ကျွန်တော်သည် နေပြည်တော်အမြန်လမ်းကို
အိပ်စ်ပရက်ကားကြီးများနှင့်စီးသွားဖို့ အလွန်ကြောက် ပါသည်။ လွန်ခဲ့သောရက်များက ထိုထိုသောကားကြီးများကို
စီးသွားရပါသည်။ ရန်ကုန်၊ နေပြည်တော်၊ လေ ယာဉ်ခကလည်း အနည်းဆုံး ဖွတ်ကလိဒင်္ဂါး မြန်မာငွေ-၇သောင်းရှိပါသည်။
၄၅-မိနစ်ခရီးကို ၇သောင်း သုံး လိုက်တာလား၊ ဖြုန်းလိုက်တာလည်း မစဉ်းစားမိ။ သေချာတာက
လေယာဉ်ပျက်ကျလို့သေရင် နည်းနည်း တော့သိက္ခာရှိသလိုလို။ ကျန်ခဲ့တဲ့မိသားစုများအတွက် လျော်ကြေးက
တန်သလိုလို ဆိုပြီးစီးခဲ့ပါသည်။ မတန်တာက အေလာလေဆိပ်မှ နေပြည်တော်ပျဉ်းမနားကို ကားခတောင်းတာအနည်းဆုံး
၂သောင်းခွဲ။ ဒီတော့ လာကြိုမယ့်ကားမရှိခဲ့ရင်စုစုပေါင်း ပန်ပန် ၁သိန်းဆိုတော့ လေဆိပ်ကလေကြောင်းမိသားစုဝင်
ကိုအညာသား လိုက်ပို့ခဲ့ရင်တော့ ကုန်းဆင်းပေါ့။ ကြာတော့လည်း သူ့ကိုအားနာတာနဲ့ ထိုထိုသော အိပ်စ်ပရက်ကားကြီးများကို
ရွေးစီးရပါတော့သည်။
ဘယ်လိုကားမျိုးရွေးလည်းသိလား။ နာမည်မကြီးတဲ့ကား
မြန်မြန်မမောင်းတဲ့ကား မညံ့ပေမယ့် သင့် မယ့်ကား ရွှေမန်းသူလိုင်းကားပါခင်ဗျာ။
ဘယ်ခုံကစီးလဲခင်ဗျာ၊ လူမကြိုက်တဲ့ထိုင်ခုံ
၄၁သို့မဟုတ် ၄၅ပါ ခင်ဗျား။ ဘာကြောင့်နောက်ဆုံး တန်းခုံကိုစီးရတာလဲ။ အရေးပေါ်ထွက်ပေါက်ဆိုတာမသိ။
ကိုယ်သိတာ နောက်ဘက်ကမှန်ကြီးတစ်ခုလုံးကို ကိုယ်ပိုင်တယ်။ ဘေး၂ဘက်က မှန်ကလည်းအကျယ်ဆုံးပဲ။
လိုအပ်ရင်ခွဲလို့ အလွယ်ဆုံးပါပဲ။ ကားပေါ်ရောက် တာနဲ့ခါးပါတ်ကိုတင်းနေအောင် ပတ်လိုက်တယ်။
ဂျပန်ကားတွေကပါနေကျ ပလာယာ ထိပ်ချွန်ကို လက်တစ် ကမ်းမှာဆောင်ထားတယ်။ ဆိုင်ကယ်စီး လက်အိတ်အပြတ်လယ်သာ
တစ်ဝက်ဖော့က်ကိုဝတ်လိုက်တယ်။ ဘေးကလူက ဘာလို့လုပ်တာလဲလို့ မေးတယ် မဖြေပါဘူး။ နိမိတ်မရှိ နမာမရှိဆိုပြီး
ကြောက်သွားမှာစိုးလို့။ သူ့ကိုတော့ ခါးပတ်ကိုတင်းနေအောင်ပတ်ပါဆိုတော့ ရီပြတယ်။ ဒါပဲပြောလိုက်တယ်။
ဒါကဆောက်ဖြစ်မှ ကျောင်းဒကာပါ။ အရေးအကြီးဆုံးက ရွှေမန်းသူကားတိုင်းမှာ တယ်လီမက်တစ်စနစ်ကိုတပ်ထားတယ်။
ကားတွေက အကောင်းစားတွေမဟုတ်ဘူးကွယ်။ ရိုးရိုးကလပ်နင်းပြီး ထိုးရတဲ့လက်ထိုးဂီယာတွေပါ။
ယူတောင်းဆိုတဲ့ တရားကုပ် တရုပ်ကားတွေပါ။
ကားကသင့်တင့်စွာပဲကောင်းလို့ စကန်နီးယားတွေ ဗိုလ်လဗိုတွေကို မမီပါဘူး။
ယာဉ်မောင်းတွေကိုလည်း လက်မှာ၂ရစ် ၃ရစ်ဆိုပြီး
အဆင့်ခွဲထားလို့ Well Trained လုပ်ထားပုံ ရတယ်။အင်္ကျီအဖြူဝတ် ကြီးကြပ်သူပါတယ်။ ယာဉ်မောင်း
အကူပါတယ်။ ကားမထွက်ခင် သူတို့ နော့လစ် ကိုမေးကြည့်လိုက်တယ်။ ဆရာကြီကားရှေ့မှာကပ်ထားတဲ့
ဒါကဘာလဲဗျဆိုတော့ ဒါလား ကျွန်တော်တို့ကို ကီလို ၁၀၀မကျော်အောင် ထိန်းချုပ်ထားတာလေတဲ့။
ကျော်တော့ဘာဖြစ်လဲလို့ ထပ်ကွန့်လိုက်တော့ နေပြည်တော်က ကွန်ထရိုးကိုင်တဲ့လူက သိတယ်ခင်ဗျ။
အရေးပေါ်ကီလို ၁၀၀ကျော်သွားရင် ၅မိနစ်အတွင်း အချက်ပေးသံမြည်မယ်။
လိုအပ်ရင် ဖုန်းနဲ့သတိပေးမယ်။
မလိုက်နာရင် အနီးဆုံးရဲစခန်းကို သတင်းပို့လိုက်လို့ ရှေ့ကနေ ထွက်ဖမ်းမယ်ခင်ဗျတဲ့။ ကောင်းလိုက်တဲ့စနစ်။
သေချာတာက သူတို့ဘယ်လိုမောင်းလဲဆိုပြီး ကား အမြန်နှုန်း အထိုင်ကျသွားတဲ့အချိန်မှာ ဖုန်းကျ
top watch နဲ့လမ်းဘေးကမိုင်တိုင်နဲ့ တိုက်ကြည့်တော့ အမြန်ဆုံး ၁မိနစ် ၁မိုင် လောက်ပဲမောင်းတာသိလိုက်တယ်။
၁နာရီကြာတော့ မိုင်အား ဖြင့် ၅၅ မိုင်လောက် ပဲ ခရီးပေါက်ပါတယ်။ အသေချာဆုံးသက်သေက ကားအားလုံးက
ကျွန်တော်တို့ ယူတောင်းကို ကျော်သွားကြပါ တယ်။ ဘာပဲဖြစ်ဖြစ် အချိန်တန်ရင် လိုရာပန်းတိုင်ကိုရောက်စမြဲပါ။
ခုဒါကို မထင်မှတ်ဘဲပြောလိုက်ရတာက ခုရက်လေးကဖြစ်သွားတဲ့
နာမည်ကြီးလိုင်းက ကားအက်ဆီး ဒင့်ပါ။ ၇ယောက်သေတာများပါတယ်။ တံတားအောက်ကိုပြုတ်ကျတာ ရာဇာမင်းပြီးရင်
ဒီကားပါပဲ။ နာမည်တပ် မပြောလိုက်တာကျင့်ဝတ်ကို စောင့်ထိန်းလိုက်လို့ပါ။ သတ်ပုံမှားတာနဲ့
တရားစွဲခံနိုင် ရမယ်။ ပေးချင်တဲ့ မက်ဆေ့ က ကားလိုင်းမဟုတ်ပါ။ အခြေအနေပျက်ယွင်းမှု တစ်ခုအကြောင်းပါ။
၁၁၅ မိုင်ကထွက်လာတဲ့ဒီကား မိုင် ၉၀ ကျော်လောက်မှာဖြစ်တော့ ရောက်ရှိအကွာအဝေးက မိုင်အစိတ်လောက် ပါ။
ကားတောင်ဝမ်းမင်းအပ်မဖြစ် သေး။ လူလည်းငိုက်စရာမရှိ၊ လမ်းကလည်းကျင့်သားရပြီးသား၊ လမ်းလူလည်းမညံ့
ကားလည်းမညံ့ အော်တို ဆိုတဲ့ စနစ်များကိုယုံလွန်းလို့ ပုံအပ်ထားတာလား။ ဒီလမ်းမှာ အခြေအနေမျိုးစုံ
ဖြစ်နေကျဆိုတာကို ကားလိုင်း တိုင်းမသိဘူးဆိုတာမရှိပါ။ ထူးခြားဖြစ်စဉ်တစ်ခုကို တင်ပြချင်ပါတယ်။
မြန်မာပြည်လူအများ တစ်နည်းအားဖြင့် ထမင်းကြိုက်တဲ့လူအများ ၁၀၀မှာ ၉၀ က သွေးချိုဆီးချို
ဖြစ်မှန်းမသိဖြစ်နေတတ်ပါတယ်။ ထမင်းစားပြီးခါစ ရှုးဂါးဆိုတဲ့ သကြားဓာတ်တက်တတ်ပါတယ်။ ဒီအချိန် မှာ
အိပ်ငိုက်တတ်ပါတယ်။ မျက်ခွံကိုခဲဆွဲလိုက်သလို
ရုတ်ခနဲပိတ်ကြပါတယ်။ ရှေ့အမြင် Vision စက္ကန့်ပိုင်းလောက် ပျောက်သွားတတ်ပါတယ်။
မျက်လုံးဖွင့်ပြီး အိပ်ကြည့်တတ်ပါတယ်။ မျိုးရိုးအလိုက် သွေးတိုးဆီးချိုသွေးချိုများလည်း
ရှိမှန်းမသိရှိနေတာလည်းဖြစ်တတ် ပါတယ်။ ဒါလေးတွေကိုသတိထားဖို့ ဘာလို့ကြီးကြီးကျယ်ကျယ်ပြောနေရသလဲဆိုရင်
လူ-၅၀ လောက် အသက်ကို ၁ ယောက်သောသူ လက်ထဲမှာ ၀ကွက်အပ်ထားလို့ပါပဲ။ အသက်ဥာဏ်စောင့်ဆိုတာ
ခုကျွန်တော် ပြောနေတာပါ။ ခုဆို ကျွန်တော်ကိုယ်တိုင် ရန်ကုန်၊ မန္တလေးကိုလမ်းဟောင်းကသွားနေပါပြီ။
လမ်းဟောင်းမှာ ကီလို ၈၀ အလွန်ဆုံးပဲမောင်းရတယ်။ နောက်မှာလည်း ကုန်ကား ရှေ့မှာလည်း ကုန်ကားနဲ့
မျက်နှာချင်းဆိုင်မှာ လည်း ကုန်ကားနဲ့မို့ အိပ်ငိုက်ချိန်တောင်မရှိတော့ပြီ။ ကတ္တရာနဲ့တာယာလည်း
လင်မယားဖြစ်ညားကြတာ ကြာပါပြီ။
မကျွမ်းလို့ကြိုက်တဲ့ကားနဲ့ မျက်နှာချင်းဆိုင်တိုက်တတ်ကာလွဲလို့
ကားပျက်ရင်လည်းလမ်းဘေး ကြိုက်သလိုရပ် အကူအညီရတယ်။ ကားအတွက်ဆီဆိုင် လူအတွက်ဘီယာဆိုင်တွေလည်း
ပေါမှပေါ။ ညဆိုရင် လမ်းမီးရော မြို့အ၀င်မီးတွေက မပြတ်။ မောင်းချင်လို့ မောင်းမရ။ တစ်ခါတစ်ရံကားကို
လုံးဝရပ်ပေးထားရတဲ့ အခြေအနေဆိုတော့ ဂွတ်ထဂွတ်ထကောင်းလေစွ။
ဘာပဲပြောပြော ရန်ကုန် နေပြည်တော် မန်းအမြန်လမ်းဆိုတဲ့
ကွန်ကရစ်လမ်းကြီးမှာလည်း အပြစ် မရှိတော့ပါပြီ။ အမှားတစ်ကာ့ အမှားများထဲမှာ Human
Error ဆိုတာ အဆိုးဆိုးပါ။ သိရက်နဲ့ကျူးလွန်မိတဲ့ အမှားများကို လူဘယ်လောက်များ ကျူးလွန်ခဲ့ပြီလဲ။
လမ်းလား လူလား ယာဉ်လားဆိုရင်တော့ အားလုံးသရေ။ လူအများကို ဘေးကင်းစေဖို့ ရည်ရွယ်လျက်ကားစီးသူများရော၊
ကားမောင်းသူများရော အားလုံးကို ရည်ညွှန်း လိုက်ပါတယ်။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment