အရပ်ပုလို့ စိတ်ညစ်မနေရလေအောင်







လူရယ်လို့ဖြစ်လာပြီဆိုတာနဲ့ သဘာဝကပေးထားတဲ့ ရုပ်ဆိုးခြင်း၊ ရုပ်ချောခြင်း၊ အရည်ရှည်ခြင်း၊ ပုခြင်း စတဲ့အရာတွေကို တစ်ယောက်နဲ့တစ်ယောက် မတူညီဘဲပိုင်ဆိုင်လာရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဖက်ရှင်နဲ့ ပတ်သက်လာရင်တော့ အရပ်ရှည်ခြင်း၊ အရပ်ပုခြင်းဆိုတာ စတိုင်ကျလှပလိုတဲ့ အမျိုးသမီးတွေအတွက် ပြဿနာတစ်ရပ်ဖြစ်လာပါတော့တယ်။ အရပ်ရှည်ပြန်တော့လည်း ''ကလန့်ကလား''၊ အရပ်ပုပြန်တော့ လည်း ''လူစဉ်မမီ'' စသဖြင့် ဘယ်လိုမှနေစရာမရှိအောင်ကိုပါပဲ။ ဒါပေမဲ့ အခုလို ဖက်ရှင်လာက အထွတ် အထိပ်ရောက်လာတဲ့အခါမှာတော့ အရပ်ရှည်ခြင်းကပြဿနာမဟုတ်တော့ပါဘူး။ အရပ်ပုတဲ့ အမျိုး သမီးတွေအတွက်တော့ ပြဿနာကရှိနေသေးပါတယ်။ 

ဘယ်လိုအရပ်ရှည်ချင်ယောင်ဆောင်မလဲ။  စိတ်မပူပါနဲ့။ အခုပြောပြမယ့် အချက်လေးတွေကို လေ့လာလုပ်ဆောင်ကြည့်ပြီး အရပ်ရှည်ချင်ယောင်ဆောင်ကြပါစို့။

ခန္ဓာကိုယ်ကို တစ်ရောင်တည်းခြယ်သပါ
ဆိုလိုချင်တာကတော့ အ၀တ်အစားကို အပေါ်အမည်းဆို အောက်လည်းအမည်း၊ အပေါ် အဖြူဆို အောက်လည်းအဖြူ ဆင်တူဝတ်ဆင်ခြင်းက ကိုယ့်ခန္ဓာကိုယ်ကို အရပ်ပုတာ ပိုပြီးပေါ်လွင်စေပါတယ်။

ခုံမြင့်ဖိနပ်စီးပါ
အရပ်ပုတဲ့လူတွေအတွက် အကောင်းဆုံးကတော့ ကိုယ်နဲ့လိုက်ဖက်ပြီး သက်တောင့်သက်သာဖြစ်မယ့် ခုံမြင့်ဖိနပ်ကို ရွေးချယ်တတ်ဖို့လိုပါတယ်။

ဘောင်းဘီ၊ စကပ်ရွေးချယ်တတ်ဖို့လိုပါတယ်
အရပ်ပုတဲ့ အမျိုးသမီးတွေအတွက် ဘောင်းဘီတို၊ စကပ် ၀တ်ဆင်ခြင်းကလည်း အရေးကြီးပါတယ်။ ဒူးဖုံးဘောင်းဘီ(3 Quarter)စကပ်၊ ခြေမျက်စိအပေါ်သာသာလောက်ပဲရှိတဲ့ ဘောင်းဘီရှည်၊ စကပ်ရှည်တွေဟာ လူကိုပိုပြီး ပုကွကွဖြစ်စေပါတယ်။ ခြေမျက်စိဖုံးနေတဲ့ ဘောင်းဘီရှည်၊ High heels ကို တစ်ဝက်လောက်ဖုံးနေတဲ့ဘောင်းဘီရှည်တွေကသာ အရပ်ရှည်သယောင်ထင်ရစေပါတယ်။ မီနီစကပ်၊ ရှော့ပန် တို့ဟာလည်း အရပ်ရှည်သယောင်ထင်ရစေပါတယ်။

အ၀တ်အစားရွေးချယ်ဝတ်တတ်ဖို့လိုတယ်
အရပ်ပုတဲ့အမျိုးသမီးတွေဟာ အ၀တ်အစားရွေးချယ်ဝတ်ဆင်တတ်ဖို့လိုပါတယ်။ တင်းကျပ်လွန်းတဲ့ အ၀တ်အစားတွေ၊ ပွချောင်လွန်းတဲ့ အ၀တ်အစားတွေဟာ လူကိုပိုပြီး ပုံပျက်ပန်းပျက်ဖြစ်စေပါတယ်။ ခန္ဓာကိုယ်နဲ့ ကွက်တိကျတဲ့ဝတ်စားဆင်ယင်မှုက အကောင်းဆုံးဖြစ်ပါတယ်။

အရောင်ရင့်ကိုဦးစားပေးပါ
အ၀တ်အစားအရောင်ရွေးချယ်ဝတ်ဆင်ရာမှာလည်း နက်မှောင်တဲ့အရောင်ရင့်တွေက လူကိုပိုပြီး ရှည်သွယ်စေပါတယ်။ သီအိုရီရှိတယ်မဟုတ်လား “Black is Slimming”တဲ့။

လိုက်ဖက်တဲ့အိတ် ရွေးချယ်တတ်ဖို့လိုပါတယ်
အရပ်ပုတဲ့အမျိုးသမီးတွေအတွက် Accessories ရွေးချယ်ခြင်းကလည်း အရေးကြီးပါတယ်။ ဥပမာ အိတ်ပေါ့။ Size အလွန်ကြီးနေတဲ့အိတ်တွေက ခန္ဓာကိုယ်ကို တိမ်မြုပ်သွားစေပြီး အရပ်ပိုပုသွားစေပါတယ်။ အဲဒါကြောင့် အိတ်ရွေးချယ်တဲ့အခါ ကိုယ်နဲ့တစ်သားတည်းဖြစ်နေမယ့်အိတ်ကို ရွေးချယ်ဝယ်ယူတာအကောင်းဆုံးဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပါစေ
ဘယ်လောက်ပဲ အရပ်ရှည်ရှည်၊ အရပ်ပုပု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ ကိုယ်ကိုမတ်မတ်လျှောက်ပါ။ မျက်လုံးနဲ့နှုတ်ခမ်းမှာ ပြုံးယောင်သမ်းထားပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment