မော်တော်ကားတွေရဲ့
ဘက်ထရီတွေ ဘယ်လောက်ကောင်းကောင်း အမြဲတမ်း အသုံးခံတယ်ဆိုတဲ့ ဘက်ထရီမျိုးတော့ မရှိခဲ့ဖူးပါဘူး။
ကိုယ့်ကားရှေ့မီး မှိန်နေပြီဆိုရင် ဘက်ထရီအိုးအသစ် မလဲလှယ်ဖြစ်တာ (၃)နှစ်ကနေ (၇)နှစ်
ကြာရှိနေပြီဆိုရင် (ဒါမှမဟုတ်) ဒေါက်ဝှီး(တစ်ချက်တည်းနိုး) နှိုးလို့မရတော့တဲ့ အခြေအနေမျိုးတွေနဲ့
ရင်ဆိုင်နေရပြီဆိုရင်တော့ သေချာပေါက် အိုးအသစ်လဲလှည်ရတော့မှာပါ။ ဒါတွေ ကတော့ မော်တော်ကားတွေရဲ့
ဘက်ထရီအိုးသစ်တောင်းဆိုခြင်း နိမိတ်ပုံတွေပါပဲ။ ဒီလို အခြေအနေ မျိုးဖြစ်လာရင် ကားကို
စိတ်တိုင်းကျဝန်ဆောင်မှုပေးတဲ့ ဆိုင်တစ်ဆိုင်ကို မောင်းသွား။ ဒီလိုမှမဟုတ်ရင် လည်း ကိုယ်တိုင်
လဲလှယ်။ ကားဘက်ထရီအိုးသစ်လဲတာဟာ ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်တိုင်လုပ်မယ်
ဆိုရင်တော့ ဒါလေးတွေကလည်း ကိုယ့်လုပ်ရည်ကိုင်ရည်ကို စိန်ခေါ်လာတတ်လို့ ဘယ်လိုလုပ်သင့်တယ်
ဆိုတာလေး အကြံပြုပါရစေ။
အိုးအသစ်လဲဖို့ လိုသလား
ဘက်ထရီအိုးက
ဘာခြူခြာနေတာလဲ။ ရေခန်းတာလား။ အားကုန်တာလား။ အမှန်တတကယ် အိုး အသစ်လဲဖို့ လိုအပ်နေတာလားဆိုတာ
အရင်စစ်ဆေးရပါမယ်။ အသစ်လဲဖို့ မလိုအပ်ဘူးဆိုရင်တော့ ဘယ် သူကမှ ဒါကြီးကို ပြုတ်လိုက်၊
တပ်လိုက်လုပ်နေဖို့အတွက် အချိန်ကုန်၊ ငွေကုန်ခံချင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ဘက်ထရီအိုးအခြေအနေ
ဘယ်လိုရှိလဲဆိုတာ သိရအောင် အချက်(၃)ချက်နဲ့ ချိန်ထိုး စစ်ဆေး ကြည့်ရအောင်ပါ။ ဘက်ထရီအိုးအတွင်း
ကန်လေးတွေထဲမှာရှိနေတဲ့ အဖြူရောင်ဖျော့ဖျော့ ဒါမှမဟုတ် အပြာရောင်ဖြစ်နေတဲ့ ဆာလဖိတ်တွေကို
မြင်နေရပြီလား။
ဒါဆိုရင်တော့ အဲဒီကန်လေးတွေကို ဖယ်ရှား လိုက်ပါ။ ဒါပေမဲ့ အရေပြားတွေကို
ထိခိုက်တတ်လို့ အကာအကွယ်နဲ့သာ ကိုင်တွယ်သင့်ပါတယ်။ နောက်တစ်ချက်ကတော့ ကားကိုအသုံးမပြုတာကြာရင်
ဖြစ်တတ်တာမျိုးပါ။ လျှပ်စစ်ဓာတ်အား အလို အလျှောက် ကုန်ခမ်းသွားတာဖြစ်ပါတယ်။ မိနစ်(၃၀)လောက်
သက်သောင့်သက်သာ မောင်းနှင်ပေးလိုက်ရင် ဒါမျိုးက အဆင်ပြေပါတယ်။ နောက်ဆုံး စစ်ဆေးကြည့်သင့် တာကတော့
''ကွိုင်''ကိုပါပဲ။ ''ကွိုင်''က ဂဂျီဂဂျောင် လုပ်နေရင်လည်း ကားမှာပြဿနာတွေပေါ်တတ်လို့
တစ်ခါတစ်လေမှာ ဘက်ထရီအိုးက ဖြစ်နေတာလို့ အထင် မှားတတ်ကြလို့ပါ။
အမှတ်တံဆိပ်ရွေးဝယ်
ကိုယ့်ကားနဲ့
ဘယ်အမျိုးအစားက သင့်လျော်မလဲဆိုတာ ယဉ်ပိုင်ရှင်တွေကသာ အသိဆုံးဖြစ်မှာပါ။ သာမန်အခြေအနေမျိုးမှာ
အများစုနဲ့အဆင်ပြေနေတတ်တဲ့ ဘက်ထရီအမျိုးအစားက ကိုယ်နဲ့လည်း သင့်လျော် မှာပဲလို့ ယူဆစရာရှိပါတယ်။
ဒါပေမဲ့ ကိုယ့်ကား မော်ဒယ်၊ အင်ဂျင်အရွယ်အစား၊ လျှပ်စစ် သိုလှောင်အား စတဲ့ အခြေအနေမျိုးတွေအတွက်
အထူးပြုထုတ်လုပ်ထားတဲ့ သီးခြားအမှတ်တံဆိပ်တွေကို ရွေးချယ်အသုံးပြု သင့်ပါတယ်။ ကားဘက်ထရီအိုး
လဲလှယ်တာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့ အချို့ဒေသတွေမှာတော့ ထူးခြားတဲ့ သတ်မှတ်ချက်
တချို့ရှိနေတာပါ။ ဒါကတော့ ဘက်ထရီအိုး အသစ်လဲလှယ်သူဟာ ၀ယ်တဲ့အိုးဆီကို အိုးအဟောင်းယူလာခဲ့ရင်
ဘက်ထရီအိုး အခွံဖိုးပေးစရာမလိုတာ ဖြစ်ပါတယ်။ တကယ်လို့ ဘာမှပါမလာရင် တော့ အိုးအခွံဖိုးအတွက်ပါ
ထပ်ဆောင်းပေးရတာပါ။
ဘက်ထရီအိုး မဖြုတ်ခင် ဘာလုပ်သင့်လဲ
ကားထဲက
ဘက်ထရီအိုးကိုမဖြုတ်ခင် ပထမဆုံးပြုလုပ်သင့်တာကတော့ ပတ်ဝန်းကျင်ကိုကြည့်ဖို့ပဲ ဖြစ်ပါတယ်။
ဥပမာ မြေပြင်ညီညာတဲ့ ဥယျာဉ်လိုနေရာမျိုးတွေမှာဆို အဆင်ပြေမှာပါ။ နောက်ပြီး လူတွေ၊ မီးဖွားလေးတွေ၊
မီးတောက်တွေနဲ့ ဝေးကွာတဲ့နေရာမျိုးတွေမှာဆိုရင် ပိုပြီးတော့ အဆင်ပြေပါတယ်။ အထူးသဖြင့် ဘက်ထရီအိုးဖြုတ်ယူဖို့လုပ်နေချိန်မှာ
ဆေးလိပ်သောက်မနေဖို့လည်း အရေးကြီးတာပါပဲ။ ဘက်ထရီနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေချိန်မှာ
လျှပ်စစ်ကြောင့် ဓာတ်လိုက်မှာတင် မဟုတ်ဘဲ ဆာထဖျူရစ် အက်ဆစ်ကြောင့် အရေပြားတွေလောင်မသွားအောင်လည်း
ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ လက်အိပ်ဝတ်ထားဖို့ လိုအပ်သလို မျက်လုံးကို ကာကွယ်ထားဖို့လည်း
လိုအပ်လှပါတယ်။
Cigarette Lightes ဖြုတ်ထားပါ
ဘက်ထရီအိုးလဲနေချိန်မှာ
Cigarette Lightes ကို ဖြုတ်ထားရပါမယ်။ ဒါအပြင် Cigarette Lightes ထည့်တဲ့ ဆော့ကက်ကိုလည်း
မန်မိုရီကီပါနဲ့ တွဲထားသင့်ပါတယ်။ ဒီလိုလုပ်ရတာကတော့ ဘက်ထရီအိုးကို ဖြုတ်လိုက်ချိန်မှာ
အချက်ပြစနစ်တွေ ပြတ်တောက်မသွားအောင်ပါ။
ဘက်ထရီအိုးအဟောင်းလဲပါ
ကားဘက်ထရီအိုးတွေဟာ
အများအားဖြင့် ကားဖရိန်တစ်ဖက် တစ်ချက်စီမှာ ရှိတတ်ပါတယ်။ သာမန်ကားတွေမှာပါဝင်တဲ့ ဘက်ထရီတွေကတော့
ငုတ်တိုင်လေးတွေကို ချိတ်ဆက်ထားတဲ့ ကြိုးနှစ်ချောင်းနဲ့ ပါ။ ဒါပေမဲ့ BMW လို တချို့မော်ဒယ်မြင့်ကားတွေမှာတော့
ကားနောက်ဖုံးထဲက အခင်းအောက်မှာ ဘက်ထရီအိုးကို ထားတတ်ပါတယ်။ ''ခရိုက်စလာ'' ကုမ္ပဏီထုတ်ကားတချို့ရဲ့
တည်ဆောက်ပုံကလည်း အခြားကားတွေနဲ့ တည်ဆောက်ပုံချင်းမတူလို့ ဘက်ထရီဖြုတ်လဲရင် အနည်းငယ်
အသစ်အဆန်းဖြစ်သွားမှာ အသေအချာပါပဲ။ ဒါ့အပြင် ပထမဆုံးလုပ်ရမှာက အဖိုငုတ်နဲ့ အမငုတ် ခွဲဖို့ဖြစ်ပါတယ်။
ခွဲပြီးရင်တော့ တစ်ဖက်ကို (၈)မီလီမီတာ (ဒါမှမဟုတ်) (၁၀)မီလီမီတာလောက် လျော့ချွတ်ရပါမယ်။
ဒီလိုအခြေအနေမျိုးမှာ ဘက်ထရီအိုး ငုတ်တိုင် တွေမှာ အဖို၊ အမသင်္ကေတတွေ ပျက်နေရင်လည်း
ပြန်မှတ်သားဖို့ မမေ့ပါနဲ့ဦး။ အထူးသဖြင့် အသစ်လဲဖို့ အစီအစဉ်မရှိရင် ဖြစ်ပါတယ်။ နောက်ဆုံးကားထဲက
ဘက်ထရီအိုးကို မထုတ်ပြီဆိုရင်လည်း သတိထားပါဦးလို့ ပြောချင်ပါတယ်။ အကြောင်းကတော့ ကားဘက်ထရီအိုးတစ်လုံးရဲ့
အလေးချိန်က ပေါင် (၃၀)ကနေ (၆၀) အကြား ရှိနေတတ်လို့ပါပဲ။
အိုးအသစ်ထည့်ပါ
ဘက်ထရီအိုးအဟောင်းကိုဖယ်ရှားပြီးရင်
အရင်ဆုံးလုပ်ရမှာက အိုးထားမယ့်နေရာကို သန့်ရှင်းရေး လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါက မလုပ်မဖြစ်
လုပ်သင့်တဲ့အရာပါ။ ဆိုဒီယမ်ကာဘွန်နိပ်ပါဝင်တဲ့ အရည်တစ်မျိုးနဲ့ ဆေးကြောပြီး ဘရပ်ရှ်နဲ့
ပွတ်တိုက်ပေးရပါမယ်။ ဒီနေရာမှာ ထိမိ၊ ခိုက်မိလို့ ပျက်စီးနေတာမျိုးတွေရှိနေရင်တော့
သက်ဆိုင်ရာစက်ဆရာတစ်ယောက်ယောက်ကို ခေါ်ပြီးပြင်ဆင်သင့်ပါတယ်။
ဘက်ထရီအိုးအသစ်ကို
သူ့နေရာနဲ့သူအသားကျအောင် နေရာချထားပြီးပြီဆိုရင် သူ့နေရာနဲ့ သူ အဖိုအမ ငုတ်တိုင်တွေနဲ့
ဝါယာကြိုးတွေကို မမှားအောင်ပြန်တပ်။ ၀က်အူရစ်တွေကို သေချာပြန်တပ်တာတွေ လုပ်ရပါပြီ။
ဝက်အူရစ်တွေကို ပြန်လည်တပ်ဆင်တဲ့နေရာမှာ မလျော့လွန်း၊ မတင်းလွန်းရှိနေဖို့လည်း အရေးကြီး
ပါတယ်။ လျော့လွန်းနေရင် လွတ်နေတတ်သလို အမှတ်မထင် အတင်းလွန်သွားရင်လည်း ငုတ်တိုင်တွေပဲ့သွား
တတ်တာကြောင့်ပါ။ နောက်ဆုံး အကုန်တပ်ဆင်ပြီးသွားရင်တော့ အပျက်အစီးမရှိအောင် ဘက်ထရီအိုးသစ်
အပေါ်ကို အင်ဂျင်ဝိုင်ပြန် ပေးသင့်ပါတယ်။
အသုံးမလိုတော့လို့ ဖြုတ်ထားလိုက်တဲ့
ဘက်ထရီအိုးကိုတော့ တန်းပြီးလွှင့်မပစ်သင့်ပါဘူး။ တချို့တွေ က ဘက်ထရီအိုးအဟောင်းဆိုရင်
လွှင့်ပစ်ဖို့လောက်ပဲ စိတ်ဝင်စားတတ်ပါတယ်။ တကယ် Recyclins Center တွေ ရှိနေရင် ပို့ထားသင့်တာပါ။
အမေရိကန်နိုင်ငံ တချို့ဒေသတွေမှာဆိုရင်တော့ ကိုယ့်ဆိုင်က ဘက်ထရီအိုး အသစ် ၀ယ်သွားချိန်မှာ
ပိုက်ဆံအပိုထပ် ဆောင်းကောက်ထားလေ့ရှိပြီး ဘက်ထရီအိုးအဟောင်း လာပို့ချိန်ကျမှ ငွေပြန်ထုတ်ပေးတဲ့စနစ်မျိုးလည်း
ရှိနေတာပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment