ကားမတော်တဆဖြစ်မှုတွေက
အခုနောက်ပိုင်း ပိုမိုများပြားလာပြီး ကားလမ်းရဲ့လုံခြုံစိတ်ချရမှုအပိုင်း ထက်စာရင် ကားမောင်းသူတွေရဲ့
ပေါ့ဆမှုက ရာခိုင်နှုန်းပိုများနေပါတယ်။ ကားမတော်တဆဖြစ်မှုတွေ လျော့ကျသွားစေဖို့အတွက်
ကားမောင်းသူကိုယ်တိုင် စည်းကမ်းတကျ လိုက်နာဖို့လိုအပ်နေပြီး ကား မတော် တဆဖြစ်မှုကြောင့်
မလိုလားအပ်တဲ့ ထိခိုက်အန္တရာယ်တွေ မဖြစ်စေရေးအတွက် လိုက်နာသင့်တဲ့ အချက်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။
ပုံမှန်အတိုင်းမောင်းပါ
ကားအမြန်နှုန်းမြှင့်ပြီးမောင်းတာက
မတော်တဆပိုမိုဖြစ်စေနိုင်တယ်ဆိုတာ အားလုံးနားလည်ပါလိမ့် မယ်။ ကားအမြန်နှုန်းပိုတင်ပြီး
မောင်းလေ မတော်တဆဖြစ်မှုနှုန်း ပိုများလေဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လည်း ယာဉ်ထိန်းရဲတွေက
မတော်တဆအဖြစ်များတဲ့နေရာတွေမှာ ယာဉ်မောင်းတွေအမြန်နှုန်းတင်ပြီး မမောင်းစေဖို့အတွက်
ကွယ်ရာတွေကနေ စောင့်ကြည့်နေတာဖြစ်ပါတယ်။
ကိုယ့်လမ်းကြောအတွင်း ကိုယ်မောင်းပါ
မတော်တဆမဖြစ်အောင်
ကြိုတင်ကာကွယ်ရာမှာ စည်းကမ်းတကျ ကိုယ့်လမ်းကြောင်းအတိုင်း ကိုယ်မောင်းတာကလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
ကားလမ်းတွေပိတ်နေလို့ လိုရာခရီးကို အလျင်အမြန် ရောက်ချင်တဲ့စိတ်နဲ့ ယာဉ်ကြောပြောင်းပြန်မောင်းပြီဆိုရင်
မတော်တဆ ပိုမိုဖြစ်နိုင်သလို ကိုယ့်အမှားလည်း ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး တစ်ခုသတိထားရမှာက
ကားမတော်တဆဖြစ်ရပ်တွေမှာ အများစုဖြစ်ပွားတာက ကားလမ်းမရဲ့ ဘယ်ဘက်ခြမ်းမှာဖြစ်ပါတယ်။
စတီယာရင်ကို လက်နှစ်ဖက်စလုံးနဲ့ ကိုင်မောင်းပါ
မတော်တဆမဖြစ်စေရေးအတွက်
ရုတ်တရက်အရေးပေါ်ကိစ္စ တစ်ခုခုကြုံလာရင် စတီယာရင်ကို လက်နှစ်ဖက်နဲ့ ကိုင်မောင်းတာက အန္တရာယ်ကို
ရှောင်လွဲနိုင်ဖို့ ရာခိုင်နှုန်းများစေပါတယ်။ အထူးသဖြင့် ကားစတီယာရင်ကို နာရီလက်တံ
(၃)နာရီနဲ့ (၉)နာရီပုံစံအတိုင်း လက်နှစ်ဖက်နဲ့ ထိန်းမောင်းရင် တစ်ခုခု ကြုံလာတာနဲ့
အရေးပေါ်ကွေ့လိုက်ရတာမျိုးတို့၊ အရေးပေါ် ဘရိတ်အုပ်လိုက်ရတာမျိုးတွေမှာ သက်သောင့် သက်သာ
ရှိစေပါလိမ့်မယ်။
အချက်ပြမီးတွေ ဖွင့်ဖို့လည်း မမေ့ပါနဲ့
အချက်ပြမီးတွေကို
အမြဲတမ်းဖွင့်ထားရမှာဖြစ်ပြီး တကယ်လို့ ကိုယ်မောင်းနေတဲ့လမ်းမှာ ကားတစ်စီး၊ လူတစ်ယောက်မှမရှိဘူးဆိုရင်တောင်
ဘယ်ကွေ့ရင် ဘယ်ဘက်၊ ညာကွေ့ရင် ညာဘက်စတဲ့ အချက်ပြ မီးတွေဖွင့်ဖို့ မမေ့ပါနဲ့။ အထူးသဖြင့်
အဝေးပြေးလမ်းမတွေမှာ အချက်ပြမီးကအရေးပိုပါပြီး ကိုယ် အချက်ပြ လိုက်တာနဲ့ တခြားကားတွေက
ကိုယ့်အချက်ပြမီးကိုကြည့်ပြီး အန္တရာယ်ကင်းကင်း မောင်းနှင်နိုင်ပါတယ်။
ကားမောင်းတာတစ်ခုတည်းကိုပဲ အာရုံစိုက်ပါ
ကားမောင်းနေချိန်မှာ
ဖုန်းပြောနေတာတို့၊ စာအုပ်ဖတ်တာတို့၊ မုန့်စားတာတို့ကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။
မတော်တဆဆိုတာ တစ်စက္ကန့်အတွင်းမှာလည်း ဖြစ်ပွားနိုင်ပြီး ကိုယ့်ဘက်က ကားမောင်းတဲ့အပေါ်
အမြဲတမ်း အာရုံစိုက်ထားမှသာ မတော်တဆဖြစ်မှုတွေကို အတတ်နိုင်ဆုံး ရှောင် ရှားနိုင်မှာဖြစ်ပါတယ်။
ညဘက်မှာ အတတ်နိုင်ဆုံး ကားမမောင်းပါနဲ့
ကားမတော်တဆဖြစ်ရပ်တွေက နေ့ပိုင်းထက်
ညပိုင်းမှာပိုမိုအဖြစ်များတတ်ပါတယ်။ နေ့ပိုင်းမှာ ကားတွေရှုပ်သလောက် ညပိုင်းရောက်ရင်
ရှင်းသွားတတ်လို့ အဲဒီ အချိန်မှာ ကားမောင်းသမားတွေက မြန်နှုန်းမြင့်မောင်းလေ့ရှိပါတယ်။
နောက်ပြီး ညဘက်ဖြစ်လို့ ပတ်ဝန်းကျင်စူးစမ်းမှုအပိုင်းမှာလည်း နေ့ပိုင်း ထက်စာရင် ညပိုင်းတွေမှာ
အရက်သောက်ပြီး ကားမောင်းတဲ့ သူတွေလည်း ပိုမိုများပြားလို့ မတော်တဆ ဖြစ်ဖို့က ရာခိုင်နှုန်း
ပိုများနေတာပါ။
ဖြိုးတေဇာ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment