ဇိမ်ခံကားတစ်စီးဖြစ်ဖို့ ဘယ်လိုအချက်တွေလိုအပ်ပါသလဲ။
ဒီလိုမျိုးမေးခွန်းရှိလာပြီဆိုရင်တော့ ပြည့်စုံ အောင် ပြန်ဖြေကြားဖို့ အတော်လေးခက်ခဲပါလိမ့်မယ်။
ဘာကြောင့်လဲဆိုရင် ဇိမ်ခံကားတစ်စီးဖြစ်လာဖို့အတွက် လိုအပ်တဲ့အချက်တွေအမြောက်အများ ရှိနေတာကြောင့်ပါပဲ။
သက်သောင့်သက်သာရှိရမယ်။ စီးနင်းလိုက်ပါသူ တွေအတွက် လုံခြုံမှုပေးနိုင်စွမ်းတဲ့ အာမခံချက်ရှိရမယ်။
စတဲ့အချက်တွေအပြင် ကိုယ်ပိုင်အားသာချက်တစ်ရပ်စီ နဲ့ ကားလောကမှာ ထိပ်တန်းဇိမ်ခံကားတွေအဖြစ်ရပ်တည်နေနိုင်တဲ့
အမှတ်တံဆိပ်တွေ အမြောက်အမြားရှိနေ တာပါ။ နှစ်စဉ်နှစ်တိုင်းအကောင်းဆုံးဆိုတဲ့ကားတွေကို
စဉ်ဆက်မပြတ်မွေးထုတ်ပးနေနိုင်တဲ့ကားလောကမှာ 2016 အတွက် ထိပ်တန်းဇိမ်ခံကားတွေအဖြစ် သတ်မှတ်ခံထားရတဲ့မော်တော်ကားတွေကို
ဖော်ပြပေးလိုက်ပါ တယ်။
Mercedes S-Class
နာမည်ကျော် ကားထုတ်လုပ်တဲ့ မာဒီဒီးစ်ရဲ့နည်းပညာမြင့်မားမှုနဲ့
သက်သောင့်သက်သာရှိမှုတွေကို ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Mercedes S-Class ကားတွေကို
2016 ခုနှစ်ရဲ့ ပထမတန်းစားဇိမ်ခံကားများအဖြစ်
သတ်မှတ်ခံခဲ့ရပါတယ်။ ကားချစ်သူတွေ စီးနင်းမောင်းနှင်ဖူးသမျှ ဇိမ်ခံကားတွေထဲမှာ
Merce des S-Class ထက်ကောင်းတဲ့အမျိုးအစားမျိုး ရှာမတွေ့နိုင်လောက်အောင် ပြိုင်စံရှားကားလို့
ချီးကျူးခံထားရပြီး မြန်နှုးမြင့် မောင်းနှင်နေချိန်တွေမှာ လက်ကိုင်ဘီးကအစ၊ လီဗာတွေအဆုံး
တုန်ခါမှုလုံးဝမရှိသလို လေတိုးသံနဲ့ကားတာ ယာက ထွက်ပေါ်လာတတ်တဲ့ အသံမျိုးကိုတောင် ကြားရမှာမဟုတ်ဘူးလို့
ညွှန်းဆိုခံထားရတာပါ။ အင်ဂျင်ကို အထူးကောင်းမွန်အောင်တည်ဆောက်ထားသလို ဒီဇယ်နဲ့လျှပ်စ်နှစ်မျိုးစပ်ကားတွေကိုလည်း
ရရှိနိုင်မှာဖြစ်တဲ့ S-Class မော်ဒယ်တွေမှာ ထိုင်ခုံတွေလည်း အထူးပြုလုပ်ချက်တွေနဲ့
ဒီဇိုင်းဆင်ထားတာဖြစ်လိုပဲ ရာနှုန်းပြည့်နီးပါး ငြိမ့်ညောင်းမှုကို ခံစားနိုင်မှာဖြစ်ပါတယ်။
Bentley Mulsanne Speed
Mulsanne Speed ထဲမှာ ဘန်တလေက နောက်ဆုံးထုတ်လုပ်လိုက်တဲ့မော်ဒယ်ဖြစ်ပါတယ်။
Twin Turbocharged V8 အင်ဂျင်အမျိုးအစားဖြစ်တဲ့ ဆလွန်းကားတွေထဲမှာ ကမ္ဘာ့အကောင်းဆုံးအမျိုးအစားအဖြစ်
သတ်မှတ်ခံထားရတဲ့ ကားဆိုရင်လည်း မမှားပါဘူး။ ဗြိတိန်ထုတ်ကာားတွေထဲမှာ 2016 ရဲ့ အကောင်းဆုံး
ပြယုဂ်တစ်ခုတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ Muslanne Speek ဟာ တန်ဖိုးအကြီးဆုံး ကားအမျိုးအစားတွေ
ထဲကတစ်ခုဖြစ်ပြီး တစ်စီးကိုပေါင်(252,000) ကျသင့်မှာဖြစ်ပါတယ်။ ဒီဇိုင်း၊ ကျစ်လျစ်သိပ်သည်းမှုနဲ့
ဟန်ချက် ညီမှုတွေမှာ ပြိုင်စံရှားတဲ့ဒီကားမှာ ဂီယာ(၈)ချက်အထိ တပ်ဆင်ထားတယ်လို့လည်း သိရတာပါ။
Rolls-Royce Ghost
ကမ္ဘာ့အကောင်းဆုံးနဲ့ စတိုင်အကျဆုံး ကုန်အမှတ်တံဆိပ်တစ်ခုကို
ပေါင် (200,000) နဲ့ ၀ယ်ယူခွင့် ရမယ့် အခွင့်အရေးဟာ သူပေးစွမ်းနိုင်မယ့်အရာတွေနဲ့ နှိုင်းယှဉ်လိုက်ရင်
ဈေးသက်သာလွန်းအားကြီးနေတယ် လို့ မော်တော်ကားရေးရာသုံးသပ်သူတွေက ယူဆပါတယ်။ Rolls Royce Ghost ဟာ အဲဒီလောက်ချီးမွမ်းခန်း ဖွင့်ရလောက်အောင်
ပြီးပြည့်စုံတဲ့ အပြင်အဆင်၊ ညင်သာသိမ်မွေ့မှုတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။ ရိုးရှင်းမှုကိုအခြေခံထုတ်လုပ်ထားပေမယ့်
သူ့ဒီဇိုင်းပိုင်းက သိမ်မွေ့တဲ့ဆွဲဆောင်နိုင်စွမ်းကြီးမားပြီး ကားရဲ့ ကြီးမားကျယ်ပြန့်တဲ့
ဘော်ဒီတည်ဆောက်ပုံကြောင့် အိမ်ပေါ်မှာထိုင်နေရသလို တည်ငြိမ်မှုကိုလည်းခံစားနိုင်မှာ ပါ။
တံခါး(၄)ပေါက်ပါ V12 အင်ဂျက်တပ် ဒီကားအမျိုးအစားကို 2010 ခုနှစ်မှာ စတင်မွေးဖွားခဲ့တာဖြစ်ပြီး
အခြား ပြိုင်ဘက်ကားတွေနဲ့မတူတဲ့ သူ့ရဲ့ထူးခြားတဲ့အတွင်းပိုင်းက စိတ်ကူးယဉ်ဆန်ဆန်ဖန်တီးမှုတွေကြောင့်
လူကြိုက်များပါတယ်။ နန်းဆန်ပြီး လမ်းမပေါ်မှာ တခမ်းတနားဇိမ်ကျလိုသူတွေအဖို့ကတော့ သူ့အပြင်နောက်
ထပ်ရွေးချယ်စရာမလိုလောက်အောင် ပြီးပြည့်စုံတဲ့ကားအမျိုးအစားတစ်ခုအဖြစ် သတ်မှတ်ခံထားရတာပါ။
Range Rover
လမ်းကြမ်းမောင်းပုံစံနဲ့ထုတ်လုပ်ထားတဲ့ကားတွေကို
ဇိမ်ခံကားဆိုတဲ့ခေါင်းစဉ်အောက်မှာ ရွေးချယ်ခံရ တာဟာ ရှားရှားပါးပါးဖြစ်စဉ်တစ်ခုလို့
သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ နာမည်ကျော်ဗြိတိန်ကားထုတ်လုပ်သူဆိုတဲ့ နေရာကို သိမ်းပိုက်ထားနိုင်သူပါ။
ရွံ့နွံထူထပ်တဲ့နေရာမျိုးတွေမှာတောင် ဇိမ်ရှိရှိစီးနင်းနိုင်မယ့် ဒီကားတွေကို Land
Rover ကားကုမ္ပဏီက 1970 ပြည့်နှစ်တွေကတည်းက Range Rover ဆိုတဲ့ နာမည်နဲ့ထုတ်လုပ်ခဲ့တာ
ဆိုရင် မမှားပါဘူး။ ဒီနေ့နာမည်ကျော်အားကစားသမားတွေအပါအ၀င် နယ်ပယ်အသီးသီးကအောင်မြင်သူတွေ
မက်မက်စက်စက်စီးနင်းနေကြတဲ့ Range Rover ကားတွေကို ဒီဇယ်အင်ဂျင်နဲ့အပြင် ဓာတ်ဆီအင်ဂျင်နဲ့ပါစိတ်
ကြိုက်ရရှိနိုင်မှာဖြစ်ပါတယ်။ ကျစ်လျစ်ပြီးလူငယ်ဆန်တဲ့ ရုပ်ထွက်နဲ့ Range Rover ဟာ
အမြင့်အမျိုးအစားဖြစ် ပေမယ့် BMW 7 Series နဲ့ Audi A8 အမျိုးအစားမော်တော်ကားတွေမှာ
တပ်ဆင်ထားတဲ့ suspension စနစ်မျိုး တပ်ဆင်ထားတာကြောင့် အခြားဇိမ်ခံကားတွေလိုပဲ ငြိမ့်ညောင်းမှုတွေကို
အပြည့်အ၀ပေးစွမ်းနေနိုင်တာပါ။
အာကာထက်ဝေ
0 comments:
Post a Comment