ဇိမ်ခံကားတစ်စီးဖြစ်ဖို့ ဘာတွေလိုအပ်ပါသလဲ။
ဒီလိုမျိုးမေးခွန်းရှိလာပြီဆိုရင်တော့ ပြည့်စုံအောင်ပြန် ဖြေကြားဖို့ အတော်လေးခက်ခဲပါလိမ့်မယ်။
ဘာကြောင့်လဲဆိုရင် ဇိမ်ခံကားတစ်စီးဖြစ်လာဖို့အတွက် လိုအပ်တဲ့ အချက်တွေ အမြောက်အမြားရှိနေတာကြောင့်ပါပဲ။
သက်သောင့်သက်သာရှိရမယ်။ စီးနင်းလိုက်ပါသူတွေ အတွက် လုံခြုံမှုပေးစွမ်းနိုင်တဲ့ အာမခံချက်ရှိရမယ်။
စတဲ့အချက်တွေအပြင် ကိုယ်ပိုင်အားသာချက်တစ်ရပ်စီနဲ့ ကားလောကမှာ ထိပ်တန်းဇိမ်ခံကားတွေအဖြစ်
ရပ်တည်နေနိုင်တဲ့ အမှတ်တံဆိပ်တွေ အမြောက်အမြားရှိနေ တာပါ။ နှစ်စဉ်နှစ်တိုင်း အကောင်းဆုံးဆိုတဲ့ကားတွေကို
စဉ်ဆက်မပြတ်မွေးထုတ်ပေးနေနိုင်တဲ့  ကားလောက မှာ ၂၀၁၆အတွက် ထိပ်တန်းဇိမ်ခံကားတွေအဖြစ်
သတ်မှတ်ခံထားရတဲ့ မော်တော်ကားတွေကိုဖော်ပြပေးလိုက် ပါတယ်။
Bentley Continental Flying Spur
Saloon
Continental
ဆိုတာက ဘန်တလေရဲ့စရိတ်ချွေတာပြီး ထုတ်လုပ်ထားတဲ့ကားမော်ဒယ်တွေကို အစွဲပြု မှည့်ခေါ်ထားတဲ့အမည်နာမဖြစ်ပါတယ်။
ဒါပေမယ့် ဘန်တလေစီးရီးထဲက တန်ဖိုးနည်းမော်ဒယ်အမျိုးအစားဆို ပြီး ဒီကားကိုအထင်သေးလိုက်ရင်တော့
လုံးဝမှားယွင်းသွားပါလိမ့်မယ်။ Bentley Continental Flying Spur Saloon ဟာ ဘန်တလေရဲ့အကောင်းဆုံးဆိုတဲ့ကားတွေထက်
မလျော့နည်းတဲ့ကောင်းမွန်ပြည့်စုံမှုတွေနဲ့ တည် ဆောက်ထားတဲ့ဇိမ်ခံကားအမျိုးအစားပါ။ ၂၀၁၆
ခုနှစ်အတွက် ရွေးချယ်ခဲ့တဲ့ အကောင်းဆုံးဇိမ်ခံ ဆလွန်းကား ဆိုတဲ့အမျိုးအစားထဲမှာ
Bentley Continental Flying Spur Saloon က ထိပ်ဆုံးနေရာကပါဝင်လာခဲ့ပြီး သူ့ရဲ့ အင်ဂျင်တည်ဆောင်ပုံနဲ့
အပြင်ပိုင်းအသွင်အပြင်တွေရဲ့ အတွဲအဖက်မိမှုကြောင့် အခုလိုနှစ်တစ်နှစ်ရဲ့ အကောင်းဆုံးစာရင်းထဲမှာ
ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ Twin Turbo အမျိုးအစားနဲ့ V8 အင်ဂျင်တပ်ဆင် ထားတာကြောင့်
ဆလွန်းဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေတဲ့ ဒီကားကို ပြိုင်ကားတစ်စီးအသွင်မျိုးဖြစ်အောင်
လည်း မောင်းနှင်နိုင်သေးတာပါ။
Porsche Panamera Hatchback
Porsche Panamera Hatchback ကားထဲကို ၀င်ထိုင်မိလိုက်ပြီဆိုတဲ့လူတိုင်း
ဒီကားထဲကပြန်ထွက်ဖို့ ငြင်းဆန်ရလောက်တဲ့အထိ အဘက်ဘက်က ဆွဲဆောင်မှုရှိအောင် တည်ဆောက်ထားပါတယ်။
ကားအကြောင်း လေ့လာကြတဲ့ ကျွမ်းကျင်သူတွေက ဒီကားဟာကားမောင်းနှင်သူတိုင်းရဲ့ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်ဖြစ်
တယ်လို့ ညွှန်းဆိုရလောက်အောင် ကျစ်လျစ်သွယ်လျပြီး လေကိုခွင်းရင်း အရှိန်အဟုန်ပြင်းပြင်းနဲ့ပြေးလွှားမယ့်
ဟန်ပန်မျိုးဖြစ်အောင် ဒီဇိုင်းဆင်ထားတာပါ။ တံခါး(၄)ပေါက်ပါတဲ့ကားအမျိုးအစားဖြစ်ပေမယ့်
Sports Type ပုံစံ မျိုးနဲ့ လူငယ်ဆန်အောင်ပြုလုပ်ထားတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့စတိုင်ကျလိုသူတွေအတွက်
အထူးသင့်လျော်ပြီး ဆူညံသံလည်းအနိမ့်ဆုံးဖြစ်အောင် ဖန်တီးထားပါတယ်။ Porsche က ထုတ်လုပ်လိုက်တဲ့
၂၀၁၆ မော်ဒယ်တွေ ထဲမှာ အကောင်းဆုံးလို့သတ်မှတ်ခံထားရပြီး ၂၀၁၆ခုနှစ်အတွက် လူကြိုက်အများဆုံးဇိမ်ခံကားဆိုတဲ့
ခေါင်းစဉ် အောက်မှာလည်း Porsche Panamera Hatchback က အကျုံးဝင်ခဲ့ပါတယ်။
Cadillac CT6
၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလမှာစတင်မိတ်ဆက်ခဲ့ပြီး
အချိန်တိုအတွင်းမှာပဲ ကမ္ဘာ့အကောင်းဆုံးကားအဖြစ် သက်မှတ်ခံခဲ့ရတဲ့ကားကိုပြပါဆိုရင် ဒီကားက
Cadillac CT6 ပဲဖြစ်ပါတယ်။ ထောင့်ချိုးတိုင်းကို အခြားခေတ်ပြိုင် ကားမော်ဒယ်တွေနဲ့မတူအောင်
ဖန်တီးထားတဲ့ CT6 ဟာ နောက်ဘီးယက် အမျိုးအစားကားဖြစ်ပြီး အလူမီနီယံ ကို အဓိကထားတည်ဆောက်ထားတယ်လို့လည်း
သိရတာပါ။ ကားအတွင်းပိုင်းမှာပါဝင်တဲ့အရာတိုင်းကို ဇိမ်ခံ ပစ္စည်းတွေနဲ့ချည်းပဲတည်ဆောက်ထားပြီး
တံခါးလေးပေါက်ပါ V6 အမျိုးအစားအင်ဂျင်တပ်ဆင်ထားပါတယ်။ CT6 ရဲ့ အဓိကဈေးကွက်နိုင်ငံတွေကတော့
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေလို့ သတ်မှတ်ခံထားရတဲ့ ဒူဘိုင်း၊ ဆော်ဒီအာရေဗျ၊ ဂျပန် စတဲ့
နိုင်ငံတွေအပါအ၀င် အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အမေရိက၊ ဥရောပနဲ့ ကိုရီယား၊ အစ္စရေးနိုင်ငံတို့ပဲဖြစ်ပါတယ်။
Maserati Quattroporte Saloon
အီတလီနာမည်ကျော်ကားထုတ်လုပ်သူ Maserait ရဲ့
အထူးခြားဆုံးထုတ်ကုန်တစ်ခုအဖြစ် Maserati Quattroporte Saloon သတ်မှတ်နိုင်မှာ အသေအချာပါပဲ။
ဘာကြောင့်လဲဆိုရင် အစဉ်အဆက်ပြိုင်ကား မော်ဒယ်တွေကိုသာ အဓိကထားထုတ်လုပ်ခဲ့တဲ့
Maserati က ဒီဆလွန်းကားကို ပရိသတ်နဲ့မိတ်ဆက်ပေးလိုက် ချိန်မှာလည်း အားလုံးရဲ့လက်ခုပ်သံတွေကို
ရယူနိုင်လောက်အောင် အကောင်းဆုံးဖန်တီးနိုင်ခဲ့တာကြောင့်ပဲဖြစ် ပါတယ်။ အခြားဇိမ်ခံကားတွေနဲ့ကွဲထွက်နေတဲ့ဒီဇိုင်း၊
ရှည်လျားတဲ့ဘောနပ်စ်အဖုံးတွေနဲ့ ဒီကားကအမြင့်ဆုံးစွမ်း ဆောင်ရည်တွေကို ထုတ်ပေးနိုင်လောက်အောင်လည်း
V8 အင်ဂျင်ကိုတပ်ဆင်ထားတာပါ။ နောက်ပြီး Maserati က သူ့အမှတ်တံဆိပ်တွေကိုမှ ကြိုက်နှစ်သက်တယ်ဆိုတဲ့သူတွေအတွက်
ရည်ရွယ်ပြီး V6 အင်ဂျင် ကိုလည်း ရွေးချယ်ဝယ်ယူနိုင်အောင် ထုတ်လုပ်ပေးထားပါတယ်။ ၁၉၁၄
ခုနှစ်မှာ ကုမ္ပဏီစတင်တည်ထောင်ခဲ့ ပြီး ဒီနေ့အထိ ပရိသတ်အခိုင်အမာရှိနေအောင် ဆွဲဆောင်ထားနိုင်မှုထဲမှာ
Maserati Quattroporte Saloon လို ကားမော်ဒယ်တွေက မှတ်ကျောက်တစ်ခုအနေနဲ့ ပါဝင်နေတာပါ။
Audi A8 Saloon
၂၀၁၆အတွင်း Audi A8 Saloon ဘာကြောင့်နာမည်ကျော်ခဲ့သလဲလို့မေးရင်တော့
အရင်ဆုံးအဖြေပေး ရမှာက သူ့ရဲ့အံ့မခန်းဖွဲ့စည်းပုံကြောင့်လို့ပဲဖြစ်ပါတယ်။ ဒီကားရဲ့ဒီဇိုင်းအမျိုးအစားက
ယဉ်သလိုနဲ့လှတယ်လို့ ဆိုရလောက်အောင် သူ့ထက်တန်ဖိုးနည်းတဲ့ကားတစ်ချို့က သူ့ကိုစံပြပုံစံထားပြီး
ဒီဇိုင်းမှာမှီးရလောက်အောင် အကောင်းမွန်ဆုံးပုံစံနဲ့တည်ဆောင်ထားတာပါ။ ဒါ့အပြင် အပူချိန်ကိုထိန်းညှိနိုင်စွမ်းရှိတဲ့ထိုင်ခုံတွေက
ကားမောင်းနှင်သူရော၊ စီးနင်းလိုက်ပါသူကိုပါ ပိုပြီးသက်သောင့်သက်သာရှိတဲ့ အခြေအနေမျိုး
ဖန်တီးပေးမှာဖြစ် ပါတယ်။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment