အကောင်းဆုံး block app:Mr.Number









စမတ်ဖုန်းအများစုမှာ အသုံးများလေ့ရှိတဲ့ လုပ်ဆောင်ချက်တွေထဲက မလိုလားအပ်တဲ့ အ၀င် call တွေကို Block ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ဟာ အင်မတန်အသုံးဝင်လှပါတယ်။ အထူးသဖြင့် ကိုယ်နဲ့မသိဘဲ ကိုယ့်ရဲ့ဖုန်းနံပါတ်ကို ခဏခဏမှားဆက်တာမျိုးနဲ့ ကိုယ်နဲ့သိသော်ငြား ဖုန်းခေါ်ဆိုမှုကို တစ်ဦးတစ်ယောက် ချင်းစီအတွက် သီးသန့်ရပ်နားထားချင်တဲ့အခါမျိုးတွေမှာ block ပြုလုပ်ထားနိုင်ခြင်းဟာ လွယ်လွယ်ကူကူနဲ့ ဖြေရှင်းထားနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါဟာလည်း စမတ်ဖုန်းအသုံးပြုသူအတော်များများအတွက် ဟိုးယခင်ကတည်းက သိရှိအသုံးပြုနေခဲ့ကြတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ 

အခုနောက်ပိုင်းမှာ block function ဟာ အမြင့်ပိုင်း handset အတော်မျာများမှာ သီးသန့် Apps အသုံးပြု စရာမလိုဘဲ built-in လုပ်ဆောင်ချက်တစ်ခုအဖြစ် ပါဝင်လာခဲ့ကြပြီဖြစ်ပါတယ်။ စမတ်ဖုန်းထုတ်လုပ် သူတွေဟာ ကိုယ်ပိုင်စမတ်ဖုန်း အမှတ်တံဆိပ်အလိုက် block function ကိုယ်ပိုင်ဟန်ပန်နဲ့ လိုက်လျော ညီထွေအောင် ထည့်ပေးတတ်ကြတဲ့အတွက် အသုံးပြုပုံဟာအနည်းနဲ့ အများကွာခြားသွားတတ် ကြပါ တယ်။ တကယ်လို့ ကိုယ့်ရဲ့ဖုန်းမှာ ဒီလုပ်ဆောင်ချက်မပါဝင်ဘူးဆိုရင်လည်း သီးသန့် Apps တစ်ခုဖြစ်တဲ့ Call Blocker တစ်မျိုးမျိုးကို ထည့်သွင်းအသုံးပြုကြပါတယ်။ များသောအားဖြင့် Call Blocker Apps တွေဟာသီးသန့်လုပ်ဆောင်ချက် အများအပြားပါဝင်ပြီး တစ်ခါတစ်ရံ ပြည့်ပြည့်၀၀အသုံးချနိုင်ဖို့အတွက် ဖုန်းကို root ပြုလုပ်ထားဖို့ တောင်းဆိုတတ်ကြပါတယ်။ ဒီအခါ ကိုယ့်ရဲဖုန်းနဲ့မကိုက်ညီခဲ့ရင် အသုံးပြုဖို့အတွက် Mr.Number ဆိုတဲ့ Call Blocker Apps လေးကို ဖော်ပြပေးချင်ပါတယ်။ 

Mr.Number ဟာ အ၀င် call တွေကို block ပြုလုပ်နိုင်တဲ့အပြင် textmessage တွေကိုပါ တားဆီးနိုင် တာကြောင့် ကိုယ်နဲ့မသိတဲ့သူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ message တွေ ဆက်တိုက်ပေးပို့ခံနေရမှုတွေကိုပါ ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။

Mr.Number ကို Play Store ကနေရယူပါ။ ဒါမှမဟုတ် http://bit.ly/2fNc10R ကနေရယူပါ။ Mr.Number ကို အသုံးပြုဖို့အတွက်ဖွင့်လိုက်တဲ့အခါ Verify ပြုလုပ်ခိုင်းပေမယ့် Skip နှိပ်ပြီးကျော်လိုက်ပါ။ ပထမဆုံး Mr.Number ရဲ့ Home Screen မှာ Recent ရယ် Block History ဆိုပြီး Tab နှစ်ခုရှိပါတယ်။ Recent ကတော့ ကိုယ့်ဖုန်းရဲ့အ၀င်အထွက်ခေါ်ဆိုမှုမှတ်တမ်း Call Log ပါပဲ။ ကိုယ် block ပြုလုပ်ချင်တဲ့ contact ဟာ contact ရှိမှာရှိနေမှမဟုတ်ပါဘူး။ ဒီ unknown number တွေကိုလည်း recent list ကနေပဲ ရွေးချယ်ပြီး block ပြုလုပ်နိုင်ပါတယ်။

ပေါ်နေတဲ့ နံပါတ်တစ်ခုချင်းစီရဲ့ညာဘက်အစွန်နားမှာ အစက်ကလေးတွေနဲ့ ဖော်ပြထားတဲ့ button လေးတွေရှိပါတယ်။ block လုပ်ချင်တဲ့နံပါတ်ဆိုရင် တည့်တည့်က button လေးကိုနှိပ်လိုက်ပါ။ ပေါ်လာတဲ့ pop-up box ကနေ block number ဆိုတာကိုရွေးပါ။ ပြီးရင် Done ကိုဆက်နှိပ်ပါ။ ဒါဆိုရင် ဒီနံပါတ်ဟာ block list ထဲကနေမထုတ်မချင်းကိုယ့်ဆီကိုဆက်လို့လုံးဝရတော့မှာမဟုတ်ပါဘူး။ block ခံထားရတဲ့ နံပါတ်တွေဟာ message လည်းပေးပို့နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ခြွင်းချက်တစ်ခုရှိတာက အသုံးပြုတဲ့ စမတ်ဖုန်းဟာ Android 4.4 နဲ့အထက်ရှိနေခဲ့မယ်ဆိုရင်တော့ message block  ဟာ အလုပ်လုပ်မှာ မဟုတ်တော့ပါဘူး။

တကယ်လို့ ကိုယ် block ချင်တဲ့ဖုန်းနံပါတ်ဟာ recent list ထဲမှာ မရှိဘူးဆိုရင်လည်း ဖုန်းနံပါတ်အတိုင်း ရိုက်ထည့်ပြီး block ထားနိုင်ပါတယ်။ block list ရဲ့အောက်ဘက်မှာရှိတဲ့ add button လေးကိုနှိပ်ပြီး ကိုယ်ထည့်ချင်တဲ့ ဖုန်းနံပါတ်ကိုရိုက်ထည့်နိုင်ပါတယ်။

Mr.Number ရဲ့ညာဘက်ထောင့်အပေါ်ဆုံးနးမှာ Setting ဆိုတဲ့ Button လေးရှိပါတယ်။ အဲဒီနေရာကနေ block လိုက်တဲ့အတွက် ဘယ်ဖုန်းတွေဆက်ထားတယ်ဆိုတဲ့ notification ကိုဖော်ပြချင်လား၊ မပြချင်လားဆိုတာ ပြင်ဆင်နိုင်သလို ဖုန်းဝင်လာလို့ block လိုက်တိုင်းမှာဖော်ပြပေးတဲ့ Mr.Number ရဲ့ Pop-up ကိုလည်း ဖော်ထားနိုင်/ဖျောက်ထားနိုင်ပါတယ်။
မင်းသုနောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment