ကျွန်တော်က နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေရတဲ့ ၀န်ထမ်းတစ်ဦးပါ။











''အစ်ကိုခင်ဗျား ကျွန်တော်က နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေရတဲ့ ၀န်ထမ်းတစ်ဦးပါ။ တစ်ပတ်တစ်ခါ၊ ၂ပတ်တစ်ခါ၊ ရန်ကုန်ပြန်ဖြစ်ပါတယ်။
ဟိုးယခင်နည်းနည်းတော့ ကြာပါပြီ။ အစ်ကိုတင်လိုက်တဲ့ ကီလို ၁၀၀ အေးဆေးပါ။ ၁ စက္ကန့်ကို ၈၈ ပေ သွားနေတာကို သင်သိပါဆိုတာကို ဖတ်ပြီးကတည်းက အစ်ကို့ထံကိုမိတ်ဆွေအဖြစ်လက်ခံဖို့ အသိပေးရင်း အစ်ကို့ပို့စ်လေးတွေကို စောင့်ဖတ်ပါတယ်။ သိပ္ပံနည်းကျပြီး လက်တွေ့ကျလို့ ဒီလမ်းကြီးမှာ အဖြစ်ဆန်းတွေ အဖြစ်ဆိုးတွေကလည်း မဖြစ်ရင်အရှင်း ဖြစ်လိုက်ရင်ချက်ချင်းဆိုတော့ ကျွန်တော်လည်း ကြောက်လာတယ်။ အစ်ကိုပြောသလို လေယာဉ်စီးဖို့လည်း မတတ်နိုင်ပါဘူး။ ရထားနဲ့လည်း ကီးမကိုက်သေးတော့ ကားမောင်းတဲ့ သူလက်ထဲ ကားလိုင်းတွေလက်ထဲမှာ ၀ကွက်အပ်ထားရတဲ့ ခရီးသွားပြည်သူများရဲ့ အသက်ကိုကာကွယ် စောင့်ရှောက်ဖို့ အကိုတစ်ဆိတ်လောက်ကူညီပြီး ဒရိုင်ဘာများ ကားလိုင်းများကိုပြောပေးပါဦးလို့။ အစ်ကိုရေ အထူးသဖြင့် ညပိုင်းစီးရတာအကြောက်ဆုံးပဲ ကားတွေကလည်းကောင်းပေ့ဆိုပေမယ့် အ၀င်အထွက်ကလည်း ၁ ပေါက်တည်းဆိုတော့ ကံသာအမိ ကံသာအဖ ဆိုပါတော့ အကိုရာတဲ့…
ကံသာအမိ၊ ကံသာအဖဆိုပြီး စိတ်ပျက်အားငယ်သံလေးနဲ့အတူ တကယ်ပြောလိုက်တာကို မြင်တော့ ကိုယ်ချင်းစာပါတယ်။ ခရီးသည်လိုင်းကားများကို စီးတဲ့လူတိုင်းသိကြပါတယ်။ မျက်ကန်း တစ္ဆေမကြောက်ဆို သလို ဒီမိတ်ဆွေကြောက်တာ မျက်လုံးကောင်းလို့ဆိုပါတော့…
ဟုတ်ပါတယ် ကိုအ၀ှာ… ကျွန်တော်က လူအများနားလည်အောင် ကီလို ၁၀၀ အေးဆေးပါ။ ၁စက္ကန့်ကို ၈၈ ပေသွားနေတာ သင်သိပါဆိုတာ ကာရံလိုက်အောင် ခေါင်းစဉ်ပေးလိုက်တာပါ။ တစ်ကယ်တော့ ၁နာရီကို ကီလိုမီတာ ၁၀၀နဲ့သွားနေတဲ့ကားဟာ ၁စက္ကန့်မှာပေ ၉၀ ကျော်ပါတယ်။
၁နာရီမှာ ကီလို၁၀၀ဆိုတာ မိုင်အားဖြင့် ၆၂.၅ မိုင်အတိအကျ ရှိပါတယ်။ တွက်ရလွယ်အောင် မိုင် ၆၀လောက်ထားလိုက်တယ်။ ဒီတော့ ၁ မိနစ် ၁မိုင်ပြေးနေပြီပေါ့။ ၁မိုင် ၅၂၈၀ပေဆိုတော့ ၁မိနစ် ၆၀စက္ကန့် ဆိုတော့ ၁စက္ကန့်မှာ ၈၈ ပေ အနည်းဆုံးသွားနေတာ သေချာနေပါတယ်။ ဒီလမ်းအကျယ်ဆုံးကလည်း အိပ်စ်ပရက် ၂စီးယှဉ်မောင်းနိုင်ရုံလေးပဲဆိုတော့ ၂၂ ပေ လောက်ပဲရှိတာတွေ့ရတယ်။ ၂ - Lane ပဲထား တာလည်း အားနည်းချက်ပဲ ကားကြီး၂စီးအပြိုင်မောင်း ကျော်ရင်ကြီးစွာသတိထားရပါတယ်။ လမ်းကလည်း ကွန်ကရစ်လမ်းကြီးဆိုတော့ ကျောက်ပြင်ကြီးတစ်ခုအလား တင်စားတာအစ်ကိုရေးဖူးပါတယ်။ တာယာက အပျော့လမ်းက အမာလက်တွေ့မှာတော့ စီးရတာ ကားရော လူရော ဃသ်ာသမအ မဖြစ်တာအသေအချာပါပဲ။ လမ်းမှာ ကတ္တရာဖြစ်သွားလိုက် ကွန်ကရစ်ဖြစ်သွားလိုက် လမ်းအပိုင်းမှာကားကြီးရောကားလေးရော မောင်းလိုက်ရတဲ့အရသာ သိသာပါတယ်။
အိပ်နေရင်းနဲ့ ဒါကွန်ကရစ် ဒါကတ္တရာဆိုပြီးပြောနိုင်ပါတယ်။ ကွာခြားချက်ကြီးလို့ လမ်းမှာအားနည်း ချက်တွေရှိသေးလို့ အထိအခိုက်အများဆုံး နေရာများကိုဦးစားပေးအရ Black Sport ဆိုတဲ့နေရာများ ဆိုပြီး ပြန်လည်ခါ့ Upgrade လုပ်နေပါတယ်။ မိုင်တိုင် ၁၅မှ ၂၀ ကြား ၁၆၀-၁၇၀ကြားများမှာ လက်တွေ့ပါပဲ။ အားလုံးပေါင်းနေရာ၂၀ကျော်ပါတယ်။ ပြန်လုပ်ပေးဖို့ အစိုးရသစ်တက်တက်ခြင်း သက်ဆိုင်ရာဝန်ကြီးက ဒီလမ်းကို ကျွန်တော်တို့သက်တမ်း ၅နှစ် အတွင်းမှာခိုင်းစေရမယ်။
ပျက်လို့ကတော့ တာဝန်ခံအင်ဂျင်နီယာကိုထောင်ထဲပို့မယ့်ဆိုလို့ သက်ဆိုင်ရာဝန်ထမ်းအချို့လည်း စိတ်ပျက်အားငယ်မိပြန်ရတယ်။ ဖောက်တုန်းကစဖောက်တဲ့သူတော့မသိ ခါးလည်ခေါင်က လူကဟတ်ကော့ ကြီးမိနေတာလည်း ခုလတ်လတ်ဆတ်ဆတ်ပါပဲ။ ဒါက လမ်းရဲ့ပရိုဖိုင်း၊ ကားတွေရဲ့ ပရိုဖိုင်းကိုပြောရအောင် လမ်းပန်းဆက်သွယ်ရေးကောင်းလာတာနဲ့အမျှ လိုင်းတွေဂိတ်တွေ အပြိုင်ပေါ်လာကြတယ်။ သူက တရုတ်ကား သူက ဥရောပကား သူကနိပွန်ကားဆိုပြီး ပြောလိုက်တဲ့ နမူနာစကားကလည်း မြေပြင်မှာလေယာဉ်စီးသလိုပဲတဲ့။ ငြိမ့်ညောင်းမှုကို တင်စားလိုက်တာလား မြန်နှုန်းကိုတင်စားလိုက်တာလားဆိုပြီး မသိဖြစ်ရပြန်သေးတယ်။ တိုက်ဆိုက်မှုအရ ကားတွေအဖြစ်များတော့ သက်ဆိုင်ရာက ဖုတ်ပူ မီးတိုက် ကားလိုင်းတွေကိုစည်းကမ်း အမြန်ထိန်းကြပါတယ်။ သက်ဆိုင်ရာ အာမခံကုမ္ပဏီကကားမစီးခင် နောက်အာမခံတစ်ဆထပ်ယူနိုင်ပါတယ်။ ဖြစ်ခဲ့ရင်သိန်း ၃၀ အစား သိန်း ၆၀လျော်မယ်ပေါ့။ လုပ်လိုက်တာ သိလိုက်ပါတယ်။ ခုလုပ်သေးလားမသိ။
စောစောပိုင်းအကိုရေးခဲ့တာ ကားမောင်းတဲ့သူအားလုံးသတိပြုဖို့ အမြန်တွက်ချက်ပြလိုက်တာ မထင်မှတ်ဘဲ ဖော်မြူလာကိုက်သွားလို့ပါ။ ကီလို ၁၀၀နဲ့မောင်းလာတဲ့ကား ၁စက္ကန့်မှာ ၈၈ ပေသွားနေတယ်။ လမ်းအကျယ် က၂၂ပေဆို တော့၎ဆ ၁ဆကွာခြားချက်ကို ကွင်းကနဲမြင်အောင်ပါ။
အက်ဆီးဒင့်ဖြစ်လို့ ဘေးလမ်းတစ်ဖက်ဖက်ကိုချော်ထွက်ခဲ့ရင် လမ်းအကျယ်၎ဆနီးပါးလောက် သွေဖယ်ပြီး ထွက်သွားနိုင်ပါတယ်လို့ ပြောလိုက်တာပါ။ တကယ်လည်းဖြစ်စဉ်တွေကို Video File တချို့က မြင်လိုက်ရတာအမှန်ပါပဲ။ သေလိုက်တဲ့လူတွေလည်း သောက်သောက်လဲ။ ဘယ်သူမှအပြစ်မပြောချင် လက်တွေ့သဘောတရားများကို ဆင်ခြင်သုံးသပ်နိုင်ကြဖို့ မက်ဆေ့ပေးလိုက်တာပါ။
လမ်းအသစ်တွေပေါ်လာတိုင်း ကျင့်သားမရသေးခင်မှာ အက်ဆီးဒင့်ဖြစ်ကြတာ သဘာဝပါ။ နေပြည် တော်လမ်းနဲ့အတူ အက်ဆီးဒင့်ဖြစ်တာပွဲကြမ်းလာတာကတော့ မြ၀တီလမ်းယိုးဒယားလိုစံချိန်မီ ကတ္တရာလမ်း ဒီလမ်းလည်းဖြစ်လိုက်ကြတာသောက်သောက်လဲ သူကတော့ကွေ့တွေမှာဗဟိုခွာအားအကြောင်းကို နားမလည်လို့ တွဲကားတွေအဖြစ်များတယ်။ လမ်းတစ်ဖက်ကိုရောက်သွားတယ်။ အခြားကားနဲ့တိုက်မိကြတယ်။
လမ်းကောင်းလွန်းလို့ မိုးတွင်းမှာ စလစ်တိှု့ငိတို့ အဖြစ်များတယ်။ တာယာကွဲလို့ဖြစ်တာ သိပ်မကြားမိပါဘူး။ ခုလမ်းနဲ့လူကျင့်သားရလာလို့ ဖြစ်စဉ်နည်းလာတာတွေ့ရတယ်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးလမ်းကြီး ကတော့ အလေ့အထ အမူအကျင့်စရိုက်ဆိုးကြီးတစ်ခုကို အသွင်ဆောင်နေတယ်။ သူငြိမ်လွန်းလှရင် သတိထားနေရပြီ။ ကြုံလိုက်တာနဲ့ အတိုးရော အရင်းရော တန်အောင်ပေါင်းယူလိုက်သလို တွေ့နေရတယ်။ ခရီးသည်ကားမို့ ထိခိုက်မှုရာနှုန်းများတတ်ပါတယ်။ မဖြစ်ချင်အရှင်းဖြစ်လိုက်ရင်ဗျင်း။
ဒီလမ်းမှာ အဓိကအကြောင်းရင်းကတော့ အရှိန်များလို့ပါ။ စောစောကတင်ပြခဲ့သလို ဖြစ်လိုက်ရင်      ပြင်ဆင်ချိန်မရှိသလောက်နည်းပါတယ်။
ဘယ်ကားမောင်းမောင်းမောင်း အချိန်ကြာလာတာနဲ့အမျှ မြန်တယ်လို့မထင်တော့ပါဘူး။ ဒိုင်ခွက် လည်းမကြည့် ကိုယ့်ကိုကျော်တဲ့ကားနဲ့စံထိုးကြည့်ကာ မောင်းမိလျက်သားဖြစ်နေပါတယ်။ တကယ်လည်း ကီလို ၈၀-၉၀ မောင်းနေတဲ့ ကားကနောက်ဆုံးမှာပါ။ စဉ်းစားသာကြည့်ပေတော့။
မန္တလေးကိုသွားပို့တဲ့ ဟိုက်ဂျက်ခွေးဘီလူးဟွန်ဒါအက်တီဆို တဲ့ 660cc-သုံးလုံးထိုးကားလေးတွေ တောင်-၁၀၀ကျော်ကို ပုံမှန်မောင်းနေတာတွေ့ရပါတယ်။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး။နောက်ထပ် အကြီး အကျယ်ဖြစ်စဉ်တွေ ထပ်မဖြစ်ဖို့အရေး အစ်ကိုလည်း လေထဲကနေ လေနဲ့ပြောသတိပေးနေရုံကလွဲလို့ ဘာမှ မစွမ်းနိုင်ပါဘူး။ သက်ဆိုင်ရာတို့ကသာ စွမ်းဆောင်နိုင်လိမ့်မယ်။ ဖြစ်တော့မှအရေးပေါ် သတိပေးဆိုတာ ကောက်ရိုမီးပါ လူသေများတဲ့လိုင်းကို ပိတ်သိမ်းတယ်ဆိုတာလည်း ကြွက်မနိုင်ကျီမီးနဲ့ရှို့တာပါ။ သေချာတာကတော့ သေချာစွာလေ့ကျင့်ပေးထားတဲ့ ယာဉ်မောင်းများမရှိသလောက် နည်းပါးပါတယ်။ ဈေးကွက်လိုအပ်ချက်ကလည်း ကြီးတာကိုး။ ကားကုမ္ပဏီတွေကကား အသစ်ရောင်းရောင်းချင်းလောက်ပဲ။
How to use, How to maintain လောက်ပဲပြောပြကြတယ်။ သူတို့ ကားဘယ်လောက်ကောင်းလဲ ဆိုတာပဲ။ ဈေးကွက်မြှင့်တင်ကြပါတယ်။ သူတို့ကားကိုမောင်းမယ့်သူတွေကို အခြေခံလက်တွေ့သဘော တရားများ ရူပဗေဒသဘောတရားများ လူအများအသက်ကို စောင့်ရှောက်ပေးရမယ့်အမူအကျင့်များကို နီးနီးကပ်ကပ်ပေးနေကြတာ မမြင်မိပါဘူး။ လေယာဉ်မှူး၁ယောက် ကလည်း လူ၅၀လောက်ရဲ့အသက်ကို ကာကွယ်ဖို့တာဝန်ရှိလို့ သူတို့ရဲ့စိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေးကို အမြဲမပြတ်စစ်ဆေးပြီးမှ မောင်းကြရ သလို သက်ဆိုင်ရာလေယာဉ် အင်ဂျင်နီယာကလည်း ဒီလေယာဉ်ကြီးအစိတ်အပိုင်းများ စိတ်ချရမှပျံသန်းခွင့် ပေးကြပါတယ်။ နေ့စဉ်ရက်ဆက်လည်း ပေးမမောင်းပါဘူး။
ကားဒရိုင်ဘာတစ်ယောက်အဆင့်နဲ့ လေယာဉ်မှူးအဆင့်မနှိုင်းပါနဲ့လို့ စောဒကတက်ခဲ့ရင် ခုလော လောဆယ် ကားဒရိုင်ဘာကခရီးသည်အသက်တွေကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်များရမှာ သေချာပါ တယ်။ ကား၁စီး လူ၅၀နီးပါးပါ နေကြပါ။
လေယာဉ်တွေကလူမပြည့်လို့ တစ်ခေါက်မှ ၅ယောက် ၁၀ယောက်ပဲပါတတ်တာမို့ ကားရဲ့ခရီးသည်က ပိုများပါတယ်။ ကားလိုင်းရော မောင်းသူရောပိုတာဝန်ယူပေးရပါမယ်။ ဖြစ်လာတော့မှ မတော်တဆကို ဥုံဖွဆိုပြီး အာမခံကြေးပေးလျော်တာဟာ တာဝန်ကျေတယ်လို့ မယူဆပါကြောင်း…
ဒီလမ်းကြီးဘေးကင်းလုံခြုံဖို့ အခြေနေတစ်ခုကိုမရောက်မချင်း အစ်ကိုလည်း ကိုအ၀ှာပြောသလိုပဲ ကံသာအမိကံသာအဖပါလို့ စိတ်ပျက်အားငယ်စွာနဲ့ ပြန်လည်တင်ပြပေးလိုက်ရင်း ကားလိုင်းများနဲ့ကားမောင်း သူများ အသိပညာ အသိစိတ်ဓာတ် တိုးပွားလာအောင်မည်သို့ကြံဆောင်ပေးရရင် ကောင်းမလဲဆိုတာကို အမြဲ တွေးတောကြံဆလျက် ရှိပါတယ်။
ကျွန်တော်ပြောချင်တာကတော့ ဒါပါပဲ။ အော်မေ့လို့ ထိုင်ခုံခါးပါတ်သာမြဲမြဲစွာပတ်ထားပါ။ သတိနဲ့နိုး ကြားစွာကားစီးပါ။
Share on Google Plus

0 comments:

Post a Comment