Bella နဲ့ အင်ကြင်းထူး









ပြိုင်ပွဲကပြန်လာပြီးသိလိုက်ရတာက ဟိုကအသက် (၁၇)က ဒီက (၁၇)နဲ့လုံးဝ မတူဘူး… မြန်မာနိုင်ငံအနေနဲ့ လူငယ်တွေ အသက်အရွယ်ခွဲခြားတာလည်းများတယ်။ ငါငယ်သေးတယ်ဆိုပြီး အချိန်ဆွဲနေတာပေါ့နော်။ တကယ်တော့ ကိုယ်လုပ်ချင်ရင်လုပ်ပါ။ အသက်အရွယ်နဲ့မဆိုင်ပါဘူး…
Bella

ဟိုရောက်တော့ တချို့မလိုတဲ့ အရာတွေ၊ အသုံးမ၀င်တဲ့အရာတွေအများကြီးရှိခဲ့ တယ်။ Miss World Organization နဲ့ချိတ်မိပြီး ကိုယ်သိချင်တတွေ လှမ်းမေးခဲ့ရင် ပိုပြီးအဆင်ပြေမှာ
Miss World ပြိုင်ပွဲ အတွေ့အကြုံကတော့အများကြီးရခဲ့ပါတယ်။ ဒီကနေ အကောင်းဆုံးပြင်ဆင် သွား တယ်။ ဟိုရောက်တော့ တချို့မလိုတဲ့အရာတွေ၊ အသုံးမ၀င်တဲ့အရာတွေအများကြီးရှိခဲ့တယ်။ Miss World Organization နဲ့ချိတ်မိပြီး ကိုယ်သိချင်တာတွေ လှမ်းမေးခဲ့ရင်ပိုပြီးအဆင်ပြေမှာ။ ဟိုရောက်တော့ သူငယ်ချင်းတွေလည်း အများကြီးရတယ်။ ဒီမှာလိုမျိုး ဘယ်နေ့ဘာရှိတယ်ဆိုတာ ကြိုမပြောထားဘူး။ အကယ်၍ Plan ပြောင်းရင် ချက်ချင်းပြောတယ်။ အမြဲတမ်း အဆင်သင့်နဲ့ သူတို့ဘယ်အချိန်ခေါ်မလဲဆိုတာ ကိုစောင့်နေရတယ်။ အဲဒီ Suprise တွေကတော့ အတွေ့အကြုံပဲ။

Interview ကတော့ Bella အကြောက်ဆုံးပေါ့။ Interview ဖြေတော့ ဒိုင်(၄)ယောက်က ထိုင်နေတယ်။ အဲဒီတစ်ခုကတော့ ပြိုင်ပွဲဝင်တွေအကုန်လုံး ကြောက်ကြတယ်
Challenge တွေလည်း Bella လုပ်တယ်။ Sports လည်း Bella ၀င်ပြိုင်တယ်။ တချို့မပြိုင်ချင်ရင် မပြိုင်ပဲနေလို့ရတယ်။ သူတို့က အချိန်ကိုက်ပြီး အိပ်ထမတင်လုပ်ခိုင်းတယ်။ ပြေးခိုင်းတယ်။ ရေထဲလမ်း လျှောက်ခိုင်းတယ်။ တခြားအရာတွေကတော့ ရန်ကုန်မှာ ကြိုတင်ပြင်ဆင်သွားတယ်။ Interview ကတော့ Bella  အကြောက်ဆုံးပေါ့။ Interview ဖြေတော့ ဒိုင်(၄)ယောက်ကထိုင်နေတယ်။ အဲဒီတစ်ခုကတော့ ပြိုင်ပွဲဝင်တွေအကုန်လုံးကြောက်ကြတယ်။

Bella က စာမေးပွဲတစ်ခုဆိုလည်း မြန်မြန်ရောက်ချင်တယ်။ အဲဒါကို မျှော်ပြီးစောင့်နေရတာ မျိုးမကြိုက် ဘူး…
ပြောင်းလဲမှုတွေတော့ အများကြီး။ မသွားခင်မှာအားလုံက အားပေးကြတယ်။ ဟိုမှာလည်းပြိုင်တော့ အရမ်းပင်ပန်းတယ်။ တာဝန်တစ်ခုပြီးသွားသလိုခံစားရတယ်။ ဒါပေမဲ့လည်း Miss Myanmar တစ်ယောက် ဖြစ်တဲ့အတွက် နောက်ပိုင်းကျတော့လည်း ကျန်ရှိနေသေးတဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လုပ်ဖို့ ရှိနေသေးတယ်။ Bella က စာမေးပွဲတစ်ခုဆိုလည်း မြန်မြန်ရောက်ချင်တယ်။ အဲဒါကိုမျှော်ပြီးစောင့်နေရ တာမျိုး မကြိုက်ဘူး။ အဲဒီတော့ မြန်မြန်ရောက်ချင်တယ်။ ပြီးတော့ ခရီးသွားချင်တာလည်းပါတာပေါ့နော်။ အဲဒီတုန်းက White House သွားရမယ်လည်းပြောတော့ မြန်မြန်သွားချင်ပါတယ်။ ဒါပေမဲ့ ဟိုရောက်တော့ White House က ပေးမ၀င်ဘူး။ အဲဒီတော့ အပြင်မှာနေရတယ်။ မသွားခင်က အရမ်းစိတ်အားထက် သန်နေတာပေါ့။

ပြိုင်ပွဲခရီးစဉ်က မျှော်လင့်ထားတာနဲ့ တခြားစီပါပဲ…
ပြိုင်ပွဲခရီးစဉ်က မျှော်လင့်ထားတာနဲ့ တခြားစီပါပဲ။ မျှော်လင့်ထားတာက တစ်မျိုး၊ ကိုယ်က မြန်မာ နိုင်ငံပွဲပဲအတွေ့အကြုံရှိတာ။ နိုင်ငံခြားကပွဲက ပထမဆုံးဆိုတော့ ဘယ်လိုလုပ်သလဲကိုယ်မသိဘူး။ အရင် နှစ်က Miss တွေကတော့ သေချာပြောပြတယ်။ အသေးစိတ်တော့သေချာမသိပေမယ့် ဘာ Challenge တွေလာမယ်ဆိုတာ ကြိုသိခဲ့ရတယ်။ ကိုယ်တကယ်သွားတော့ တချို့ဟာတွေ ကိုယ်သိနေပြီးသားဖြစ် တယ်။ တချို့ဟာတွေ မသိလည်းမသိဘူး။ အစကတည်းက စိုးရိမ်စိတ်ကရှိတယ်ဆိုတော့။ ဒီမှာမွေးနေ့တွေ ဘာတွေ Suprise လုပ်ရင်း အရမ်းသဘောကျတယ်။ ဟိုမှာတော့ Suprise ကို လုံးဝမကြိုက်ဘူး။ မုန်းသွားတယ်။

Colleage တက်မလား၊ အနုပညာဘက်ဆက်သွားမလားဆိုတာ ဒွိဟဖြစ်နေတယ်
ဘာဆက်လုပ်မလဲဆိုတာက အခုအချိန်မှာ ဒွိဟဖြစ်နေတယ်။ Collage တက်မလား၊ အနုပညာ ဘက်ဆက်သွားမလားဆိုတာ ဒွိဟဖြစ်နေတယ်။ ပရိသတ်တွေ အားပေးမယ်ဆိုရင်တော့ မင်းသမီးလုပ်ချင် ပါတယ်။

တစ်ခါတလေ ကိုယ့်အသက်အရွယ်တူသူတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အားငယ်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အောင်မြင်မှုတစ်ခုရနေပြီးဆိုတော့ အားပေးဖြစ်တယ်…
အောင်မြင်မှုအတွက် စွန့်လွှတ်ခဲ့ရတာတွေကတော့ အများကြီးပါ။ တစ်ခါတလေ သူများတွေ ကိုကြည့်ပြီးအရမ်းအားကျတယ်။ သူတို့လူငယ်ဘ၀မှာ လျှောက်သွားတယ်။ လုပ်ချင်တာတွေလုပ်ခွင့်ရတယ်။ မိဘကလွဲ လို့ ဘယ်သူမှသိပ်ဂရုစိုက်စရာမလိုဘူး။ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်တော့လည်း အသက်ငယ် ငယ်နဲ့ အောင်မြင်မှု တစ်ခုရနေတယ်။ ကိုယ်စွန့်လွတ်ခဲ့ရတာတွေရှိပေမယ့်လည်း စွန့်လွတ်ရကျိုးနပ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သုံး သပ်မိပြန်တယ်။ အိမ်က မိဘတွေကလည်းပြောတယ်။ ဒီအလုပ်ကို နောက်ပိုင်း လုပ် လာတာနဲ့အမျှ ငယ်ငယ် ရွယ်ရွယ်နဲ့ရင့်ကျက်စေတယ်။ တစ်ခါတလေ ကိုယ့်အသက်အရွယ်တူသူတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အားငယ် တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်အောင်မြင်မှု တစ်ခုရနေပြီးဆိုတော့ အားပေးဖြစ်တယ်။

အောင်မြင်မှုကတော့ ပရိသတ်အားပေးမှုနဲ့ ဆိုင်တယ်လို့ Bella ယူဆတယ်
Bella  အောင်မြင်မှုကိုဘာနဲ့တိုင်းတာသလဲဆိုတော့ အဓိက Bella က ပရိသတ်တွေအားပေးမှုနဲ့ တိုင်းတယ်။ လွန်ခဲ့တဲ့တစ်နှစ်စလုပ်တုန်းက လူသိမများဘူး။ ပရိသတ်တွေ အားပေးမှုနည်းတယ်။ ဒီ  Miss Myanmar ပြိုင်ပြီးကတည်းက ပရိသတ်တွေအားပေးမှုများလာတယ်။ အောင်မြင်မှုကတော့ ပရိသတ် အားပေးမှုနဲ့ဆိုင်တယ်လို့ Bella ယူဆတယ်။ အားပေးရင်အားပေးသလောက် ချစ်ရင်ချစ်သလောက် အောင်မြင်မှုက အထွတ်အထိပ်ရောက်တယ်။

ပြိုင်ပွဲကပြန်လာပြီး သိလိုက်ရတာက ဟိုကအသက် (၁၇)က ဒီက (၁၇)နဲ့လုံးဝ မတူဘူး… မြန်မာနိုင်ငံအနေနဲ့ လူငယ်တွေ အသက်အရွယ်ခွဲခြားတာလည်း များတယ်။ ငါငယ်သေးတယ်ဆိုပြီး အချိန်ဆွဲနေတာပေါ့နော်။ တကယ်တော့ ကိုယ်လုပ်ချင်ရင် လုပ်ပါ။ အသက်အရွယ်နဲ့မဆိုင်ပါဘူး
ညီမပြိုင်ပွဲကပြန်လာပြီးသိလိုက်ရတာက ဟိုကအသက် (၁၇) က ဒီက (၁၇)နဲ့လုံးဝမတူဘူး။ ကိုယ်တွေ လိုပဲအသက်ခွဲခြားတာမရှိဘူး။ ၁၇လည်း ၁၇ အလျောက် ၂၀လည်း ၂၀အလျောက်အတူတူပဲ။ ပြိုင်ပွဲမှာလည်း ဒီအတိုင်းပဲ။ တခြားနယ်ပယ်တွေမှာလည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ လူငယ်တွေ အသက် အရွယ်ခွဲခြားတာလည်းများတယ်။ ငါငယ်သေးတယ်ဆိုပြီး အချိန်ဆွဲနေတာပေါ့နော်။ တကယ်တော့ ကိုယ်လုပ် ချင်ရင်လုပ်ပါ။ အသက်အရွယ်နဲ့မဆိုင်ပါဘူး။ Bella လည်းဒီလိုပါပဲ။ လူငယ်ဘ၀ကိုစွန့်လွတ်လိုက်ရတာ မဟုတ်ပေမယ့် ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာလို့ရတယ်။ အဓိကအသက်အရွယ်နဲ့ မဆိုင်ပါဘူး။ ကိုယ်တကယ် ကြိုးစားချင်ရင် ဘယ်အချိန်မှဆိုပြီး သတ်မှတ်မနေဘဲ တကယ်ကြိုးစားကြပါလို့။

အားမရတာကတော့ ကိုယ်လုပ်ရင်လုပ်သလောက် ဖြစ်မလာတာကိုအားမရဘူး… တစ်နေ့ တစ်နေ့ဖုန်း သုံးပြီး အ ချိန်ဖြုန်းနေတာတို့ ထိုင်နေတာတို့ဆိုမကြိုက်ဘူး… ကိုယ့်ကိုယ်ကိုယ်အားရတာကတော့ အနုပညာနဲ့ ပတ်သက်ရင် ဘာမဆိုလုပ်နိုင်တာကိုအားရတယ်
အားမရတာကတော့ ကိုယ်လုပ်ရင်လုပ်သလောက် ဖြစ်မလာတာကိုအားမရဘူး။ Bella က အိမ်မှာမနေ ချင်ဘူး။ တစ်နေ့တစ်နေ့ဖုန်းသုံးပြီး အချိန်ဖြုန်းနေတာတို့ ထိုင်နေတာတို့ဆိုမကြိုက်ဘူး။ အလုပ်က အမြဲတမ်း တော့မလာနိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ်အားရတာကတော့ အနုပညာနဲ့ပတ်သက်ရင် ဘာမဆိုလုပ်နိုင်တာကို အားရတယ်။ ဘယ်လောက်ပင်ပန်းပေါ့။ အမြဲတမ်းအလုပ်ရှိနေရင်ကို ပျော်နေတာ။

လူငယ်ဆိုတာ အမှားတွေတော့ရှိခဲ့ကြမှာပဲ။ အမှားတွေကို အခက်အခဲတွေကို သင်ခန်းစာယူပြီး ဆက်လျှောက်ရ မယ့် ဘ၀လမ်းမှာ အကောင်းဆုံးနဲ့ ဆက်သွားဖို့ပြောချင်ပါတယ်…
အင်ကြင်းထူး

International ကို ပထမဦးဆုံးဝင်ပြိုင်တာဖြစ်တဲ့အတွက် အဆင်မပြေတာတွေလည်း အများကြီးရှိခဲ့တယ်
ညီမအနေနဲ့ အတွေ့အကြုံအများကြီးရတယ်။ International အထိသွားပြိုင်ရတာဖြစ်တဲ့အတွက် ဒီမှာနဲ့မတူတဲ့အတွေ့အကြုံတွေအများကြီးရတယ်။ ဘယ်လိုနေထိုင်ကြတယ်။ ဘယ်လိုတွေ ပြိုင်ပွဲဝင်ကြ တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ အများကြီးရတယ်။ အခက်အခဲလည်းအများကြီး တွေ့ခဲ့ရတယ်။ ကိုယ်ကပြိုင်ပွဲကို  International ကို ပထမဦးဆုံးဝင်ပြိုင်တာဖြစ်တဲ့အတွက် အဆင်မပြေ တာတွေလည်း အများကြီးရှိခဲ့တယ်။ ညီမဒီမှာ Crown ရပြီးချင်းတစ်လလောက်ပဲ နေလိုက်ရတယ်။ ညီမမှာပြင်ဆင်ချိန် အများကြီးမရခဲ့ဘူး။

ဥရောပကပြိုင်ပွဲဝင်တွေနဲ့ သူငယ်ချင်းဖြစ်ခွင့်ရတယ်…
ညီမအများကြီးတော့ ပြင်ဆင်သွားတယ်။ ပြိုင်ပွဲဝင်သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ကအစ သယ်သွားတယ်။ ပြီးတော့ သူတို့ Trip တွေထွက်တယ်။ တချို့နေ့တွေဆို ၃ ယောက်စီ အလှည့်ကျဖျော်ဖြေ ရတယ်။ ဖျော်ဖြေချင်တဲ့လူ ဖျော်ဖြေလို့ရတယ်။ ညီမလည်း ပတ္တလားတီးပြီးဖျော်ဖြေခဲ့တယ်။ ညီမ သူငယ်ချင်း တွေကို မြန်မာနိုင်ငံအကြောင်း ပြောခွင့်ရတယ်။ ဥရောပကပြိုင်ပွဲဝင်တွေနဲ့ သူငယ်ချင်းဖြစ်ခွင့်ရတယ်။

မိတ်ကပ်က သွားမယ်ဆိုမှ ည ၁၂ လောက်ကြီး မိတ်ကပ်သင်တာ။ ဆံပင်ကောက်တာတွေသင်၊ မျက်တောင်တု တပ်တာတွေသင်၊ အဆင်သင့် တော်တော်မဖြစ်ခဲ့တာ
အရမ်းကွာတယ်။ မသွားခင်တုန်းကတော့ Stress ကြီးက အရမ်းပိနေတယ်။ ဒါကြီးကို ငါလုပ်နိုင် ပါ့မလား။ ဟိုရောက်ရင် ပြန်ချင်စိတ်တွေပေါ်လာမလား။ အရှုံးပေးလိုက်ရတော့မလားဆိုပြီး ဒွိဟတွေနဲ့ပေါ့။ ပြီးတော့ မိတ်ကပ်က သွားမယ်ဆိုမှ ည ၁၂ လောက်ကြီး မိတ်ကပ်သင်တာ။ ဆံပင်ကောက်တာတွေသင်၊ မျက် တောင်တုတပ်တာတွေသင်၊ အဆင်သင့်တော်တော်မဖြစ်ခဲ့တာ။ ပြီးတော့ အင်္ကျီကလည်း တပတ်လောက် အလိုမှ ဒီဇိုင်နာကိုပြောလိုက်တာ။ သူလည်းညတွင်းချင်း ချုပ်ပေးလိုက်တာ။ ဟိုရောက်တော့ ပွဲမှာပင်ပန်းလို့ လူကပိန်သွားပြီး အင်္ကျီကချောင်သွားတော့ ကိုယ့်ဘာသာ တစ်ညလုံး ထိုင်သီနေတာ။ အင်္ကျီဆို ပွစိနေတာပဲ ဘေးနားမှာဆို။ ရောက်တော့မိတ်ကပ်လည်း တဖြည်းဖြည်းပြင် တတ်လာတယ်။ ပေါင်းသင်းဆက်ဆံရေးတွေလည်း အဆင်ပြေလာတယ်ဆိုတော့ မသွားခင်နဲ့သွားပြီး တော်တော်ကွာ ခြားသွားပါတယ်။

မျှော်လင့်တာနဲ့လုံးဝထပ်တူမကျဘူး… အရမ်းကြီးခက်မယ်လို့ မထင်ခဲ့ဘူး
ခရီးကတော့ မျှော်လင့်တာနဲ့ လုံးဝထပ်တူမကျဘူး။ ညီမက အတွေ့အကြုံမရှိဘူး။ ပြီးတော့ အရမ်းကြီး ခက်မယ်လို့ မထင်ခဲ့ဘူး။ ကြုံလည်းကြုံရော မထင်ထားတာတွေချည်းပဲဖြစ်နေလို့ ကိုယ့်ကိုယ်ကိုယ်လည်း အားမရခဲ့ဘူး။ ပြိုင်ပွဲမှာ။

အနုပညာဆက်မလုပ်ဖြစ်ဘူးဆိုရင်တော့ စီးပွားရေးပဲဆက်လုပ်ဖို့ရှိပါတယ်
ညီမအနေနဲ့ ဘာဆက်လုပ်မလဲဆိုတော့ နောက်ထပ်ပြိုင်ပွဲလုံးဝမပြိုင်တော့ပါဘူး။ အနုပညာအလုပ် ကိုတော့ ပရိသတ်တွေလက်ခံရင် ညီမဆက်လုပ်ပါမယ်။ ညီမအနုပညာ ဆက်မလုပ်ဖြစ်ဘူးဆိုရင်တော့ စီးပွားရေးပဲဆက်လုပ်ဖို့ရှိပါတယ်။

သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိရင် Shooting ရှိလို့ဖျက်လိုက်ရတာတွေကြောင့် အပေါင်းအသင်းတွေ ကြားမှာ တော်တော်လည်း မျက်နှာပျက်ရတယ်
ညီမ ၁၇ နှစ် ကတည်းက မော်ဒယ်လောကကို စ၀င်လာတယ်။ အဲဒီကတည်းက GTC ကျောင်းကိုစွန့် လွှတ်လိုက်ရတယ်။ ကျောင်းနဲ့ဒီအလုပ်ကမဖြစ်ဘူးဆိုတော့ ကျောင်းလည်းထွက်လိုက်ရတယ်။ အဝေးသင် ပြောင်းတယ်။ မိသားစုဘက်ကိုလည်း သိပ်မကြည့်ဖြစ်ဘူး။ အိမ်ကအစ မန္တလေးကနေ ရန်ကုန်ပြောင်းနေတယ်။ မိသားစုဘက်မှာ လစ်ဟင်းတာတွေရှိတယ်။ ကျောင်းဘက်ကမှာ လစ်ဟင်းတာတွေရှိတယ်။ သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိရင် Shooting ရှိလို့ဖျက်လိုက်ရတာတွေကြောင့် အပေါင်းအသင်းတွေကြားမှာ တော်တော် လည်းမျက်နှာပျက်ရတယ်။ ဒါပေမဲ့ ဒီအတိုင်းအတာအထိရောက်ခဲ့ရတော့ ညီမကိုယ်ညီမကျေနပ်ပါတယ်။

ဒီအတိုင်းအတာထိလောက်ဆို အောင်မြင်မှုလို့ယူဆထားရင် အဲဒီအတိုင်းအတာရောက်ရင် ကိုယ်ပျော်ရွှင် ရပြီပေါ့နော်
အောင်မြင်မှုဆိုတာ ကိုယ်ခံယူထားတဲ့အပေါ်မှာ မူတည်တယ်ပေါ့နော်။ ကိုယ်က ဒီတိုင်းအတာထိ လောက်ဆို အောင်မြင်မှုလို့ယူဆထားရင် အဲဒီအတိုင်းအတာရောက်ရင် ကိုယ်ပျော်ရွှင်ရပြီပေါ့နော်။ ကိုယ်စိတ် ပေါ်မှာပဲမူတည်တယ်လို့ ညီမထင်တယ်။ ပရိသတ်အားပေးမှုလည်း ပါတာပေါ့နော်။

လူငယ်ဆိုတာ အမှားတွေတော့ရှိခဲ့ကြမှာပဲ။ အမှားတွေကို အခက်အခဲတွေကိုသင်ခန်းစာယူပြီး ဆက်လျှောက်ရ မယ့် ဘ၀လမ်းမှာ အကောင်းဆုံးနဲ့ ဆက်သွားဖို့ပြောချင်ပါတယ်…
ညီမ အသက် ၁၇ ကတည်း က ဒီအလုပ်စလုပ်ခဲ့တယ်။ အဲဒီကတည်းက အပင်ပန်းခံပြီးတော့ နေပူထဲလည်း Show လျှောက်ခဲ့တယ်။ လူငယ်ဆိုတာ အမှားတွေတော့ရှိခဲ့ကြမှာပဲ။ အမှားတွေကို အခက်အခဲတွေကို သင်ခန်းစာယူပြီး ဆက်လျှောက်ရမယ့် ဘ၀လမ်းမှာအကောင်းဆုံးနဲ့ဆက်သွား ဖို့ပြောချင်ပါတယ်။
Share on Google Plus

0 comments:

Post a Comment