ဝက်ခြံဆိုတာ
ယောက်ျားလေး၊ မိန်းကလေးမရွေး မလိုချင်ပေမယ့် အဖြစ်များလေ့ရှိတဲ့ ပြဿနာတစ်ရပ်ဖြစ် ပါတယ်။
မျက်နှာမှာ ဝက်ခြံထွက်လာရင် စိတ်ညစ်ရလေ့ရှိတဲ့ ပျိုပျိုကိုကိုတွေအတွက် လမ်းညွှန်ပေးရမယ်ဆိုရင်
တော့ …
ညစ်ပတ်သော ခေါင်းအုံးစွပ်များ
ဖြစ်ပွားပုံ
မိတ်ကပ်အကြွင်းအကျန်တွေ၊
ခေါင်းလိမ်းဆီတွေက ခေါင်းအုံးစွပ်တွေပေါ် အလွယ်တကူရောက်သွား လေ့ရှိပါတယ်။ တကယ်လို့ ခေါင်းအုံးပေါ်မှာ
မျက်နှာမှောက်အိပ်လေ့ရှိသူတွေအတွက် ခေါင်းအုံးပေါ်က အညစ်အကြေးတွေက မျက်နှာပေါ်ရောက်ပြီး
ဝက်ခြံပေါက်စေပါတယ်။
ဖြေရှင်းနည်း
ဒါကတော့ လွယ်ပါတယ်။
ခေါင်းအုံးစွပ်တွေ အပိုဝယ်ထားပြီး အနည်းဆုံး တစ်ပတ်တစ်ခါလောက် လဲသင့် ပါတယ်။
ညစ်ပတ်သောဖုန်းများ
ဖြစ်ပွားပုံ
ညစ်ပတ်နေတဲ့
လက်တွေနဲ့ ဖုန်းတွေကို အကြိမ်ပေါင်းများစွာ ကိုင်လေ့ရှိသလို အဲဒီဖုန်းကို မျက်နှာမှာ
ကပ်ပြီး စကားပြောရတာကြောင့် ကိုယ့်ရဲ့မျက်နှာက သန့်ရှင်းစင်ကြယ်မှု မရှိတော့တာ တွေ့ရပါတယ်။
ဖြေရှင်းနည်း
ဖုန်းကို
အမြဲတမ်း သန့်ရှင်းနေအောင် ပြုလုပ်သင့်ပါတယ်။
ညစ်ပတ်သော မိတ်ကပ်ဘရပ်ရှ်များ
ဖြစ်ပွားပုံ
ဘက်တီးရီးယားရောဂါကို
ဖြစ်ပွားစေနိုင်တဲ့ ဆဲလ်အသေတွေက အဲဒီဘရပ်ရှ်တွေမှာ ခိုအောင်း နေတတ်ပါတယ်။ တကယ်လို့
အဲဒီဘရပ်ရှ်တွေကို အချိန်အကြာကြီးသုံးမယ်ဆိုရင် ရောဂါပိုးမွှားတွေကို မွေးမြူရာလည်း
ရောက်သွားနိုင်ပါတယ်။
ဖြေရှင်းနည်း
အဲဒီဘရပ်ရှ်တွေကို
အနည်းဆုံးတော့ နှစ်ပတ်တစ်ခါလောက် သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ဘရပ်ရှ်စပရေးတွေ ကိုလည်း
အသုံးပြုနိုင်ပါတယ်။
ဟော်မုန်းဓာတ် ပြောင်းလဲခြင်းများ
ဖြစ်ပွားပုံ
ဒါကတော့
အမျိုးသမီးတွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလတွေမှာ ဟော်မုန်းဓာတ်အပြောင်းအလဲကြောင့်
မျက်နှာမှာ ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။
ဖြေရှင်းနည်း
ဒါကတော့
သဘာဝနဲ့ ဖြေရှင်းလို့မရဘဲ ဝက်ခြံပျောက်ဂျယ်တွေကို သုံးမှရပါလိမ့်မယ်။
အစိုဓာတ်မလုံလောက်ခြင်း
ဖြစ်ပွားပုံ
ကိုယ့်ရဲ့အသားအရေက
ရာသီဥတုကြောင့်ပဲဖြစ်ဖြစ်၊ ပြင်းထန်တဲ့ ဝက်ခြံပျောက်ဆေးတွေကြောင့် ပဲဖြစ်ဖြစ် ခြောက်သွေ့နေရင်
ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။
ဖြေရှင်းနည်း
အလှဆီတွေကို
အသုံးပြုနိုင်ပါတယ်။
မျက်နှာကို မကြာခဏထိခြင်း
ဖြစ်ပွားပုံ
မျက်နှာကိုလက်နဲ့
ခဏခဏတို့ထိတာကလည်း ဘက်တီးရီးယားရောဂါပိုးတွေကို လက်ကနေ မျက်နှာကို အပြောင်းအလဲလုပ်စေသလို
ဖြစ်သွားနိုင်ပါတယ်။
ဖြေရှင်းနည်း
မျက်နှာကို
လက်နဲ့ မပွတ်မိအောင် ကိုယ့်ကိုယ်ကိုယ် သတိထားဆင်ခြင်ရပါမယ်။ နောက်ဆုံး ဖုန်း ပြောမယ်ဆိုရင်တောင်
မျက်နှာနဲ့လက်ကို မထိအောင် သတိထားသင့်ပါတယ်။
သက်တမ်းလွန် ထုတ်ကုန်များ
ဖြစ်ပွားပုံ
ဒီနေရာမှာတော့
အလှအပပိုင်းဆိုင်ရာထုတ်ကုန်တွေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် မျက်နှာမှာအသုံးပြုတဲ့
အောက်ခံမိတ်ကပ်၊ အလှဆီတွေကို သတိထားရပါမယ်။
ဖြေရှင်းနည်း
ပစ္စည်းတစ်ခု
ဝယ်တော့မယ်ဆိုရင် သက်တမ်းလွန်၊ မလွန်ကို ဂရုတစိုက်ကြည့်ဖို့လိုအပ်ပါတယ်။
အလုပ်လုပ်ပြီး ရေမချိုးခြင်း
ဖြစ်ပွားပုံ
အလုပ်ကိစ္စတွေကြောင့်
ကိုယ်ရောစိတ်ပါပင်ပန်းနေပြီး ချွေးထွက်တဲ့အခါ ချွေးနဲ့မျက်နှာပေါ်က အညစ် အကြေး၊ ဖုန်မှုန့်၊
သဲမှုန့်တွေပေါင်းပြီး ဝက်ခြံပေါက်စေပါတယ်။
ဖြေရှင်းနည်း
အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ အတတ်နိုင်ဆုံး
ရေချိုးပေးပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment