ပတ်ဝန်းကျင် အပူချိန်လွန်ကဲနေခြင်းက ကားမီးလောင်ဖို့ အထောက်အကူများစွာ ပေးနိုင်ပါသည်





 
ယခုရက်ပိုင်းမှစပြီး တစ်ပြည်လုံး အပူချိန်သိသိသာသာ မြင့်တက်နေပါသည်။ နေ့လယ် ၁၁နာရီကစလို့ ညနေ၄နာရီခွဲလောက်အထိ တော်တော်ပူပါသည်။
ဒီတော့ပတ်ဝန်းကျင်တစ်ခုလုံး လေပူများသာဝိုင်းရံနေပါသည်။ ကားများအတွက် အင်ဂျင်ခန်း အပူချိန်/ အပူရှိန်မြင့်တက်နေပါသည်။
ဒါကြောင့်မို့ ကားအင်ဂျင်က ရေမဆူ အိုဗာဟိမတက်ခင် ရုတ်တရက်အင်ဂျင်ခန်း အပူချိန်လွန်ကဲကာ မီးထလောင်တတ်ပါသည်။ အဲကွန်းဖွင့်ချင်းမဖွင့်ချင်း အိပ်ဇောကျောက်ဇကာ ပိတ်ချင်းမပိတ်ချင်း ခွဲထားခြင်း ခွဲမထားခြင်းတို့နဲ့ တိုက်ရိုက်မသက်ဆိုင်ပါ။
အင်ဂျင်ခန်းအတွင်းရှိ ၀ါယာကြိုးများလောင်ကျွမ်းနိုင်ခြင်း၊ သက်တမ်းအို သက်တမ်းလွန်ဆီပိုက်များ ပေါက်လောင်နိုင်ခြင်းတို့ကြောင့် အင်ဂျင်ခန်းကစပြီး မီးလောင်တတ်ပါသည်။
ပရိုဘောက်မှ မီးလောင်တတ်သည် မဟုတ်တော့ပါ။ အခုဆိုရင် ကလူဂျာလိုကားမျိုးပါ လောင်နေ ပါတော့သည်။ မြို့ပြင်မှာ လေ၀င်လေထွက်ကောင်းနေရက်သားနဲ့ မောင်းလာရင်း အင်ဂျင်မပူ ရေမဆူဘဲ မီးထလောင်တတ်ပါသည်။ ပတ်ဝန်းကျင် အပူချိန်လွန်ကဲနေခြင်းက ကားမီးလောင်ဖို့ အထောက်အကူများစွာ ပေးနိုင်ပါသည်။
ကားမောင်းရင်း လျှပ်စစ်နဲ့ဆိုင်သော Power Supply များကို အလွန်အကျွံသုံးစွဲတာလည်း ယခု ရက်ပိုင်းမှာ တတ်နိုင်သလောက်လျှော့ချပါ။ အသေချာဆုံးက မီးသတ်ဆေးဘူးက ၁ဘူးမကဆောင်ထားပါ။ ထူးခြားမှုဖြစ်ပါက ကားသော့ကိုအမြန်ဆုံးပိတ်ပြီး ချွတ်လိုက်ပါ။ ဆီတိုင်ကီက တိုက်ရိုက်မောင်းပို့တဲ့ နငှ်ု ပန့်ကပရက်ရှာက တော်တော်များပါသည်။
စက်ရပ်သွားတောင် လက်ကျန်ဖိအားများနဲ့ ပန်းထွက်လာပါသေးသည်။ အကောင်းဆုံးကတော့ မနက်စောစောကားမောင်း နေပူလာရင်နား ညနေစောင်းမှ ကားပြန်ထွက် အဲမြင်ကွင်းမကောင်းတဲ့ ညလည်းမမောင်းနဲ့။ ဆိုင်ကယ် ဆိုက်ကားစက်ဘီးတို့ကိုလည်း သတိပြုရဦးမယ်။

သင်သည်
နေပြည်တော်အမြန်လမ်းမှာ စိတ်သွားတိုင်းလည်း ကိုယ်ပါနေ မောင်းနေတဲ့ ကားလေးကိုလည်း မှန်ပိတ်။
အဲကွန်းဖွင့် အော်ဒီယိုလေးကိုလည်း နားထောင်းရင်း သင့်နောက်က ကားတွေသင့်ကိုကျော်လာလို့ ကိုယ့်ကိုယ် ကိုယ်မြန်မှန်းမသိ မြန်လာခဲ့ရင် ဒိုင်ခွက်ကိုကြည့်မိလိုက်လို့ ဒီနှုန်းလောက် သင်ရောက်နေခဲ့ရင် ၁၁၅ မိုင် ရပ်နားကွင်းက အာရဖတ် နေပြည်တော်ရပ်နားကွင်းက အိပ်စ်ပရက်ဘတ်စ်ကားတို့ပုံကိုပါ တွဲလျက်မြင်မိပါစေ။


ကိုသက်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment