ဒီတစ်ပတ်တော
့အခုတလောနာမည်ကြီးနေတဲ့ ကြက်သားဘူးသီးကာလသားချက်လေးကို မယ်တော် မားသားက စားချင်တယ်ဆိုတာနဲ့
ပြန်ချက်ဖြစ်တယ်ဗျ။ ဆွေမျိုးတို့လည်း ပြန်ချက်စားလို့ရအောင်ပေါ့နော်။
သူနဲ့လိုက်ဖက်အောင်
မြင်းခွာရွက်လေးကို ချိုချဉ်ငံစပ်လေးသုပ်လိုက်မယ်။ ဟင်းချိုကတော့ ပဲကြာဇံနဲ့ အာလူး
လေးကို ဟင်းခါးလေးချက်လိုက်မယ်။ ဒါဆိုရင်တော့ အရသာစုံစုံလေးနဲ့ စားလို့ကောင်းမှာ သေချာတာပေါ့နော်။
ကျွန်တော်ကတော့ ကြက်သားဘူးသီး ကာလသားချက်ကို နယ်ဘက်မှာညဘက် ကာလသားတွေစုပြီး ချက်စား
ကြတဲ့ ပုံစံလေးပဲချက်လိုက်မယ်။
ကြက်သားဘူးသီး ကာလသားချက်
ကြက်သားကိုဗမာကြက်ပဲသုံးပါ့မယ်။
ကြက်သားကိုအတုံးကြီး ကြီးတုံးထား၊ ပြီးရင် ဆား၊ ကြက်သား မှုန့်နဲ့ခနနှပ်ထား၊ ဘူးသီး
ငါးပုံတစ်ပုံလောက်ကို အတုံးသေးလေးတုံးပြီး ကျန်တာကို ကြက်သားတုံးနဲ့ လိုက်ဖက် မယ့်
အရွယ်တုံးထား၊ ဇီယာကိုအရင်ညက်အောင်ထောင်း ပြီးမှ ငရုတ်သီးအပွတောင့်ကို ရေစိမ်ပြီးအစေ့ထုတ်
ထားတာရယ်၊ ကြက်သွန်ဖြူနဲ့ကြက်သွန်နီရယ် ရောပြီးထောင်းထားတာကို နနွင်းမှုန့်နည်းနည်းထည့်ဆီသတ်၊
စိမ်းနံ့ပျောက်လို့ မွှေးလာမှ ခုနကနှပ်ထားတဲ့ကြက်သားကိုထည့်လုံးပေး၊ ပြီးရင် အတုံးသေးသေးတုံးထားတဲ့
ဘူးသီးလေးပါထည့် ရေနည်းနည်းချင်းထည့်ပြီး ကြက်သားနူးအောင် တည်ထား။ ကြက်သားနူးခါနီးကျ
ထည့်လိုက်တဲ့ ဘူးသီးလေးတွေလည်း ပျော်ပြီး အရည်လေးလည်းပိုချိုအောင် ဘူးသီးကိုနည်းနည်းအရင်
ထည့်လိုက်တာပါ။ ကြက်သားကျက်ခါနီးမှ ကျန်တဲ့ဘူးသီးထည့် အရသာမြည်းကြည့်၊ ဘူးသီးရော ကြက်သား
ပါနူးပြီဆိုမှ မဆလာလေးနဲ့ နံနံပင်လေးအပေါ်ကနေအုပ်ပေးလိုက်ရင် ကြက်သားဘူးသီး ကာလသားချက်
မွှေးမွှေးလေးတစ်ခွက်ရပြီပေါ့နော်။ အရည်များများလေးနဲ့ဆိုတော့ သောက်လို့လည်းရ ဆမ်းစားလို့လည်းလွယ်
တာပေါ့နော်။ သူနဲ့လိုက်ဖက်မယ့် မြင်းခွာရွက်လေးဆက်သုပ်လိုက်ရအောင်။
မြင်းခွာရွက်သုပ်
မြင်းခွာရွက်ကို
ရေသေချာဆေးပြီး ခပ်ပါးပါးလှီးထား၊ ကြက်သွန်ဖြူကိုဆီချက်ချက်ထား၊ မြေပဲနဲ့ ပုဇွန်ခြောက်ကို
မညက်တညက်ထောင်းထား၊ ကြက်သွန်နီကို ခပ်ပါးပါးလှီးထား၊ ပြီးရင် အားလုံးရောနယ်၊ သံပုရာရည်နဲ့ပုဇွန်ငံပြာရည်လေးထည့်၊
ငရုတ်သီးစိမ်းပါးပါးလှီးထားတာလေး ထည့်လိုက်ရင် မြင်းခွာရွက်သုပ် ချဉ်ချဉ်စပ်စပ်လေးရပြီပေါ့နော်။
ပဲကြာဇံဟင်းခါး
ခုနက
ကြက်သားချက်ထားတဲ့အထဲက ယူထားတဲ့ကြက်ရိုးလေးကို ကြက်သွန်ဖြူနဲ့ငရုတ်ကောင်းရော ထောင်းထားတာထည့်ပြီးပြုတ်၊
အာလူးအတုံးလေးတွေနဲ့ ပုဇွန်ငံပြာရည်လေးပါထည့်၊ ကြက်ရိုးနဲ့ အာလူးလေး လည်းနူး၊ အရသာလေးလည်း
အဆင်ပြေပြီဆိုရင် ရေစိမ်ထားတဲ့ပဲကြာဇံလေးထည့်လိုက်ရင် ပူပူလေးနဲ့ မွှေးမွှေး လေးဖြစ်နေတဲ့
ပဲကြာဇံဟင်းခါးလေးတစ်ခွက်ရပြီပေါ့နော်။ ဒါဆိုရင်တော့ ကြက်သားဘူးသီး ကာလသားချက် လေးရယ်၊
မြင်းခွာရွက်သုပ်လေးရယ် ပဲကြာဇံဟင်းခါးလေးရယ်နဲ့ဆိုတော့ မယ်တော်မားသားနဲ့ ကျွန်တော်
သားမိနှစ်ယောက်စားကောင်းမှာတော့ အသေအချာပဲပေါ့နော်။
အကြိုက်ဆုံး အစားအစာထဲမှာဆို ဟော့ပေါ့၊
ကြက်ချဉ်စပ်ကြိုက်ပါတယ်
ဝိုင်းစုခိုင်သိန်း
အစားအသောက်နဲ့ပတ်သက်လို့ ကိုယ်တိုင်ချက်မစားဖြစ်ပါဘူး။
မေကြီးချက်တာပဲစားဖြစ်ပါတယ်။ ၀ိုင်းစုက ချဉ်၊ ငံ၊ စပ်တဲ့ အရသာတွေကြိုက်တယ်။ အကြိုက်ဆုံး
အစားအစာထဲမှာဆို ဟော့ပေါ့၊ ကြက်ချဉ်စပ် ကြိုက်ပါတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရတော့မရှိပါဘူး။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment