အမေနဲ့ပတ်သက်သမျှ.................ချမ်းချမ်း








သားသမီးတွေကို ထိန်းကျောင်းတာ အမေက တအားတော်တယ်
ညီမငယ်ဘ၀တုန်းကကျတော့ အမေက လိုလေသေးမရှိပေါ့နော်။ ဘယ်လိုပြောရမလဲဆိုတော့ အမေကသာမန်မိသားစု၊ အဖေက သင်္ဘောသား။ ဒါပေမဲ့ သားသမီးတွေကို ထိန်းကျောင်းတာအမေက တအားတော်တယ်။ တင်းကျပ်တာမျိုးတွေလည်း အမေကမရှိဘူး။ ငယ်ငယ်ကနေကြီးလာတဲ့အထိ ကြီးပြင်း လာတာ ကိုယ်လုပ်ချင်တာလုပ်ဆိုတဲ့ပုံစံမျိုးနဲ့ဆိုတော့ ကိုယ့်သားသမီးတွေအလှည့်ကျတော့လည်း အမေ့ ကိုပဲ အကြံတောင်းရတယ်။ သူကအစ်မလိုပဲ ခေါင်းမာတယ်။ သူ့အဖေလို စိတ်ကြီးတယ်။ အဲဒါလေးကို ပြင်ဖို့အတွက်ကျတော့ အမေကပြောတယ်။ သူ့ကိုလူမှုရေးကောင်းအောင်ရယ်၊ ပညာကိုပဲ ကြိုးစား သင်ပေး။ တစ်ချိန်ကျရင် သူ့စိတ်ကလေးကပြောင်းလဲလာမယ်။ အဲဒီလိုလေး အမေကလုပ်ပေးတယ်။ ညီမအလှည့်တုန်း ကလည်း အဲဒီလိုပဲ။ညီမက ခေါင်းတအားမာတယ်။ လုပ်ချင်တာရှိရင် ကိုယ့်ဘာသာ တဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်မျိုး။

အနုပညာစလုပ်တော့ ဘာဖြစ်လို့နင်ကအနုပညာလုပ်ချင်ရတာလဲ။ အနုပညာဆိုတာ အရမ်း ပျက်စီး လွယ်တယ် ပေါ့။ ဒါပေမဲ့ လူဆိုတာ ကိုယ့်ရဲ့ခံယူချက်ပေါ်ပဲမူတည်ပြီး ပျက်စီးတယ်၊ မပျက်စီးဘူး ဆိုတာဖြစ်တာပါ… အမေ့အတွက်ကတော့ အရမ်းဆိုးတဲ့သမီးပေါ့
အမေ့တုန်းကကျတော့ အမေကငိုရတာပေါ့နော်။ အနုပညာစလုပ်တော့ ဘာဖြစ်လို့နင်က အနု ပညာလုပ်ချင်ရတာလဲ။ အနုပညာဆိုတာ အရမ်းပျက်စီးလွယ်တယ်ပေါ့။ ဒါပေမဲ့ လူဆိုတာ ကိုယ့်ရဲ့ခံယူ ချက်ပေါ်ပဲမူတည်ပြီး ပျက်စီးတယ်၊ မပျက်စီးဘူးဆိုတာဖြစ်တာလို့။ သူများက ဒါလုပ်တိုင်း သမီးလိုက် လုပ်မှာ မှမဟုတ်တာဆိုပြီး အမေ့ကို ပြောပြတယ်။ အမေ့အတွက်ကတော့ အရမ်းဆိုးတဲ့သမီးပေါ့။ အဓိက သူက မလုပ်စေချင်တာ အဆိုပေါ့။ အနုပညာမလုပ်စေချင်ဘူး။ ဒါပေမဲ့ အဖေကကျတော့ တအားမြေတောင် မြှောက်ပေးတယ်။ အဖေကဒီလောက်အဆိုကောင်း နေတာဆိုပါစေပေါ့။ နင်ဘာကိုစိုးရိမ်နေတာလဲ။ အဲဒီလိုမျိုး။ အဖေနဲ့အမေယူဆပုံချင်းမတူဘူး။ အဖေက သင်္ဘောလိုက်တဲ့အခါကျတော့ ပွင့်ပွင့် လင်းလင်းရှိ တယ်။ အမြင် ကျယ်တယ်။ အမေကတော့ ကလေးတွေနဲ့သမီးလေးယောက်နဲ့ အိမ်မှာနေပြီး တအားစိုးရိမ်တတ်တာ။ တစ်ယောက်နဲ့တစ်ယောက် မတူဘူး။

အမေကသားသမီးတွေကို တအားချစ်တယ်။ အဖေကကျတော့ တအားအလိုလိုက်တယ်။
တကယ် လုပ်တဲ့အခါကျတော့ အမေက အကုန်လုံးလိုက်လုပ်ပေးတယ်။ ဘယ်ပဲသွားသွား၊ ချင်းပြည်နယ်သွားရင် အနွေးထည်ကြီးတွေနဲ့ သူ့မှာလိုက်လုပ်ပေးတယ်။ အမေက တအားသားသမီးတွေကို ချစ်တယ်။ အဖေကကျတော့ တအားအလိုလိုက်တယ်။ လုပ်ချင်ရင်ပေးလုပ် လိုက်တယ်။ မအောင်မြင်ဘူးလို့ ထင်ရင်လည်း သမီးဒါစိတ်ဓာတ်ကျစရာမဟုတ်ဘူး။ နောက်တစ်ခု ထပ်ပြီးဆက်လုပ်လို့ရမယ်။ အဲဒီလိုမျိုး အားအရမ်းပေးတယ်။

အမေကအရမ်းရိုးတယ်။ သူက အလှူအရမ်းဝါသနာပါတယ်
အဓိကအမေကကျတော့ အရမ်းရိုးတယ်။ သူကဆင်းရဲချမ်းသာ လူမျိုးမခွဲခြားဘူး။ ကူညီပေးလိုက် တယ်။ ညီမတို့လမ်းထိပ်မှာ အဖွားကြီးတစ်ယောက်ရှိတယ်။ သူက အောက်ပိုင်းလည်းမကောင်းဘူး။ ၀မ်းတွေလည်း သွားနေတယ်။ ဘယ်သူမှကြည့်မယ့်လူလည်းမရှိဘူး။ ပစ်ထားတယ်။ အဲဒါကိုအမေက သူမသေခင်အချိန်အထိ ဆေးတွေကုပေးတယ်။ ညီမ၀ယ်ပေးထားတဲ့ကီမိုနိုထမီတွေကိုပါ အောက်ကနေ ခင်းပေးတယ်။ အ၀တ်အစားမရှိလို့ဆိုပြီး အဲဒီထမီတွေပေးတယ်။ ရှိသမျှအင်္ကျီအ၀တ်အစားတွေအားလုံး အဲဒီအဖွားကြီးကိုပဲ သူပေးတယ်။ ရပ်ကွက်ထဲက အ၀တ်အစားမတတ်နိုင်တဲ့ကလေးတွေ ကျောင်းစရိတ် မတတ်နိုင်တဲ့ကလေးတွေဆိုရင် အမေက သွားသွားပြီးထောက်ပံ့တယ်။ အမေကအရမ်း ရိုးတယ်။ ပြီးတော့ သူက အလှူအရမ်းဝါသနာပါတယ်။ အမေ့ဆီကအမွေရတာ၊ ညီမကအလှူအရမ်း ၀ါသနာပါတယ်။ ဘယ်ပဲရောက်ရောက်တွေ့ပြီဆိုရင် လှူလိုက်ရမှကျေနပ်တယ်။ ကောင်းတဲ့အမွေပေါ့။

သမီးကအပေါင်းအသင်း တအားမက်တယ်။ သူ့အဖေဆီက ရတာဖြစ်မယ်။ သူက သူ့အဖေလိုပဲ တွေ့သမျှ ကလေးတွေကို ကိုကို မမလိုက်ပေါင်းတာ
အမှန်အတိုင်းပြောရရင် သမီးက ကိုယ်မဖြစ်စေချင်တာ တစ်ခုမှ သူ့မှာမရှိပါဘူး။ သူက အကုန်လုံး ကောင်းတာတွေချည်းပဲရထားတာ။ ညီမအလှည့်တုန်းက ငယ်ငယ်လေးကတည်းက တအားကြောက်တတ် တယ်။ လူလာရင်အပြင်မထွက်တာမျိုး၊ စကားမပြောခဲ့ဘူး။ အဲဒီလိုလူမှုရေးမကောင်းခဲ့တာပေါ့နော်။ တအားကြောက်တတ်တယ်။ လူတွေကိုအရမ်းယုံလွယ်တယ်။ သမီးကအပေါင်းအသင်း တအားမက်တယ်။ သူ့အဖေဆီက ရတာဖြစ်မယ်။ သူက သူ့အဖေလိုပဲ တွေ့သမျှကလေးတွေကို ကိုကို မမ လိုက်ပေါင်းတာ။ မကောင်းတဲ့အချက်ကတော့ အယုံလွယ်မှာ ကြောက်တာပေါ့။

အမှန်အတိုင်းပြောရရင်တော့ သမီးလေးကို အနုပညာမလုပ်စေချင်ဘူး တအားပင်ပန်းတယ်
အမှန်အတိုင်းပြောရရင်တော့ သမီးလေးကို အနုပညာမလုပ်စေချင်ဘူး။ တအားပင်ပန်းတယ်။ ဟန်ဆောင်ရတဲ့အလုပ်တွေ။ မပျော်ရင်လည်း ပျော်သလိုနေရတယ်။ တစ်ခါတလေ ငိုချင်နေလည်းပြုံးပြ နေရတဲ့အလုပ်တွေပေါ့နော်။ အရမ်းပင်ပန်းနေရင်လည်း အလုပ်လက်ခံထားပြီးရင် ပျက်လို့မကောင်းဘူး။ သမီးကစိတ်ကြီးတဲ့အခါကျတော့ သမီးလေးကိုအဲဒီအလုပ်တွေနဲ့ အဆင်မှပြေပါ့မလားလို့စိုးရိမ်တယ်။ အဆိုလည်းဝါသနာပါ၊ ကင်မရာလည်း မကြောက်တတ် သူကတအားဝါသနာပါတယ်။ သူ ၀ါသနာပါတဲ့ အပေါ်မူတည်ပြီး နေရာချပေးရမှာပေါ့။

အိမ်ထောင်သည်ဘ၀ရောက်ရင်လည်း အဓိကနားလည်မှုပေါ့နော်။ သည်းခံနိုင်ရမယ်။ သူစိမ်း နှစ်ယောက်ယူတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့စိတ်ချည်းပဲလည်းမရဘူး။ အရမ်းကြီးလည်း အလျှော့ ပေးစရာမလိုဘူး။ အမှန်တရားဖြစ်ဖို့ အရေးကြီးတယ်
အိမ်ထောင်သည်ဘ၀ရောက်ရင်လည်း အဓိကနားလည်မှုပေါ့နော်။ သည်းခံနိုင်ရမယ်။ သူစိမ်း နှစ်ယောက်ယူတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့စိတ်ချည်းပဲလည်း မရဘူး။ အရမ်းကြီးလည်းအလျှော့ ပေးစရာမလိုဘူး။ အမှန်တရားဖြစ်ဖို့ အရေးကြီးတယ်။ အပျိုဘ၀တုန်းက ကိုယ်လုပ်ချင်တာလုပ်ခဲ့တာပေါ့။ အချိန်မကြည့်ဘူး။ သွားချင်ရင်လည်းထသွားလိုက်တာပဲ။ အခြေခံမိန်းမ၀တ္တရားတွေတတ်ထားမှသာ အိမ်ထောင်ပြုတဲ့အခါကျရင်အဆင်ပြေမှာ။ အမြဲတမ်းပဲ အလှကြိုက်ပြီးတော့ ဘာအိမ်အလုပ်မှမလုပ်တတ်တဲ့ အခါကျတော့လည်း ယောက်ျားလေးတွေက ခဏပဲ။

အိမ်ထောင်မနိုင်တဲ့မိန်းမဟာ ဘယ်လောက်ပဲလှလှ ကြာရင်ယောက်ျားတွေက စိတ်ကုန်သွားမှာ သမီးလေးကို အဲဒီလိုဖြစ်မှာ တအားကြောက်တယ်
အိမ်ထောင်မနိုင်တဲ့မိန်းမဟာ ဘယ်လောက်ပဲလှလှ ကြာရင်ယောက်ျားတွေက စိတ်ကုန်သွားမှာ။ သမီးလေးကိုအဲဒီလိုဖြစ်မှာ တအားကြောက်တယ်။ သူက အလှကြိုက်တယ်။ အမြဲတမ်းလက်သည်းနီ၊ ခြေသည်းနီ၊ နှုတ်ခမ်းနီ၊ အချိန်ပြည့်ဆံပင်ကိုလည်း ထုံးလိုက်ဖွဲ့လိုက်။ အင်္ကျီကိုလည်း အတိုလေးတွေဝတ်။ အိမ် မှာမော်ဒယ်ရှိုးတွေလျှောက်။ အဲဒီလိုမျိုးပေါ့နော်။ မိန်းမတွေတတ်အပ်တဲ့အတတ်ပညာ အားလုံးတတ်မှ သူ့ဘ၀ အဆင်ပြေမှာ။ မိန်းကလေးတိုင်းအတွက်ပြောတာပါ။ ညီမတို့တုန်းကဆိုရင် သုံးလေးတန်းနဲ့ကြမ်းတိုက်ရတယ်။ အ၀တ်လျော်ရတယ်။ ဟင်းလည်းချက်တတ်တယ်။ အမေကအဲဒီလိုသင်ပေးခဲ့တာ။ ကိုယ့်သားသမီးအလှည့်ကျ ရင်လည်း ပညာလည်းတတ်မယ်။ မိန်းမ၀တ္တရားအားလုံးကျေပွန်မယ့် အမျိုးသမီးဖြစ်အောင် အဲဒီလို ဖြစ်အောင် လုပ်ပေးမှာပေါ့။
ဒီအရွယ်က ကလေးလည်းဖြစ်တာရယ်၊ အစ်မကလည်းအပြင် အမြဲထွက်၊ သူ့အဖေကလည်း ရိုက်ကူးရေးတွေနဲ့ဆိုတော့ အဖေ အမေနဲ့အထိအတွေ့နည်းတယ်။ သူ့အဘိုးတွေအဘွားတွေလက်ထဲမှာပဲ ကြီးတဲ့အခါကျတော့ လူကြီးဆိုရင် မင်္ဂလာပါရှင့်၊ ကျေးဇူးတင်ပါတယ်ရှင့်ဆိုပြီးပြောတတ်အောင်၊ ဧည့်ခံတတ် အောင်၊ ဘုန်းကြီးတွေ တွေ့ရင် ဦးတော်လုပ်ရမယ်၊ အဲဒီလိုသင်ပေးတဲ့အတွက် အဲလိုတော့ လိမ္မာတယ်။ သူစိမ်းနဲ့ပေါင်းရင် တအားလိမ္မာတယ်။ အိမ်မှာသာဆိုးတာ။ အိမ်မှာက လူမရှိဘူး။ အဖေ အမေက အမြဲမတွေ့ရ ဘူး။ ချွဲဖို့လူ မရှိဘူး။ သူစိမ်းတွေကျတော့ သူ့ကိုချစ်တယ်။ ချစ်တဲ့အခါကျတော့ ဘယ်လောက်ပဲ မုန့်တွေစား စား ဘယ်လိုပဲဆိုးဆိုး သူ့ကိုချစ်တော့ သူစိမ်းတွေအပေါ်ကောင်းတယ်။ အိမ်မှာဆို သူ့ကိုမနိုင်ဘူး။ အမွှေစိန်လို့နာမည်ပေးထားတယ်။ အပြင်လူတွေဆို တအားချစ်တယ်။ အိမ်ကလူတွေကိုပဲမွှေပစ်တာ။
သူနဲ့အတူနေတဲ့အခါကျရင် မျက်နှာသစ်၊ သွားတိုက်၊ ရေချိုး။ ပြီးတော့ ကျောင်းဖွင့်တဲ့နေ့ဆိုရင် ကျောင်းပို့ ပေါ့နော်။ သူကတစ်ခါတလေကျရင် ဆိုက်ကားစီးပြီးသွားရတာအရမ်းပျော်တယ်။ သူ့အဖေက မနက်အစော ကြီးကားနဲ့ပို့။ ဆိုက်ကားစီးချင်တယ်ဆိုရင် ဆိုက်ကားလေးနဲ့။ မုန့်စားချင်တယ်ဆိုရင်မုန့်။ ဘောလုံးဆို ဘောလုံး။ ညီမရှိတဲ့ နေ့မျိုးဆိုရင် အဲဒီလိုပေါ့။ တစ်နေကုန်ကတော့ ကာတွန်းကြည့်လိုက် စာသင်လိုက်နဲ့ သူနဲ့နေပေးတာ များတယ်။
ညီမတို့ တအားခရီးသွားကြတယ်။ သူ့မွေးနေ့တုန်းကဆိုရင် ၁ နှစ်သမီးတုန်းက ငွေဆောင်၊ ၂ နှစ် သမီးမှာ မြစ်ကူးသင်္ဘောနဲ့ မြစ်ဆိပ်တလျှောက်သင်္ဘောစီးပြီး ဟက်ပီးဘက်ဒေးလုပ်ပေးတယ်။ နှစ်တိုင်း နှစ်တိုင်းအဲဒီလိုမျိုးပေါ့။ ပြီးတော့ ပုဂံသွားတယ်။ ညီမတို့ ခရီးထွက်တိုင်းမိသားစုစုံရင်တော့ သူ့ကိုခေါ်သွား တယ်။ ညီမ အလုပ်ချည်းသက်သက်ဆိုရင်တော့ မခေါ်ဖြစ်ဘူး။
အမေများနေ့အတွက် အမှတ်တရစကားဆိုရင်တော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမေတွေအတွက် အစ်မတို့ ညီမတို့ကိုမွေးပေးရုံသာမက ကျွေးတာရော စောင့်ရှောက်ပေးတာရောပေါ့။ အဖေရော အမေရော တစ်ဂိုဏ်း တည်းပါပဲ အမေ့ဝမ်းထဲက ကျွတ်ကတည်းက အမေက လိုလေသေးမရှိ လုပ်ပေးခဲ့တဲ့အတွက်ကြောင့် စက္ကန့်နဲ့ အမျှ အမေ့ကိုကျေးဇူးတင်ပါတယ်။ ဒီကမ္ဘာမှာရှိသမျှ အမေတွေအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်

သမီးလေး မြမိုးဂင်္ဂါ
မေမေ့ကိုချစ်တယ်။ အများကြီးချစ်တယ်
သမီးက မေမေ့ကိုချစ်တယ်။ အများကြီးချစ်တယ်။ သမီးက ကြီးလာရင် အဆိုတော်လုပ်မှာ။   



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment