ကားလမ်းပိတ်တာကို ကိုယ်ထူကိုယ်ထလျှော့ချခြင်း










မြန်မာနိုင်ငံမှာ ၂၀၁၀ခုနှစ်က ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲခဲ့ပြီးနောက်ပိုင်း အရပ်သားအစိုးရ လက်ထက် အကြီးမားဆုံးအပြောင်းအလဲကတော့ ကားဈေးနှုန်းတွေ ထိုးကျသွားခြင်းပဲဖြစ်ပါတယ်။ ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ အခြေခံလူတန်းစားမဟုတ်သည့်တိုင် အလယ်အလတ်တန်းစား တွေပါ အဖိုးတန်ဇိမ်ခံကားတွေ စီးလာနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခြေခံလူတန်းစားတွေအတွက်တော့ ကားတွေများလာတာနဲ့အမျှ တဖြည်းဖြည်းဆိုးရွားလာတဲ့ ကားလမ်းပိတ်တဲ့ ပြဿနာကို အများဆုံးခံစားနေရ ပါ တယ်။ 
အရင်နာရီဝက်လောက်စောထွက်ရင် ရောက်မယ့်ခရီးက အခုဆိုရင် (၁)နာရီခွဲ (၂)နာရီ လောက်အ ထိ အချိန်ပိုယူရသလို မြို့ထဲကိုအလုပ်လာလုပ်တဲ့ မြို့စွန်က အခြေခံလူတန်းစားတွေအတွက်တော့ ကားပေါ်မှာ အချိန်ကုန်ရတဲ့နေ့ရက်တွေက နေ့တိုင်းလိုလိုဖြစ်လာခဲ့ပါပြီ။ ဒါကို အရပ်သားအစိုးရကလည်း လမ်းတွေချဲ့၊ တံတားတွေဆောက်နဲ့ အတတ်နိုင်ဆုံးဖြေရှင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကားလမ်းနဲ့ ကား မမျှတတဲ့ ပြဿနာကတော့ အပြင်းထန်ဆုံး စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်ရှိနေပြီး လမ်းသူ လမ်း သားတွေအနေနဲ့လည်း ကားလမ်းပိတ်တဲ့ ပြဿနာကို ကိုယ်ထူကိုယ်ထစနစ်နဲ့ ၀ိုင်းဝန်းဖြေရှင်းမယ်ဆိုရင် အနည်းနဲ့အများတော့ သက်သာသွားမယ်ထင်ပါတယ်။

အရှိန်မြှင့် မောင်းနှင်လို့ မရအောင် ပထမဆုံးလုပ်ရမယ်
ဒါကတော့ ကိုယ်တစ်ယောက်တည်း လုပ်လို့ရတဲ့ကိစ္စမဟုတ်ဘဲ လမ်းလူကြီး ဒါမှမဟုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကျိုးသင့်အကြောင်းသင့် ရှင်းပြပြီး အားလုံးစုပေါင်းလုပ်ရမှ ဖြစ်ပါလိမ့်မယ်။ ကားတွေရဲ့အမြန်နှုန်းကို လျှော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့  slowdownလို့ခေါ်တဲ့ အတားအဆီးတွေ တည်ဆောက်ခြင်းပဲဖြစ်ပါတယ်။ ခြေလျင်လျှောက်သူတွေနဲ့ စက်ဘီး၊ ဆိုက်ကားတွေ အန္တရာယ်ကင်းစေဖို့အတွက်လည်း လူကူးမျဉ်းကျားတွေ ပုံဖော်ခြင်း၊ ဆိုက်ကား၊ စက်ဘီး သီးသန့်သွားရာ နေရာတွေ ဖော်ဆောင်ခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။

ကားပိုင်ရှင်တွေကိုလည်း အတတ်နိုင်ဆုံး နားလည်အောင် ညှိနှိုင်းရမယ်
ဒါကတော့ ကိုယ့်ရဲ့စည်းရုံးမှုစွမ်းရည်အပေါ် မူတည်နေပါတယ်။ လမ်းထဲမှာရှိတဲ့ ကားပိုင်ရှင်တွေကို သူတို့ရဲ့ကားတွေ အသုံးပြုမှုလျှော့ချဖို့အတွက် စည်းရုံးပေးရပါမယ်။ ဘယ်သူမဆို ကားဝယ်ထားရင် အိမ်ထဲ မှာ အလှထားဖို့ထက် လိုရာခရီးကို လွယ်ကူလျင်မြန်စွာ ရောက်နိုင်ရေးအတွက် ကားကို အသုံးပြုချင်ကြမှာ မလွဲပါဘူး။ ဒါပေမဲ့ သူတို့ကို အကျိုးသင့် အကြောင်းသင့် ရှင်းပြဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ့် ပတ်ဝန်း ကျင်နားမှာ စာသင်ကျောင်း၊ ဒါမှမဟုတ် အလုပ်ရုံ၊ စက်ရုံတွေရှိနေပြီဆိုရင် ကားနဲ့သွားတာထက် ကျန်းမာရေး အရလည်း ပိုမိုသင့်တော်တဲ့ လမ်းလျှောက်သွားတာတို့၊ စက်ဘီးစီးသွားတာတို့ ပြုလုပ်ပေးနိုင် မလားဆိုပြီး စည်းရုံးပေးရမှာ ဖြစ်ပါတယ်။ 

တကယ်လို့ စာသင်ကျောင်းနဲ့ စက်ရုံ၊ အလုပ်ရုံတွေက အတော်ဝေးဝေးမှာရှိ နေမယ်ဆိုရင်လည်း ကျောင်းသားမိဘတွေအနေနဲ့ ကိုယ်ပိုင်ကားနဲ့ ကိုယ့်ကလေးကို လိုက်ပို့မယ့်အစား ကျောင်းကားနဲ့ပဲ သွားစေ တာက ပိုအဆင်ပြေပါလိမ့်မယ်။ ကလေးကလည်း ကိုယ့်သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး သွားလို့ရမှာဖြစ် သလို ကိုယ့်ဘက်က အချိန်ကုန်၊ လူပန်းသက်သာမှာဖြစ်ပြီး အဓိက အကျိုးရှိဆုံးကတော့ ကားလမ်းပိတ်တဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒါတွေကို ကိုယ်က ကားပိုင်ရှင်တွေ နားလည်လာအောင် လုပ်ဆောင်ရင်း တစ်ဖက်တစ်လမ်းက ကားလမ်းပိတ်တဲ့ပြနာကို ကူညီဝိုင်းဝန်းဖြေရှင်းကြပါစို့လားဗျာ။
ဖြိုးတေဇာ


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment