ကားဆိုတာ
အမှန်တော့ ဒလိမ့်တုံးကြီးကို ဖင်ခုထိုင်ထားတာ။ သူလိမ့်ရာကို လူက လူလည်ကျ စီးသွား တော့
လူသက်သာတာပေါ့။ ဘီးဆိုတာ ဒလိမ့်ပါပဲ။ လိမ့်သွားအောင် လုပ်လို့ရပါပြီတဲ့ ပြန်ရပ်ဖို့ လည်း
လိုသေး တယ်။ လိုသလို ရပ်နိုင်ရမယ်။ ဒါကိုဘရိတ်ဖမ်းတယ်လို့ ခေါ်လိုက်တာလူတိုင်းအသိ။ ပုံမှန်အတိုင်းလေးလည်း
ကြိုကြိုတင်တင်နဲ့ ရပ်လို့ရမယ်၊ ကြိုတင်မသိဘဲ ၀ုန်းဒိုင်းဆို အရေးပေါ် အခြေအနေတစ်ရပ်အတွက်လည်း
ရပ်တန့်အောင် လုပ်ပေးနိုင်ရမယ်။ ဒီလိုနဲ့လိမ့်နေတဲ့ဘီးတွေကို ရပ်အောင်လုပ်ပေးရတဲ့နည်းစနစ်များ
တစ်ခုပြီး တစ်ခုပေါ်နေပါတော့တယ်။ ဘယ်စနစ်ပဲပေါ်ပါစေ။ ကားများအတွက်ကတော့ ပါစကယ်ရဲ့ ဖိအားဆပွားနိယာမ
ကို ခုထိကျော်လွှားလို့ မရနိုင်သေးပါဘူး။ သူ့ကိုသာပိုကောင်းသထက်ကောင်း အောင်အမွှမ်းတင်နေကြပါ
တယ်။ ကနဦးအစလိမ့်နေတဲ့ ဘီးအားလုံးရပ်ဖို့လောက်ပဲတွက်ထားကြလို့ ခြေထောက်နဲ့နင်းတဲ့ မာစတာဆ
လင်ဒါတစ်လုံးတည်းကနေပဲ ဘီး ၄ ဘီးကို ဟိုက်ဒြောလစ်ဖိအား အညီအမျှပေးကာ ရပ်တံ့အောင်လုပ်ပေး
ထားကြတယ်။ ခြေနဲ့နင်းရကာ အားတစ်ခုကိုသုံးရတယ်။ ဒါနဲ့ ခြေအားနည်းနည်းလေးနင်းတာနဲ့ ပိုမိအောင်
ဒူယိုဆာဗိုအမျိုးအစားဆိုတဲ့ ဆာဗိုဘရိတ်စနစ်ကိုတီထွင်ခဲ့ကြပြန်တယ်။
သူ့စနစ်ကသိပ်ကောင်းပါတယ်။
ဒါပေမဲ့ အင်ဂျင်စက်နှိုးမှ အဆင်ပြေပါတယ်။ စက်ရပ်တာနဲ့ ရိုးရိုး ထက်ပိုမာသွားပါတယ်။ ဘရိတ်လည်း
အမိမကောင်းတော့ပါဘူး။ ဒါပေမဲ့ သူလည်းကားလောကမှာ ခုထိ ဘုရင်တစ်ဆူလိုရှိနေသေးပါတယ်။ ရိုးရိုးဘရိတ်ဖြစ်ဖြစ်
ဆာဗိုဖြစ်ဖြစ် ခေတ်မမီခဲ့တာကတော့ ဘီး၎ဘီးထဲ က တစ်ဘီးပေါက်တာနဲ့ ဘာဘီးမှမမိတော့တာပါပဲ။
ဒါကို နှုတ်ကျိုးစွာခေါ်လိုက်တာက ဘရိတ်ပေါက်ပါ သတဲ့ အရင်တုန်းက စစ်ကျန်ကားများဖြစ်တဲ့
ဂျစ်ကား၊ လင့်န့်ရိုဗာ၊ ချက်ဗလက်၊ ဒေါ့ဂျစ်တို့ဆို ဘာပေါက် သလဲ မမေးနဲ့။ နောက်ပိုင်းနည်းနည်းခေတ်မီလာတော့
ရှေ့ဘီးတစ်စုံအတွက် သီးခြားတစ်စုံ နောက်ဘီးတစ်စုံအတွက် သီးခြားတစ်စုံဆိုပြီး မာစတာဆလင်ဒါကို
လိုင်းခွဲထုတ်ပေးလိုက်တော့ ရှေ့ဘီးပေါက်ရင် နောက်ဘီးမိကျန်နေ ပါတယ်။ နောက်ဘီးပေါက်လည်း
ရှေ့ဘီးကျန်နေပါတယ်။ ဒါပေမဲ့ စွမ်းအားကတော့ တစ်ဝက်လောက်လျော့ ကျသွားပေမယ့် လုံးဝမမိတာနဲ့စာရင်တော်သေးတယ်။
ခြေထောက်နဲ့ နင်းလိုက်တဲ့ မာစတာဆလင်ဒါ ကတော့ ဘီးတွေကဆလင်ဒါလောက်တော့ မပေါက်ပါဘူး။
ဒီစနစ်တွေကောင်းသထက်
ကောင်းလာတော့ဘရိတ်တွေ အမိပိုင်လာတယ်။ ဟီးနိုးမာဇဒါ T-2000 ဟိုင်းလပ်ဆိုတဲ့ကားများ ဘရိတ်မိတာနာမည်ကြီးတယ်။
ဘရိတ်မိအားကြီးတော့ မကောင်းဘူးလား။
အရင်တုန်းကကောင်းတယ်
ထင်ထားပေမယ့် ခုနည်းပညာတွေ ခေတ်မီလာတော့ဘရိတ်အမိကြမ်းတာ မကောင်းပါခင်ဗျား။
ဒီလိုအမိကြမ်းတဲ့ကားများ
ဘရိတ်ဖမ်းလိုက်မှ ဒုက္ခရောက်ကုန်ရပါတော့တယ်။ ဘီး ၄ဘီးလည်နေ တဲ့ ဘီးများဇတ်ကနဲရပ်တာနဲ့
လမ်းနဲ့တာယာထိသံကလည်း-ကျွိ--အိ-အိ-ဗျိ-ဆိုပဲ။ ဒါနဲ့အတူ ကားကလည်း စတီယာရင် ဘယ်လိုကိုင်ကိုင်
သွားချင်သလိုသွားနေပါတော့တယ်။ ဘာကြောင့်လဲဆိုတာ သိချင်ရင် စိတ်ရှည်ရှည်နဲ့ ဖတ်ကြည့်
ရုပ်မြင်သံကြားမပေါ်ခင် ရေဒီယိုနဲ့ကက်ဆက်ဇာတ်လမ်းတွေမှာ မင်းသား ဖွန်ကြောင်ဖို့မောင်းလာတဲ့ကား
မင်းသမီးအိမ်ရောက်တော့ ကျွိအိအိဗျိ ဆိုတဲ့အသံကို ထည့်ပေးရတယ် မင်းသားကြူဖို့ရောက်လာတာကို
ကားဘရိတ်ဖမ်းတဲ့ အသံနဲ့ပြပေးလိုက်တာ ခုလိုပြောနေတာထူးခြားလို့ ပါမောင် ခုခေတ်မင်းသားဖွန်ကြောင်ဖို့စီးလာတဲ့ကား
မင်းသမီးအိမ်ရှေ့ရောက်လို့ ဘယ်လိုဘရိတ်ဖမ်းဖမ်း ကျွိအိအိဗျိ ဆိုတဲ့အသံမထွက်တော့ပါဘူး။
တကယ်ထူးခြားသွားပါတယ်။ ဒီလိုအသံထည့်ပေးလိုက်တဲ့ ဇာတ်ညွှန်းဆရာဆိုရင် နော့လစ်မရှိတဲ့ဆရာလို့သာ
သတ်မှတ်လိုက်ပါ။ ခုကားအားလုံးနီးပါးမှာ anti-lock braking system or anti-skid
breaking system (ABS) ဆိုတဲ့စနစ်ကိုထည့်သွင်း ပေးထားလိုက်လို့ပါ။ သူ့စနစ်က ဘာလဲဆိုတော့
ဘရိတ်အမိမကြမ်းအောင် လုပ်ပေးထားလိုက်တာပါ။ အထူးသတိထားရန်မှာ ကားမိတ်ဆွေ အပေါင်း မြဲမြဲမှတ်ထားပါ။
ဘရိတ်သည် ယာဉ်တစ်စီးလုံးကို ရပ်တန့်စေနိုင်သောအရာ
မဟုတ်
'ဘရိတ်သည်ဘီး၎ဘီးကို
သာရပ်တန့်စေနိုင်သောအရာဖြစ်ပါသည်'တဲ့ ဒါကိုဟုတ်လားမဟုတ်လား ပြော။ ဟုတ်တာမှသိပ်ဟုတ်တာပေါ့ဗျာ။
ဘရိတ်ကြောင့်ဘီး ၄ ဘီးရပ်တယ်။ ဘီးတွေဒရွတ်ဆွဲပြီးသွားလို့ လမ်းမှာ ကျွိအိအိဗျိဆိုတဲ့
အသံထွက်ပြီး ကတ္တရာလမ်းမှာ ဘရိတ်စင်းကြောင်းထင်ကျန်ခဲ့တာလေ။ ကားက ဘယ်မှာရပ်လို့လဲ။ ဘရိတ်မိလျက်နဲ့
တစ်ခုခုကိုဝင်တိုက်လိုတိုက် တစ်ဘက်ဘက်ကိုဆွဲသွားလိုသွား ဒီအချိန်မှာ စတီယာရင် ဆိုတာအလကား။
ဟုတ်တယ် မဟုတ်ဘူးလား။
တကယ်တော့
ပညာရှင်တွေ တွေ့ရှိထားတဲ့အချက်က ကားတစ်စီးလုံးအကောင်းဆုံးရပ်နိုင်တာက တော့ ဘီးတွေမရပ်ခင်အချိန်တဲတဲလေးအတွင်းပါတဲ့။
စိတ်ဝင်စားဖို့ တကယ်ကောင်းပါတယ်။ ဘီးတွေက လိုတာထက်ပိုပြီး အရင်ရပ်သွားရင် Dead
Stop ပေါ့။ ဒီလိုဖြစ်လိုက်တာနဲ့တစ်ပြိုင်နက် ကားကပြန်ရွေ့ပါဦးမယ်။ ဒီအချိန်ဒုက္ခဖြစ်တာပါပဲ။
ဘာပြုလို့လဲဆိုတော့ ကားကိုလိုရာထိန်းကြောင်းဖို့ ရှေ့ဘီးကိုအားကိုးနေရတာ ဘယ်ညာကွေ့တာနဲ့
ကားလည်းဆိုင်ရာကွေ့လိုက်တာပါပဲ။
ဒီလိုဖြစ်ဖို့ဟာ
ရှေ့ဘီးတွေကလည်နေပေးမှဖြစ်မယ်။ ခုတော့ ကျိန်းသေရပ်လိုက်တော့ လက်ကိုင် ဂွေစတီယာရင် ဘယ်ကွေ့ကွေ့
ကားကသွားချင်တဲ့နေရာကိုသာ သွားနေပါတော့တယ်။ လမ်းမျက်နှာပြင် အနု အကြမ်းကြောင့်ဖြစ်ချင်ဖြစ်မယ်။
ကားတာယာအထူအပါးကြောင့် ဖြစ်ချင်ဖြစ်မယ်။ ပွတ်မှုသဘောတရားအရ ဘယ်နဲ့ညာမတူနိုင်တော့ပါဘူး။
ဒါနဲ့ပဲ ဘရိတ်ဖမ်းရှောင်ခါမှ လမ်းကြောင်းပြောင်းကာ ၀င်တိုက်လိုတိုက် ဘေးဖက်ထိုးကျလိုကျနဲ့
ဖြစ်ကုန်ရတာပါ။
ဒါတွေကိုဖြေလျှော့စေဖို့
ABS ဘရိတ်စနစ်ပေါ်လာတယ်။ လည်နေတဲ့ဘီးတွေအားလုံးကလည်း အ ပတ်ရေတူမနေပါဘူး။ နှေးတဲ့ဘီး
နှေးမြန်တဲ့ဘီးမြန်နဲ့ပေါ့။ လည်နှုန်းညီနေရင် ကားတွေကွေ့မရပါဘူး ABS စနစ်က နည်းနည်းလည်တဲ့ကောင်ကို
နည်းနည်းညှစ် များများလည်တဲ့ကောင်ကိုများများညှစ်ဖိလိုက် ခွါလိုက်လုပ် ၁-စက္ကန့်အတွင်းမှာ
ဖမ်းလိုက်လွှတ်လိုက် အကြိမ်များစွာလုပ်နေကြတာ လူတွေမသိပါဘူး။ ကားကွန်ပြူကပဲ သိပါတယ်။
ဘီးတွေကပဲသိပါတယ်။ ဒီတော့ ပြောချင်တာက ဘီးတွေကအသေမရပ်တော့ ကားစတီရာရင်ကိုင်တဲ့ဘက်ကို
ဘီးတွေလားရာအတိုင်းသွားနိုင်လို့ ဘရိတ်ဖမ်းလျက်ရှောင်နိုင်တယ်။ ဘီးတွေ သာအသေရပ်သွားလို့ကတော့
ဘီးကွေ့ပေမယ့် ရှောင်လို့မရပါဘူး။ လိုရင်းပြောချင်တာ ဒါပါခင်ဗျာ။
ဒါတွေကို
ခုရန်ကုန်မှာ သက်သေပြနိုင်လားဆိုတော့ ABS ကောင်းကျိုးကြောင့် မီးပွိုင့်တွေမှာ အရှိန်လွန်တဲ့
ကားတွေဘရိတ်ဖမ်း လိုက်ရင် အမိကြမ်းတဲ့ဆာဗိုပါပေ မယ့်။ ကျွိအိအိဗျိဆိုတဲ့အသံလည်း မကြားသလောက်ပဲ။
ကတ္တရာလမ်းမှာလည်း ဘရိတ်ကြောင်းတွေမမြင်ရသလောက်ပါပဲ။
အဲ အဲ ဒါပေမဲ့
ဘရိတ် မမိ တမိအချိန်လေးမှာလောကြီးနေတဲ့ ကားတွေက ရှေ့ကား နောက်ပိုင်းတွေကို ကျွိအိအိအသံမပေးပဲ
ဒုန်းဆိုပြီး တိုက်မိကြပါတယ်။
လမ်းမှာအသုံးများတဲ့
ကားအဖြစ်များတာ သဘာဝပါ။ ပရိုဘောက်တက်စီ ၁၀ စီးမှာ ၇ စီးလောက် နောက်ဖုံး လေးတွေ ချိုင့်နေကြတာကို
တော်တော်မြင်လာရတယ်။ ခေးတို့မောင်းနေကြတဲ့ ၁၃၀၀ကားလေးတွေ ရှေ့ ဘန်မာလေးတွေ ပိန်ချိုင့်နေတာလည်း သက်သေပါပဲ။ ဆေးဘော်ဒီရုံအသီးသီးမှာ
ရှေ့ပိန် နောက်ချိုင့် ကားတွေလည်း လက်မလည်အောင် လက်ပူတိုက်ပေးနေရပါတယ်။ ဒါကြောင့် ကားမောင်းသူတွေအတွက်
သေချာ မှာကြားချင်တာကတော့ ဘရိတ်သည် ယာဉ်တစ်စီးလုံးကို ရပ်တံ့စေသောအရာမဟုတ်ပါ။ ဘီး ၎
ဘီးကိုသာ ရပ်တန့်နိုင်စေတဲ့အရာသာဖြစ်ပါတယ်။ ယာဉ်တစ်စီးလုံးကို ကျန်းမာပကတိ ချမ်းသာစွာအတိနဲ့
ရပ်တန့်စေနိုင် တာကတော့ ယာဉ်မောင်းသူသာလျှင် ပဓာနဖြစ်ပေလိမ့်မယ်။ မောင်းသူကျွမ်းကျင်မှုအရ
တုံ့ပြန်နိုင်စွမ်း အမျိုးမျိုးရှိကြလို့ ရှေ့ကားနောက်ကနေ ဘယ်လောက်ခွာရမယ်ဆိုတာ လိုင်စင်ယူတုန်းက
ဖြေဖူးထားလို့ မပြောတော့ပါဘူး။
အသေချာဆုံးက
စိတ်ချရတဲ့ အကွာအထိ ခွာလိုက်ပါ။ ပြောသာပြောလိုက်ရတာ စိတ်ချရတဲ့အကွာ အထိခွာမိပြန်တော့လည်း
ခေါင်းထိုးဝင်တဲ့ကားများကလည်း တစ်မှောင့်။ နောက်ဆုံးပြောချင်တာ ခေးတို့ ညေးတို့ ခုမှလက်သင်
Beginer လေးတွေ ကိုယ့်ရဲ့ရှေ့ကားနောက်ဘီးကို လည်နေတာမြင်ရတဲ့အကွာအဝေး အထိ သတိနဲ့ခွာမောင်းပါ။
မြို့ထဲမှာပြောတာ ကပ်အားကြီးနေရင် မိမိရှေ့ကကားနောက်ဘီးလည်နေတာ မမြင်ရရင် ကျွိအိအိဗျိဆိုတဲ့
အသံလေးမကြားရပဲ ၀ူး ဒုန်း ဆိုပြီး ဇာတ်လမ်းက မသန်းဖြစ်သွားပါလိမ့်မယ်။ ရုပ်ရှင်ထဲမှာ
ဒီလိုဆို မင်းသမီးနဲ့မင်းသားဇာတ်လမ်း စပေးလိုက်ပေမယ့် တစ်ကယ့်အပြင်မှာတော့ အချိန် ကုန်လူပန်း
ဒိုင်စားသွားပါလိမ့်မယ်။ အမြန်လမ်းမှာမောင်းရင်လည်း ဘရိတ်အားကိုးမမောင်းနဲ့ သင့်တော်တဲ့
အမြန်နှုန်းနဲ့သာ မောင်းပါ။ အော်တိုဖြစ်ဖြစ် အော်ရှည်ဂီယာဖြစ်ဖြစ် အရေးပေါ်အခြေအနေလိုအပ်ရင်
ဂီယာ ဒေါင်းနည်းကို ကျွမ်းကျင်သူထံမှသင်ကြားလေ့လာထားပါ။ ဘရိတ်အကြောင်းတော့ ဒီလောက်ပါပဲ။
ဟွန်းကတော့ တီးသင့်မှတီးပါ။ မလိုအပ်ဘဲတီးတာ
ဆဲတာနဲ့အတူတူပါပဲ။ ရိုင်းပြတဲ့အမူအရာပါ။ ဟိုက်ဝေးမှာတော့ ကိုယ့်ရှေ့ကကားကို သိအောင်အသိပေးဖို့
ဟွန်းတီးဖို့ လိုအပ်ပါတယ်။
ကိုသက်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment