Rဇာနည် နဲ့ ၀မ်း တို့ မိသားစု









အစ်မမော်ဒယ်လုပ်နေရင်း ကိုဇာနည်နဲ့တွေ့တာ။ ပထမဆုံး ပွဲမှာပဲတွေ့တာ။ သူက မပန်(ဆုပန်ထွာ)နဲ့ ခင်တယ်။ သူတို့နှစ်ယောက် အတူတူလာရင်းတွေ့တယ်။ မပန်ကနေတစ်ဆင့် မိတ်ဆက်ရင်း အစ်မနဲ့ သူနဲ့ ရင်းနှီးသွားတာ…
အစ်မမော်ဒယ်လုပ်တုန်းက သင်တန်းလည်းမတက်ဖြစ်ခဲ့ဘူး။ အဲဒီတုန်းက ပြိုင်ပွဲအတွက် ဆြိုပီးခေါ် တာ တွေရှိတယ်။ အစ်မ အဲဒီအချိန်က ၉တန်း ၁၀တန်းလောက်ပဲရှိဦးမယ်။ Clear Shompoo ကနေလုပ် တာ။ အရင်က အစ်မဆံပင်အရှည်ကြီးဆိုတော့ သွားပြိုင်ပါလားဆိုတာနဲ့ ကိုယ်ကလည်းနည်းနည်း ၀ါသနာ ပါတာနဲ့ ကျောင်းမှာက မော်ဒယ်တွေလုပ်ရတယ်။ 

အဲဒီတုန်းက ကျောင်းပေါင်းစုံ၊ မြို့နယ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲတွေ မှာ မယ်ဝင်ပြိုင်တယ်။ အဲဒီမှာ Training လုပ်ပေးတာ။ Mr.Brian တို့ မတင်မိုးလွင်တို့ လုပ်ပေးတာ။ အဲဒီကနေ အဆက်အသွယ်ရ ပြီးနောက်ပိုင်း လုပ်ဖြစ်သွားတာ။အစ်မမော်ဒယ်လုပ်နေရင်း ကိုဇာနည်နဲ့တွေ့တာ။ ပထမဆုံးပွဲမှာပဲတွေ့ တာ။ သူကမပန်(ဆုပန်ထွာ)နဲ့ ခင်တယ်။ သူတို့နှစ်ယောက် အတူတူလာရင်းတွေ့တယ်။ မပန်ကနေ တစ်ဆင့် မိတ်ဆက်ရင်း အစ်မနဲ့သူနဲ့ရင်းနှီးသွားတာ။ နောက်ပိုင်း သူငယ်ချင်းလို ၃နှစ်လောက်နေ တယ်။ ရည်းစား၃နှစ်လောက်ဖြစ်ပြီးတော့မှ ယူဖြစ်လိုက်တာ။

မြင်မြင်ချင်းတွေ့ မြင်မြင်ချင်း ကြိုက်ကြပြီးယူကြတဲ့ လူတွေကတော့ ဘယ်လိုလဲမသိဘူး။ အဲဒီအထဲ မှာတော့ မပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တူချင်မှတူမှာပေါ့နော်။ အစ်မကတော့ သူငယ်ချင်းလို အချိန်အကြာကြီး နေရင်းနဲ့ သူနဲ့ရင်းနှီးလာတယ်။ ရင်းနှီးလာပြီးတော့မှ တဖြည်းဖြည်းသူ့ အပေါ်ချစ်လာ တဲ့စိတ်က ခံစားရတာ လေ…
အဲဒီတုန်းကငယ်လည်းငယ်တော့ သိပ်မစဉ်းစားတတ်ဘူး။ သူ့ကိုတွေ့တော့ ကိုယ်တစ်ချိန်ယူရမယ့် ယောက်ျားလို့လည်း မထင်ထားဘူး။ ကြာလာတော့ သံယောဇဉ်တွေအနေနီးတာတွေနဲ့ ပိုပြီးဆိုင်တယ်လို့ ထင်ပါတယ်။ မြင်မြင်ချင်းတွေ့ မြင်မြင်ချင်းကြိုက်ကြပြီးယူကြတဲ့ လူတွေကတော့ဘယ်လိုလဲမသိဘူး။ အဲဒီ အထဲမှာတော့မပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တူချင်မှတူမှာပေါ့နော်။ အစ်မကတော့ သူငယ်ချင်းလို အချိန်အကြာကြီးနေရင်းနဲ့ သူနဲ့ရင်းနှီးလာတယ်။ ရင်းနှီးလာပြီးတော့မှ တဖြည်းဖြည်း သူ့အပေါ်ချစ်လာ တဲ့စိတ် က ခံစားရတာလေ။ အဲဒီတုန်းက အစ်မနိုင်ငံခြားထွက်တော့မယ်။ ကျောင်းသွားတက်တော့မယ် ဆိုတော့ သူက လည်း မခွဲနိုင်ဘူးဆိုတော့ ခိုးပြေးလိုက်ကြတော့ ယူဖြစ်သွားတာပေါ့နော်။

ဘယ်လောက်များရာဇ၀င်ရှိလဲဆို မိုးလည်းရွာချလိုက်ရော တစ်အိမ်လုံးရေကြီးသွားတာ။ နှစ်ယောက် သား ရေတွေခပ်ထုတ်ရတယ်။ အောက်မှာရောင်းတဲ့ ၀က်ခေါင်းသုပ်ဆိုင်လေးရှိတယ်။ အသားတောင် ၂ပွဲမတတ်နိုင် ဘူး။ အသားတစ်ပွဲမှာပြီး ဟင်းရည်နဲ့ထမင်း၂ပွဲနဲ့။ ဘယ်နှရက်လဲမသိဘူးနေရတာ။ ပိုက်ဆံမရှိတော့လို့…
နှစ်ယောက်တည်းဘ၀နဲ့အစ်မတို့ ၅နှစ်လောက်နေခဲ့တယ်။ ခိုးပြေးလိုက်တယ်။ အတူတူနေကြ တယ်။ နှစ်ယောက်လုံး တိုင်ပင်လိုက်တာပေါ့။ ကလေးမယူသေးဘူး။ အိမ်ထောင်သက် (၅)နှစ်လောက် မှကလေး ယူမယ်ဆိုပြီး ၅နှစ်အတွင်းက အချိန်ရတယ်လေ။ ပြောင်းလဲလို့ရတယ်ဆိုတော့ အစ်မတို့ကြိုးစား တယ်။ အစ်မတို့ ဘ၀က သုညဘ၀ကနေစတာကိုး။ သုံညမှ တကယ့်သုည။ အရင်တုန်းကပြောပြဖူး ပါတယ်။ ခိုးပြေးပြီးတော့ ကိုယ့်ဘာသာကြိုးစားပြီးနေကြတယ်။ အဲဒီအချိန်မှာ ကိုဇာနည်က အဆိုတော်ပေါက်စပဲရှိသေးတယ်။ အစ်မ ကောင်းကောင်းမှတ်မိတယ်။

 ပွဲလည်းအများကြီးမရှိဘူး။ တစ်ပွဲဆိုမှ ငါးသောင်းလောက်ပဲရတာ။ အဲဒီ ငါးသောင်း နဲ့ ဘ၀ စတာပေါ့နော်။ ပွဲမရှိဘူးဆို ရှိတဲ့ပိုက်ဆံလေးနဲ့သုံး။ အဲဒီတုန်းက အစ်မတို့အိမ်ငှားနေရတယ်။ အဲဒီတုန်း က အိမ်ကတစ်လကို ၄သောင်း။ မိုးတွင်းဆိုအရမ်းစိတ်ညစ်တယ်။ ပွဲနည်းတယ်လေ။ လက်ထဲမှာ တစ်ခါတလေ သုံးစရာတောင်မရှိဘူး။ အဲဒီတုန်းကအစ်မတို့ နှစ်သိန်းနဲ့အိမ်ငှားနေကြတယ်။ အိမ်မှာလိုတဲ့ ပစ္စည်းလေးတွေ ၀ယ် တယ်။ နောက်ဆုံးလက်ထဲမှာ ငါးထောင်ပဲကျန်တော့တယ်။ ဘာပွဲမှလည်းမရှိ၊ အလုပ်ကလည်းမရှိ၊ အဲဒီတုန်းက ဖုန်းကငှားကိုင်ရတယ်။ ဦးချစ်မောင်လမ်းပေါ်ကတိုက်ခန်းလေးမှာ အပေါ်ဆုံးထပ်၊ ဘယ်လောက်များ ရာဇ၀င်ရှိ လဲဆိုမိုးလည်း ရွာချလိုက်ရော တစ်အိမ်လုံးရေကြီးသွားတာ။ နှစ်ယောက်သားရေတွေ ခပ်ထုတ်ရတယ်။ အောက်မှာ ရောင်းတဲ့ဝက်ခေါင်းသုပ်ဆိုင်လေးရှိတယ်။ အသားတောင် ၂ပွဲမတတ်နိုင်ဘူး။ အသားတစ်ပွဲမှာပြီး ဟင်း ရည်နဲ့ထမင်း ၂ပွဲနဲ့။ ဘယ်နှရက်လဲ မသိဘူးနေရတာ။ ပိုက်ဆံမရှိတော့လို့။ အခုအချိန်ပြန်ပြောတော့ ပျော်စရာပေါ့။ အဲဒီတုန်းကတော့ စိတ်ညစ်တာပေါ့။ ဒီလိုပဲ ရုန်းကန်ပြီးတော့ စလာကြတာပေါ့နော်။

သူများမင်္ဂလာဆောင်သွားတယ်ဆိုရင် အစ်မက မိန်းကလေးဆိုတော့ လုပ်ချင်စိတ်လေးတော့ရှိတာပေါ့။ ယောက်ျားကလည်း အဲဒါတော့သိတယ်
တစ်ခါတလေ သူများမင်္ဂလာဆောင်သွားတယ်ဆိုရင် အစ်မက မိန်းကလေးဆိုတော့ လုပ်ချင် စိတ်လေး တော့ရှိတာပေါ့။ ယောက်ျားကလည်း အဲဒါတော့သိတယ်။ သူကလည်းပြောတယ်။ လုပ်ချင် တယ်ပေါ့နော်။ ၁၀နှစ်လောက်မှပဲ လုပ်လိုက်တော့မယ်ဆိုပြီးတော့ ထားထားတာ။ ဒီနှစ်ယောက်ပေါင်းနေသရွေ့ ဘယ်အချိန် ဆောင်ဆောင်ရတယ်ဆိုပြီးနေတာ။ ၁၀နှစ်ပြည့်ကျရင် ဆောင်မယ်ဆိုပြီးထားလိုက်ရော။ ၁၀နှစ်က ဘယ်လို ဘယ်လို ပြည့်မှန်းမသိပြည့်သွားပြီး ၁၀နှစ်ပြည့်ပြီ ရောက်တော့မယ်ဆိုတဲ့အချိန်မှာ ကိုယ်ကမတားတော့ဘူး။ အမေရိကမှာသီချင်းသွားဆိုတော့ နှစ်ယောက်စလုံးထွက်သွားတာ။ ပြန်လာတာနဲ့ ၁၀နှစ်ပြည့်ပြီးသွားပြီ။ မလုပ်တော့ပါဘူး။ ၁၁နှစ်မှလုပ်မယ် ဆိုတုန်းကလည်း ခရီးထွက်နေတာနဲ့ မလုပ်ဖြစ်ဘူး။ အခုထပ်ပြီး ၁၅ နှစ်ကျရင် လုပ်မယ်လို့ပြောထားတယ်။ ဒါပေမဲ့ မသိသေးဘူး။ အခု ဒီနှစ်ထဲမှာ ၁၃နှစ်ပြည့်မှာပေါ့။

တကယ့်မင်္ဂလာဆောင်လိုပဲ ထိုင်မသိမ်းနဲ့ပြန်ဆောင်ရင် ကောင်းမလား။ ဒါမှမဟုတ် ပုံမှန်ရိုးရိုးလေး အမှတ်တရ Dinner လေးပဲ လုပ်ရင်ကောင်းမလားဆိုတာ Confirm တော့ မဖြစ်သေးဘူး…
ပထမစဉ်းစားထားတာပေါ့။ ၁၀နှစ်ပြည့်ဆို ဖစ်ဖစ်တုန်က အသက်ဘယ်နှနှစ်။ သူပန်းကြဲနိုင်ပြီ။ သူ့ကိုကြဲခိုင်း မယ်။ အဲဒီလိုတော့ရည်ရွယ်ထားတယ်။ အဲဒါကနေ တဖြည်းဖြည်းကျော်ပြီး ၁၅နှစ်ဖြစ်လာ တာပေါ့။ တကယ့် မင်္ဂလာဆောင်လိုပဲ ထိုင်မသိမ်းနဲ့ ပြန်ဆောင်ရင်ကောင်းမလား။ ဒါမှမဟုတ် ပုံမှန် ရိုးရိုးလေးအမှတ်တရ Dinner လေးပဲလုပ်ရင်ကောင်းမလားဆိုတာ Confirm တော့မဖြစ်သေးဘူး။ လုပ်ချင်တာတွေများနေတော့ သေတော့ မသေချာသေးဘူး။
ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ယူထားခဲ့ကြတာပေါ့နော်။ ကိုယ်လည်း သည်းခံ သူလည်း သည်းခံ။ အစစအရာရာ တကိုယ်ကောင်းမဆန်တာတွေကြောင့် ဒီအချိန်အထိတည်မြဲတာလို့ ၀မ်း ထင်တယ်။ အဲဒီတော့ ဘာပဲပြောပြောပြော ဒီ ၁၃နှစ်မှာ ၁၃နှစ်အထိရောက်လာအောင် အတူနေပေးတဲ့ ယောက်ျားကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ အကြံပြုစကားဆိုရင်တော့ ၀မ်း အိမ်ထောင်သက် တလျှောက်မှာ တစ်ယောက်နဲ့တစ်ယောက် Respect ရှိတယ်။ သည်းခံတယ်ပေါ့နော်။ 'ငါ'ဆိုတဲ့အတ္တမရှိမှရတာ ပေါ့။ ဘာလို့လဲဆိုတော့ နှစ်ယောက်ဖြစ်သွားတာကိုး။ တစ်ယောက်တည်းကတော့ ကိုယ့်ဘာသာအိမ်မှာ အတ္တ နဲ့ နေလို့ရပေမယ့်နှစ်ယောက်ဖြစ်လာရင် ကိုယ်လည်းအများကြီး လျော့ရတာရှိသလို သူ့အနေနဲ့လည်းရှိတယ်။ ၀မ်းတို့နှစ်ယောက်လည်း ဒီလိုပဲတွေးပြီးနေလာကြတာပေါ့နော်။ ရန်မဖြစ်ဘူးကတော့မဟုတ်ဘူး။ ရန်ဖြစ်တယ်။ ဖြစ်တဲ့အကြောင်းအရာ အမှားဘာလဲ သိအောင်အရင်လုပ်တယ်။ လိုအပ်ရင် ပြင်လို့ရတာပေါ့နော်။ ဒါမှ ရေရှည် လက်တွဲဖို့အတွက်ဖြစ်မှာပေါ့နော်။    

ကျွန်တော်တို့ အောက်တိုဘာလ(၂၃)ရက်နေ့မှာကျရောက်မယ့် မင်္ဂလာသက်တမ်း ၁၃နှစ်ပြည့်ကနေ နောင်နှစ် ပေါင်းများစွာတိုင် ဒီမိသားစုနဲ့ ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားချင်ပါတယ်… Rဇာနည်
ကမ္ဘာသားစီးရီးရောင်းရတဲ့ သိန်း ၂၀၀ ကျော်ကိုလှူဒါန်းထားပါတယ်…
ကမ္ဘာသားအခွေလေးထွက်တာ ခြောက်လကျော်ကျော်လေးရှိသွားပြီ။ ရောင်းအားတော့မဆိုးပါဘူး။ ကမ္ဘာသားစီးရီးရောင်းရတဲ့ သိန်း ၂၀၀ ကျော်ကိုလှူဒါန်းထားပါတယ်။ တစ်ခုကတော့ ဧရာဝတီ တိုင်းမြေပြိုတဲ့ နေရာတွေ ရေမရှိတဲ့နေရာတွေ နောက်တစ်ခုကတော့ ဒုတိယအသုတ်အနေနဲ့ ရွှေပြည်သာဘက်မှာ မိဘမဲ့ ကလေးတွေ စောင့်ရှောက်နေတဲ့သီလရှင် စာသင်ကျောင်းလေးရှိပါတယ်။ သူတို့နေဖို့အတွက် ကျောင်းလေး ဆောက်လုပ် လှူဒါန်းထားပါတယ်။

သီချင်းတွေ ပျံ့နှံ့သွားတဲ့ကိစ္စ ကျွန်တော်တို့ကောင်းကောင်း မထိန်းချုပ်နိုင်သရွေ့ကတော့ ဖြစ်နေမှာပဲ…
သီချင်းတွေ ပျံ့နှံ့သွားတဲ့ကိစ္စ ကျွန်တော်တို့ကောင်းကောင်း မထိန်းချုပ်နိုင်သရွေ့ကတော့ ဖြစ်နေမှာပဲ။ ကိုယ်တစ်ယောက်တည်းလည်း မဟုတ်ပါဘူး။ တော်တော်များများ အဲဒီပြဿနာဖြစ်နေရပါတယ်။ ဒီအခု လိုင်းပေါ်မှာ မပျံ့ခင်ကတည်းက အရင်တည်းက ခိုးကူးခေတ်တုန်းကလည်း ရင်ဆိုင်ရတာပဲလေ။ အဲဒါတွေကို တစ်ချိန်ကျရင် ကြပ်ကြပ်မတ်မတ်လုပ်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စိုးရိမ်လားဆိုတော့အများကြီး တော့ မစိုးရိမ်ပါဘူး။ ပုံမှန်လည်ပတ်နေတာဖြစ်တော့ အများကြီးတော့မစိုးရိမ်ပါဘူး။ ဒါပေမဲ့ လုပ်တာကတော့ မဖြစ်မနေလုပ်ကိုလုပ်ရမယ်။

ငယ်ရွယ်တဲ့အချိန်မှာ လူငယ်သဘာဝခိုးပြေးကြတယ်။ မင်္ဂလာပွဲကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားဆောင်ချင် ကြပေမယ့် အောကာင်းအမျိုးမျိုးကြောင့်မဆောင်ဖြစ်ခဲ့ကြဘူး
ကျွန်တော်တို့ငယ်ရွယ်တဲ့အချိန်မှာ လူငယ်သဘာဝခိုးပြေးကြတယ်။ မင်္ဂလာပွဲကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ဆောင်ချင်ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဆောင်ဖြစ်ခဲ့ကြဘူး။ သို့သော်လည်း ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးပြီးတော့ လက်မှတ်ထိုးတယ်ဆိုတော့ ဒါလုပ်သင့်လုပ်ထိုက်တာလေးကိုလုပ် လိုက်တဲ့ သဘောပါပဲ။

ကျွန်တော်တို့ အောက်တိုဘာလ(၂၃)ရက်နေ့မှာ ကျရောက်မယ့် မင်္ဂလာသက်တမ်း ၁၃နှစ် ပြည့်ကနေ နောင်နှစ် ပေါင်းများစွာတိုင် ဒီမိသားစုနဲ့ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားချင်ပါတယ်…
ဘာပဲပြောပြော ကိုယ့် anniversary ဆိုတော့ လုပ်ဖြစ်ရင်တော့ကောင်းတာပေါ့။ ကျွန်တော်တို့ လုပ်ဖြစ်ဖို့လည်း စီစဉ်ရမှာပေါ့။ အဓိကကဘာလဲဆိုတော့ မအားကြတာ။ ကျွန်တော်တို့ကလူပိုလည်း သိပ်မရှိ ဘူးဗျ။ မိသားစု ၃ယောက်နဲ့ နှစ်ဖက်မိဘတွေနဲ့။ ကိစ္စတော်တော်များများ ကိုယ်တိုင်ပဲလုပ်ကြတာ။ ကလေးကိစ္စ ပဲ ဖြစ်ဖြစ် အိမ်မှာမွေးထားတဲ့ခွေးကိစ္စပဲဖြစ်ဖြစ် အကုန်လုံးကိုယ့်ခြေကိုယ့်လက်လုပ်ကြတာဆိုတော့ မအားကြ ဘူး။
ပြောင်းလဲသွားတာတွေအများကြီးပါ။ ထွေထွေထူးထူးခံစားစရာတော့ မလိုပါဘူး။ အသက်ကလည်း မတူတော့ဘူး။ အခြေအနေကလည်း မတူတော့ဘူး။ ဒါတွေအားလုံးက ပြောင်းလဲခြင်းတွေပေါ့။ 
 ကျွန်တော်တို့ အောက်တို ဘာလ(၂၃) ရက်နေ့မှာ ကျရောက်မယ့် မင်္ဂလာသက်တမ်း ၁၃နှစ် ပြည့်ကနေ နောင်နှစ်ပေါင်းများစွာတိုင် ဒီမိသားစုနဲ့ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားချင်ပါတယ်။    





--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment