ကားဆိုတာ လူသားတွေအတွက် အရေးကြီးတဲ့
အရာဖြစ်ပေမယ့် ကားတစ်စီး ပိုင်ဆိုင်ထားပြီဆိုရင်တော့ အနည်းနဲ့အများ အလုပ်ရှုပ်ရတာ အမှန်ပါပဲ။
စိတ်ချယုံကြည်မှုရှိအောင်နဲ့ သာမန်ဖြစ်ရိုး ဖြစ်စဉ် ပြဿနာတွေ မဖြစ်အောင်လို့ ကိုယ့်ကားကို
အသေးစိတ် ဂရုစိုက်ပေးရပါတယ်။ ကားအသစ်ထက် တစ်ပတ်ရစ်ကားက ပိုဂရုစိုက်ဖို့လိုအပ်ပြီး အခုဖော်ပြမယ့်
အချက်တွေ ကို လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ ကားပြင်ဖို့အတွက် ကုန်ကျမယ့် ငွေကြေးတွေကို
ဝပ်ရှော့တွေမှာ အချိန်ကုန် လူပန်းဖြစ်စရာမလိုဘဲ ကိုယ်တိုင်လည်း စိတ်ချမ်း သာရပါလိမ့်မယ်။
ကားကို ဂရုတစိုက် မောင်းနှင်ပါ
ကားစက်
စနှိုးနှိုးချင်းမှာ လီဗာကို အရှိန်ချက်ချင်း မမြှင့်သင့်ပါဘူး။ ကားစတင်မောင်းနှင်ချိန်မှာ
အင်ဂျင်ကို ပုံမှန် ဖြည်း ဖြည်းလေးပဲ မောင်းနှင်ရင် အင်ဂျင်ထိခိုက်မှာကို အလိုလိုကာကွယ်ပြီးသား
ဖြစ်သွားပါလိမ့်မယ်။
တစ်ပတ်တစ်ခါလောက်တော့ ကားကိုဆေးပေးပါ
ကိုယ့်ကားကို
သန့်ရှင်းတောက်ပြောင်အောင်ထားမယ်ဆိုရင် ပထမဆုံးရရှိလာမယ့် အကျိုးကျေးဇူး ကတော့ သံချေးမတက်၊
အက်ဆစ်မစားတာပါပဲ။ ကားရဲ့အတွင်းပိုင်းကိုလည်း သန်ရှင်းရေးလုပ်ဖို့မမေ့ပါနဲ့။ ဆော်ဒါ
နဲ့ သစ်သီးဖျော်ရည်တို့လို အရည်တွေက ကားအတွင်းပိုင်းထဲမှာ ဖိတ်စင်နေမယ်ဆိုရင် အဲဒါတွေက
ကာလာရင် အမှုန်အမွှားတွေ ဖြစ်သွားလေ့ရှိပါတယ်။ ကားဒက်ရှ်ဘုတ်ကိုလည်း နူးညံ့တဲ့ ရေစိုအ၀တ်လေးနဲ့
သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ဒက်ရှ်ဘုတ်ပေါ်က အပူခံပြားကိုယူပြီး ဘရပ်ရှ်နဲ့တိုက်ချွတ်ဆေးကြောပြီး
နေရာတကျပြန်မထားခင် နေပူထဲမှာခြောက်သွေ့အောင် လှန်းထားဖို့လည်း လိုပါတယ်။
ကားကိုအရောင်တင်ဖို့လည်း မမေ့ပါနဲ့
ကိုယ့်ကားကို
ပုံမှန်အရောင်တင်ပေးခြင်းအားဖြင့် သံချေးတက်တာကို အချိန်အတိုင်းတာတစ်ခုအထိ ကာကွယ်နိုင်သလို
ပတ်ဝန်းကျင်အညစ်အကြေးတွေနဲ့ ငှက်ချေးတွေလို ညစ်ပတ်တဲ့ အရာတွေကိုလည်း သန့်ရှင်းပြီးသားဖြစ်ပါလိမ့်မယ်။
နောက်ထပ် အားသာချက်ကတော့ သန့်ရှင်းတောက်ပြောင်နေတဲ့ ကိုယ့်ကား က အများအမြင်မှာ တင့်တယ်စေပါတယ်။
အင်ဂျင်ဝိုင်နဲ့ Filter တို့ကိုလည်း
ပုံမှန်လဲပေးပါ
ဒီနေ့ခေတ်
ကားပိုင်ရှင်တော်တော်များများက အင်ဂျင်ဝိုင်လဲဖို့ အရင်လို ရက်သိပ်မစိပ်တော့ပေမယ့်
အထူးသဖြင့် အသုံးပြုပြီးသား ကားတွေဆိုရင် အင်ဂျင်ဝိုင်ကို ပုံမှန်လဲပေးဖို့ လိုအပ်နေဆဲပါပဲ။
Filter ကို ပုံမှန်လဲပေးခြင်းအားဖြင့်လည်း ဆီထဲကို အညစ်အကြေးတွေ မရောက်ရှိစေတော့ပါဘူး။
ဒီလိုဆိုရင် ကိုယ့်ကားရဲ့ အင်ဂျင်သက်တမ်းကလည်း ပုံမှန်ထက် ပိုမိုတာရှည်ခံပါလိမ့်မယ်။
ကားတာယာတွေကို ဂရုစိုက်ပါ
ကားတာယာတွေကို
လေပေါင်ဖြည့်မယ်ဆိုရင် ဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ နောက်ပြီး ကားတာယာတွေကို လေပေါင်
ညီ မညီ ပုံမှန်စစ်ဆေးပေးရင် ဘီးချိန်ဖို့လိုအပ်နေပြီဆိုတာကိုလည်း အလိုလို သိနိုင်ပါတယ်။
ဒီလိုဆိုရင် ဘီးလည်း ဘေးကင်းစိတ်ချရမှာဖြစ်သလို တာယာတွေ အချိန်မတန်ခင် ပျက်စီးမှာ ကိုလည်း
ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
ကားအင်ဂျင်ကိုလည်း သန့်ရှင်းနေပါစေ
အနည်းဆုံး
ကိုယ့်ရဲ့ကားအင်ဂျင်ကို တစ်နှစ်တစ်ခါလောက်တော့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းနေတဲ့
အင်ဂျင်တစ်ခုဟာ အညစ်အကြေးတွေနဲ့ပြည့်နေတဲ့ အင်ဂျင်တစ်ခုထက် Heat တက်တာ ပိုနည်းပါတယ်။
အင်ဂျင်ကို ပုံမှန်သန့်ရှင်းရေးလုပ်ခြင်းအားဖြင့်လည်း အင်ဂျင်ထဲမှာရှိတဲ့ အစိတ်အပိုင်းတွေရဲ့
အနေအထားကို ပိုမိုသိရှိနိုင်ပါတယ်။ အထူးသဖြင့် လေ၀င်ပေါက်၊ Distributor နဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ
အစိတ်အပိုင်းတွေကို ကားအင်ဂျင်မနှိုးခင် ပလက်စတစ်အိတ်တွေနဲ့ သန့်သန့်ရှင်းရှင်းထားဖို့လည်း
လိုအပ်ပါ တယ်။ နောက်ပြီး အင်ဂျင်ကို ကြေးခတ်ဆေးသုံးပြီး သွားပွတ်တံနဲ့ တိုက်ချွတ်ဆေးကြောရပါမယ်။
ကားဘက်ထရီကို ပုံမှန်စစ်ဆေးပေးပါ
ကားရောင်းတဲ့ ကုမ္ပဏီတွေကတော့ ဘက်ထရီဟာ
ပုံမှန်ဆောင်ရွက်ပေးစရာမလိုဘူးလို့ အာမ ခံပေမယ့် ကိုယ့်အနေနဲ့ကတော့ သက်တမ်းပိုမိုကြာရှည်ခံဖို့အတွက်
ဘက်ထရီကို ပုံမှန်စစ်ဆေးပေးသင့်ပါ တယ်။ ပထမဆုံး ဘက်ထရီရဲ့မျက်နှာပြင်ကို သန့်ရှင်းနေအောင်ထားရမှာဖြစ်ပြီး
တကယ်လို့ လိုအပ်မယ် ဆိုရင်လည်း ကြေးချွတ်ဆေးတွေနဲ့ အ၀တ်စုတ်တစ်ခု အသုံးပြုဖို့ မမေ့ပါနဲ့။
နောက်ထပ် မမေ့မလျော့ လုပ်ရမှာကတော့ ဘက်ထရီမှာ အက်ကြောင်းရာတွေ ထင်လာတာ၊ လိုအပ်တာထက်
ပူလာပြီဆိုတာနဲ့ ဘက်ထရီကို လဲပေးသင့်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment