သီချင်းဆိုရရင်.အရမ်းပျော်တယ်.. ပန်းရောင်ခြယ်







University of Western Australia မှာ Architecture တက်နေတယ်…
အခုညီမ University of Western Australia မှာ Architecture တက်နေတယ်။ ဟိုးအရင်ကနေ စပြောရမယ်ဆိုရင် သြစတြေးလျမှာ စပြောင်းတုန်းက မူလတန်းလေးပေါ့။ ကိုယ်တက်နေတဲ့ အတန်းကို လည်း တစ်ဝက်တပျက်နဲ့ပြောင်းရတယ်။ Primary School ပြီးတော့ High School ကို ၁၂ တန်းအထိ သြစတြေးလျ မှာပဲတက်ခဲ့တယ်။

အဲဒီကျောင်းက အရင်ကတည်းက သီလရှင်တွေအုပ်ချုပ်ခဲ့တာနှစ် ၉၀ ကျော်နေပြီ။ စည်းကမ်းလည်း အရမ်းကြီးတယ်။ အဲဒီမှာတက်ပြီးတဲ့အခါမှာတော့ Wild Child ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ အဲဒီကားဆိုကြည့်ရင် ကျောင်းကိုပြန်သတိရတာ။ စကတ်တွေကို ဆရာမ မသိအောင်တို။ ည ၈း၁၅ ဆို ဖုန်းတွေအကုန်သိမ်းတယ်…
အဲဒီတက်တဲ့ကျောင်းတွေ အကုန်လုံးက Catholic School တွေချည်းပဲ။ သမီး ၁၁တန်းမှာ ဒယ်ဒီရယ်၊ မာမီရယ်၊ ညီမလေးရယ်က မြန်မာပြည်ကိုပြန်လာတယ်။ သမီးက High School တက်ချင်လို့ အဲဒီမှာ တစ်ယောက်တည်းကျန်ခဲ့တယ်။ University ကိုဆက်သွားချင်တယ်ပြောပြီးနေခဲ့ရတယ်။ တက်နေတဲ့ Catholic ကျောင်းက အဆောင်မရှိတော့ အဆောင်ရှိတဲ့ Catholic ကို ပြောင်းလိုက်ရတယ်။ အဲဒီကျောင်းက အရင်ကတည်းက သီလရှင်တွေအုပ်ချုပ်ခဲ့တာနှစ် ၉၀ ကျော်နေပြီ။ စည်းကမ်းလည်း အရမ်းကြီးတယ်။ အဲဒီမှာတက်ပြီးတဲ့အခါမှာတော့ Wild Child ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ အဲဒီကားဆိုကြည့်ရင် ကျောင်းကိုပြန် သတိရတာ။ စကတ်တွေကိုဆရာမ မသိအောင် တို။ ည ၈း၁၅ ဆို ဖုန်းတွေအကုန်သိမ်းတယ်။ အဲဒီကားထဲက ကျောင်းဆိုလည်း England မှာရှိတယ်။ အရမ်းတော့ ပျော်ဖို့ကောင်းတယ်။
စပြောင်းကတည်းက သမီးလည်း Catholic ၊ အမေကလည်း Catholic ပဲဆိုတော့ ဒီလိုပဲ Catholic School မှာထားမယ်ဆိုပြီး မာမီကစဉ်းစားပြီးတော့ ရွေးလိုက်တာပေါ့။ Private School နည်းနည်းပိုဈေး ကြီးတာပေါ့။ ဒါပေမဲ့ မာမီက သမီးကိုစည်းကမ်းရှိအောင်လို့ Catholic School ထားမယ်ဆိုပြီးတော့ထားတယ်။ သမီးတို့တက်တဲ့ Catholic School တွေမှာ religion က မယူမနေရ Subject တစ်ခုအနေနဲ့ဆိုတော့ Year 12th  အထိ Bieble သင်ရတယ်။ စာမေးပွဲကြီးဖြေတော့လည်း Biebel သင်ရတယ်။

အမြဲတမ်း ၂ပတ်ပိတ်တိုင်း မြန်မာပြည်ကိုပြန်လာတယ်…
မိသားစု ၃ယောက်လုံးကလည်း ထွက်သွားချိန် သမီးကလည်း ကျောင်းအသစ်ပြောင်းရချိန်ဆိုတော့ လူသစ်တွေလည်းဖြစ်နေတော့ ပထမတစ်လ၊ နှစ်လမှာပဲအရမ်းသတိရတယ်။ အရမ်းလည်းလွမ်းတယ်။ နေ့တိုင်း Skype တို့ Viber တို့ ၄၊ ၅ ခေါက်ပြောတယ်။ ဘယ်မှလည်းမသွားဘူး။ အဆောင်နဲ့ ကျောင်းတစ်ဝန်းထဲဆို တော့ သူတို့လည်းဘယ်မှပေးမသွားဘူး။ စည်းကမ်းလည်းအရမ်းကြီးတယ်။ တစ်ခုခုဆို မိဘလက်မှတ်၊ မိဘ, email ၊ မိဘအသိအမှတ်ပြုမှ အပြင်ထွက်ခွင့်ပြုတာ။ သမီးကဘယ်နားရောက်ရောက်နေတတ်တဲ့ အခါကျတော့ သူငယ်ချင်းအသစ်တွေလည်းရ တဖြည်းဖြည်းလည်း ပျော်ဖို့ကောင်းလာတယ်။ ဒါပေမဲ့ သမီးတို့ကျောင်းက ၁၂ပတ်တက်ရတယ်။ ပြီးရင် ၂ပတ်ပိတ်တယ်။ အမြဲတမ်း ၂ပတ်ပိတ်တိုင်းမြန်မာ ပြည်ကိုပြန်လာတယ်။ အဲဒီမှာက ၂၀မ်းကွဲ Cousin တွေတော့ရှိတယ်။

ဆရာဝန်လုပ်ဖို့ စဉ်းစားသေးတယ်။ ဒါပေမဲ့ သမီးဆေးကျောင်းတက်မယ်ဆိုရင် မြန်မာပြည်ပြန်လာပြီး ခွင့်ယူလိုက်နေလိုက်တော့မရဘူး…
အခုက High School ပြီးသွားတော့ St.Grigid’s College တက္ကသိုလ်မှာ St.Brigid’s College တက်နေတယ်။ အစက architecture တက်ရင်ကောင်းမလား၊ Engineering တက်ရင်ကောင်းမလား စဉ်းစားတယ်။ အစက သမီးငယ်ငယ်ကလေးကတည်းက သီချင်းဆိုဖို့တစ်ခုတည်းစဉ်းစားထားတယ်။ တဖြည်းဖြည်းကြီးလာတော့ Subject ယူရမယ်ဆိုတော့ ဘာတက်ရင်ကောင်းမလဲစဉ်းစားရင်း ဆေးကျောင်း တော့ စိတ်ဝင်စားလို့ ဆေးကျောင်းသွားရင် ကောင်းမလားစဉ်းစားသေးတယ်။ သမီးတို့ 2013 Hight School အောင်တဲ့အဖွဲ့က သြစတေးလျမှာ rule က ပြောင်းသွားတာ။ ဆေးကျောင်းတက်ချင်ရင် ခါတိုင်းဆို ၄နှစ်တန်း သွားလို့ရတယ်ထင်တယ်။ Bachelor တစ်ဘွဲ့ကြိုက်တဲ့ဘွဲ့ ၃နှစ်တက်ပြီးဆေးကျောင်း ၄နှစ် တက်တယ်။ Specialist ဖြစ်ချင်ရင် ဆက်တက်ပေါ့နော်။ သမီးက ဆရာဝန်လုပ်ဖို့ စဉ်းစားသေးတယ်။ ဒါပေမဲ့ သမီး ဆေးကျောင်းတက်မယ်ဆိုရင် မြန်မာပြည်ပြန်လာပြီး ခွင့်ယူလိုက်နေလိုက်တော့မရဘူး။ စာနဲ့ တောက်လျောက် ကပ်ပြီးနေနေရမှာ။ Architecture လည်း သမီးက architect ပိုင်းမှာ creative သိပ်မဖြစ်ဘူး။ သမီးအမေဆို Architecuture နဲ့ကျောင်းပြီးတာမဟုတ်ပေမယ့် အသွေးအသားထဲကကို ၀ါသနာပါတယ်။ စာအုပ်တွေဖတ်ပြီး လေ့လာတယ်။ သမီးတို့နေဖို့ အိမ်ဆောက်လည်း ကိုယ်တိုင်အစအဆုံး ပုံဆွဲတယ်။ ဘိလပ်မြေ၊ အုပ်၊ သစ်၊ ကိုယ်တိုင်လိုက်ဝယ်တယ်။ Exterior ပြီးသွားရင်လည်း interior လိုက်ကာ၊ ကြွေပြားကအစ သေသေချာချာ စဉ်းစားတယ်။ Business လိုလုပ်တာမဟုတ်ဘူး။ မိသားစုအတွက်လုပ်ရင်းနဲ့ မြေလေးတွေရရင်ဝယ်လိုက်၊ ကိုယ်တိုင်ပုံဆွဲ အိမ်ဆောက်လိုက်နဲ့ အဲဒီအိမ်လေးကိုပြောင်းရင်ပြောင်း မပြောင်းရင်ငှားတာ၊ ရောင်းတာ။ သမီးလည်း ကျောင်းပြီးသွားရင် မာမီနဲ့အတူတူလုပ်လို့ရအောင် သမီးက အခု Bachelor of Design က ၃နှစ်၊ Master of Architecture က ၂နှစ်ဆိုတော့ ပြီးရင် architect လုပ်လို့ရပါပြီ။

Music နဲ့ကြီးပြင်းလာတော့ါနညနျ ပါတာဖြစ်မှာပေါ့။ သီချင်းဆိုရရင်လည်း အရမ်းပျော်တယ်။ ဒါပေမဲ့ အဖေရော အမေရောက သမီးလုပ်ချင်လွန်းလို့သာ Support လုပ်ပေးတာ။ Career ကြီးတစ်ခုတည်းနဲ့ မလုပ်စေချင်ဘူး…
သမီး ၉၆မွေးတော့ ဒယ်ဒီက ပထမဆုံး Solo Album ထွက်တယ်။ အဲဒီမတိုင်ခင်မှာအယ်ဒီက Drum တီးတယ်။ သီချင်းဆိုတယ်။ ငယ်ငယ်ကတည်းက ပတ်ဝန်းကျင်မှာ Music နဲ့ကြီးပြင်းလာတော့ genes ပါတာ ဖြစ်မှာပေါ့။ သီချင်းဆိုရရင်လည်း အရမ်းပျော်တယ်။ ဒါပေမဲ့ အဖေရောအမေရောက သမီးလုပ်ချင်လွန်းလို့သာ Support လုပ်ပေးတာ။ Career ကြီးတစ်ခုတည်းနဲ့ မလုပ်စေချင်ဘူး။  သမီးကိုပညာရေးနဲ့ပဲ အသက်မွေးဝမ်း ကြောင်းပြုစေချင်တယ်။ သမီးလုပ်ချင်သပဆိုရင် Support လုပ်ပေးမယ်ဆိုပြီး လုပ်ပေးနေတာ။

အချစ်ရေး၊ အိမ်ထောင်ရေးတွေကိုလည်း မိဘနဲ့ ညီမလေးနဲ့ပဲ တိုင်ပင်ဖြစ်မှာပါ…
ဒယ်ဒီတို့စကားနားထောင်တယ်။ ဘာပြောပြောနားထောင်တယ်။ တခုခုဆိုလည်းဒယ်ဒီနဲ့ပဲ တိုင်ပင်ဖြစ်တယ်။ အမှန်အတိုင်းပြောရရင် ဒီမိသားစု (၄)ယောက်ပဲ ပေါင်းဖြစ်တာများတယ်ပေါ့နော်။ အချစ်ရေး၊ အိမ်ထောင်ရေးတွေကိုလည်း မိဘနဲ့ ညီမလေးနဲ့ပဲ တိုင်ပင် ဖြစ်မှာပါ။
သမီးက ဒယ်ဒီနဲ့   Wake Up Daddy ကို 2016 ဒီဇင်ဘာတုန်းက ထွက်ထားတယ်။ သမီးအခု ပထမဦးဆုံး တစ်ကိုယ်တော် အယ်ဘမ်လေးလုပ်နေတယ်။ ဒီနှစ်ထဲမှာ ထွက်ဖြစ်နိုင်အောင် Title တော့ ဘာမှမပေးရသေးဘူး။ အခုလောလောဆယ် တစ်ယောက်တည်းသီချင်းတွေပဲလုပ်ရသေးတော့ ဘာမှမပြောတတ်သေးဘူး။

သမီးသီချင်းတွေကို နားထောင်ပေးတဲ့ ပရိသတ်ကြီးကို အထူးကျေးဇူးတင်ပါတယ်…
သမီးသီချင်းတွေကို နားထောင်ပေးတဲ့ပရိသတ်ကြီးကို အထူးကျေးဇူးတင်ပါတယ်။ သမီး တစ်ကိုယ်တော်အခွေအတွက်လည်း ကြိုးစားနေပါတယ်လို့။  

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment