အသားအရေစိုပြေလှပဖို့အတွက် နာမည်ကြီး
Skin Care တွေ၊ Cosmetic တွေသုံးပြီး အလှပြုပြင်ရေး စင်တာတွေမှာ အချိန်ကုန်ခံစရာမလိုပါဘူး။
၎င်းတို့က သူငယ်ချင်းအချင်းချင်းဖြစ်စေ၊ ခင်မင်ရင်းနှီးသူတွေနဲ့ ဖြစ်စေ ကိုယ်ဘယ်ပစ္စည်းအသုံးပြုတယ်ဆိုတာပြောပြပြီး
ဂုဏ်ယူနိုင်တဲ့ ပစ္စည်းတစ်မျိုးပါ။ အသားအရေလှပဖို့ အတွက် သဘာဝကပေးစွမ်းထားတဲ့အရာတွေ
အများကြီးရှိပါတယ်။ အဲဒီထဲကမှတစ်ခုဖြစ်တဲ့ ထောပတ်သီးနဲ့ မိတ်ဆက်ပေးပါရစေ။
ထောပတ်သီးကို
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အသားအရေလှပဖို့အတွက် အခွံရော အသားပါ အသုံးပြုခဲ့ကြပါတယ်။
ဗီတာမင်၊ သတ္ထုဓာတ်၊ ပရိုတင်းနဲ့ကြွယ်ဝပြည့်စုံတဲ့အသီးကိုပြပါဆိုလျှင်လည်း ထောပတ် သီးပဲဖြစ်ပါတယ်။
ထောပတ်သီးက ဒီအတိုင်းဖြစ်စေ၊ နို့ဆီ၊ သကြား၊ ရေခဲနှင့်ခေါက်စား၍ဖြစ်စေ အရသာရှိလှ သလို
အသားအရေပေါ်မှာ လိမ်းကျံအသုံးပြုလျှင်လည်း အသားအရေကို သန့်ရှင်းစေပါတယ်။ ရေဓာတ်ကို လုံလောက်စွာ
ဖြည့်ဆည်းပေးနိုင်ပြီး အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ အရေပြားအတွင်းရှိ ကျုံ့နိုင်၊
ဆန့်နိုင်စွမ်းအားကိုလည်း လှုံ့ဆော်ပေးပါတယ်။ ကြမ်းတမ်းပြီး မညီမညာဖြစ်နေတဲ့ အသားအရေကို
ကြည် လင်စေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်ပေါ်တတ်တဲ့ အစက်အပြောက်၊ အရေးအကြောင်းတွေကို သက်သာ
လျော့ပါးစေပါတယ်။ နေလောင်ထားတဲ့ အရေပြားကို ကုသပေးပါတယ်။ ဆံသားကို အရင်းမှ အဖျား အထိ
ကြံ့ခိုင်ရန်အားဖြည့်ပေးပါတယ်။ ဆံသားကိုနူးညံ့ဖြောင့်စင်းစေပြီး တောက်ပစေပါတယ်။
ထောပတ်သီးမျက်နှာသန့်စင်ဆေး
- ကြေညက်စွာ
မွှေထားသော ကြက်ဥအနှစ်ရည်
- နွားနို့ခွက်တစ်ဝက်
- ထောပတ်သီးတစ်ခြမ်း
၎င်းတို့အား
ကြေညက်စွာ မွှေပါ။ ဂွမ်းစလေးဖြင့် မျက်နှာကို စက်ဝိုင်းပုံသဏ္ဍာန် ဖြည်းညင်းစွာပွတ်ပေးပါ။
ထို့နောက် ရေနွေးနွေးလေးဖြင့် ဆေးချလိုက်ပါ။
ထောပတ်သီးမျက်နှာပေါင်းတင်ခရင်မ် (အသားအရေ
အားလုံးအတွက်)
- ကြေညက်စွာမွှေထားသော
ကြက်ဥအနှစ်ရည်
- ထောပတ်သီး
လေးပုံတစ်ပုံ
- သစ်အယ်သီးရည်
လက်ဖက်ရည်ဇွန်းတစ်ဝက်
ကြေညက်စွာမွှေ၍
သန့်ရှင်းသောမျက်နှာပေါ်တွင် လိမ်းထားပါ။ (၁၅)မိနစ်ခန့်ထား၍ ရေနွေးနွေးလေးဖြင့် ဆေးချလိုက်ပါ။
ရွံ့စေးကမျက်နှာပြင်ပေါ်ရှိ ပိုလျှံနေတဲ့အဆီတွေကို စုပ်ယူပေးပါတယ်။ ထောပတ်သီးနဲ့ ကြက်ဥအနှစ်ရည်က
အစိုဓာတ်ကိုထိန်းသိမ်းပေးပြီး သစ်အယ်သီးရည်က ရေဓာတ်ကိုဖြည့်ဆည်းပေးပါတယ်။
ထောပတ်သီးမျက်နှာပေါင်းတင်ခရင်မ် (ခြောက်သွေ့၊
အရေးအကြောင်းရှိသော အသားအရေအတွက်)
- ပျားရည်
- ထောပတ်သီးတစ်ခြမ်း
၎င်းတို့အား
ကြေညက်အောင်မွှေ၍ မျက်နှာတွင် လိမ်းကျံပါ။ မိနစ် (၂၀)ခန့်ထား၍ ရေနွေးနွေးလေးဖြင့် ဆေးချလိုက်ပါ။
ထောပတ်သီးမျက်နှာပေါင်းတင်ခရင်မ် (အဆီပြန်သော
အသားအရေအတွက်)
- ထောပတ်သီးတစ်ခြမ်း
- သံပရာရည်
လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ကြက်ဥအကာရည်
သန့်စင်ထားသော
မျက်နှာပြင်ပေါ်မှာ (၁၅)မိနစ်ခန့်လိမ်းထား၍ ရေနွေးနွေးဖြင့် ဆေးချလိုက်ပါ။
ထောပတ်သီးခန္ဓာကိုယ်လိမ်းခရင်မ်
- သံပရာရည်
လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ထောပတ်သီးတစ်လုံး
၎င်းတို့အား
ကြေညက်စွာမွှေ၍ ရေမချိုးခင် မိနစ် (၂၀)ခန့် ကိုယ်ခန္ဓာအနှံ့ လိမ်းထားလိုက်ပါ။ ပြီးမှ
ရေနွေးနွေးလေးဖြင့် ရေချိုးလိုက်ပါ။
မျက်လုံးအရေပြားများ တွဲကျခြင်းအတွက်
ထောပတ်သီးခရင်မ်
- ထောပတ်သီးတစ်ခြမ်း
၎င်းကို
ပါးပါးလှီးပြီး မျက်လုံး အောက်အရေပြားမှာ (၁၅)မိနစ်ခန့်ကပ်ထားပေးပြီး အနားယူနိုင်ပါတယ်။
ပိုးသားလို နူးညံ့ပြီး တောက်ပသော ဆံသားများအတွက်
- ထောပတ်သီးတစ်လုံး
- ကြည်ဥအနှစ်တစ်လုံး
- သံလွင်ဆီ
လက်ဖက်ရည်ဇွန်းတစ်ဝက်
၎င်းတို့အား
ညက်နေအောင်မွှေ၍ ဦးရေပြားမှ ဆံသားအဆုံးလိမ်းကျံပြီး မိနစ် (၃၀)ခန့် ထားပေးပါ။ ထို့နောက်
သုံးနေကျ ခေါင်းလျှော်ရည်ဖြင့် လျှော်ချလိုက်ပါ။
ထောပတ်သီး Hand Cream
- ထောပတ်သီး
လေးပုံတစ်ပုံ
- ကြက်ဥအကာရည်
- ဂျုံမှုန့်
စားပွဲတင် လက်ဖက်ရည် ဇွန်း (၂)ဇွန်း
- သံပရာရည်
လက်ဖက်ရည်ဇွန်း တစ်ဇွန်း
၎င်းတို့အား
သမအောင်မွှေပြီး လက်ဖဝါး၊ လက်ဖမိုးအနှံ့ လိမ်းကျံထားပါ။ မိနစ် (၂၀)ခန့်နေပါက ရေနွေးနွေး
လေးဖြင့် ဆေးချလိုက်ပါ။
ထောပတ်သီး Food Cream
- ထောပတ်သီးတစ်လုံး
ထောပတ်သီးအား
ညက်အောင်ချေ၍ ကွဲအက်နေတဲ့ ခြေဖနောင့်၊ ခြေဖ၀ါး၊ အရေပြားတို့ကို စိမ့်ဝင်နေအောင် ပွတ်ပေးပါ။
(၁၅) မိနစ်ခန့်ထားပြီးနောက် ရေဖြင့်ဆေးချလိုက်ပါ။ နေ့စဉ်ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်
မယုံကြည် နိုင်လောက်အောင် ပြောင်းလဲလာပါလိမ့်မယ်။
ထောပတ်သီးမျက်နှာလိမ်းအလှဆီ
- ထောပတ်သီးအခွံ
ထောပတ်သီးအခွံမှာ
အသားအရေအတွက် လိုအပ်တဲ့ အဆီတွေများစွာပါဝင်ပါတယ်။ ထောပတ်သီး အခွံဖြင့် မျက်နှာအောက်ခြေမှအပေါ်သို့
ဖြည်းညင်းစွာ ဆွဲပွတ်သွားပါ။ (၁၅)မိနစ်ခန့်ထားပြီး ရေနွေးနွေးလေးဖြင့် ဆေးချ လိုက်ပါ။
ထို့နောက် ရေအေးဖြင့် ပြန်ဆေးချလိုက်ပါ။ မိတ်ကပ်လိမ်းခြယ်ရာမှာ ပိုမိုအဆင်ပြေစေပါ လိမ့်မယ်။
အခုဆိုရင် ထောပတ်သီးတစ်လုံးရဲ့ အသုံးဝင်ပုံကို
သေသေချာချာ သိလောက်ပြီပေါ့နော်။ ထောပတ် သီးကို အသုံးပြုပြီး ခေါင်းအစခြေအဆုံး လှပနိုင်ကြပါစေလို့
ဆန္ဒပြုရင်း
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment