ခုအခါမှာ
မိုးရွာလို့မြင်ကွင်းမကောင်းတဲ့ကြားထဲ တစ်ဖက်က ကားမီးရောင်ကြောင့် ဒီဘက်က မောင်းလာတဲ့သူ
မျက်လုံးပြာသွားကာ ရှေ့နဲ့ဘေးနားကအဆီးအတားများကို ရုတ်တရက် မမြင်ဖြစ်ကာ ကားတိုက်မှုများ
ပိုဖြစ်နိုင်ပါတယ် အကြောင်းရှိလို့ ပြောပါတယ်။
လမ်းစည်းကမ်း
မလိုက်နာတဲ့သူကိုပြစ်ဒဏ်ပေးဖို့ လမ်းများမှာချထားတဲ့ Road Barrier ဆိုတဲ့ ကွန်ကရစ်အတုံးကြီးများနဲ့
ထိခိုက်မှုကလည်း အများဆုံးဖြစ်နေရပြန်တယ်။ ခုရက်ပိုင်းသက်ဆိုင်ရာ ၀န်ကြီးချုပ်က ဒါကြီးတွေကို
တချို့နေရာမှာဖယ်ပေးမယ်လို့ ဆိုလာပြန်တယ်။
သူဖယ်ပေးတာမပေးတာ
အဓိကမထား ကျွန်တော့်မိတ်ဆွေများ ဘေးကင်းစေဖို့ အဓိကထားပြီး နည်း ပညာသုတလေးကို နည်းနည်းပြောပြထားချင်ပါတယ်။
ကမ္ဘာမှာ လမ်းစည်းကမ်းနဲ့ ကိုက်ညီအောင်မောင်းနှင်နိုင် စေဖို့ ကားမီးလုံးစနစ်ကိုလည်း
အဓိကထားပြောင်းပေးရပါတယ်။ ရှေ့ကမီးကြီး ၂လုံးလင်း ပုံလင်းနည်း နေရာ ယူမှုဆိုတာမှာ ညီမျှစွာလင်းပေးလို့မရပါဘူး။
ခုမြန်မာပြည်လို
လက်ယာဘက်ကပ်မောင်းရတဲ့ကားများအတွက် Low Beam ဆိုတဲ့မီးကြီးဟာ မိမိပိုင်နက် လမ်းညာဘက်အတွက်
မြင်ကွင်းရှည်ရှည်မြင်ပေးဖို့လိုသလို ဘယ်ဘက်အတွက်တော့ မြင်ကွင်း တိုပေးဖို့ အထူးလိုအပ်ပါတယ်။
အကြောင်းကတော့ မျက်နှာချင်းဆိုင်ကလာတဲ့ကားအတွက် မျက်စိမပြာ စေရအောင်ပါ။
ဒီတော့
နိုင်ငံအသီးသီးက ထုတ်ထားတဲ့ကားများဟာ သူတို့သုံးတဲ့လမ်းစနစ်နဲ့ ကိုက်ညီအောင် မီးလုံးများကိုချိန်ထားကြမှာမလွဲပါ။
ခုမြန်မာပြည်မှာ
သုံးနေတဲ့ ဂျပန်ကျကားများ ဟိုမှာဘယ်ကပ်မောင်းစနစ်အတွက် မီးချိန်ထားကြမှာမို့ ဂျပန်ကျကားများရဲ့
ဘယ်ဘက်မီးအလင်းတန်းက လမ်းဘယ်အခြမ်းမှာ မြင်ကွင်းပိုရှည်မယ့်သဘောလို့ ယူဆရပါတယ်။ ဒီအတွက်
ရှေ့မျက်နှာချင်းဆိုင်ကားအတွက် မိမိထိုးထားတဲ့ မီးကအနှောင့်အယှက် ပေးနိုင်ပါတယ်။ အပြန်အလှန်အားဖြင့်
မိမိရှေမျက်နှာချင်းဆိုင်ကလာတဲ့ ကားမီးရောင်ကလည်း မိမိကို ဒုက္ခပေးနိုင်ပြန်တယ်။
ကုမ္ပဏီကထုတ်ထားတဲ့
မူရင်းအတိုင်းကားများကိုလည်း မီးချိန်ကိုမကြာမကြာပြန်ချိန်တာတို့ ပြန် ညှိတာတို့လုပ်ကြရပါတယ်။
သက်ဆိုင်ရာ မီးလုံးကုမ္ပဏီများကို L
နဲ့ R မီးအဝေးအနီးရောက်ပုံရောက်နည်းမတူအောင်
ဒီဇိုင်းပေးကာ အချိန်အတော်ကြာမှာပြီးမှ လမ်းစနစ်နဲ့လက်ကိုင်ဂွေစနစ်ကို ပြောင်းကြရပါကြောင်း
မှတ်သားသိရှိရပါတယ်လို့ စေတနာလေးနဲ့ တင်ပြပေးလိုက်ပါတယ်။
ကိုသက်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment