Call tool box Pro ဟာ Android
OS Version နောက်ဆုံးဖြစ်စရာမလိုအပ်ဘဲ Apps တစ်ခုထဲထည့်သွင်းထားရုံနဲ့အသုံးပြုနိုင်ပါတယ်…
စမတ်ဖုန်းတွေမှာ
ပုံမှန်ဖုန်းခေါ်ဆိုနိုင်တဲ့လုပ်ဆောင်ချက်ဟာ နောက်ပိုင်းမှာ တဖြည်းဖြည်းပိုမို ကျယ်ပြန့် လာခဲ့ပါတယ်။
အထူးသဖြင့် Android OS Version မြင့်တဲ့ အမြင့်ပိုင်းစမတ်ဖုန်းတွေမှာဆိုရင် ဖုန်းခေါ်ဆိုမှု၊
လက်ခံပြောဆိုမှုကို ဖုန်းပေါ်ကဘာခလုတ်မှနှိပ်စရာမလိုဘဲဖြေဆိုနိုင်မယ့် Smart Call ဆိုတဲ့လုပ်ဆောင် ချက်တွေ
ပါဝင်လာတတ်ကြပါတယ်။ ဥပမာ ဖုန်းလာတာနဲ့ နားနားကပ်လိုက်တာနဲ့ ပြောဆိုနိုင်သလို နားနားကခွာလိုက်တာနဲ့
ဖုန်းချချင်တာမျိုး၊ အ၀င်ဖုန်းမကိုင်ချင်တဲ့အခါ မျက်နှာပြင်ကိုမှောက်လိုက်တာမျိုး၊
ဒါမှမဟုတ် ဖုန်းကိုလှုပ်ခါလိုက်တာနဲ့ ဖုန်းလက်ခံတာမျိုး၊ ဖုန်းချလိုက်တာမျိုး အစရှိတဲ့
အလိုလျောက် လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်လာတဲ့အခါ စမတ်ဖုန်းအသုံးပြုရတာ အလွန်လွယ်လာပြီး အဆင်ပြေလာခဲ့ကြပါတယ်။
ဒါ့အပြင် ဖုန်းခေါ်ဆိုတဲ့အသံအ၀င်အထွက်ကို မှတ်သားသိမ်းဆည်းထားနိုင်တဲ့လုပ်ဆောင်ချက်မျိုး၊
အရေးကြီးဖုန်းခေါ်ဆိုမှုတွေကို အချိန်နဲ့တစ်ပြေးညီသတိပေးနိုင်တာမျိုး၊ မလိုလားအပ်တဲ့ခေါ်ဆိုမှုတွေကို
တားမြစ်နိုင်တာမျိုး ပြုလုပ်ချင်တဲ့အခါ သီးသန့် မူလ Android OS မှာမပါဝင်တော့တဲ့အတွက်
သီးသန့် Apps တွေ ထည့်သွင်းကာ အသုံးပြုခဲ့ကြပါတယ်။ အခုအခါမှာတော့ ဒီလိုလုပ်ဆောင်ချက်တွေအားလုံးကို
စမတ်ဖုန်းအမြင့်ဖြစ်စရာမလို၊ Android OS Version နောက်ဆုံးဖြစ်စရာမလိုအပ်ဘဲ Apps တစ်ခုထဲထည့်သွင်းထားရုံနဲ့
အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
Call Tool box လို့ခေါ်တဲ့ Apps လေးဟာ ကိုယ့်ရဲ့ဖုန်းမှာ
proximity sensor ပါဝင်ရုံနဲ့ အသုံးပြုနိုင်တော့ မှာဖြစ်ပြီး အသုံးဝင်လှတဲ့ Smart
Call, Reminder, Call Recorder, Call Blocker, Call Recorder, Call Blocker, Auto
Anser, Schedule အစရှိတဲ့ လုပ်ဆောင်ချက်တွေအကုန်လုံး အသုံးပြုနိုင်မယ့်အပြင် Important
Call လို့ခေါ်တဲ့ အရေးကြီးဖုန်းတွေဆိုရင် ထပ်ပြီးခွဲခြားထားနိုင်မယ့် လုပ်ဆောင်ချက်တွေလည်း
ပါဝင်မှာဖြစ်ပါတယ်။
ပထမဆုံး Call
Toolbox ကို http://bit.ly/218KCPo ကနေရယူပါ။ ဒါမှမဟုတ်ရင်လည်း Play Store မှာ Call
Toolbox လို့ ရိုက်ထည့်ပြီးရှာဖွေကာထည့်သွင်းပါ။
ပထမဆုံး Call Toolbox ကို ဖွင့်လိုက်ရင် သူ့မှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကိုတစ်ခုချင်းစီမြင်တွေ့ရမှာဖြစ်ပါတယ်။
အပေါ်ဆုံးမှာရှိတဲ့ Call Toolbox ဆိုတဲ့ စာသားနဲ့ တည့်တည့်မှာတော့ လုပ်ဆောင်ချက်တွေအားလုံးအတွက်
အဖွင့်အပိတ်ပြုလုပ်နိုင်မယ့် power သဖွယ် ခလုတ်လေးတည်ရှိပါတယ်။ စတင်အသုံးပြုဖို့အတွက်
အဲဒီ button လေးကိုနှိပ်လိုက်ပါ။ အဲဒီလိုနှိပ်လိုက်ရင် Call Toolbox ဆိုတဲ့ စာတမ်းလေးပေါ်လာပြီး
အောက်မှာရှိတဲ့လုပ်ဆောင်ချက်တွေ တစ်ခုချင်းစီကို အဖွင့်အပိတ်လုပ်ပြီး စိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အရင်ဆုံးတွေ့ရတဲ့
Smart Call ဆိုတဲ့ menu လေးပေါ်ကို တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် သူ့ထဲမှာဖုန်းလာတဲ့ အခါ၊
ဖုန်းချလိုတဲ့အခါ ဘယ်လိုပုံစံနဲ့ အလိုအလျောက်အသုံးပြုနိုင်မယ်ဆိုတဲ့ လုပ်ဆောင်ချက်အသေး စိတ်ကို
ဝင်ရောက် ချိန်ညှိရမှာဖြစ်ပါတယ်။ ပြီးရင်တော့ back နဲ့ပြန်ထွက်ပြီး Smart Call ရဲ့ညာဘက်ထောင့်စွန်းနားက
On/ Off button လေးကိုနှိပ်ပြီး On ထားပါ။ ဒါဆိုရင် ကိုယ့်ရဲ့စမတ်ဖုန်းဟာ အရင်တုန်းကနဲ့မတူတော့ဘဲ
Smart Call Function ကို အသုံးပြုဖို့အဆင်သင့်ဖြစ်နေမှာဖြစ်ပါတယ်။ Smart Call နည်းတူ
အောက်ဘက်မှာရှိတဲ့ လုပ်ဆောင်ချက်တွေအကုန်လုံးကိုလည်း အလားတူတစ်ခုချင်းစီ ၀င်ရောက်ပြင်ဆင်
အဖွင့်/အပိတ်ပြုလုပ်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Menu ရဲ့အောက်ဘက်နားကိုဆက်သွားရင်တော့
တခြားအသုံးဝင်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Call Blocking ဆိုတဲ့ လုပ်ဆောင်ချက်ရှိပါတယ်။
ဒီလုပ်ဆောင်ချက်ကတော့ မလိုလားအပ်တဲ့ခေါ်ဆိုမှုတွေ၊ SMS တွေရဲ့ နှောင့်ယှက်မှုကနေ ကင်းဝေးဖို့အတွက်
အသုံးပြုနိုင်မှာဖြစ်ပြီး ဖုန်းနံပါတ်တစ်ခုချင်းစီအလိုက် အချိန်အခါအလိုက် block ထားနိုင်သလို
ဘယ်လိုနည်းလမ်းတွေနဲ့ block ထားမလဲဆိုတဲ့ block method တစ်မျိုးစီလည်းရွေးချယ်အသုံးပြုနိုင်ပါသေးတယ်။
Important
Call မှာတော့ ကိုယ့်ရဲ့ဖုန်းကိုအရေးကြီးတဲ့သူတွေပဲ ရွေးချယ်ခေါ်ဆိုနိုင်စေဖို့ ကန့်သတ်ထားနိုင် မှာဖြစ်ပြီး
ဘယ်လိုအချိန်မျိုးမှာ ဘယ်လိုပုံစံမျိုးနဲ့ ခေါ်ဆိုနိုင်မယ်ဆိုတာကို ရွေးချယ်ထည့်သွင်းရမှာဖြစ် ပါတယ်။
တကယ်လို့ urgent mode လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကိုဖွင့်ထားခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ဖုန်းကို တစ်စုံတစ်ယောက်က
silent လုပ်ထားသည့်တိုင် ၂ မိနစ်အတွင်းမှာ ၂ ကြိမ်ခေါ်လိုက်တာနဲ့ နောက်ထပ် ၁ နာရီအကြာမှာထပ်ခေါ်မယ့်
တတိယမြောက် Call ဟာ Silent mode ထဲကထွက်ပြီး အသံမြည်လာမှာဖြစ်ပါတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment