ဆီတွေနဲ့ချောနေတဲ့ လက်ကိုင်ဘီးမဖြစ်ဖို့ လိုတယ်








ကားတစ်စင်းကို သန့်ရှင်းရေးလုပ်ပြီဆိုရင်၊ ဒါမှမဟုတ် ရေဆေးခုံတင်ပြီဆိုရင် လက်ကိုင်ဘီးတွေကို များသောအားဖြင့် ကျော်သွားလေ့ ရှိကြပါတယ်။ ကားမောင်းနေသူတွေအပါအ၀င် ယာဉ်ပိုင်ရှင်တော်တော် များများဟာ ကိုယ့်ကားလက်ကိုင်ဘီးကို စက်ဆီတွေပေကျံနေပြီး ညစ်ပတ်နေစေဦးတော့ သန့်ရှင်းရေး လုပ် ရင် တခြားအရာတွေကို ဂရုစိုက်နေတတ်ပေမယ့် သူတို့ကိုတော့မေ့နေတတ်တာဟာ ဓမ္မတာလိုကို ဖြစ်နေတော့တာ ပါ။ တကယ်တော့ ညစ်ပတ်ပြီး စက်ဆီတွေ ဗရပွနဲ့ ဖြစ်နေတဲ့လက်ကိုင်ဘီးတွေက အရေးကြုံလာရင် လိုသလို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတတ်သလို ကိုယ့်ကားရဲ့ဦးတည်ရာကို ရုတ်တရတ် ပြောင်းလဲလိုရင် အခက်ခဲတွေရှိလာ တတ်တာပါ။ ဒါကြောင့် ဒီလိုမလိုအပ်တဲ့ အန္တရာယ်တွေဖြစ် မလာအောင် ကာကွယ်နိုင်ဖို့ လက်ကိုင်ဘီးတွေမှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ ဆီချေးတွေကို စနစ်တကျ ဖယ်ရှားတတ်ဖို့လိုပါတယ်။

ပလတ်စတစ်လက်ကိုင်ဘီး
တချို့ကားတွေမှာ လက်ကိုင်ဘီးတွေကို ပလတ်စတစ်အမာစားနဲ့ ဖုံးထားတတ်ကြပါတယ်။ ဒါပေမယ့် လက်ကိုင်ဘီးတစ်ခုလုံးကို ဖုံးအုပ်ထားတာမျိုးတော့ မဟုတ်ပါဘူး။ ယာဉ်ပိုင်ရှင်ရဲ့အကြိုက် ကိုလိုက်ပြီး တချို့က ကိုယ့်လက်ကိုင်ဘီးကို တစ်စိတ်တစ်ပိုင်းလောက်သာ ပလတ်စတစ်သားအုပ်ထားပေ မယ့် တချို့ကတော့ တစ်ခွေလုံးကို ပလတ်စတစ်ကာဗာနဲ့ အုပ်ထားတတ်ကြတာမျိုးပါ။ ဒါကြောင့် ဒီနေရာမှာ သူတို့ကို သန့်ရှင်းရေး လုပ်ပုံလုပ်နည်းကလည်း အမျိုးမျိုးကွဲပြားတတ်ပါတယ်။ 

လက်ကိုင်ဘီးတစ်ခုလုံးကို ပလတ်စတစ်သားနဲ့ အပြည့်အုပ်ထားရင်တော့ ရေနဲ့အရင်ကျင်း။ ပြီးရင် ဆပ်ပြာရေလေးနဲ့ တိုက်ချွတ်။ နောက်ဆုံးမှ ရေနဲ့အပြီးသတ် လောင်းပြီး သန့်ရှင်းရေးလုပ်လိုက်ရင် လုံလောက်ပါပြီ။ ပလတ်စတစ်အပြည့်အုပ်ထားတာဖြစ်လို့ ရေလောင်း ချိန်မှာ စိတ်ပူစရာမလိုသလို ဆပ်ပြာမြုပ်တွေစင်အောင်လည်း အေးအေးသက်သာ တိုက်ချွတ်ဆေးကြော နိုင်သေးတာပါ။ ဒါတွေ အားလုံးလုပ်ပြီးရင်တော့ နူးညံ့တဲ့အ၀တ်စတစ်ခုခုနဲ့ဖြစ်ဖြစ်၊ တဘက်နဲ့ဖြစ်ဖြစ် ရေခြောက် အောင်သုတ် လိုက်ရင် အားလုံးအဆင်ပြေပါပြီ။

ဒါပေမယ့် Polyurethane Coating (ဓာတုပစ္စည်းသုံး ပလတ်စတစ်အပါးသား)နဲ့ လက်ကိုင်ဘီးတွေ ကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင်တော့ ဂရုစိုက်ရတော့မှာ ဖြစ်ပါတယ်။ တချို့ပစ္စည်း တွေက (ဥပမာ-သစ်သား) မှာ အပေါ်ယံမျက်နှာပြင်ကို ဒါမှမဟုတ် Polyurethane Coating နဲ့ အချောသတ်ထားတာဖြစ်လို့ သူတို့ကို သန့်ရှင်းရေးလုပ်သူတိုင်းက သတိထားကိုင်တွယ်ရလေ့ရှိတာပါ။ ဒီလိုမျိုး ပလတ်စတစ်လက် ကိုင်ဘီးတွေဟာ သာမန်ပလတ်စတစ်သားတွေလိုပဲ ရေဆေးပြီး သန့်ရှင်းရေးလုပ်နိုင်သလို၊ ဆပ်ပြာနဲ့ပါ တိုက်ချွတ်ဆေးကြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို ကားရဲ့အခြားအစိတ်အပိုင်းတွေလိုမျိုး ပေါလစ် တိုက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ အကြောင်းကတော့ ဒီပလတ်စတစ်သားက ဓာတုနည်းပညာ သုံးထားတဲ့ အမျိုးအစားဖြစ်လို့ ပေါလစ်များသွားတိုက်လိုက်ရင် ငါးရှဥ့်ဆပ်ပြာတိုက်သလို တစ်လကိုးသီတင်း နီးပါး လက်ထဲကိုင်ထားလို့မရလောက်အောင် ချော်နေမှာမို့ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါလစ်တိုက်ခြင်းက သူတို့ကို သာမန်အခြေနေမျိုးမှာထက်ပိုပြီး ညစ်ပတ်လွယ်စေလို့လည်း သတိချပ်သင့်တာပါ။

ရိုးရိုးပေါလစ် သုံးမယ်
ကိုယ့်ကားက တန်ဖိုးကြီးရှေးဟောင်းကားတစ်စင်းဖြစ်နေရင်။ နောက်ပြီး လက်ကိုင်ဘီးတွေ ကို လည်း သစ်သားနဲ့ပြုလုပ်ထားမယ်ဆိုရင်တော့ နေရာကျပါပြီ။ ဒီနေရာမှာ သာမန်ပရိဘောဂပစ္စည်းတွေ အတွက် အသုံးပြုတဲ့ ပေါလစ်ဆီနဲ့တောင် သူ့ကိုသန့်ရှင်းရေးလုပ်ဖို့ အဆင်ပြေနေတာကြောင့်ပါပဲ။ သစ်သားလက်ကိုင် ဘီးအတော်များများဟာ အသုံးပြုသူတွေအတွက် အဆင်ပြေစေမယ့် အသားမသေတဲ့ သစ်သားနဲ့လုပ်ထားတဲ့ လက်ကိုင်ဘီးနဲ့ သွားတွေ့ရင်တော့ နည်းနည်းဂွကျတတ်ပါတယ်။ ဒါပေမယ့် ရှေးကျတဲ့ကားတွေမှာ လက်ကိုင်ဘီးတွေက အော်ရီဂျင်နယ်အတိုင်း ရှိနေတတ်ပါတယ်။ တချို့ကတော့ သူတို့သစ်သား လက်ကိုင်ဘီးတွေကို အနံ့ထွက်တာ၊ လွယ်လွယ်ကူကူနဲ့ ကျိုးကြေသွားတာဆိုတဲ့ အကြောင်းပြချက်နဲ့ တကူးတက သန့်ရှင်းရေးလုပ်ခဲ့ကြတာပါ။ ထူးခြားတာကတော့ ဒီလိုလူတွေတောင် သူတို့လက်ဘီးတွေကို ပရိဘောဂပစ္စည်းတွေအတွက် အသုံးပြုတဲ့ ပေါလစ်ဆီကို အသုံးပြုကြတယ် ဆိုတာပါပဲ။

အလူမီနီယံပေါလစ် အခန်းကဏ္ဍ
တချို့ကား လက်ကိုင်ဘီးတွေကတော့ အလူမီနီယံနဲ့ အသုံးပြုထားတာပါ။ ဒါကြောင့် ဒီလိုလက်ကိုင် ဘီးတွေကိုတော့ အလူမီနီယံပေါလစ်နဲ့ပဲ အရောင်တင်သင့်ပါတယ်။ အလူမီနီယံသားနဲ့ လုပ်ထားတဲ့ လက်ကိုင်ဘီးတွေမှာ Polyurethane Coating မပါလို့ လွယ်လွယ်ပေါက်ပြဲသွားမှာလည်း မကြောက်ရပါ ဘူး။ သူတို့ကလည်း ဘရပ်(ရှ်)နဲ့ သန့်သန့်ရှင်းရှင်းလုပ်ရင် အဆင်ပြေလို့ ဖြစ်နိုင်ရင်လုပ်ပေး သင့်ပါတယ်။ ဒါ့အပြင် ဒီအသားတွေကို ပေါလစ်တင်ရင် အများကြီးတင်စရာမလိုဘဲ ဒင်္ဂါးပြားသာသာလောက် ပမာဏကို ဂွမ်းတဘတ် လေးပေါ်တင်ပြီး တိုက်ချွတ်ပေးရင် အလုပ်ဖြစ်တာပါပဲ။ အားလုံးပြီးသွားရင်တော့ အ၀တ်စအသန့်နဲ့ကြွင်းကျန် ခဲ့တဲ့ ပေါလစ်အစအနတွေကို လိုက်သုတ်ပေးလိုက်ရင် ကိုယ့်လက်ကိုင်ဘီးက အတော်လေး သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ သန့်ရှင်းရေးမလုပ်ဘဲ ပစ်ထားတဲ့လက်ကိုင်ဘီး ဖြစ်နေရင်တော့ အကြိမ်ကြိမ် အထပ်ထပ် ပေါလစ်တင်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှ အရောင်တက်လာ မှာဖြစ်ပါတယ်။

မဖြစ်မနေရေဆေးရမယ်
လူဖန်တီးထားတဲ့ သားရေ (Faux Leather)နဲ့ လုပ်ထားတဲ့ လက်ကိုင်ဘီးဆိုရင်တော့ ရေဆေး၊ ဆပ်ပြာတိုက် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီသားရေအမျိုးအစားကို နည်းပညာအခေါ်အဝေါ်အရ Elasticized Polyvinyl Chloride (PVC) လို့လည်းခေါ်ဝေါ်ပြီး အားသာချက်ကတော့ မာကျောတဲ့ ပလတ် စတစ်သား လို"လိုသလို ကွေးညွတ်ပြုပြင်လိုရအောင် ပုံသွင်းယူထားတာပါ။ လက်ရှိကားလောကမှာ ဒီသားရေ အမျိုးအစားနဲ့ လက်ကိုင်ဘီးတွေလုပ်ကြသလို အပေါ်ကာဗာအဖြစ်လည်း ထုတ်လုပ်ပါတယ်။ သူတို့ကို အကောင်းဆုံးနည်းလမ်းနဲ့ သန့်ရှင်းရေးလုပ်ချင်တယ်ဆိုရင် တခြားနည်းလမ်းတွေမလိုအပ်ဘဲ ရေဆေး၊ ဆပ်ပြာနဲ့ သန့်ရှင်းရေးလုပ်ပေးရင်ပဲ လုံလောက်ပါတယ်။

သားရေအစစ်ဆို သတိထား
သားရေအစစ်နဲ့ ပြုလုပ်ထားတဲ့ လက်ကိုင်ဘီးတွေဆိုရင်တော့ ဂရုတစိုက်နဲ့ သန့်ရှင်းရေးပြုလုပ်သင့် တာပါ။ သားရေအစစ်တွေကို သန့်ရှင်းရေးလုပ်ရင်သုံးဖို့လုပ်ထားတဲ့ Leather Cleaner တွေကို အသုံးပြုပြီး ပထမဆုံးသန့်ရှင်းရေး လုပ်ရပါမယ်။ ပြီးရင်တော့ ဒီသားရေအမျိုးအစားအတွက်ပဲ ရည်ရွယ်ထုတ်လုပ်ထားတဲ့  အရောင်တင်အဆီတွေထဲက ကြိုက်နှစ်သက်ရာအမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်တာပါ။
သန့်ရှင်းရေးလုပ်ပြီးလို့ Conditioner (အရောင်တင်ဆီ) သုံးမယ်ဆိုရင် နူးညံ့တဲ့အ၀တ်စမျိုး ကိုပဲ ရွေးချယ်အသုံးပြုသင့်ပြီး သားရေထဲကိုထပ်ပြီး စိမ့်မ၀င်နိုင်တော့ဘူးလို့ ယူဆရတဲ့အချိန်ထိ စိတ်ကြိုက် တိုက်ချွတ်နိုင်ပါတယ်။
 

ဘယ်အချိန်တွေ သန့်ရှင်းရေးလုပ်မလဲ
 သားရေအစစ်နဲ့ လက်ကိုင်ဘီးတွေကို ကိုယ့်စိတ်ထဲမှာ ခြောက်ကပ်ကပ်ဖြစ်နေပြီလို့ ထင်တဲ့အချိန်တိုင်း သန့်ရှင်းရေးလုပ်ပြီး ပေါလစ်တင်နိုင်ပါတယ်။ တချို့ကတော့ ဒီလိုအခြေအနေမျိုးရောက်နေရင် မဖြစ်မနေ သန့်ရှင်းတာ၊ အရောင်တင်တာ လုပ်ပေးတတ်ပါတယ်။ သားရေအစစ်နဲ့ လုပ်ထားတာမဟုတ်တဲ့ ပလတ်စတစ်၊ အလူမီနီယံနဲ့ သစ်သားလက်ကိုင်ဘီးတွေကတော့ ကိုယ့်စိတ်ထဲမှာပေါ်လာတဲ့ အစီအစဉ်အတိုင်း သန့်ရှင်းရေး လုပ်ပေးနေရင် အဆင်ပြေပါပြီ။



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment