ကားမောင်းတဲ့လူတိုင်း အဆင့် ၂ ဆင့်ကို ဖြတ်သန်းရပါတယ်။











အဆင့် ၁
ကားမောင်းသင်ရမယ်။

အဆင့် ၂
ကားမောင်းလိုင်စင်ဖြေရမယ်။
အောင်ရင် လိုင်စင်ရပြီး ကားမောင်းလို့ရပြီပေါ့။
ကားလိုင်စင်ရတိုင်း ကားမောင်းတတ်တယ်လို့တော့ ထင်ရင်အမှားကြီးမှားသွားနိုင်ပါတယ်။
လိုင်စင်ကိုင်ထားပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းမသိသူတွေ ဒုနဲ့ဒေးပါ။
နိုင်ငံခြားမှာဆို လိုင်စင်ရဖို့ဆို ဒဲ့ပါကင်ကို ဘက်ဂီယာနဲ့ထိုးပြရတာ။ ပလက်ဖောင်းနဲ့ ၁ ပေ လောက်ပဲ ကွာလို့ ရတာ၊ ခဏခဏပြန်ပြင်ထိုးရင် မအောင်ပါဘူး။

ခုတော့သင့်ရဲ့ ကားမောင်းကျွမ်းကျင်မှုကို မေးခွန်းထုတ်သင့်နေပြီလားဆိုတာ စမ်းစစ်ကြည့်ရအောင်။
အောက်ပါနည်းလမ်းတွေကို Nicolas Cage တို့ Angelian Jolie တို့ကို ရုပ်ရှင်ထဲမှာကားအမြန်ဆုံး မောင်း မတိုက်အောင် မောင်းနည်းသင်ပေးတဲ့ဆရာBobby Ore လို့ခေါ်တဲ့ အမေရိကန်က စတန့်သမားကြီးက အကြံပေးထားတာပါ။ သာမာန်ကား မောင်းသူတွေလုပ်တတ်တဲ့ အမှားတွေကိုထောက်ပြပေးထားတာမို့ ကားမောင်းနေချိန် ကိုယ်ရောလမ်းပေါ်က တခြားသွားလာနေတဲ့လူတွေ ဘေးကင်းအောင် ပြင်သင့်တာပြင် လို့ရအောင်ပါ။

လက်ကိုင်ဂွေနှင့် နီးကပ်စွာ ထိုင်ခြင်း
အမှား
လူတော်တော်များများက လေအိတ်ကိုခေါင်းထဲမထည့်ထားတတ်ဘူး။
ရှိမှန်းတော့သိတယ်။
ကားတိုက်လို့ လေအိတ်ပွင့်ရင် နံရိုးကျိုးတာတွေ၊ မီးလောင်သလို အပူလောင်တာတွေပါဖြစ်တတ်တယ်။

ပြင်ရန်
ခန့်မှန်း ၁ ပေခွဲလောက်က ထိုင်ပါ။
 လေအိတ်ရဲ့သဘောက ကားတိုက်ရင် လူက လေအိတ်ကို ဆောင့်ရမှာဖြစ်ပါတယ်။
လေအိတ်က လူကိုတွန်းထုတ်တယ်ဆိုရင်တော့ ကားထဲကထွက်တာနဲ့ အနီးဆုံးဆေးရုံမှာ X Ray သွားရိုက်လိုက်ပါ။

တာယာလေပေါင်ကို ပုံမှန်မစစ်ဆေးခြင်း
အမှား
ကားသမားအများစုက တာယာလေကိုချိန်ဖို့ သက်သက်အချိန်ပေးရမှာကို ပျင်းနေကြပါတယ်။
နိုင်ငံခြားမှာဆို ဆီဆိုင်တော်တော်များများမှာ လေထိုးလို့ရတော့ သက်တောင့်သက်သာရှိတယ်။ ဒါတောင်မှ စစ်ဖို့ ပျင်းနေကြလို့ မူရင်း စာမူမှာအကြံပြုထားတာ။ ဒီမှာတော့ တကူးတကသွားရတာဆိုတော့ တော်တော်နဲ့ မသွားဖြစ်ဘူး။ တာယာရဲ့သဘောကပူဖောင်းလိုပဲ။ အရမ်းတင်းရင်ပွင့်မှာပဲ ကုန်တွေ လူတွေ အများကြီးတင် တာ။ လမ်းကပူတော့ အထဲကလေကပူပြီးပွတာ တာယာသက်တမ်းကုန်တာတွေက အဓိကသတိထားရမှာ။

ပြင်ရန်
ကားမသွားခင် လူ/ကုန်ဘယ်လောက်တင်မလဲဆိုတာ ချိန်ပြီးတော့ လေကိုသတ်မှတ်ပေါင်ချိန် ထက် ၂ ပေါင်လောက် လျော့လိုက်ပါ။ တအားလျှော့သွားရင်လည်း ကားကပိုရုန်းရလို့ ဆီဖိုးနဲ့မွဲနိုင်တယ်။
နေပူထဲတနေကုန်မောင်းမယ်ဆိုရင် တတ်နိုင်ရင်နိုက်ထရိုဂျင် ထည့်မောင်းပါ။

ဘရိတ်ကို တချိန်လုံးနင်းထားခြင်း
အမှား
ဘရိတ်မြန်မြန်ပါးပြီး ၀ပ်ရှော့ကို လုပ်ကျွေးချင်တယ်။ ဆီဆိုင်တွေကို လုပ်ကျွေးချင်တယ်ဆိုရင်တော့ အမှားလို့ မြင်လို့မရပါ။
ဘရိတ်အုပ်ရင် ကားကအရှိန်ပြန်ရအောင် ပိုရုန်းရတော့ ဆီကပိုကုန်ပါတယ်။

ပြင်ရန်
အော်တိုကားတွေမှာ ညာဘက်ခြေထောက်တစ်ခုထဲနဲ့ ဘရိတ်ကော လီဘာပါ အလှည့်ကျနင်းပေးပါ။ ရှေ့ဝေးဝေးကို ကြိုကြည့်ခြင်းအားဖြင့်လည်း မီးပွိုင့်လိုနေရာမျိုးမှာ လီဘာကြိုလျှော့ချလိုက်တော့ ဘရိတ် သိပ်မအုပ်ရတော့ပါ။

ဘေးမှန်များ အချိန်အဆ လွဲနေခြင်း
အမှား
လမ်းပြောင်းခါနီးနဲ့ ဘက်ဆုတ်တဲ့အချိန်တွေမှာ ဘေးမှန်ကအချိန်အဆလွဲနေရင် မျက်လုံးကန်းနေတဲ့လူ ကားမောင်းနေသလိုပါပဲ။ အခန့်မသင့်ရင် နောက်ဆုတ်တုန်း လူတိုက်မိတာတို့ လမ်းပြောင်းတုန်း သူများ ကား သွားပွတ်မိတာတို့ ဖြစ်လာနိုင်ပါတယ်။

ပြင်ရန်
ဘေးမှန်နှစ်ဖက်လုံးကို နောက်ကော ဘေးကော နှစ်ဘက်လုံး ထင်မြင်အောင်ချိန်ပေးပါ။
ဒီတစ်ခုကတော့သိပ်မခက်ပါဘူး။ (ကားမျှသုံးနေတဲ့သူတွေကတော့ ကသိကအောက်ဖြစ်နိုင်ပါတယ်)
လက်ကိုင်ဂွေကိုမှားယွင်းစွာ ကိုင်ဆောင်ခြင်း
အမှား
တချို့လူတွေက ကားလက်ကိုင်ကို နာရီရဲ့ ၁၀ နဲ့ ၁ နာရီနေရာမှာ ကိုင်ကြပါတယ်။ ကားတိုက်လို့ လေအိတ်ပွင့်ရင် ကိုယ့်မျက်နှာကိုယ် လက်သီးနဲ့ ထိုးသလိုဖြစ်ပါမယ်။
ပြင်ရန်
အမှန်က ၄ နာရီနဲ့ ၈ နာရီ နေရာမှာကိုင်ရမှာပါ။ လက်ကိုင်ဂွေကို လက်နှစ်ဖက်နဲ့ ခိုင်မြဲစွာဆုပ်ကိုင် ထားရပါမယ်။ လက်ဖ၀ါးနဲ့ပဲတွန်းထားမယ်ဆို အရေးကြုံတဲ့အခါ လက်ချော်ပြီး ကားကိုထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ၄ နာရီနဲ့ ၈ နာရီကို အမြန်လမ်းမှာကိုင်ရင် လူသက်သာနိုင်ပါတယ်။
၃ နာရီနဲ့ ၉ နာရီကို မြို့ထဲလမ်းမှာ ကိုင်သင့်ပါတယ်။
၂ နာရီနဲ့ ၁၀ နာရီခေတ်က လေအိတ်မပေါ်ခင်ခေတ်ကပါ။ ဘေးကင်းပါစေညီကို
ကိုသက်



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment