စောင့်နေရင်းက ကျန်ရစ်ဖြစ်မယ့်သူမဖြစ်စေဖို့….










သဘာဝတရား၊ ပတ်ဝန်းကျင်ဥပဒေသတွေအရ မိန်းကလေးဆိုတာယောက်ျားလေးတစ်ယောက်ရဲ့ ပထမခြေလှမ်းချဉ်းကပ်တာကို စောင့်ဆိုင်းရသူတွေပါ။ ဒါမတရားဘူးလို့မထင်မိဘူးလား။ အမှီအခိုကင်း၊ စိတ်ဓာတ်ကြံ့ခိုင်ပြင်းထန်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ရော သူနှစ်သက်တဲ့ယောက်ျားလေးကို ချဉ်းကပ်ခွင့်မရှိဘူးလား။ စောင့်ဆိုင်းရတာကောင်းပါတယ်။ ဒါပေမဲ့ ၂၁ ရာစုမှာတော့မဟုတ်ဘူးပေါ့။ အခုအချိန်မှာစောင့်ဆိုင်းတယ်ဆိုတာ ကျန်ရစ်ခဲ့တာနဲ့အတူတူပါပဲ။ အဲဒီတော့ စောင့်ဆိုင်းရင်း ကျန်ရစ်မဖြစ် စေဖို့ကိုယ်ဘက်ကပဲ ပထမဆုံးချဉ်းကပ်ရအောင်… ။

ရဲရင့်ပါ
မိန်းကလေးအများစု ယောက်ျားလေးတစ်ယောက်ကိုချဉ်းကပ်ဖို့ တွန့်ဆုတ်ရှက်ရွံ့နေတဲ့အကြောင်း အရင်းကတော့ ဒီလိုလုပ်မိလို့ သူတို့ကိုယ်သူတို့စိတ်ပျက်နေမိတာပါ။ ဒါကယောက်ျားတစ်ယောက်က မိန်းကလေး ရည်စားအများကြီးထားနိုင်တယ်။ မိန်းကလေးတစ်ယောက်က ယောက်ျားလေးရည်းစား အများ ကြီးမထားနိုင်ဘူးဆိုတာနဲ့အတူတူပါဘဲ။ တကယ်လို့ သူထားမယ်ဆိုရင်စကားလုံးနဲ့တောင် ဖော်ပြလို့မရတဲ့ မိန်းကလေးဖြစ်သွားမှာပေါ့။ မိန်းကလေးတစ်ယောက်ဖို့ ပထမဆုံးချဉ်းကပ်ဖို့ဆိုရာမှာ သတ္တိတွေအများကြီး လိုပါတယ်။

ပြဇာတ်ဖန်တီးပါ
ကဲ… အခုမိန်းကလေးတစ်ယောက် ကိုယ့်ကိုယ်ကိုယ်အမှီအခိုကင်းတာ၊ ရဲရင့်တာ၊ သတ္တိရှိတာ ကိုသိသွားပြီ။ ဒါပေမဲ့သူ့ဆီက အာရုံစိုက်ခံရဖို့လိုနေပါတယ်။ အဲဒီတော့သူ့အကူအညီလိုနေတဲ့ပုံစံလေး ဖန်တီးပါ။ အဲဒါမှ သူ့ကိုဖုန်းခေါ်ခွင့်ရမယ်။ စကားပြောခွင့်ရမယ်။ တွေ့ခွင့်ရမယ်လေ။ ဥပမာ ပစ္စည်းတွေ မနိုင်လို့ကူသယ်ပေးဖို့၊ ကားပျက်လို့ကူပြင်ပေးဖို့၊ မီးပျက်လို့လာကြည့်ပေးဖို့ဆိုတာမျိုးလေးတွေပေါ့။

မြူစွယ်ကျီစယ်
တစ်ခါတစ်လေမာယာလေးတွေလည်း ထုတ်သုံးဖို့လိုအပ်လာပါပြီ။ ယောက်ျားလေးတွေက မိန်းကလေးတွေနဲ့စကားပြောရတာ သဘောကျပါတယ်။ စကားပြောဖို့ အကောင်းဆုံးအချိန်နေရာရွေး နေစရာမလိုပါဘူး။ စာတိုလေးတွေ ပို့လို့ရတယ်။ ဖုန်းပြောလို့ရတယ်။ သူစခေါ်ဖို့၊ ကိုယ်စခေါ်ရလို့ဆိုတာ တွေထည့်တွက်မနေပါနဲ့။ ဒါက ကစားပွဲမှမဟုတ်တာကိုး။

တိုက်ရိုက်ပြော
မြူစွယ်ကျီစယ်တာကောင်းပါတယ်။ ဒါပေမဲ့နောက်ဆုံး တိုက်ရိုက်ပြောဖို့လိုလာတယ်မဟုတ်ပါလား။ ယောက်ျားလေးတွေအနေနဲ့လည်း ကျီစယ်စကားပြောနေတဲ့ အခြေအနေကိုနားလည်ပါတယ်။ ဒီလို အခြေ အနေအတွက်နဲ့တော့ သူတို့ကိုကြိုက်နေတယ်လို့ သူတို့လည်း မယူဆထားသေးပါဘူး။ အဲဒီတော့ တိုက်ရိုက် သာပြောပါ။ အချိန်ကိုသက်သာစေသလို နားလည်မှုလွဲတာလည်းကင်းစေပါလိမ့်မယ်။

သူ့မျက်ဝန်းကိုကြည့်
သူ့မျက်လုံးကိုကြည့်တာက သူ့ကိုနေရထိုင်ရခက်သွားစေတာ မဟုတ်ပါဘူး။ သူပြောနေတာကို စိတ်ဝင်စားတယ်၊ နားထောင်နေတယ်ဆိုတာကိုပြသဖို့ပါ။ တစ်စုံတစ်ယောက်နဲ့ စကားပြောနေချိန် သူ့မျက်ဝန်းကိုကြည့်တာက အံ့သြစရာကောင်းလောက်အောင် စွမ်းအားပြင်းပါတယ်။ ဒါကကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိတယ်ဆိုတာ ပြသနေသလို သူ့ဆီကနေမခွဲနိုင်မခွာရက်ဖြစ်နေတာကိုလည်း ပြသနေပါ တယ်။

လက်မှတ်အပိုဝယ်
သူစိတ်ဝင်စားလောက်တဲ့ပွဲ၊ ပါတီတစ်ခုရဲ့လက်မှတ်ဝယ်ထားပြီးလည်း သူ့ကိုချဉ်းကပ်နိုင်ပါတယ်။ ဒါကကစားပွဲတစ်ခုလည်းဖြစ်နိုင်တယ်။ ပြဇာတ်၊ ဂီတပွဲတစ်ခုလည်းဖြစ်နိုင်တယ်။ ပြီးတော့ သူငယ်ချင်း တစ်ယောက်မလိုက်နိုင်တဲ့အတွက် လက်မှတ်ပိုနေလို့ သူလိုက်နိုင်သလားမေးပါ။ ဒါသူနဲ့ နီးစပ်ခွင့်ရမဲ့ အခွင့်အရေးကောင်း တစ်ခုမဟုတ်ပါလား။

စိတ်ဝင်စားကြောင်းပြ
သူစကားပြောတဲ့အခါ၊ သူလှုပ်ရှားတဲ့အခါ၊ သူ့ဝါသနာ၊ သူ့ခံစားချက်မှန်သမျှကို ကိုယ့်အနေနဲ့ စိတ်ဝင်စားကြောင်းပြဖို့လိုပါတယ်။

Whiteny
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment