၀၁၆ စစ်ပွဲပဲပြိုင်ဖူးပါတယ်။ အဲဒီမှာ Poputarily ဆုပဲရခဲ့ပါတယ်။ အဲဒါစင်ပေါ်မှာ ပထမဦးဆုံး ပြိုင်ခဲ့ရတဲ့ပွဲပါ။

Peace နဲ့ပတ်သက်ပြီး မြစ်ကြီးနား ဒုက္ခသည်စခန်းသွားတယ်။ အားပေးစကားပြောတယ်…
Miss အတွက်ဆို Miss Grand International အတွက် Title က Peace ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာလေးတွေ၊ ကိုယ်ဘယ်လောက်ထိလုပ်နိုင်တယ်။ ဘယ်လောက်ကူညီပါဝင်နိုင်တယ် ဆိုတာလေးတွေကြောင့် ညီမ Peace နဲ့ပတ်သက်ပြီး မြစ်ကြီးနားဒုက္ခသည် စခန်းသွားတယ်။ အားပေးစကား ပြောတယ်။ အလှူငွေတွေပေးအပ်ခဲ့တယ်။ Miss Grand က ငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့ပွဲပေါ့နော်။ ညီမ အမေရိကမှာသွားပြိုင်ရတာဆိုတော့ အဲဒီမှာဘာတွေဖြစ်နေတယ်ဆိုတာလေးတွေ လေ့လာသွားပါတယ်။

ညီမတို့အားလုံးချစ်ခင်လေးစားရတဲ့ အမေဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုပါတယ်…
NC က ခွတ်ဒေါင်းကိုကိုယ်စားပြုပါတယ်။ ညီမတို့အားလုံးချစ်ခင်လေးစားရတဲ့ အမေဒေါ်အောင်ဆန်းစု ကြည်ကိုကိုယ်စားပြုပါတယ်။ ဆုမရတာက သူတို့ပြိုင်ပွဲမှာဆုံးဖြတ်တာက Like & Share ပေါ့နော်။ အများဆုံး ကို အမှတ်ပေးဆုံးဖြတ်တာဖြစ်တဲ့အတွက်ကြောင့် ရသွားတဲ့နိုင်ငံတွေထက်စာရင် ညီမ Like & Share အားနည်းပြီး ဆုမရခဲ့တာပါ။ ညီမ၀တ်စုံကိုတော့ တော်တော်များများကြိုက်ကြပါတယ်။ အကုန်လုံးဝိုင်းပြီး ဓာတ်ပုံတွေ ရိုက်ကြတယ်။ ပြန်ခါနီးတောင် ဒီဝတ်စုံလေးရောင်းခဲ့မလားလို့မေးတယ်။ ညီမတန်ဖိုးထားလွန်းလို့ မရောင်းခဲ့ပါဘူး။

Miss တစ်ယောက်မှာ ပံ့ပိုးပေးနိုင်တာဆိုလို့ မိတ်ကပ်နဲ့ဆံပင်ပေါ့။ စင်ပေါ်မှာလှနေဖို့ အဲဒါအရေးအကြီးဆုံးပဲ ညီမတို့ ပွဲကြီးကလည်း ကြီးလည်းကြီးတယ်။ ကောင်းလည်းကောင်းတယ်…
အခက်အခဲကတော့ Las Vegas ကို တစ်ယောက်တည်းသွားခဲ့ရတယ်။ အဓိကတော့ မိတ်ကပ် ကိုယ့်ဘာသာပြင်ရတယ်။ Miss တစ်ယောက်မှာ ပံ့ပိုးပေးနိုင်တာဆိုလို့ မိတ်ကပ်နဲ့ဆံပင်ပေါ့။ စင်ပေါ်မှာလှနေဖို့ အဲဒါအရေးအကြီးဆုံးပဲ။ အဲဒီမှာ Make Up မနိုင်တာတွေရှိခဲ့တယ်။ ကိုယ့်ဘာသာပဲပြင်နေရတာပါ။ ပြီးတော့အစားအသောက်ပိုင်းပေါ့။ ဟိုမှာက အချိုတွေဆိုတော့ အစားအသောက်ပျက်တာတွေရှိတယ်။ နောက်ပြီးတော့ Teamwork လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် မနက် ၉နာရီဆို ၉နာရီ။ အဲဒီလိုမျိုးတွေ လုပ်ရတယ်။ ပြီးတော့ အိပ်ရေးပျက်တဲ့ ဒဏ်တွေလည်းခံရတာပေါ့။ ကျန်တာကတော့ ညီမတို့ပွဲကြီးကလည်း ကြီးလည်းကြီးတယ်။ ကောင်းလည်း ကောင်းတယ်။
Two Piece နဲ့ဓာတ်ပုံရိုက်တဲ့အချိန်မှာတော်တော်လေးကို ဝေဖန်ခဲ့ကြပါတယ်။ သူတို့နိုင်ငံက လူတွေလို မျိုးငယ်ငယ်ကတည်း Train တာမဟုတ်ဘူး။ အဲဒါကြောင့်ကျစ်လျစ်နေတဲ့အသားအရေမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အဆီကလည်းဓာတ်ပုံထဲကလောက် မများပါဘူး။
ညီမ Two Piece နဲ့ ဓာတ်ပုံရိုက်တဲ့အချိန်မှာ တော်တော်လေး ကိုဝေဖန်ခဲ့ကြပါတယ်။ ပြောဆိုခဲ့ကြ တယ်။ ဟုတ်ပါတယ်။ ညီမက သူတို့နိုင်ငံကလူတွေလိုမျိုး ငယ်ငယ်ကတည်းက Train တာမဟုတ်ဘူး။ အဲဒါကြောင့်ကျစ်လျစ်နေတဲ့ အသားအရေမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ အဆီကလည်း ဓာတ်ပုံထဲကလောက် မများပါဘူး။ ပုံမှာဘာဖြစ်သွားလဲဆိုတော့ ညီမ၀တ်စုံ Size အသေးပဲရလိုက်တယ်။ ၀တ်လိုက်တဲ့အချိန်မှာ အသားကို ညစ်ထုတ်လိုက်သလိုဖြစ်သွားတယ်။ ညီမ အဆီတွေပိုသလိုဖြစ်သွားတယ်။ ဒါကတော့ ကံတရားပေါ့။ နောက်တစ်ခုက အသားအရေမှာမွဲခြောက်နေတာတွေ့ရှိခဲ့တယ်။ နိုင်ငံပေါင်း ၇၆ နိုင်ငံရိုက်ရတဲ့အချိန်မှာ လွဲချော်တာသွားတာတွေရှိမှာပဲလေ။ ညီမအပြင်မှာ အဲဒီလောက်တော့မဆိုးပါဘူးလို့ ပြောချင်ပါတယ်။

Official Page တွေ အောက်မှာ Comment မကောင်းတာတွေပေးတာကကိုယ့် Miss ကိုယ်ဆွဲချနေတာနဲ့ အတူတူပဲ။ '၀လိုက်တာ'၊ 'ဘာကြီးလဲ'ဆိုတာမျိုး မြင်နေတဲ့အတွက်ကြောင့် ကိုယ့်နိုင်ငံတောင်မယုံကြည်တဲ့ Miss တစ်ယောက်ကို သူများနိုင်ငံက Top ၂၀ လည်းမပေးပါဘူး…
Miss တွေကို ယှဉ်ပြတာနဲ့ပတ်သက်ပြီး အဲဒါကအရမ်းအရေးကြီးပါတယ်။ ဒီလိုယှဉ်ပြတဲ့အချိန်မှာ ပရိသတ်တွေဆိုတာ သူတို့ချစ်တဲ့လူကို ကောင်းတာပြောပေးမှာပဲလေ။ ချစ်တဲ့လူနဲ့တခြားတစ်ယောက် ယှဉ်တဲ့အခါမှာ ကိုယ်ချစ်တဲ့လူဆီမှာ အရာအားလုံးကအပြစ်တွေသွားမြင်မှာပဲ။ Miss Myanmar တစ်ယောက် အနေနဲ့ မကြည့်ဘဲ ဒါငါကြိုက်တဲ့ Miss၊ ငါမကြိုက်တဲ့ Miss ဆိုပြီး ဝေဖန်ပိုင်းခြားတာ ညီမအမြင်မကောင်းဘူးလို့ ထင်ပါတယ်။ နောက်အရေးကြီးတာတစ်ခုက ဘယ်သူမှပစ်စ လက်ခတော့ သွားမပြိုင်ပါဘူး။ အချိန်ရတဲ့ တောက်လျှောက် Body ပိုင်းကိုလေ့ကျင့်ကြတာပဲ။ Body ထက်အရေးကြီးတာတွေလည်း ညီမတို့ Training ဆင်းရတာ။ အဲဒီအချိန်မှာ တကယ်ကိုသွားပြိုင်ရတဲ့အချိန်မှာ မဝေဖန်သင့်တော့ဘူးပေါ့နော်။ သွားမပြိုင်ခင် ဝေဖန်တာ အရမ်းကောင်းတယ်။ Miss ကလည်း ကိုယ့်ရဲ့အမှားကိုမြင်ပြီးတော့ လုပ်နိုင်မယ်။ ဟိုမှာ သွားပြိုင် နေပြီးဖြစ်တဲ့အတွက်ကြောင့် အကောင်းဆုံးပံ့ပိုးပေးရမှာပေါ့နော်။ ဟိုရောက်တော့မှ တကယ့် Official Page တွေအောက်မှာ Comment မကောင်းတာတွေပေးတာက ကိုယ့် Miss ကိုယ်ဆွဲချနေတာနဲ့ အတူတူပဲ။ သူတို့ Crown ပေးရင်တောင်မှ ဒီ Miss က သူတို့နိုင်ငံရေးမှာ ဘယ်လောက်ထိအရေးပါသလဲ၊ တော်သလဲ၊ ဘယ်သူ တွေကြိုက်ကြလဲဆိုတာ ၀င်ကြည့်ပါတယ်။ မြန်မာစကားကိုဘယ်သူမှ နားမလည်ဘူးမထင်ပါနဲ့။ အကုန်လုံးက ဘာသာပြန်တွေနဲ့ကြည့်ကြပါတယ်။ အဲဒီမှာ Comment တွေ က '၀လိုက်တာ'၊ 'ဘာကြီးလဲ' ဆိုတာမျိုးမြင်နေတဲ့ အတွက်ကြောင့် ကိုယ့်နိုင်ငံတောင်မယုံကြည်တဲ့ Miss တစ်ယောက်ကိုသူများနိုင်ငံက Top ၂၀ လည်းမပေးပါ ဘူး။ Crown လည်းဆောင်းပေးမှာမဟုတ်ပါဘူး။ တခြား Miss တွေလည်းတော်တော်လေးခံရပါတယ်။

စင်ပေါ်မတက်ခင်ဖတ်လိုက်ရတဲ့ Comment တစ်ခုကြောင့် စင်ပေါ်မှာဘယ်လိုမှ မျက်နှာမထားတတ်အောင်၊ ငိုချင်လာအောင် ပြင်းထန်ခဲ့ပါတယ်…
ပြီးတော့ စင်ပေါ်မတက်ခင် ဖတ်လိုက်ရတဲ့ Comment တစ်ခုကြောင့် စင်ပေါ်မှာဘယ်လိုမှ မျက်နှာ မထားတတ်အောင်၊ ငိုချင်လာအောင်ပြင်းထန်ခဲ့ပါတယ်။ အဲဒါကြောင့် ပြိုင်ပွဲပြိုင်နေတဲ့တောက်လျှောက်မှာ မလုပ်စေချင်ပါဘူး။ ဒါမေတ္တာရပ်ခံတာပါ။ ညီမပြိုင်ပွဲပြီးသွားလို့ မလိုတော့ပေမယ့် နောက်လာမယ့် Miss တွေ အတွက်ပြောတာပါ။

၂၀၁၆ Miss ဖြစ်တဲ့ အတွက်၂၀၁၆အတွင်းမှာညီမရဲ့ တာဝန်ပါပဲ…
ပြီးတော့ National Director တွေကလည်း သူတို့တတ်တဲ့ ပညာနဲ့သူတို့လုပ်လိုက်တာပါ။ ညီမတို့ ကတော့ ဘာမှတော့ဝင်ပြီး အကြံပေးလို့မရပါဘူး။ အခု Miss Grand Myanmar ၂၀၁၇ ရွေးလိုက်တဲ့အချိန်မှာ လည်း ညီမ ND တီချယ်လှနုထွန်းက ၂၀၁၇ အတွက် လိုင်စင်မရတော့ဘူးလေ။ MU ရပြီးသွားပြီဆိုတဲ့အချိန်မှာ ဒါပေမဲ့ ညီမက (၇)ရက်နေ့သွားမှာ။ သူတို့က ၆ရက်နေ့ရွေးလိုက်တာ။ ညီမအတွက် ဘာမှမထိခိုက်တော့ပါဘူး။ ညီမက ၂၀၁၆ Miss ဖြစ်တဲ့အတွက် ၂၀၁၆အတွင်းမှာ ညီမရဲ့တာဝန်ပါပဲ။ ၂၀၁၇ က နောက်မှလေ။ တချို့ လူတွေကထင်ကြတယ်။ ညီမသွားပြိုင်ပြီး ပြန်လာပြီးဘာမှမရတော့ဘူး။ ပြီးသွားပြီလို့ထင်ကြတယ်။ တကယ် တော့သွား ပြိုင်ပြီးပြန်လာတော့လည်း ညီမရဲ့ ၂၀၁၆ Crown ကတကယ်ရှိနေတာပါ။ ဒါဘယ်သူတွေဘယ်လို သတ်မှတ်သတ်မှတ်ပါ။

ကိုယ့်နိုင်ငံရဲ့ဝေဖန်မှုကို ခံနိုင်အောင်လုပ်သွားပါလို့…
နောက်ထပ်သွားပြိုင်မယ့် Miss တွေကို ဘာပြောချင်သေးလဲဆိုတော့ ကိုယ့်နိုင်ငံရဲ့ဝေဖန်မှုကို ခံနိုင်အောင်လုပ်သွားပါလို့။ ညီမကိုယ်တိုင်လည်းကြုံခဲ့ရတယ်။ ဝေဖန်မှုတွေကို လျစ်လျူရှုနိုင်မှကောင်း ကောင်းမွန်မွန်ယှဉ်ပြိုင်နိုင်လိမ့်မယ်။ 

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment