Alarm System app











Alarm System app ကတော့စမတ်ဖုန်းတိုင်းမှာအခြေခံအားဖြင့် အသုံးပြုထားတဲ့ Sensor စနစ်တွေကိုအခြေခံပြီး ရေးသားထားတဲ့အတွက် Android စမတ်ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်…

မိုဘိုင်းဖုန်းတွေအများအပြားအသုံးပြုလာကြပြီဖြစ်တဲ့ အခုအချိန်မှာ Android OS သုံးစမတ်ဖုန်းတွေ ဟာဈေးကွက်မှာ အဆင့်မျိုးစုံ၊ ဈေးနှုန်းမျိုးစုံနဲ့ရရှိနိုင်နေပြီဖြစ်ပါတယ်။ စမတ်ဖုန်းတွေဟာ အများအားဖြင့် touch screen display နဲ့ ဒီဇိုင်းအသွင်အပြင်လှပပြီး ဘက်စုံအသုံးပြုနိုင်တာကြောင့် မိုဘိုင်းဖုန်း အသုံးပြု သူအများစုဟာ ပိုပြီးသဘောကျကြပါတယ်။ စမတ်ဖုန်းဆိုတာ ဖုန်းပြောဆိုရုံနဲ့ ဖျော်ဖြေရေးဆိုင်ရာ အသုံးချစက်ပစ္စည်းတစ်ခုသက်သက်မဟုတ်ဘဲ ဘက်စုံသုံးနိုင်တဲ့ပစ္စည်းတစ်ခုဖြစ်ဖို့ အာရုံခံ sensor စနစ်တွေအများအပြားထည့်သွင်းတည်ဆောက်ထားတဲ့ ခေတ်မီအသုံးအဆောင်ပစ္စည်းတစ်ခုပါ။ 

အခုဖော်ပြပေးမယ့် Alarm System app ကတော့ စမတ်ဖုန်းတိုင်းမှာ အခြေခံအားဖြင့် အသုံးပြုထားတဲ့ Sensor စနစ်တွေကိုအခြေခံပြီးရေးသားထားတဲ့အတွက် Android စမတ်ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။ ကိုယ့်ရဲ့ဖုန်းကိုမဖြစ်မနေ တစ်နေရာရာမှာခဏတစ်ဖြုတ်ထားခဲ့ရတာမျိုးပဲဖြစ်ဖြစ်၊ မေ့ကျန်ခဲ့တာမျိုးပဲဖြစ်ဖြစ်၊ ကိုယ်မရှိခင် အချိန်ခဏလေးမှာ တခြားသူတစ်ယောက်ယောက်ကိုင်တာကို သိစေချင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 ပေးထားတဲ့နေရာ https://www.mediafire.com/?jf6itbntlm7fa3 ဒါမှမဟုတ် Play Store ကနေပြီး Application ကို ရယူထည့်သွင်းပါ။ Application ကိုဖွင့်လိုက်ရင် Alarm System မှာအသုံးပြုနိုင်မယ့်ပုံစံ ၆ မျိုးကိုတွေ့မြင်ရမှာဖြစ်ပြီး Movement ကို တစ်ချက်နှိပ်ပြီး အောက်ဘက်မှာ အနီရောင်နဲ့ပြထားတဲ့ off button  ကိုတစ်ချက်နှိပ်ပါမယ်။ ဒါဆိုရင် ဖုန်းကိုလက်ရှိရှိတဲ့နေရာကနေ ရွေ့သွားအောင်ကိုင်မိလိုက်တာနဲ့ Alarm မြည်လာပါလိမ့်မယ်။ 

Proximity button ကတော့ Activated ဖြစ်တာနဲ့ ဖုန်းရဲ့မျက်နှာပြင်ကိုထိမိရင် Alarm မြည်မှာပါ။ Unplug button ကိုဖွင့်ထားခဲ့ရင်ကတော့ဖုန်းကို USB ကနေဖြစ်ဖြစ်၊ Adaptor ကနေပဲဖြစ်ဖြစ် အားသွင်းထားနေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်ကဖြုတ်လိုက်ရင် Alarm မြည်ပါလိမ့်မယ်။ Unlock ကတော့ ဖုန်း screen ဟာ ကိုယ်အသုံးမပြုတော့တဲ့အချိန်မှာ lock ကျသွားပြီးတစ်စုံတစ်ယောက်က အသုံးပြုဖို့ unlock ပြုလုပ်တဲ့ အချိန်မှာ သတိပေး Alarm မြည်ပါလိမ့်မယ်။ Noise Button ကတော့ ပတ်ဝန်းကျင်ကအသံတွေ ဆူညံမှုများလာခဲ့ရင်သတိပေးဖို့အသုံးပြုနိုင်ပါတယ်။ ဘယ် function ကိုပဲသုံးသုံး အောက်ဘက် button ပေါ်မှာ အချိန် ၅ စက္ကန့်ကိုရေတွက်ပြီး alarm စနစ်စတင်အလုပ်လုပ်ကြောင်း notification bar မှာ icon လေးနဲ့ဖော်ပြပေးပါလိမ့်မယ်။ 

Camera ကတော့ ဖုန်းမှာပါတဲ့ကင်မရာကတစ်ဆင့် လှုပ်ရှားမှုကိုအာရုံခံကာ Alarm မြည်စေတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ အပေါ်ဆုံးမှာရှိတဲ့ setting icon ထဲကနေ take picture နေရာမှာ fornt, back  တစ်ခုခုရွေးပေးရမှာဖြစ်ပါတယ်။ activated ဖြစ်တာနဲ့ ဖုန်းရဲ့ကင်မရာရှေ့မှာ လှုပ်ရှားမတစ် ခုခုတွေ့ရင် Alarm မြည်ပြီး ဓာတ်ပုံလည်းရိုက်ယူထားမှာပါ။ ဓာတ်ပုံတွေကိုတော့ SD card ထဲက AlarmSystem floder ထဲမှာ သိမ်းထားပေးမှာဖြစ်ပါတယ်။ Alarm System ရဲ့ ညာဘက်အပေါ်ဘက်နားမှာရှိတဲ့ Setting button ထဲမှာလုပ်ဆောင်ချက်အချို့ကိုဝင်ပြီးပြင်နိုင်ပါတယ်။ ဥပမာ PIN Lock မှာ Password ပေးထားခဲ့ရင် Alarm မြည်တဲ့အခါ password ပြန်ရိုက်ပေးနိုင်မှ Alarm မြည်တာကိုရပ်နိုင်မှာဖြစ်ပါတယ်။

မင်းသုနောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment