သမိုင်းထဲက အလှပဆုံး မော်တော်ကားများ









        ကားတစ်စီးရဲ့ အရည်အသွေးကို ဘယ်လိုအချက်တွေနဲ့အဓိပ္ပါယ်ဖွင့်ပါမလဲ။ အင်ဂျင်ပါဝါ၊ ဒီဇိုင်း၊ လုံခြုံစိတ်ချရမှု စတဲ့အချက်တွေနဲ့ တိုင်းတာနိုင်ပေမယ့် တချို့ကတော့ ကားတစ်စီးရဲ့တန်ဖိုးတွေထဲမှာ အနု ပညာကလည်း အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်နေတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ ကားတစ် စီးအတွက် အနုပညာမြောက်အောင်လှပမှုဟာ အရေးပါဆုံးအချက်မဟုတ်ပေမယ့် ဒီလိုအရေး ပါတဲ့အချက် ကြောင့်ပဲ ကားချစ်သူတွေတမ်းတမ်းစွဲဖြစ်နေရတဲ့ ကားတွေလည်းမနည်းမနောရှိနေတာပါ။ ဒီဇိုင်းပုံစံအရရော၊ အင်ဂျင်ပါဝါအရပါ ကောင်းမွန်တာကြောင့် မော်တော်ကားတွေ စတင်ပေါ်ပေါက်လာ ကတည်းက ဒီနေ့အထိ သမိုင်းတလျှောက်အကောင်းဆုံးကားတွေအဖြစ် သတ်မှတ်ခံထားရတဲ့ကားတွေကို ဖော်ပြပေးလိုက်ပါတယ်။

BUGATTI TYPE 57
        ဒီနေ့ကမ္ဘာ့အကောင်းဆုံးပြိုင်ကားအဖြစ် သတ်မှတ်ခံထားရတဲ့ ဘူဂါတီမျိုးဆက် ရဲ့ဘိုးအေကြီး လို့ပြော လို့ရပါတယ်။ ဂျီယန်ဘူဂါတီဆိုတဲ့ပုဂ္ဂိုလ်ကြီးက ဒီဇိုင်းရေးဆွဲခဲ့တာကြောင့် ဘူဂါတီလို့ အမည် တွင်ခဲ့တဲ့ ဒီကား တွေကို 1934 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး (၆)နှစ်အကြာ 1940 ပြည့်နှစ်မှာ BUGATTI  TYPE 57 ဆိုတဲ့ အမျိုးအစားမော်တော်ကားတွေ ထုတ်လုပ်မှုရပ်ဆိုင်းသွားတဲ့အထိပါပဲ။ တိုတောင်း လှတဲ့ သူ့သက်တမ်းအတွင်း ကားအစီးရေ (710) ထုတ်လုပ်သွားတဲ့ BUGATTI TYPE 57 ဟာ ဒီဘက်ခေတ်မှာ ဆိုရင်တော့ ဂန္တ၀င်ဆန်လှတဲ့ ရှေးဟောင်းကားအဖြစ်မှတ်တမ်းဝင်နေပြီး 2009 ခုနှစ်က ပဲရစ်မြို့မှာ ကျင်းပ ခဲ့တဲ့ မော်တော်ကားပြိုင်ပွဲမှာ ယူရို (4.9) သန်းနဲ့ လေလံအောင်ခဲ့တဲ့ ကားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ ပါတယ်။

Chevrolet Corvette (C1)
          ဒီနေ့ကမ္ဘာကျော်ဘောလုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ဂျာစီအင်္ကျီစပွန်ဆာ အဖြစ် ရှိနေ တဲ့ Chervolet ရဲ့ ပထမဆုံးမျိုးဆက်အဖြစ်ထွက်ပေါ်လာခဲ့တဲ့ ကားအမျိုးအစားလို့ သတ်မှတ်နိုင် မှာဖြစ်ပါတယ်။ လောင်စာဈေးနှုန် အထူးချိုမြိန်နေချိန်၊ ကားတစ်စီးရဲ့အမြန်နှုန်းကို ၀ယ်ယူလိုသူအကြိုက် တည်ဆောင်မပေးနိုင် ချိန်မှာ ချိန်သားကိုက်ထွက်ပေါ်လာခဲ့တဲ့ Chervolet Corvette C1 ကို ကားလောက မှာ အမေရိကန်အိမ်မက်လို့ လည်း ချစ်စနိုးခေါ်ကြတာပါ။ 

ဘာကြောင့်လဲဆိုရင်တော့ ဒီကားဟာ ဂန္တ၀င်ကား ဆိုတာထက် အမေရိကန်ရဲ့ လိုအပ်ချက်နဲ့အညီ ထွက်ပေါ်လာတဲ့ ကားမျိုးဖြစ်တာကြောင့် လင်းယုန် တို့ရဲ့ပုံရိပ်တစ်ခုလို ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီကားဟာ နှစ်ပေါင်း(၅၀)ကျော်လောက် အမေရိကန်နိုင်ငံရဲ့ ပြိုင်ကားဆိုတဲ့အတွေးအခေါ်ကို ကိုယ်စားပြုပေးနိုင်ခဲ့ပြီး ခွန်အားပြည့်၊ ကြမ်းကြမ်းရမ်းရမ်းနဲ့ လေကိုခွင်းမောင်းနှင်နိုင်တဲ့ ကားအဖြစ်လည်း သတ်မှတ်ခံခဲ့ရတာကြောင့်ပါ။ Chervolet Corvette (C1) ဟာ တစ်ချိန်က အမေရိကန်လူငယ်တွေရဲ့ အိမ်မက် တစ်ခုဖြစ်ခဲ့သလို ဒီနေ့အထိလည်းအလှပဆုံး မော်တော်ကားတွေထဲကတစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

MERCEDES BENZ 300 SL
          ထုတ်လုပ်ခဲ့ဖူးသမျှ မာစီးဒီးကားတွေထဲမှာ အခမ်းနားဆုံးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ 300 SL ဟာ ကမ္ဘာ ပေါ်က ထုတ်လုပ်ခဲ့ဖူးသမျှကားတွေထဲမှာလည်း အလှပဆုံးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ ကားအဖြစ် ချီးကျူးခံထားရပါတယ်။ ထိုင်ခုံနှစ်ခုသာတပ်ဆင်ထားပြီး သာမန်ထက်ထူးခြားတဲ့ဘေး တံခါးနှစ်ချပ်ကြောင့် လူကြိုက်များခဲ့တဲ့ဒီကားကို 1952 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး စတင်ထုတ် လုပ်ခဲ့ချိန်က ပြိုင်ကားပုံစံနဲ့အစပြု ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပြိုင်ကားပုံစံကိုဒီဇိုင်းပြောင်းပြီး  1954 ခုနှစ်မှာ ဒီနေ့အထိမြင်တွေ့နေ ရတဲ့ 300 SL ကို မွေးဖွားခဲ့ပါတယ်။

FETTARI TESTAROOSA
          1939 ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ ဖာရာရီကုမ္ပဏီက တံခါးနှစ်ပေါက်ပါတဲ့ ဒီပြိုင်ကားကိုတော့ 1984 ခုနှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး 1966 ခုနှစ်ရောက်အောင် (12) နှစ်တိုင်တိုင် ထုတ်လုပ်ခဲ့ရဲတဲ့ ကား အမျိုးအစားဖြစ်ပါတယ်။ ဂီယာငါးချက်ပါတဲ့ဒီကားဟာ ဒီဇိုင်နာ ပင်အင်ဖာရီနာဆိုသူရဲ့ ဒီဇိုင်းကိုအခြေခံ တည် ဆောက်ထားတာဖြစ်ပြီး 1980 ပြည့်နှစ်လွန်ကာလတွေမှာ ထုတ်လုပ်မှုအကျပ်အတည်းတွေ နဲ့ရင် ဆိုင်နေရတဲ့ ဖာရာရီကုမ္ပဏီကို အသက်ဆက်ခွင့်ပေးခဲ့တဲ့ ကားမော်ဒယ်တစ်ခုဖြစ်ခဲ့ပြီး အမေရိကန်ဈေး ကွက်အခိုင်အမာ ရအောင်ပြုလုပ်ပေးခဲ့တဲ့ ပေါင်းကူးတံတားတစ်စင်းလည်းဖြစ်ခဲ့တာပါ။ သက်တောင့် သက်သာရှိတယ်။ လျင်မြန် ပြီး စတိုင်ကျတဲ့ဒီကားတွေဟာ 1995 ခုနှစ်တုန်းကတောင် ဒေါ်လာ (220,000) ကျော်လောက်တန်ဖိုးရှိတဲ့ ဇိမ်ခံကားအမျိုးအစားပြိုင်ကားတွေအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment