Apple ပရိတ်သတ်တွေကိုပွဲဆူစေလိုက်တဲ့ iPhone 7








ဒီတစ်ခေါက် Apple ရဲ့ September Event ကတော့ ခါတိုင်းနဲ့မတူဘဲ ထူးထူးခြားခြားရှိလှတယ်လို့ ဆိုရမှာ ပါ။ ဒီပွဲမှာ Apple ဟာ သူ့ရဲ့ထူးခြားတဲ့မျိုးဆက်သစ် iPhone (2) လုံးဖြစ်တဲ့ iPhone နဲ့ iPhone 7 Plus ကို ထုတ်ဖော်ပြသသွားပြီး အရင် iPhone တွေနဲ့မတူဘဲ ဒီဇိုင်းလုံးဝပြောင်းလဲထားတာကြောင့် Apple ရဲ့ပရိသတ်များအဖို့ အတော်လေးရင်ခုန်စရာကောင်းခဲ့ပါတယ်။ 

အရင်ဦးဆုံး ထူးခြားတောက်ပြောင်တဲ့ကိုယ်ထည် အိမ်ဒီဇိုင်းအဆင့်မြင့်ထားတဲ့ Hardware တွေနဲ့ အထူးပြုပြင်ပြောင်းလဲထားတဲ့ ကင်မရာအရည်အသွေးတွေက Apple ပရိတ်သတ်တွေအဖို့ ရင်သပ်ရှုမော စရာကောင်းလောက်အောင် အံ့အားသင့်ခဲ့ကြရပါတယ်။ အထူးသဖြင့် ဖိနှိပ်စရာမလိုတော့ဘဲ Home Screen က အသစ်အဆန်းကိုတောင့်တနေတဲ့ Apple ပရိသတ်တွေအဖို့ ရင်ခုန်စရာကောင်းလှပါတယ်။ Home Screen ရဲ့အောက်မှာ Tatic Engine တစ်ခုထည့်ပေးထားပြီး Home Screen ပေါ်ကို လက်တင်လိုက်တာနဲ့ နှိပ်စရာမလိုတော့ဘဲ အသုံးပြုနိုင်မှာဖြစ်သလို Air Pods လို့ခေါ်တဲ့ Wireless Bluetooth နားကြပ်၊ ဖုန်းမှာအဆင့်မြင့်ထားတဲ့ Stereo Speaker ၊ Quad-Led Ture Tone Flash , 10x Digital zoom up နဲ့ ပိုမိုတောက်ပတဲ့မျက်နှာပြင်တွေက iPhone တွေကို မဖြစ်မနေ၀ယ်ယူအသုံးပြုစေဖို့၊ ပြောင်းလဲအသုံးပြုစေဖို့ ဆွဲဆောင်နေကြပါတယ်။ 

ဒါ့အပြင် Mac Book တွေမှာ အသုံးပြုလေ့ရှိတဲ့ မြန်နှုန်းမြင့် Fusion Chip ကို iPhone 7 တွေမှာ ပြောင်းလဲ အသုံးပြုထားသလို ဘက်ထရီသက်တမ်းကိုလည်း ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပါတယ်။ ဖုန်းရဲ့အောက်ခြေမှာ ခါတိုင်းလို 3.5 mm နားကြပ်ပေါက်မပါဝင်တော့ဘဲ အရင် ear-pods နားကြပ်တွေကို အသုံးပြုချင်တယ်ဆိုရင် 3.5 mm ကနေ Lighting Connector ကိုပြောင်းလဲအသုံးပြုနိုင်စေမယ့် Adaptor လေးတစ်ခုနဲ့ ချိတ်ဆက်အသုံးပြုရမှာဖြစ်ပါတယ်။ iPhone 7 , 7 Plus မှာ အသစ်ထွက်လာမယ့် iOs 10 နဲ့အတူ LTE band အသစ်ပေါင်း ၂၅ ခုကျော်ပါဝင်လာမှာဖြစ်ပြီး ပြည်တွင်းမိုဘိုင်းအော်ပရေတာ Ooredoo အနေနဲ့လည်း 4G Network ကို စတင်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

နောက်ထပ် ထူးခြားချက်တစ်ခုကတော့ iPhone 7, 7 Plus (၂)လုံးစလုံးဟာ iP67 Standard နဲ့အညီ ရေစိမ်ခံဖုန်းတွေအဖြစ် ပြောင်းလဲသွားတာက Apple ပရိတ်သတ်တွေအဖို့ အလွန်နှစ်ခြိုက်စေမယ့် အချက်ဖြစ်ပါတယ်။ လောလောဆယ် ဒီအချက်တွေကို ကြည့်တာနဲ့တင်လက်ရှိ iPhone အသုံးပြုသူတွေ အဖို့ iPhone 7 အသစ်တွေဟာ ပြောင်းလဲအသုံးပြုသင့်၊ မပြုသင့်က ဖြေစရာမလိုတဲ့မေးခွန်း တစ်ခုဖြစ် သွားမှာအသေအချာပါပဲ။
မင်းသုနောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment