ကိုယ်သုံးပြီးသား
တစ်ပတ်ရစ်ကားကို ပြန်ရောင်းဖို့ဆိုတာ လွယ်တော့မလွယ်ပါဘူး။ ဒီလို တစ်ပတ် ရစ် ကား ပြန်ရောင်းရာမှာ
အဆင်ပြေချောမွေ့စေဖို့အတွက် လုပ်ဆောင်ရမယ့်နည်းလမ်းတွေ အများ အပြားရှိပြီး ကိုယ့်ဘက်က
အတတ်နိုင်ဆုံး လုပ်ရမယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
သင့်တော်တဲ့ဈေးနှုန်း သတ်မှတ်ရမယ်
ပထမဆုံးလုပ်ရမှာကတော့
လက်ရှိကားဈေးကွက်မှာပေါက်နေတဲ့ ဈေးနှုန်းအတိုင်း ကိုယ့်ကားကို ဈေးနှုန်းသတ်မှတ်ဖို့ပါပဲ။
ဒီလို ဈေးနှုန်းသတ်မှတ်ဖို့အတွက် လုပ်ဆောင်ရမယ့်နည်းလမ်းတွေ
အများအပြား ရှိနေပေမယ့် အမြန်ဆုံးနည်းလမ်းကတော့ အင်တာနက်ဖွင့်ပြီး အွန်လိုင်းမှာ ကားဈေးကွက်အကြောင်း
စုံစမ်းဖို့ ပါပဲ။ အဲဒီမှာ ကိုယ်ရောင်းချင်တဲ့ဈေးနှုန်းနဲ့ လက်ရှိပေါက်နေတဲ့ ဈေးနှုန်းကို
နှိုင်းယှဉ်ရမှာဖြစ်ပါတယ်။ ဒီလို အွန်လိုင်းမှာ ၀င်ရောက်ရှာဖွေခြင်းအားဖြင့် ကားအရောင်းအ၀ယ်
ဝက်ဘ်ဆိုက်တွေမှာ ကားဝယ်လိုသူတွေနဲ့ပါ တွေ့နိုင်ပါသေးတယ်။ အွန်လိုင်းမသုံးချင်ဘူးဆိုရင်လည်း
ကားဂျာနယ်တွေမှာ လက်ရှိကားဈေးကွက် အ ကြောင်း စုံစမ်းသင့်ပြီး ကားကြော်ငြာတွေမှာ သူတို့ကားရဲ့အခြေအနေ၊
သက်တမ်းနဲ့ ခရီးမိုင်အကွာအဝေးတွေ ဘယ်လိုသတ်မှတ်ထားသလဲဆိုတာ ကိုယ်ကလေ့လာနိုင်ပါတယ်။
ကားဝယ်သူကို ဘယ်လိုရှာဖွေမလဲ
ကိုယ်ရောင်းလိုတဲ့
ကားအမျိုးအစားပေါ်မူတည်ပြီး ကားဝယ်မယ့်သူကလည်း အမျိုးမျိုးကွဲပြားနိုင် ပါတယ်။ တကယ်လို့
ကိုယ့် ကားကပြိုင်ကားလိုမျိုး၊ မိုးဖွင့်ကားလိုမျိုးဆိုရင်
ဝယ်မယ့်သူကလည်း လူငယ် လူရွယ်ထဲကပဲ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကိုယ့်ကားက ဆီဒင်ကားလို၊
ဗင်ကားလိုမျိုးဆိုရင်တော့ ၀ယ်ယူမယ့် သူကလည်း တောမကျ၊ မြို့မကျ မိသားစုဖြစ်ဖို့ များပါတယ်။
နောက်ပြီး ကားရောင်းဖို့အတွက် အချိန်အခါလည်း လိုအပ်ပါတယ်။ တကယ်လို့ အမိုးဖွင့်ကားမျိုးရောင်းမယ်ဆိုရင်တော့
ရာသီဥတုသာယာ တဲ့အချိန်မျိုးမှာ ရောင်းချ သင့်ပြီး ဗင်ကားလိုမျိုးဆိုရင်တော့ အချိန်မရွေးရောင်းဖို့
သင့်တော်ပါတယ်။
ရောင်းပန်းလှအောင် ပြင်ဆင်ပါ
ကားဝယ်သူအတွက်တော့
ဒီလိုကိုယ့်ကားကိုဝယ်ယူတာဟာ ရင်းနှီးမြှပ်နှံမှုတစ်ခုပြုလုပ်တဲ့ သဘောမျိုးဖြစ်လို့ ကိုယ့်ဘက်ကလည်း
ကားနဲ့ပတ်သက်လို့ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးထားရပါမယ်။ ကားကိုမရောင်းချခင်
အရင်ဆုံးပြုလုပ်ရမှာက ကားအတွင်းအပြင်ကို သန့်ရှင်းရေး လုပ်ဖို့ပါပဲ။ ကားအတွင်းပိုင်းထဲမှာ
မလိုအပ်တဲ့ပစ္စည်းတွေကို ဖယ်ရှားရမှာဖြစ်ပြီး ဒီလိုမှသာ ကိုယ့်ကားက အမြင်မှာ တင့်တယ်နေနိုင်ပါလိမ့်မယ်။
နောက်ပြီး ကားအပြင်ပိုင်းနဲ့ပတ်သက်လို့ ဆေးသုတ်ထားတာ
ပါးနေတာမျိုးဆိုရင် ဆေးသစ်ပြန်သုတ်ပေးသင့်ပါတယ်။ ဒါမှမဟုတ်ရင် ၀ပ်ရှော့သွားပြီး ကားနဲ့ပတ်သက်သမျှ
အားလုံး အဆင်သင့်ဖြစ်နေစေဖို့ အသေးစိတ်ပြုပြင်စစ်ဆေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့်
ကိုယ့်ကား ကလည်း ရောင်းပန်းလှနိုင်ပါလိမ့်မယ်။
ဝယ်မယ့်သူနဲ့ တွေ့ဆုံပါ
ကိုယ့်ကားအကြောင်း
အွန်လိုင်းတွေမှာ၊ သတင်းစာတွေမှာ ကြော်ငြာပြီးနောက် ကားဝယ်ဖို့ စုံစမ်း သူတွေနဲ့ တွေ့ဆုံရပါမယ်။
နောက်ပြီး ကြော်ငြာထည့်ပြီးချိန်ကစလို့ ဖုန်းနဲ့ဆက်သွယ်လာသမျှတွေကို စိတ်ရှည်လက်ရှည်ဖြေကြားပေးဖို့လည်းလိုအပ်ပြီး
ကားဝယ်မယ့်သူနဲ့ မျက်နှာဆုံညီ တွေ့ဆုံသင့်ပါတယ်။ ကားဝယ်မယ့်သူဘက်ကလည်း အရင်ဆုံးသိချင်တာက
ကားဈေးနှုန်းဖြစ်ပြီး ဒီလိုဆိုရင်တော့ ကိုယ်နဲ့ ညှိနှိုင်းလို့ရသွားပါပြီ။ တကယ်လို့
သူ့ဘက်က ကိုယ်မှန်းထားတဲ့ဈေးနှုန်းထက် ပိုမိုလျော့နည်းစွာနဲ့ ကမ်း လှမ်းလာမယ်ဆိုရင်တော့
လက်သင့်ခံဖို့ မသင့်ပါဘူး။ သူမရှိရင်လည်း ကားဝယ်မယ့်သူတွေ အများကြီး ကျန်ရှိနေသေးတာကို သိထားရပါမယ်။
ကားစမ်းသပ်မောင်းနှင်ခွင့်ပြုပါ
ဘယ်သူမဆို ကိုယ်ဝယ်ယူချင်တဲ့ တစ်ပတ်ရစ်ကားကို
တစ်ခေါက်လောက်တော့ စမ်းသပ်မောင်းနှင်ကြ တာ မထူးဆန်းပါဘူး။ ဒီလို ကိုယ့်ဘက်ကလည်း ကားစမ်းမောင်းခွင့်ပေးမယ်ဆိုရင်
ကိုယ့်ကားက အဆင်သင့် မောင်းနှင်ဖို့ ရာနှုန်းပြည့်အခြေနေမှာရှိတယ်ဆိုတာကိုလည်း သက်သေပြသရာရောက်ပြီးသား
ဖြစ်သွားပါ လိမ့်မယ်။ နောက်ဆုံးအဆင့်အဖြစ် စာရွက်စာတမ်းကိစ္စတွေပြုလုပ်ပြီးမှာတော့ ကားရောင်းတဲ့
ကိစ္စလည်း ပြတ် သွားပါပြီ။
ဖြိုးတေဇာ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment