ငွေစ၊
ကြေးစတွေရွှင်လို့ တစ်ပတ်ရစ်ကားများဝယ်ဖို့ စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ ဒီအလုပ်က
ဘယ်လောက်ခေါင်းခြောက်စရာကောင်းလဲဆိုတာ အရင်သိထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် တစ်ပတ် ရစ်
ကားဝယ်သုံးခြင်းဟာ ကိုယ့်ကိုအဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းတွေ ပေးနိုင်တယ်ဆိုတာကို လည်း
တစ်ပြိုင်တည်း တွေးထားရမှာပါ။ အထူးသဖြင့် ဒါကပထမဆုံးအတွေ့အကြုံဖြစ်နေရင်ပေါ့။ ဒီနေရာမှာ
မဖြစ်မနေ လုပ်ရမယ့်အရာဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် ကားချစ်သူတွေအနေနဲ့ ကိုယ့်''ဟ''နဲ့ လာငြိတဲ့ကားကို ရုပ်ထွက်ပိုင်းအရ ဘယ်ရှုထောင့်ရွေးချယ်သင့်လဲဆိုတဲ့အချက်ကို
တင်ပြသွားပါမယ်။
တာယာတွေကိုစစ်မယ်
ရယ်စရာကောင်းလေစွလို့
ထင်ချင်စရာပါ။ ဒါပေမဲ့ ဒီလမ်းညွှန်ချက်ကို အငေါ်ထူးလို့ ရူးချာချာဖြစ်ရတဲ့ ကိစ္စမျိုးတွေ
တစ်ပတ်ရစ်တို့ဝန်းကျင်မှာ ''ပြောမဆုံးပေါင် တောသုံးထောင်''ပါပဲ။ အထူးသဖြင့် ကားဝယ်ရောင်း
တွေအတွက် သတိထားရမယ့်အချက်ဖြစ်ပါတယ်။ ကိုယ်ဝယ်မယ့်ကားက အကျိုးစီးပွားတွေ သူ့အတွက် အချိုးကျသုံးစွဲလိုက်ရလို့
ခိုးလိုးခုလု ဖြစ်ရပါလိမ့်မယ်။ သတိမလစ်သင့်တဲ့ အစိတ်အပိုင်းဖြစ် တယ်။ ''အမှိုက်ကစ ပြဿဒ်မီးလောင်''ဆိုတာမျိုးတောင်ရှိနေတယ်မဟုတ်လား။
ဆေးတွေများ မှားနေလား၊ ပိန်လိန်နေလား
ကားဝယ်ပြီးခါမှ
''ဟာ … မင်းဘော်ဒီကဆေးတွေ မှားနေတယ်'' လို့ အပြောခံရတဲ့အရသာလောက် ခါးသီးလှတာ မရှိပါဘူး။
အင်ဂျင်ပိုင်း ကောင်းတာ၊ ဆိုးတာ ခဏခေါက်ထား။ လူတိုင်းနီးပါးက ပထမဆုံး ကားရုပ်ထွက်မှုကိုကြည့်ပြီး
ဒီကားက လန်းတယ်။ မလန်းဘူး ဆုံးဖြတ်တတ်ကြလို့ပါပဲ။ ကားဘော်ဒီတွေ ပိန်ချိုင့်နေတာ၊ ခြစ်ရာတွေဗရပွနဲ့
ညစ်ထေးနေတာမျိုးတွေ ရှိမရှိကိုလည်း အထူးသတိထားရဦးမှာပါ။ ဒီလို အခြေခံအချက်တွေကို လူတိုင်းက
သိထားပြီးသားဖြစ်ပေမယ့် ကိုယ့်ချွေးနည်းစာလေးနဲ့ ၀ယ်ရတော့မယ့် ကားအတွက် သတိလွတ်မသွားရင်
အကောင်းဆုံးပဲမဟုတ်လား။ ကားဘော်ဒီကို လက်နဲ့ပွတ်ကြည့်သင့် ''ပွတ်''။ အ၀တ်စလေးနဲ့ သုတ်ကြည့်သင့်
''ကြည့်''လိုက်ပေါ့။ ''သတိ'' ဆိုတာ ပိုတယ်လို့မှမရှိခဲ့တာ။
နောက်ဖုံးတွေက လုံရမယ်
ကားရပ်ထားချိန်မှာ
အသားကျရှိနေလို့ ''ကောင်းသားပဲဟ''လို့ အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့ဦး။ တချို့အခြေအနေတွေမှာ
သူကပုံစံမပျက်ရှိနေတတ်ပေမယ့် ခရီးဝေးသွားတဲ့အခါ (အထူးသဖြင့် လမ်းကြမ်း)၊ မိုးသဲကြီးမဲကြီးရွာတဲ့အခါ
သူကကောင်းကောင်း ဒုက္ခပေးပါလိမ့်မယ်။ အသစ်ဆိုရင် သိပ်ကဂျီကဂျောင် မများပေမယ့် တစ်ပတ်ရစ်ကားကိုမှ
စဉ်းစားလိုကြသူတွေအတွက် မမေ့မလျော့ စစ်ဆေးသင့်ပါတယ်။ ''အဆက်''တွေမလုံလို့ ''ကွဲတာအက်တာ''တွေရှိနေလို့
ကိုယ်ကလုံခြုံပြီအမှတ်နဲ့ ပုံအပ်ထည့်ထားတဲ့အရာတွေ ရေစိုကုန်ရင် ကိုယ်ပဲစိတ်ညစ်ရမှာပါ။
ဖရိန်ကောင်းမှ ရမယ်
ကိုယ်ဝယ်မယ့်ကားက
တိုက်ကြေဖြစ်နေလို့ ဖရိန်ရွဲ့စောင်းနေတဲ့ဟာမျိုးဖြစ်မနေအောင် အထူးဂရုစိုက် သင့်ပါတယ်။
လူတစ်ယောက်အတွက် ကျောရိုးကအဓိကဖြစ်သလို ကားတစ်စီးအတွက် ဖရိန်မှမကောင်းရင် လွှင့်ပစ်ဖို့ပဲရှိတော့တာပါ။
ဒါကြောင့် စစ်ဆေးဝယ်ယူသင့်ပါတယ်။ ကားရှေ့ဘီးနဲ့ လေစစ်အပေါ်ပိုင်းက စရွေး ကိုက်ရှိနေလား။
တစေးဝင်ဖြစ်နေလားဆိုတာ ချိန်ကိုက်ကြည့်ရင် အတိုင်းအတာတစ်ခုအထိ အဖြေထွက် လာမှာပါ။ ပိုပြီးနားလည်တဲ့သူကို
စစ်ဆေးပေးနိုင်ရင်တော့ စိတ်အချရဆုံးဖြစ်ပါလိမ့်မယ်။ စိတ်ချရတဲ့ အခြေ အနေတစ်ရပ်မှာ ရှိနေရင်တော့
(ဥပမာ- ရေဆေးခုံမျိုး) ကားအောက်ကို ၀င်ကြည့်သင့်ပါတယ်။ ဖရိန်ကို တိုက်ရိုက်မြင်နိုင်သလို
အိတ်ဇောကိုလည်း ကောင်းမကောင်းတွေ့နိုင်လို့ ဖြစ်ပါတယ်။
အင်ဂျင်ကိုလည်း ပစ်မထားနဲ့
အင်ဂျင်အကြောင်း
အလုံးစုံနားမလည်ရင်တောင် ပေါက်ပြဲနေလား။ ဆီများစိမ့်နေပြီလားဆိုတာ သိရအောင်တော့ လေ့လာထားရမှာပါ။
စက်ဖုံးကို ဖွင့်လိုက်လို့ ကိုယ့်ကားအင်ဂျင်တုံးပေါ်မှာ ညိုညစ်ညစ် အကွက်ကြီးတွေ့လိုက်ရပြီဆိုပါတော့။
ဒါဆိုရင်တော့ သေချာနေပါပြီ။ ကက်စကက် (casket) ပေါက်နေတာ ပါပဲ။ ဒါဆိုရင်တော့ မကြာတော့မယ့်အနာဂတ်မှာ
ပိုက်ဆံကုန်ရဦးမယ်ဆိုတာ ဖွင့်မပြောလည်း သိထားဖို့ လိုအပ်တဲ့ အနေအထားဖြစ်ပါတယ်။ ပြီးရင်
ဘရိတ်ဆီယိုနေလား၊ အတွင်းပိုင်းက ခါးပတ်တွေလဲဖို့ လိုအပ်နေ လားဆိုတာကို တစ်ဆက်တည်းသာ
စစ်ကြည့်လိုက်ပါတော့။ ဟုတ်ကဲ့။ ပြုပြင်ဖို့ လိုအပ်နေပြီဆိုရင်တော့ ဒီကားကိုဝယ်ဖို့
ကိုယ်သုံးမယ့်ငွေနဲ့ ကိုက်၊ မကိုက်ချိန်ပါ။ မဟုတ်ရင် ဒါတွေ ပြင်ဆင်စရိတ်ကပဲ တစ်သိန်း
ဝန်းကျင်လောက် ထပ်ဆောင်းထွက်သွားပါလိမ့်မယ်။
အဲယားကွန်းအေးသေးလား
ရာသီဥတုအပူချိန်၊
ကားတွေက ထွက်လာတဲ့အပူရှိန်တွေကြောင့် ကိုယ်ပိုင်ကားစီးသူတစ်ယောက် အနေနဲ့ မဖြစ်မနေ အဲယားကွန်းဖွင့်ရတော့မှာပါ။
ခလုပ်တစ်ချက်နှိပ်လိုက်ရုံနဲ့ ကိုယ်တောင့်တတဲ့ အခြေအနေ တစ်ခု ဖန်တီးမပေးနိုင်ဘူးဆိုရင်တော့
ပိုက်ဆံကုန်ပေါက် ထပ်တိုးလာပါလိမ့်မယ်။ ဒါပေမဲ့ ဒါက ကြီးမားတဲ့ပြဿနာတစ်ရပ်တော့ မဟုတ်ပါဘူး။
ဒိုင်ခွက်ကို မေ့မထားနဲ့
သာမန်ကားဝယ်သူအများစုက
သူ့အခန်းကဏ္ဍကို မေ့ထားတတ်ပါတယ်။ လုံးဝမှားယွင်းတဲ့ အပြုအမူ တစ်ရပ်ဖြစ်ပါတယ်။ ကိုယ်ဝယ်မယ့်ကားက
တစ်ပတ်ရစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိနေလို့ ဒိုင်ခွက်ကို မဖြစ်မနေ စစ်ကိုစစ်ဆေးရမှာပါ။
ဒိုင်ခွက်ကိုကြည့်ခြင်းအားဖြင့် ကားရဲ့ပျမ်းမျှသက်တမ်းကို ခန့်မှန်းနိုင်မှာ ဖြစ်သလို၊
ဘယ်လောက်အထိ ဒီကားကိုအသုံးပြုထားတယ်ဆိုတဲ့ အချက်ကိုလည်း မှန်းဆနိုင်မှာဖြစ်ပါတယ်။ သာမန်ကားမောင်းသူတစ်ယောက်ကတော့
ပျှမ်းမျှတစ်နှစ်ကို မိုင်(၁) သောင်းနဲ့ (၁)သောင်းခွဲအကြား မောင်းနှင်တတ်ကြတာပါ။ (၁၀)နှစ်လောက်
သုံးထားပြီးသားဖြစ်ပေမယ့် ကားဒိုင်ခွက်ထဲက ဒိုင်ခွက်မှာ မိုင် အနည်းငယ်ပဲတက်နေမယ်ဆိုရင်
ဒီကားကို လက်လွှတ်မခံသင့်တော့ပါဘူး။
စမ်းမောင်းကြည့်ပေးပါ
အထက်က
အကြမ်းဖျင်းစစ်ဆေးမှုတွေလုပ်ပြီးလို့ အပြီးသတ်ဆုံးဖြတ်ချက်မချခင် ကားကို မပျက် မကွက်
စမ်းသပ်မောင်းနှင်ကြည့်ပါဦးလို့ ဆိုရပါမယ်။ ဖြစ်နိုင်ခြေရှိတာက ဒီနည်းဟာ ကားမ၀ယ်ခင်
ပြုလုပ်လေ့ ရှိတဲ့ စစ်ဆေးနည်းတွေထဲက အကောင်းဆုံးနည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို မောင်းနှင်ကြည့်မှုကနေ
''ကားက ဘက်လိုက်နေလား။ အောက်ပိုင်းတွေက ဘာပြင်စရာတွေရှိနေလဲ။ လက်ကိုင်ဘီးကရော အဆင်ပြေ
ရဲ့လား''စတဲ့ အခြေခံလိုအပ်ချက်တွေကို သိမြင်နိုင်မှာပါ။
အခြားအတိုအထွာများ
ဒီအချက်တွေ ပြည့်စုံနေရင်တော့ဝယ်ယူဖို့
နောက်ဆုံး ဆုံးဖြတ်ချက်ကို ချသင့်နေပါပြီ။ ဒါပေမဲ့ ဘရိတ် က ကိုယ်နင်းလိုက်သလောက် အလိုက်သင့်ပါလာရဲ့လား။
မာနေလား။ ဘရိတ်အုပ်လိုက်ချိန်မှာ အရှိန် သိသိ သာသာလျော့သွားအောင် ဒီဘရိတ်က လုပ်ပေးနိုင်လား။
စလစ်ဖြစ်နေလားဆိုတဲ့ အချက်လေးတွေကိုလည်း မှတ်သားထားပါ။ လိုတာရှိရင် ပြုပြင်ပါ။ ဂျွိုင့်တွေက
အသံထွက်နေသလားကြည့်ရပါမယ်။ နောက်ဆုံးအချက် အနေနဲ့ကတော့ မူလပိုင်ရှင်လက်မှာ ဒီကားကဘယ်လောက်အထိ
ကောင်းကောင်းအလုပ်အကျွေးပြုခဲ့ လဲမေးမြန်းပါ။ သူ့အနေနဲ့စိတ်ကျေနပ်မှုရှိခဲ့တယ်။ ပိုင်ရှင်အပေါ်
ကောင်းကျိုးပေးခဲ့တယ်လို့ပြောရင်တော့ တွေးမနေနဲ့ ၀ယ်လိုက်ပါတော့လို့ တိုက်တွန်းချင်ပါတယ်။
အထက်က အချက်တွေနဲ့လည်း ကိုက်ညီနေမယ် ဆိုရင်ပေါ့။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment