ကားကိုအိမ်တစ်လုံးလို
သဘောထားနေထိုင်ရသူတွေကို မကြာခဏမြင်တွေ့ဖူးကြမှာပါ။ မကြာခဏ ခရီးသွားလာနေရသူတွေဟာ ညအတော်များများကို
ကိုယ်ပိုင်အိပ်ရာ ဒါမှမဟုတ် တည်းခိုခန်းထဲမှာအိပ်ရတာ ထက် ကားပေါ်မှာကုန်ဆုံးလိုက်ရတာများပါတယ်။
ဒီလိုလူမျိုးတွေအတွက် ကားကသက်သောင့်သက်သာ အိပ်ရာတစ်ခုဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါမှ
ကားမောင်းနှင်နေစဉ်မှာ အင်ပြည့်အားပြည့်နဲ့ မောင်းနှင်နိုင်မှာဖြစ် သလို လန်းလန်းဆန်းဆန်းဖြစ်နေမှာပါ။
ဒါ့ကြောင့် ကားတစ်စီးပေါ်မှာ သက်တောင့်သက်သာအိပ်စက် အနားယူ နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို
ဖော်ပြပေးလိုက်ပါတယ်။
အိပ်ယာဝယ်ထားပါ
ကားတစ်စီးထဲမှာ
သက်သောင့်သက်သာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်တယ်ဆိုရင်တော့ ပထမဆုံး အနေနဲ့
အသင့်တော်ဆုံးနေရာတစ်ခုရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ ကားထဲမှာ ဘယ်နေရာက ကျယ်ကျယ်
ဝန်းဝန်းအရှိဆုံးလဲဆိုတာနဲ့ လေကောင်းလေသန့်ရနိုင်မလဲဆိုတာ ရွေးချယ်နိုင်ဖို့လိုမှာပါ။
ပြီးတော့ ကားအတွင်း မှာ ကောင်းမွန်တဲ့ အိပ်စက်နားခိုမှုတစ်ခုရလာဖို့ ရာသီဥတုနဲ့သင့်လျော်တဲ့
အပူချိန်လည်းရှိနေရမှာဖြစ်ပါတယ်။ ကိုယ်ရောက်နေတဲ့နေရာက သုညဒီဂရီအနားကပ်နေပြီဆိုရင်တော့
ဝယ်ယူထားတဲ့အိပ်ရာတွေ မဖြစ်မနေအ သုံးပြုဖို့လိုအပ်လာပါပြီ။ ကားအတွင်းမှာအသုံးပြုဖို့
အိပ်ရာကတော့ သိပ်ပြီးပြီးပြည့်စုံနေဖို့မလိုပါဘူး။ အအေး ဒဏ်က ကာကွယ်ပေးနိုင်မယ့် စောင်တစ်ထည်၊
ခေါင်းကိုသက်တောင့်သက်သာထားပေးနိုင်မယ့် ခေါင်းအုံး တစ်လုံးဆိုရင် လုံလောက်ပါတယ်။
ပူနွေးတဲ့ရာသီဥတုတွေ အတွက်
ကိုယ်စတည်းချမယ့်နေရာက
နွေးထွေးခြောက်သွေ့မယ့်နေရာမျိုးဖြစ်နေရင်တော့ ဆောင်ထားရမယ့် ပစ္စည်းကလည်း ကွဲပြားသွားမှာဖြစ်ပါတယ်။
အညာဒေသလိုနေရာမျိုးကို ခရီးသွားရင်းကားအတွင်းမှာအိပ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုတော့ ပထမဆုံးလိုအပ်မှာက
ပြတင်းပေါက်တွေမှာ အသုံးပြုဖို့အတွက် အ၀တ်ပါးပါးလေး တွေပါပဲ၊ ညဘက်အိပ်စက်အနားယူချိန်မှာ
ပြတင်းပေါက်ဖွင့်အိပ်ရတဲ့အခါ အကာအကွယ်ပစ္စည်းတစ်ခုခုမရှိလို့ မဖြစ်ပါဘူး။ ဒါ့ကြောင့်
လေအ၀င်အထွက်ရအောင် ပြတင်းပေါက်တွေကို ဖွင့်ထားရတဲ့အခါ ခြင်၊ ယင် စတဲ့ အိပ်စက်မှုကိုအနှောင့်အယှက်ပြုမယ့်
အင်းဆက်တွေအန္တရာယ်က ကာကွယ်ဖို့ ပြတင်းပေါက်တွေကို အ၀တ် ပါးပါးလေးတွေနဲ့ ကာကွယ်ထားနိုင်ဖို့လိုအပ်မှာပါ။
ဒါမှ လေလည်းရှုရှိုက်ရမှာဖြစ်သလို ခြင်၊ ယင်စတဲ့ အကောင် ပလောင်တွေရဲ့ဒဏ်ကလည်း ကာကွယ်ပြီးသားဖြစ်မှာပါ။
အပူလွန်ကဲတဲ့နေရာတွေမှာ တံခါးတွေအလုံပိတ်အိပ် တာက ချွေးတွေထွက်လာစေပြီး အိပ်စက်မှုကို
အနှောင့်အယှက်ပေးနိုင်သလို အကာအကွယ်မရှိပြန်ရင်လည်း ခြင်ကိုက်လို့ အိပ်ရမှာမဟုတ်ပါဘူး။
ဒါ့ကြောင့် တံခါးမှန်ကိုအနည်းငယ်စီချပြီး အ၀တ်ပါးနဲ့အကာအကွယ်လုပ် ရင်း သက်တောင့်သက်သာ
အိပ်စက်ခြင်းကို ဖန်တီးနိုင်ပါတယ်။
ဘာတွေကြိုတင် ပြင်ဆင်ထားမလဲ
ကားထဲမှာအိပ်ဖို့တွေးတောထားသူအတွက်
သက်သောင့်သက်သာအိပ်စက်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုက မဖြစ်မနေလိုအပ်ပါတယ်။ ဥပမာ ကိုယ်က
ကားထဲမှာ သုံးညလောက်အိပ်ဖို့ တွေးတောထားတယ်ဆိုရင် အဲဒီ ရက်တွေအတွင်း ညရေး ညတာတွေမှာ
ကြုံတွေ့လာရမယ့် အကြောင်းကိစ္စတွေအတွက် ကြိုတင်ပြင်ဆင်ထား ရတော့မှာပါ။ လူသူအရောက်အပေါက်နည်းတဲ့နေရာတွေမှာ
ညဘက်သောက်သုံးနိုင်ဖို့ရေ၊ လက်နှိပ်ဓာတ်မီး၊ ခေါင်းအုံး၊ စောင်၊လက်ကိုင်ဖုန်း၊ စာအုပ်၊
ကော်ဖီ၊ လက်သန့်ရှင်းရေးပစ္စည်းစတဲ့ နေ့စဉ်လှုပ်ရှားမှုတွေအတွက် မရှိမဖြစ်မယ့် ပစ္စည်းနှစ်မျိုး/သုံးမျိုးကို
အသင့်ဆောင်ထားရပါလိမ့်မယ်။ ဒါမှ လိုအပ်ချိန်မှာ အဆင်သင့်အသုံး ပြုရင်း ကိုယ့်အတွက်သက်သောင့်သက်သာ
အခြေအနေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
ကားကို သန့်ရှင်းအောင်ထားပါ
ကားအတွင်းမှာ ညစ်ပတ်ရှုပ်ပွေနေမယ်ဆိုရင်
ဘယ်လိုမှကောင်းမွန်တဲ့အိပ်စက်ခြင်းကိုရမှာ မဟုတ်ပါ ဘူး။ ကားထဲမှာ သန့်ပြန့်ရှင်းလင်းနေမှ
အိပ်ကောင်းခြင်း အိပ်စက်နိုင်မှာအသေအချာပါ။ ဒါကြောင့် ကိုယ့်ကျော တစ်ခင်းစာ နေရာလေးပဲရနေပါစေ၊
ရှင်းရှင်းလင်းလင်း၊ သပ်သပ်ရပ်ရပ်နဲ့ အနံ့အသက်ဆိုးတွေကင်းနေအောင် ကြိုတင်ပြင်ဆင်ထားဖို့
လိုအပ်ပါတယ်။ ဒါကြောင့် အိပ်စက်မှုမပြုခင် ကားအတွင်းမှာ မသန့်ရှင်းတဲ့အရာတွေ ရှိမနေအောင်
သန့်ရှင်းထားဖို့လိုအပ်မှာဖြစ်သလို တတ်နိုင်ရင် ကိုယ့်အတွက်မရှိမဖြစ် အသုံးအဆောင်ပစ္စည်း
ကလွဲလို့ ဘာမှကားအတွင်းမှာသိမ်းမထားတာ အကောင်းဆုံးပါ။
ကိုသက်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment