မင်္ဂလာကားတွေကို
ပန်းနဲ့အလှဆင်တာက လွယ်ကူရိုးရှင်းပါတယ်။ ဒါကိုလည်း အတော်များများက ထပ်ခါတလဲလဲ အသုံးပြုနေပြီး
စိတ်ကူးအပေါ်မူတည်ကာ ပုံစံအမျိုးမျိုးကွဲပြားခြားနားသွားပေမယ့် အခြေခံ ကတော့ အတူတူပါပဲ။
တစ်ဘ၀မှာ တစ်ခါပဲဆောင်ခွင့်ရှိတဲ့ မင်္ဂလာအခမ်းအနားအတွက် သတို့သမီး၊ သတို့သားတို့အနေနဲ့
အသေးစိတ်အချက်လေးတွေကအစ ထူးထူးခြားခြားဖြစ်ချင်ကြမှာ သေချာပါတယ်။ ဒီတော့ အလှပြင်ခန်းမကနေ
မင်္ဂလာဆောင်ရာ ဟိုတယ်ဆီသွားဖို့အတွက် မင်္ဂလာကား အသုံးပြုရာမှာ သာမန်အများသူငှာ ဖန်တီးနေကြပုံစံမျိုးကနေခွဲထွက်ပြီး
ထူးထူးခြားခြားဖြစ်အောင် ကားကိုပန်းတွေ မပါဘဲ အလှဆင်လို့ရပါတယ်။
ပန်းတွေနေရာမှာ ဘောလုံးတွေနဲ့အစားထိုးမယ်
အခုလိုခေတ်ကြီးမျိုးထဲမှာ
ပန်းအစစ်တွေသုံးတာထက် ပလတ်စတစ်ပန်းတွေ အသုံးပြုတာ ပိုမို ခေတ်စားလာပါတယ်။ မင်္ဂလာမောင်နှံအများစုကလည်း
တစ်ခါပဲသုံးရတဲ့ပွဲမျိုးမှာ ပန်းအစစ်တွေကို မ၀ယ်တော့ဘဲ အလှပြင်ဆိုင်၊ ပန်းအရောင်းဆိုင်တွေကနေ
ပလတ်စတစ်အလှပန်းတွေကိုပဲ ငှားလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ တချို့မောင်နှံတွေကတော့ အမှတ်တရအဖြစ်
သိမ်းဆည်းထားလို့ရအောင် ပန်း အစစ် ကိုပဲ ၀ယ်ယူလေ့ရှိပါတယ်။ ဒါပေမဲ့ ပန်းလေးတွေရဲ့နေရာမှာ
ရောင်စုံဘောလုံးလေးတွေကို ကားရဲ့အလှပြင် ပစ္စည်းအဖြစ် ပြောင်းလဲသုံးဆွဲနိုင်ပါတယ်။ ဒီလို
မင်္ဂလာကားကို ဘောလုံးလေးတွေနဲ့ အလှဆင်ရာမှာ မင်္ဂလာပွဲရဲ့အထိမ်းအမှတ်အရောင်တွေဖြစ်တဲ့
ပန်းရောင်၊ နံ့သာရောင်၊ ရွှေအိုရောင်စတဲ့ အရောင်အများစုကို အသုံးပြုသင့်ပြီး အလှဆင်ရာမှာလည်း
ကားမောင်းချိန်မှာ ဘောလုံးတွေပြုတ်ထွက်မသွားအောင် ကြိုးနဲ့ သေချာ ချည်ထားဖို့ လိုအပ်ပါတယ်။
အညွှန်းစာအုပ်တွေဖတ်ပါ
မင်္ဂလာမောင်နှံတွေအနေနဲ့
မင်္ဂလာဆောင်တဲ့အတွေ့အကြုံမရှိတာကြောင့် မင်္ဂလာကားကို ကိုယ်ပိုင် စိတ်ကူးနဲ့ ပုံဖော်ဖို့
အခက်တွေ့နေမယ်ဆိုရင် မင်္ဂလာကားအလှဆင်နည်းစာအုပ်တွေကို လေ့လာမှတ်သားနိုင်ပါ တယ်။ အဲဒီလိုဆိုရင်
ကိုယ့်ကားကိုပြီးပြည့်စုံအောင် ဘယ်လိုအလှဆင်ရမလဲဆိုတာ အလွယ်တကူ သိရှိနိုင်ပါ လိမ့်မယ်။
ပုံစံခွက်ထဲက ခွဲထွက်မယ်
မင်္ဂလာကားဆိုလိုက်တာနဲ့
လှပတဲ့ပန်းလေးတွေ၊ ရောင်စုံဖဲ ကြိုးလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ဒီဇိုင်းမျိုးကို အားလုံးပြေးမြင်ကြမှာ
သေချာပါတယ်။ ဒါပေမဲ့ မင်္ဂလာကားအလှဆင်ရာမှာ ကားရဲ့ပုံစံ၊ အမျိုး အစား၊ အရောင်နဲ့ ကိုယ်အလှဆင်ချင်တဲ့အရာပေါ်မူတည်ပြီး
ဟန်ချက်ညီဖို့က အရေးကြီးဆုံးပါပဲ။ ဒီလိုမှ ကားရဲ့ပုံစံနဲ့ဆင်ထားတဲ့ ပစ္စည်းတွေက ရှေ့နောက်ညီညွတ်ပြီး
အလှရသနှစ်မျိုးစလုံး ပြည့်ဝနေမှာပါ။
ဖြည်းဖြည်းမောင်းမယ်
အရေးကြီးဆုံးအချက်ကတော့
မင်္ဂလာကားကို ဖြည်းဖြည်းမောင်းနှင်ဖို့ပါပဲ။ ဒီလို ဖြည်းဖြည်း မောင်းနှင်ခြင်းအားဖြင့်
ကိုယ်ဒီဇိုင်းဆင်ထားတဲ့ မင်္ဂလာကားကို မင်္ဂလာဆောင်လာသူတွေအားလုံး သတိထားမိမှာဖြစ်သလို
ကိုယ်ဆင်ထားတဲ့ ဒီဇိုင်းတွေကလည်း မြဲမြံနေမှာသေချာပါတယ်။
အကောင်းဆုံးဖြစ်ချင်ရင် ၀န်ဆောင်မှုဆီအပ်
တကယ်လို့ တစ်သက်မှာတစ်ခါဆောင်ရတဲ့ မင်္ဂလာအခမ်းအနားအတွက်
ကိုယ့်ဘက်က အကောင်းဆုံး လည်း ဖြစ်ချင်တယ်။ မင်္ဂလာပွဲအတွက် တခြားကိစ္စတွေကလည်း ရှုပ်နေမယ်ဆိုရင်
အကောင်းဆုံးနည်းလမ်း ကတော့ မင်္ဂလာအလှဆင်ကားကို ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေဆီ တာဝန်ပေးလိုက်တာပါပဲ။
ဒါဟာ ကိုယ်တိုင်ဖန်တီးတာထက် ငွေကြေးကုန်ကျမှု ပိုမိုများပြားနိုင်ပေမယ့် ကိုယ့်ဘက်ကအချိန်ကုန်၊
လူပန်းမဖြစ်နိုင် သလို ကိုယ့်စိတ်ကူးထက်လည်း ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုမျိုး ရရှိမှာသေချာပါတယ်။
ဖြိုးတေဇာ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment