သင့်မှာတန်ဖိုးကြီး Android စမတ်ဖုန်းတစ်လုံးရှိခဲ့မယ်ဆိုရင်









သင့်မှာတန်ဖိုးကြီး Android စမတ်ဖုန်းတစ်လုံးရှိခဲ့မယ်ဆိုရင် ဒီ Android Anti Theft Alarm Apps ကိုမဖြစ်မနေထည့်သွင်းရပါလိမ့်မယ်

သင့်မှာတန်ဖိုးကြီး Android စမတ်ဖုန်းတစ်လုံးရှိခဲ့မယ်ဆိုရင် ဒီ Apps ကို မဖြစ်မနေထည့်သွင်းရ ပါလိမ့် မယ်။ ဘာကြောင့်လဲဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် သင်ဟာ သင့်ရဲ့ဖုန်းကို အမြဲတစေ မျက်စိထောင့်ထောက်စောင့်ကြည့်နေနိုင်မှာမဟုတ်ပါဘူး။ ဖုန်းအားသွင်းနေရင်းပဲဖြစ်ဖြစ်၊ ရုတ်တရက် အနီးအနားကိုထသွားထာပြုလုပ်မိတာပဲဖြစ်ဖြစ် တန်ဖိုးကြီးလှတဲ့ ကိုယ့်ရဲ့စမတ်ဖုန်းဟာ ကိုယ်နဲ့ကင်းကွာ သွားတတ်ကြပါတယ်။ 

ဒီလိုအချိန်အခါမျိုးဟာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဆိုရင် အရေးမကြီးလောက်ပေမယ့် တခြားနေရာဒေသ တစ်ခုခုကိုရောက်ရှိနေလို့ အစိမ်းသက်သက်ဖြစ်နေတဲ့ ပတ်ဝန်းကျင်နဲ့ဆိုရင်တော့ ကိုယ့်ရဲ့စမတ်ဖုန်း အတွက် စိုးရိမ်စရာဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ကပဲ ခဏခဏ သတိမေ့ တတ်ပြီး ဖုန်းပျောက်ရှတာမျိုးကိုကာကွယ်ချင်တာပဲဖြစ်ဖြစ်၊ ကိုယ်မရှိတဲ့အချိန်အခိုက် အတန့်ခဏလေး မှာကိုယ့်ရဲ့ဖုန်းကို သူတစ်ပါးယူသွားတာတို့၊ အချက်အလက်တွေကို ၀င်ကြည့်တာတို့ မဖြစ်ရအောင် ဒီ Anti theftalatm Apps လေးနဲ့ ကြိုတင်တားဆီးကာကွယ်ထားနိုင်ပါလိမ့်မယ်။

ဒီ Apps ကို ရယူဖို့အတွက် ပထမဆုံး Google Play Store ဒါမှမဟုတ် One Mobile Store လိုနေရာမျိုးကနေ Anti Theft Alarm လို့ ရိုက်ထည့်ပြီးရှာဖွေလိုက်ပါ။ ဒီလိုရှာဖွေလိုက်တာနဲ့ Anti Theft Alarm ဆိုတဲ့နာမည်နဲ့ Apps တွေများစွာပေါ်လာတဲ့အထဲက mmapps mobile ဆိုတဲ့ ကုမ္ပဏီက ထုတ်လုပ်တဲ့ Anti Theft Alarm ဆိုတဲ့ နာမည်ပါတဲ့ Apps ကိုရွေးချယ်ပြီးထည့်သွင်းရမှာ ဖြစ်ပါတယ်။

ထည့်သွင်းပြီးတာနဲ့ စတင်အသုံးပြုနိုင်ဖို့ Apps ထဲကို ၀င်လိုက်ရင် ပထမဆုံးမြင်ရတဲ့ Alarm Setting မှာ Motion လား Charger လားဆိုတဲ့ mode ကို ရွေးချယ်ပေးရပါလိမ့်မယ်။ နှစ်မျိုးစလုံးကိုရွေးချယ် ထားရင် လည်းရပါတယ်။ အဓိပ္ပယ်ကတော့ Motion ဆိုတာကဖုန်းကိုလက်ရှိနေရာကနေ နဲနဲလေးရွေ့လိုက်တာ၊ လှုပ်လိုက်တာနဲ့ Alarm ပေးမှာဖြစ်ပြီး Charger ကတော့ အားသွင်းထားရာကနေဖြုတ်လိုက်တာနဲ့ Alarm ပေးမှာဖြစ်ပါတယ်။ ပြီးရင် အောက်ဘက်မှာဆက်ပြီးရွေးချယ်နိုင်တာကတော့ Security setting နဲ့ Alarm ပေးမယ့်အသံ tone တို့ဖြစ်ပါတယ်။ ပြီးရင် ကိုယ်ထသွားတော့မယ်ဆိုတာနဲ့ Activatge Alarm ကိုနှိပ်ပြီး ဒီအတိုင်းထားခဲ့ရုံပါပဲ။ ဒါဆိုရင် ကိုယ်မရှိတုန်းကိုယ့်ရဲ့ဖုန်းကိုကိုင်လိုက်တာနဲ့ ကျယ်ကျယ်လောင်လောင် အသံနဲ့ Alarm ထ မြည်မှာဖြစ်ပါတယ်။

ပြီးရင် အောက်ဆုံးမှာဆက်ပြီး တွေ့ရမှာက Advanced Settings ဖြစ်ပြီး ဖုန်းကိုဘယ်လောက်ထိ လှုပ်ရှားမှုမျိုးမှာသိရှိနိုင်ဖို့ထားမလဲ၊ မြည်တဲ့အသံရဲ့အကျယ်နှုန်းက ဘယ်လောက်လဲ အစရှိသဖြင့် ဆက်လက်ချိန်ညှိရွေးချယ်နိုင်မှာဖြစ်ပြီး ဖုန်းရဲ့လှုပ်ရှားမှုနှုန်းဖြစ်တဲ့ Motion Sensibility ကို 100 အပြည့် တင်ထားတာအကောင်းဆုံးဖြစ်ပါတယ်။ ဒါမှ ကိုယ့်ရဲ့ဖုန်းကိုနဲနဲလေးထိတာနဲ့ ထမြည်မှာဖြစ်ပါတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment