ကားမတော်တဆမှုဆိုတာ
လူတစ်ယောက်ရဲ့ဘ၀မှာ ကြုံတွေ့နိုင်တဲ့အဆိုးဝါးဆုံးအဖြစ်အပျက်တွေ ထဲက တစ်ခုဖြစ်ပါတယ်။
ပြီးတော့ အန္တရာယ်အရှိဆုံးနဲ့ စိတ်ပျက်စရာအကောင်းဆုံးလို့ဆိုရင်လည်း မှား မှာ မဟုတ်ပါဘူး။
ဒါကြောင့် ကိုယ်တိုင်ကားမတော်တဆမှုတစ်မှုနဲ့ ကြုံတွေ့ရပြီဆိုရင် ဖြစ်နိုင်သမျှ အန္တရာယ်
နည်းအောင် ဘယ်လိုနေရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။ ဒါမှလည်း အသက်အန္တရာယ် ဒါမှမဟုတ်
ထိခိုက်ဒဏ်ရာရမှုက လွတ်ကင်းနိုင်မှာပါ။ ဒါပေမယ့် ခေတ်ပေါ်ကားတွေနဲ့ ယခင်ကတည်းက အသုံးပြုလာတဲ့
ကားတွေရဲ့တည်ဆောက်ပုံနဲ့ နည်းစနစ်တွေက ကွဲပြားမှုရှိတာကြောင့် ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတဲ့ သတင်းအချက်အလက်တွေကလည်း
ကွဲပြားခြားနားမှုတော့ရှိမှာ အသေအချာဖြစ်ပါတယ်။ ယာဉ်မတော်မဆမှု နဲ့ ရုတ်တရက်ကြုံတွေ့လိုက်ရရင်၊
မတော်တဆမှုတစ်ခုဖြစ်တော့မယ်လို့ ကြိုသိလိုက်ရတဲ့ အခြေအနေမျိုးကို ရောက်ခဲ့ရင် အံ့သြမှင်တက်ပြီး
ဘာမှမလုပ်နိုင်တာထက်စာရင်တော့ ဒီနည်းလေးတွေက နည်းနည်းဖြစ်စေ အသုံးဝင်မှာအသေအချာပါပဲ။
ခါးပတ်ပတ်ထားပါ
ကားမောင်းနှင်နေချိန်အတွင်း
ခါးပတ်ပတ်ဖို့က အရေးကြီးဆုံးလုပ်ဆောင်ရမယ့် အလုပ်တစ်ခုဖြစ်ပါ တယ်။ ခါးပတ်ပတ်ထားတာဟာ
ကားမတော်တဆမှုတစ်ခုဖြစ်ရင် အသက်ရှင်ကျန်ရစ်နိုင်တဲ့နည်းလမ်းတွေထဲ ကတစ်ခုဆိုတာ မေ့မနေသင့်ပါဘူး။
ဒီနေရာမှာ ခါးပတ်ကို ရင်အုံအလယ်တည့်တည့်နေရာမှာ ဗဟိုကျနေ အောင် တပ်ဆင်ထားနိုင်ဖို့
လိုအပ်သလို အောက်ဘက်မှာလည်း တင်ပဆုံရိုးအောက်ဘက်လောက်မှာရှိနေ အောင် သတိပြုရမှာပါ။
ကလေးတွေပါလာခဲ့ရင်လည်း သူတို့နဲ့သင့်တော်မယ့် အခြေအနေမျိုးနဲ့ ခါးပတ်မျိုး ပတ်ပေးထားသင့်ပါတယ်။
လုံခြုံရေးကို မပေါ့ဆပါနဲ့
နောက်ထပ်
အရေးကြီးတာတစ်ခုကတော့ ကားအတွင်းမှာပဲ ကိုယ့်ကိုအကာအကွယ်ပေးနိုင်မယ့် လုံခြုံရေးစနစ်မှန်သမျှကို
ပေါ့ဆမှုမရှိဘဲ အတိအကျလိုက်နာဖို့ လိုအပ်ပါတယ်။ ၁၉၈၀ကျော်၊ ၉၀၀န်းကျင် လောက်က ကားတွေမဟုတ်ရင်
ကားအတော်များများမှာ အန္တရာယ်ကကာကွယ်ပေးနိုင်တဲ့ စနစ်အတော်များ များ တပ်ဆင်ပေးထားသလို
ခါးပတ်၊ Head Support စတဲ့အရာတွေကို ပြည့်စုံလုံခြုံမှုရှိအောင် တပ်ဆင် ပေးထားတာပါ။
နောက်ပြီး ကားမ၀ယ်ခင် ကိုယ်ကဘယ်လိုကားမျိုးကို လိုချင်တာလဲ။ ကိုယ်ဝယ်ယူဖို့ ဆန္ဒ ရှိနေတဲ့
ကားကအခြားရွေးချယ်စရာတွေထက် အကာအကွယ်ပေးနိုင်စွမ်းမှာ ပိုကောင်းလား၊ လုံခြုံမှုလျော့နည်း
နေလားဆိုတာ ကြိုတင်စဉ်းစားထားဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်သူအချို့ကတော့ ဆီဒင်အမျိုးအစား
ကားတွေ နဲ့ SUV အမျိုးအစားကားတွေမှာ SUV တွေက ဆီဒင်တွေထက် ယာဉ်မတော်တဆမှုဖြစ်ရင် မှောက်နိုင်တဲ့
ရာခိုင် နှုန်းပိုများတယ်လို့ သုံးသပ်ကြတာပါ။ ဒီသတင်းအချက်အလက်က အသေးစိတ်မှန်ကန်လားမသိရပေမယ့်
သတိ ထားသင့်တဲ့ အချက်တစ်ချက်အနေနဲ့ ပြန်ဖောက်သည်ချလိုက်တာဖြစ်ပါတယ်။
အန္တရာယ်ရှိတဲ့ ပစ္စည်းများကို ဖယ်ရှားထားပါ
ဒီဘက်ခေတ်မှာ
ယာဉ်မတော်တဆမှုဆိုတာ ကိုယ်တိုင်ဘယ်လောက်ပဲ အန္တရာယ်ကင်းအောင် မောင်းနှင်နေပေမယ့် တစ်ဖက်လူရဲ့မဆင်မခြင်မောင်းနှင်မှုကြောင့်
အချိန်မရွေးဖြစ်ပွားလာတတ်တာမျိုးပါ။ ဒါကြောင့် ကြိုတင်မမြင်နိုင်တဲ့ ဒီမတော်တဆမှုဖြစ်လာရင်
ကိုယ့်ကိုဖြစ်နိုင်သမျှအန္တရာယ်ထဲက ဆွဲထုတ် နိုင်အောင် သတိထားပြင်ဆင်ထားရပါလိမ့်မယ်။
ဒီအထဲကတစ်ချက်ကတော့ ကားအတွင်းကကိုယ့်ကို အန္တရာယ်ပြုနိုင်မယ့် အသုံးအဆောင်ပစ္စည်းတွေကို
ဖယ်ရှားထားတာပါပဲ။ ဥပမာ-ဖန် အထူသားနဲ့ ပြုလုပ်ထား တဲ့ အလှကုန်ပစ္စည်းတွေ၊ ချွန်ရှလေးလံတဲ့အရာတွေကို
မလိုအပ်ဘဲ ကားထဲမှာထည့်မထားတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှမဟုတ်လို့ မဖြစ်မနေဆောင်ထားရမယ်ဆိုရင်လည်း
ကားမတော်တဆမှုဖြစ်လာရင် လူကို တစ်စုံတစ်ခုထိခိုက်မှု ဖြစ်မလာအောင် လူနဲ့ခပ်ဝေးဝေးနေရာမျိုး၊
ထိုင်ခုံတွေရဲ့နောက် စတဲ့နေရာမျိုးတွေမှာပဲ ရှိနေစေသင့်တာပါ။
လုံခြုံရေးစနစ်တွေကို အမြဲတမ်းစစ်ဆေးပါ
လေအိတ်၊
ခါးပတ်စတဲ့ သိသာထင်ရှားတဲ့ လုံခြုံရေးစနစ်တွေကစလို့ ကားအတွင်းမှာပါဝင်တဲ့ လုံခြုံရေး
စနစ်တွေအားလုံး ပုံမှန်အလုပ် လုပ်/မလုပ်တစ်ကြိမ်ဖြစ်ဖြစ် စစ်ဆေးကြည့်သင့်ပါတယ်။ ဘာကြောင့်လည်း
ဆိုရင် ယာဉ်မတော်တဆမှုဖြစ်တိုင်းမှာ လေအိတ်နဲ့ခါးပတ်တွေက လူကိုအန္တရာယ်ဖြစ်စေနိုင်မှုက
သိသိ သာသာ ကာကွယ်ပေးနိုင်တဲ့ အထောက်အထားတွေ ထင်ထင်ရှားရှား ရှိနေတာကြောင့်ပါပဲ။
ဒက်ရှ်ဘုတ်ပေါ် မှီမနေပါနဲ့
အရှိန်နဲ့ မောင်းနှင်နေတဲ့ကားတစ်စီး
မတော်တဆမှုဖြစ်ပြီဆိုရင် ယာဉ်အတွင်းမှာပါဝင်တဲ့လူတွေရဲ့ အသက်တွေကို အကာအကွယ်ပေးနိုင်ဖို့
လေအိတ်တွေက အလိုအလျောက် ပွင့်လာလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလေအိတ်က ကိုယ့်အတွက်အသက်ကယ်ပစ္စည်းမဟုတ်ဘဲ
အသက်အန္တရာယ်ကို ထိခိုက်သွားစေမယ့် ပစ္စည်းလည်း ဖြစ်သွားနိုင်တာကို သိထားရပါမယ်။ အကြောင်းကတော့
ယာဉ်မတော်တဆမှုဖြစ်ချိန်မှာ လေအိတ်တွေက ကားအတွင်းက အရှိန်နဲ့ထွက်ပေါ်လာတတ်တာဖြစ်လို့
ကိုယ်ကကား ဒက်ရှ်ဘုတ်ပေါ်ကို ခန္ဓာကိုယ်ကိုင်းညွှတ်ထားမယ်ဆိုရင် အရှိန်နဲ့ပြေးထွက်လာတဲ့
လေအိတ်ကြောင့် အသက်အန္တရာယ်ထိခိုက် သွားတာမျိုးတွေတောင် ဖြစ်သွားနိုင်တာကြောင့်ဘဲ ဖြစ်ပါတယ်။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment