2016 ရဲ့ လူကြိုက်အများဆုံး ကား (၁၀) စီး ၁








        နှစ်တစ်နှစ်ကုန်ဆုံးခါနီးတိုင်း အစဉ်အလာမပျက်ဘဲ ထွက်ပေါ်လာတတ်တာက အဲဒီသက္ကရာဇ် အတွင်း ပေါ်ပျူလာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ နယ်ပယ်အသီးသီးမှာ အဲဒီလို အကောင်းဆုံး၊ လူကြိုက်အများဆုံးဆိုတဲ့အရာတွေ ထွက်ပေါ်လာတတ်သလိုပဲ ကားလောက အတွင်းမှာလည်း 2016 အတွင်း လူကြိုက်အများဆုံး ကားတွေပေါ်ထွက်လာခဲ့ပါတယ်။
အဲဒီကား (၁၀) မျိုးကို ဖော်ပြပေးရမယ်ဆိုရင်တော့…။

BMW M235i
          မောင်းနှင်သူအတွက် အထူးပြုတည်ဆောက်ထားတဲ့ကားမော်ဒယ်တစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ တစ်ခု တည်းမှာပင် 2016 ခုနှစ်အတွက် ကားအစီးရေ (100,000) ရောင်းချထားရတဲ့ မော်ဒယ်ဆိုရင် မမှား ပါဘူး။ 2013 ခုနှစ်မှာ စတင်ထုတ်လုပ်တာဖြစ်တဲ့ BMW M235i မော်ဒယ်ဟာ မြင်းကောင်ရေ (320) အင်အားရှိပြီး (3.0) လီတာ, တာဘိုလည်း တပ်ဆင်ထားတာပါ။ တံခါးနှစ်ပေါက်တပ်ဆင်ထားတဲ့ ဒီမော်ဒယ်ကိုတော့  ဂျာမနီ နိုင်ငံ လိုက်ပ်ဇစ်မြို့မှာတပ်ဆင်ပြီး BMW ရဲ့ အစဉ်အလာအငွေ့အသက်တွေ အပြည့်အ၀ပါအောင် တည်ဆောက်ထားသလို Sport Type ပုံစံလို ပေါ့ပေါ့ပါးပါးဖြစ်အောင်လည်း ဖန်တီးထားပါတယ်။ BMW ဟန်ပန် အပြည့်နဲ့ ပြိုင်ကားမော်ဒယ်ကိုမှ ရွေးချယ်လိုသူတွေအတွက် ရည်ရွယ်ထားတာကြောင့် 2016 ရဲ့ လူကြိုက် အများဆုံးကားအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

Chervolet Camaro
          အမေရိကန်မှာလူကြိုက်များတဲ့ စွမ်းဆောင်ရည်မြင့် Pony Car, Muscle Car စတဲ့ ကားအမျိုးအစား တွေထဲမှာ ပါဝင်ပါတယ်။ 2016 ခုနှစ်အရောက်မှာတော့ ဆဋ္ဌမမြောက်မျိုးဆက်အဖြစ် ဒီကားကိုထုတ်လုပ်ခဲ့ တာဖြစ်ပြီး တံခါးနှစ်ပေါက်နဲ့ပြိုင်ကားတွေအဖြစ် အားလုံးရဲ့ပါးစပ်ဖျားမှာ ဆက်လက်ရေပန်းစားခဲ့ပါတယ်။ V6 အင်ဂျင်နဲ့ (3.6) လီတာ တာဘိုတပ်ဆင်ထားတဲ့ကားတွေကို ရွေးချယ်နိုင်သလို (၄၄၅) မြင်းကောင်ရေ အားနဲ့ V8 အင်ဂျင်အမျိုးအစားပြိုင်ကားတွေကိုလည်း ၀ယ်ယူမောင်းနှင်နိုင်အောင် ဖန်တီးပေးထားတာပါ။ အမေရိကန် နာမည်ကျော်ကားကုမ္ပဏီဖြစ်တဲ့ GM(General Motor) က အသံကြားရုံနဲ့တင် Camaro ဖြစ်နေမှန်းသိလောက် တဲ့အထိ ထူးခြားမှုတွေရှိအောင် ဖန်တီးပေးထားတယ်ဆိုတဲ့အတိုင်း ကမ္ဘာကျော်ပြိုင် ကားအမျိုးအစားပေါင်းများ စွာရှိတဲ့ကြားက Chervolet Camaro ဟာ ၀ယ်လိုအား အကောင်းဆုံး ကားအမျိုးအစားတစ်ခုဖြစ်ခဲ့ပါတယ်။

Cadillac CTS Vsport
          လူကြီးလူကောင်းဆန်ဆန်နဲ့ စမတ်ကျတဲ့ကားတွေကို ကြိုက်နှစ်သက်သူတွေ အသည်းစွဲဖြစ်တဲ့ အမေရိ ကန်ကားထုတ်လုပ်သူ Cadillac က ဒီတစ်ခါတော့ ပြိုင်ကားလို့နာမည်မခံရုံကလွဲလို့ အားလုံး ကိုပြိုင်ကားပုံစံချိုး ထားတဲ့ ကားတစ်စီးထုတ်လုပ်လိုက်ပါတယ်။ သူကတော့ Cadillac CTS Vsport ပါပဲ။ ကားဒီဇိုင်းဖန်တီးတဲ့ အင်ဂျင်နီယာရဲ့ 2016 အတွင်း အကောင်းဆုံးလက်ရာလို့လည်း ချီးကျူးခံထားရတဲ့ Cadillac CTS Vsport ဟာ ဂျာမနီအခြေစိုက် မာစီဒီးစ်၊ BMW တို့လို ပြိုက်ဘက်တွေကို ဈေးကွက်ယှဉ်လုဖို့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး  မြင်း ကောင်ရေ (၄၂၀) အင်အားနဲ့ အမှန်တကယ်လည်း ပရိသတ် အသည်းစွဲ ကားတစ်စီးဖြစ်ခဲ့ပါတယ်။ သီးခြားဆန် တဲ့ ဒီဇိုင်း၊ တံခါးလေးပေါက်နဲ့ ခန့်ညားတဲ့ရုပ်ထွက်၊ V8 အင်ဂျင် တပ်ဆင်ထားတဲ့ အင်ဂျင်တွေကြောင့် ဒီဆီဒင် ကားဟာ ဒေါ်လာ (80,000) ကျော်လောက်ကျ သင့်မှာဖြစ်ပေမယ့် 2016 ရဲ့ ပရိသတ်အကြိုက်ဆုံး ထိပ်တန်း ကားအမျိုးအစားတစ်ခုဖြစ်ခဲ့တာပါ။

Honda Accord
        ကမ္ဘာကျော်ကားထုတ်လုပ်သူတွေရဲ့ ပြည့်နှက်နေတဲ့ ထိပ်တန်းကားဈေးကွက်အတွင်းကို ဂျပန်ကား ထုတ်လုပ်သူအနေနဲ့ 2016 အတွင်း ၀င်တိုးနိုင်အောင် လုပ်ပေးနိုင်ခဲ့တာကတော့ Honda Accord ပဲဖြစ်ပါ တယ်။ Honda Accord နဲ့ ပတ်သတ်လို့ ကားရဲ့ဂုဏ်သတင်းနဲ့ထပ်တူ နောက်ထပ်ချီးကျူးခံရတဲ့ အချက် တစ်ချက်က တော့ ဒီဇိုင်းပိုင်းတွေနဲ့ပတ်သတ်လို့ သူတို့ကိုးကားထားတဲ့ မူရင်းဒီဇိုင်းတွေနဲ့ပတ်သတ်လို့ လူသိရှင်ကြားထုတ် ဖော်ကြေညာဝံ့တာပါပဲ။ 1976 ခုနှစ်အတွင်း ဟွန်ဒါရဲ့ ဂုဏ်သတင်းကိုမြှင့် တင်ပေးနိုင် ခဲ့တဲ့ ဒီကားကတော့ န၀မ မြောက်မျိုးဆက်ဖြစ်ပါတယ်။ လောင်စာနဲ့ဘထ္ထရီနှစ်မျိုးသုံးကားဖြစ်တာပေမယ့် သစ်လွင်တောက်ပတဲ့ဟန်ပန်နဲ့ ကျစ်လျစ်သေသပ်တဲ့ဒီဇိုင်းအချိုးကြောင့် ထိပ်တန်းကား အမျိုးအ စားတွေကြားထဲမှာ ပန်းပန်နိုင်တဲ့ကားမော်ဒယ် တစ်ခုဖြစ်ခဲ့တာပါ။

Ford Mustang Shelby GT350/GT350R
          Shelby  ဆိုတာကတော့ ဖို့ဒ်ရဲ့ 1965-68 နဲ့ 1969-70 ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ လူကြိုက်များ ကားမော် ဒယ်အမျိုးအစားတစ်ခုဖြစ်ပြီး 2005 ခုနှစ်မှာတော့ Mustang Shelby  ဆိုပြီး ပဉ္စမမျိုးဆက်အဖြစ် ပြန်လည်မွေး ဖွားလာခဲ့တာပါ။ အဲဒီအချိန်ကတည်းက Shelby ဟာ စွမ်းဆောင်ရည်မြင့်ပြိုင်ကား အမျိုး အစားမော်တော်ကား တွေကိုပဲ ထုတ်လုပ်ခဲ့ပြီး မြင်းကောင်ရေ (၅၂၆) အားနဲ့ V8 အင်ဂျင်တွေအဖြစ် လူကြိုက်များခဲ့ပါတယ်။ ပေါ်ရှေး ရဲ့ GT3 , BMW M4 စတဲ့ ပြိုင်ဘက်ကားမော်ဒယ်တွေနဲ့မတူ ကွဲပြားခြား နားအောင် ကြိုးစားထားတဲ့ ဒီကားဟာ Manual ဂီယာ၊ ရီကာဒိုထိုင်ခုံ၊ စိတ်ကူးယဉ်ဆန်တဲ့ ဒီဇိုင်းတွေကြောင့် တစ်နှစ်အတွင်းလူငယ်ကြိုက် အမျိုးအစား ကားမော်ဒယ်တစ်ခုဖြစ်ခဲ့ပါတယ်။

အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

 
Share on Google Plus

0 comments:

Post a Comment