သင့်ရဲ့စမတ်ဖုန်းဟာ Android 4.0 နဲ့အထက်ရှိမယ်ဆိုရင်










သင့်ရဲ့စမတ်ဖုန်းဟာ Android 4.0 နဲ့အထက်ရှိမယ်ဆိုရင် ယခုဖော်ပြပေးမယ့် Call Planner ဆိုတဲ့ Apps လေးကိုအသုံးပြုပြီး အရေးတကြီးခေါ်ဆိုရမယ့်အစီအစဉ်တွေကိုချမှတ်ထားနိုင်မှာဖြစ်ပါတယ်…

ကျွန်တော်တို့ဟာတစ်ခါတစ်ရံ အရေးတကြီးဖုန်းခေါ်ဆိုမှုတွေပြုလုပ်ရမယ့်အခါမျိုးမှာ မေ့နေတတ်တာမျိုး မကြာခဏကြုံဖူးကြပါလိမ့်မယ်။ အလုပ်ရှုပ်နေလို့ပဲဖြစ်ဖြစ် ဂိမ်းဆော့နေရင်းအချိန်ကုန်မှန်းမသိ ကုန်သွား လို့ပဲဖြစ်ဖြစ်၊ စိတ်ရှုပ်နေတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် မဖြစ်မနေပြောဆိုရမယ့် ဖုန်းခေါ်ဆိုမှုတွေကို သတိမေ့သွား တတ်ကြပါတယ်။ 

ဒီလိုအပ်ချက်ကို ပြင်ဆင်ဖို့အတွက် သင့်ရဲ့စမတ်ဖုန်းဟာ Android 4.0 နဲ့အထက် ရှိမယ်ဆိုရင် ယခုဖော်ပြပေးမယ့် Call Planner ဆိုတဲ့ apps လေးကိုအသုံးပြုပြီး အရေးတကြီးခေါ်ဆိုရမယ့် အစီအစဉ်တွေကိုချမှတ်ထားနိုင်မှာဖြစ်ပါတယ်။ ဥပမာ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့မှာ အမှတ်တရစကားပြောဆိုဖို့ ဖုန်းဆက်ဖို့ မေ့သွားတာမျိုးမဖြစ်အောင် ကြိုတင်စီစဉ်ထားနိုင်သလို၊ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် သတိပေးစကားအချိန်မီပြောကြားနိုင်တာမျိုး ပြုလုပ်ထားနိုင်ပါလိမ့်မယ်။

ပထမဆုံး Google Play Store မှာ Call Planner ဆိုပြီး ရိုက်ထည့်ပြီးထည့်သွင်းလိုက်ပါ။ Apps ကိုဖွင့် လိုက်ရင် အရင်ဆုံးမြင်တွေ့ရမှာတော့ ဗလာဖြစ်နေတဲ့ Home Screen ပါပဲ။ ဘာကြောင့်လည်းဆိုတော့ သူ့ထဲမှာ ကိုယ်အသုံးပြုဖို့ ဘာအစီအစဉ်မှထည့်သွင်းထားခြင်းမရှိသေးတဲ့အတွက်ဖြစ်ပါတယ်။ အပေါ် ဆုံးက Call Planner ဆိုတဲ့ title bar နေရာမှာ (+) ပုံစံနဲ့သတိပေးချက်ထည့်သွင်းနိုင် မယ့်နေရာ (၂)ခုရှိပါတယ်။ ပထမတစ်ခုက To do list ဖြစ်ပြီး ကျန်တဲ့တစ်ခုကတော့ call Planner ဖြစ်ပါတယ်။

Call planner ထည့်သွင်းဖို့အတွက် ဒုတိယ (+) လေးကိုနှိပ်လိုက်ပါ။ ခုဆိုရင် Contact Name နဲ့ Phone Number ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ရှိပြီးသားဆိုရင် အဆင်သင့်ရွေးချယ်လိုက်ရုံပါပဲ။ ပြီးရင်ကိုယ် သတိပေးစေချင်တဲ့ အချိန်အတိအကျကိုရွေးချယ်ရပါမယ်။ ရွေးချယ်လိုက်တဲ့အချိန်ကာလအလိုက် ဘယ်လို သတိပေးစေချင်တာလဲဆိုတာ ထပ်မံသတ်မှတ်ပေးနိုင်ပါတယ်။ 

နေ့စဉ်လားအပတ်စဉ်လားစသည်ဖြင့် ရွေးချယ်ကာသတ်မှတ်ပေးရမှာဖြစ်ပါတယ်။ အားလုံးရွေးချယ်ပြီး သွားခဲ့ရင် အပေါ်ဆုံးက Done ကိုနှိပ်ပါမယ်။ Title bar ရဲ့ ညာဘက်ထောင့်စွန်းနားမှာ menu button လေးရှိပါတယ်။ အဲဒီကနေတစ်ဆင့် setting ထဲဝင်ကာ အသေးစိတ်အချက်အလက်တွေကို ထပ်မံပြင် ဆင်နိုင်ပါသေးတယ်။ ဒီနေရာမှာ notification အဖြစ်ဖော်ပြမယ့်အသံကို ပြင်ဆင်နိုင်သလို ဘယ်လိုပုံစံနဲ့ဖော်ပြမယ်ဆိုတာလည်း ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

App ရဲ့ဘယ်ဘက် အနားသတ်နေရာကိုဖိဆွဲလိုက်ရင် Call Planner တစ်ခုလုံးရဲ့ အသေးစိတ်အလုပ်လုပ်ပုံကိုတစ်နေရာတည်းကနေ ကြည့်ရှုစီမံခန့်ခွဲနိုင်တဲ့ menu ထပ်ပေါ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီကနေဘာတွေပြီးသွားပြီး ဘာတွေကျန်သေးတယ် အစရှိသဖြင့် ကြည့်ရှုနိုင်သလို လက်ရှိမှာဘယ်လို Call Plan တွေထည့်သွင်းထားသလဲဆိုတာလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

မင်းသုနောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment