အနုပညာမျိုးရိုးလည်းမရှိဘူး Miss La Pyae Wun ကိုဝင်ပြိုင်ခဲ့တယ်။ .... ဆောင်းဝတ်ရည်မေ









အနုပညာလောကထဲဝင်လာတာ အဆက်အသွယ်လည်းမရှိဘူး။ အနုပညာမျိုးရိုးလည်းမရှိဘူး Miss La Pyae Wun ကိုဝင်ပြိုင်ခဲ့တယ်။ 1st Runner Up ရခဲ့တယ်


Sign of Love မှာ ဒါရိုက်တာက ညီမကိုတောသူနေရာမှာ ရွေးခဲ့တယ်…
ညီမ Series သစ်တစ်ခုရိုက်နေတယ်။ အဲဒီဇာတ်လမ်းတွဲနာမည်က'မာန်'လို့ခေါ်တယ်။ မိသားစုနှစ်ခုရဲ့ ပြဿနာတွေကြားထဲမှာရှိနေတဲ့ သားသမီးတွေရဲ့အခြေအနေလေးပေါ့။ ဦးဇင်ဝိုင်း၊ အန်တီမို့မို့အေးရယ် ဦးရဲအောင်တို့ပါဝင် သရုပ်ဆောင်ထားတယ်။ ညီမရယ်၊ ကိုဟန်လင်းသန့်၊ New Talents တွေလည်းပါသေး တယ်ရှင့်။
ညီမအနုပညာလောကထဲဝင်လာတာ အဆက်အသွယ်လည်းမရှိဘူး။ အနုပညာမျိုးရိုးလည်းမရှိဘူး။ အစ်ကိုကမော်ဒယ်လုပ်တယ်။ သူတို့နဲ့သိတဲ့ Organization တစ်ခုကနေ ၀င်ပြိုင်ကြည့်ပါဆိုတာနဲ့ Miss La Pyae Wunကိုဝင်ပြိုင်ခဲ့တယ်။ 1st Runner Up ရခဲ့တယ်။ မင်းသား/မင်းသမီးလျှောက်လွှာတွေခေါ်တယ် ဆိုတော့ သွားလျှောက်ဖြစ်တယ်။ွThe Sing of Love ကနေစရိုက်ဖြစ်တယ်။ Season 2 ကနေ တဖြည်းဖြည်း ပရိသတ်တွေသိလာပြီး (၂)နှစ်လောက်နားလိုက်သေးတယ်။ နောက်ပြီး ၀ိဉာာဉ်ရှိုက်သံရိုက်ဖို့   MRTV - 4 ကနေ ကမ်းလှမ်းခံခဲ့ရတယ်။ ထိုင်းတွေနဲ့ရိုက်ရတာပေါ့နော်။ အဲဒီမှာညီမကိုပရိသတ်တွေ ပိုသိသွားတယ်။ ''ကြယ်စင်ချို''ဆိုတာကို ဆောင်းဝတ်ရည်အနေနဲ့ တွဲသိသွားတယ်။ Sign of Love မှာ ဖြူစင်ရှင်းသန့် ကလောသူလေးပါ။ ပင်ကိုယ်က စကားဝဲတော့ ဒါရိုက်တာက ညီမကိုတောသူနေရာမှာရွေးခဲ့တယ်။ အဲဒီမှာလုံးဝအစိမ်းသက်သက်ကြီးပေါ့။
ဝိဉာာဉ်ရှိုက်သံမှာတော့ အူကြောင်ကြောင်ပုံစံလေး၊ အကြားအမြင်အရမ်းရချင်တယ်။ တစ်ခုခုဆို စူးစမ်းချင်တဲ့စိတ် အရမ်းများတယ်…
ဝိဉာာဉ်ရှိုက်သံမှာတော့ အူကြောင်ကြောင်ပုံစံလေး၊ အကြားအမြင်အရမ်းရချင်တယ်။ တစ်ခုခုဆို စူးစမ်းချင်တဲ့စိတ်အရမ်းများတယ်။ စူးစမ်းချင်တာလေးရယ်။ ဖြစ်သွားတဲ့အလွဲလေးတွေရယ်ကြားထဲက ရိုးရိုးအအကောင်မလေးတစ်ယောက်ပုံစံ။

ပထမဆုံးနေ့မှာ ငါလုပ်နိုင်ပါ့မလားဆိုပြီးစိုးရိမ်မိတယ်…
လုပ်နိုင်ပါ့မလားလို့စိုးရိမ်စိတ်တော့ အရမ်းဖြစ်မိတာပေါ့။ ရိုက်ရမှာတွေက ထိုင်း Director တွေနဲ့ ဖြစ်နေတယ်။ စစချင်းတုန်းကအရမ်းကြောက်တယ်။ ပထမဆုံးနေ့မှာ ငါလုပ်နိုင်ပါ့မလားဆိုပြီးစိုးရိမ်မိတယ်။ Director ကတော့ပြောတယ်။ အပြင်ကပုံစံနဲ့ အတူတူပဲသွက်သွက်လက်လက်လေးသရုပ်ဆောင်ရမယ် ဆိုတော့ သရုပ်ဆောင်နဲ့ပုံမှန်အတိုင်းပဲနေရင် ကြင်စင်ချိုနဲ့တူတယ်ဆိုပြီးပြောတယ်။ စစချင်း တစ်လ နှစ်လ တော့ အခက်အခဲတွေအရမ်းရှိတယ်။ စီးရီးတစ်တွဲကရိုက်ရင် ခြောက်လလောက်ကြာတော့ ရိုက်ရင်း ကာရိုက်တာနဲ့ညီသွားပြီး ဇာတ်ထဲကိုမျှောပါသွားတယ်။

ဗီဒီယိုနဲ့စီးရီးအချိန်ပေးရခြင်း ကွာတယ်။ ပရိသတ်တွေ သတိထားမိတာလည်းကွာတယ်…
ဗီဒီယိုနဲ့စီးရီးအချိန်ပေးရခြင်း ကွာတယ်။ ပရိသတ်တွေ သတိထားမိတာလည်းကွာတယ်။ ဗီဒီယို ထွက်လာရင်အခွေငှားကြည့်လိုက်ရုံပဲ။ အများဆုံးကြည့် တစ်ရက် နှစ်ရက်လောက်ပဲ ပရိသတ်ကမြင်လိုက်ရ မယ်။ စီးရီးကျတော့ပြပြီဆိုရင် လအလိုက်ဆက်တိုက်ပြသွားတာဆိုတော့ နေ့တိုင်းလိုလိုမြင်နေရတယ်။ မျက်နှာတွေနဲ့အမြဲတမ်း ရင်းနှီးသွားတယ်။ အ၀တ်အစားပိုင်းတွေကအစ သေချာသတိထားရတယ်။ှခနညန မှားပြီးဝတ်မိသွားမှာ အရမ်းဂရုစိုက်ရတယ်။

ဗီလိန်နေရာ၊ Vent နေရာလေးတွေ အရမ်းသဘောကျတယ်။ ပရိသတ်ကမုန်းတယ်ဆိုပေမယ့် သူတို့ သရုပ်ဆောင်တာ အရမ်းကိုခက်တယ်…
စောကလျာ ကာရိုက်တာနဲ့ပတ်သက်ပြီး အမှတ်တရအများကြီးရှိခဲ့တယ်။ ညီမ  Character မရိုက်ခင် ကတည်းက ဒါရိုက်တာရွေးလိုက်ပြီဆိုကတည်းက Feedback တွေ အများကြီးပြန်ကြားရတာပေါ့။ သူလုပ်နိုင်ပါ့ မလား။ ဒီနေရာကသူနဲ့ မလိုက်ဘူးဆိုပြီး ဝေဖန်သံတွေအများကြီးကြားရတယ်။ ဒါရိုက်တာကိုလည်း အများကြီး ကျေးဇူးတင်တယ်။ သူလုပ်နိုင်တယ်။ သူ့ကို Train မယ်ဆိုရတယ်။ တကယ်ကို လုပ်နိုင်တယ်ဆိုတဲ့ Feedback ကြောင့်လည်း ညီမစောကလျာနေရာကို သရုပ်ဆောင်ခွင့်ရသွားတယ်။ ညီမဒီလောကထဲ မရောက်ခင်ကတည်း က ဗီလိန်နေရာ၊ vent နေရာလေးတွေအရမ်းသဘောကျတယ်။ ပရိသတ်က မုန်းတယ်ဆိုပေမယ့် သူတို့သရုပ် ဆောင်တာ အရမ်းကိုခက်တယ်။ သဘောတော့ကျတယ်။ အဲဒီလိုနေရာမျိုး တွေအမြဲတမ်းသရုပ်ဆောင်ချင် နေခဲ့တာ။ ညီမပုံစံနဲ့ဆိုရင် အဲဒီ Character က လုံးဝကွဲထွက်နေတဲ့ပုံစံကြီးပါ။ ဒါပေမဲ့ ကိုယ်ကလည်း အရမ်း သရုပ်ဆောင်ချင်နေတာကြောင့် ပထမဦးဆုံး စောကလျာအနေနဲ့ သရုပ်ဆောင်ရတဲ့နေ့မှာပဲ အကောင်းဆုံး လုပ်ပြလိုက်တော့ လုပ်နိုင်ပါ့မလားဆိုတဲ့စကားသံတွေ ရပ်သွားကြတယ်။
ဒေါသကြီးတာကအပြင်မှာလည်း ကြီးတယ်။ ဒေါသထွက်လာရင် ဘာမှမမြင်တော့ဘူး။ အော်တယ်။ ဒါရိုက်တာက ဘယ်လိုမှာထားလဲဆိုတော့ စောကလျာက အမြဲတမ်းလှနေတဲ့လူ သူ့အတွက်ပဲသူကြည့်တယ်။ ဒေါသတွေထွက်ပြီဆိုရင်လည်း အရမ်းဆိုးတယ်။ တစ်ခါတလေကိုယ်ကလျော့ပြီးအော်ရင်တောင် မရဘူး။ ထပ်အော်ဦးဆိုတော့ ကိုယ်ကကြောက်တာပေါ့။ ပရိသတ်က အမြဲအော်နေတယ်ထင်နေမှာစိုးတာ။ သူက တခုခုဆိုရင်လည်း ပါးတို့ ဘာတို့ကိုရိုက်ပစ်။ အရမ်းကိုဆိုးသွမ်းတဲ့ မိန်းကလေးအနေနဲ့သရုပ်ဆောင်ရတာ။
အခုရိုက်နေတဲ့ 'မာန်'စီးရီးမှာကျတော့ သာမန်ကောင်မလေး တစ်ယောက်ပုံစံ။ သူကတစ်ဦးတည်းသောသမီး။ Drama ပုံစံလေး ချစ်သူကိုပဲ ဦးစားပေးလိုက်မိတယ်။ အဲဒီပုံစံလေး။

အခုခေတ်မှာ ပရိသတ်တွေကလည်း အရမ်းအမြင်ကျယ်လာကြပြီ။ vent နေရာကိုသရုပ်ဆောင်ရတယ်ဆိုပေ မယ့် တဖြည်းဖြည်းနဲ့ ရုပ်ရှင်အနေနဲ့ပဲကြည့်တော့တယ်…
ညီမ ခေါက်ရိုးကျိုးသွားမှာကို စိုးရိမ်စိတ်မဖြစ်ပါဘူး။ ညီမ စရိုက်မယ်ဆိုကတည်းက အရမ်းကြိုက် တယ်။ အခုခေတ်မှာ ပရိသတ်တွေကလည်း အရမ်းအမြင်ကျယ်လာကြပြီ။ ဠနညအ နေရာကိုသရုပ်ဆောင် ရတယ်ဆိုပေမယ့်လည်း တဖြည်းဖြည်းနဲ့ရုပ်ရှင်အနေနဲ့ပဲကြည့်တော့တယ်။ ကိုယ်သရုပ်ဆောင်ကောင်းရင် ကောင်းသလောက် ပိုပြီးသဘောကျလာမယ်။ ရုပ်ရှင်ကားကလည်း ကြည့်လို့ပိုကောင်းလာမယ်။ အပြောခံရ တာရှိသေးတယ်။ မှတ်မှတ်ရရ 'vent က မုန်းဖို့မကောင်းပဲ ချစ်ဖို့ကောင်းနေပါတယ်'ဆိုပြီးတော့။ ၀မ်းလည်း ၀မ်းသာတယ်။ vent ကို သူတို့မမုန်းကြဘူးပေါ့။ လက်ရှိတော့ ဘယ်လို Character လေးတွေပဲလာလာ သရုပ်ဆောင်ချင်သေးတယ်။ 'နတ်သမီးမေမေ'ဆိုတဲ့ စကားလုံးလေးက အခုအချိန်အထိပြောနေကြတုန်းပဲ။ ညီမနယ်တွေမှာ ကားရိုက်သွားရင်သူတို့က နတ်သမီးမေမေလို့ ပိုပြီးပြောကြတယ်။

ဇာတ်လမ်းဇာတ်ကွက်ရှိရှိနဲ့ ရယ်ရတာမျိုးရိုက်ကြည့်ချင်သေးတယ်
ညီမ ဟာသသရုပ် ဆောင်ကြည့်ချင်သေးတယ်။ အတင်းလုပ်ရယ်ရတာမျိုး၊ ပေါ့သွားတဲ့ ဟာသမျိုး မဖြစ်ချင်ဘူး။ ဇာတ်လမ်းဇာတ်ကွက်ရှိရှိနဲ့ ရယ်ရတာမျိုးရိုက်ကြည့်ချင်သေးတယ်။  
Share on Google Plus

0 comments:

Post a Comment