အရောင်များက ပြောပြနေသော…fashion











       
ကလေးဘ၀ကတည်း ကလူတိုင်းမှာ ကိုယ်အနှစ်သက်ဆုံး အရောင်ဆိုတာရှိကြပါတယ်။ တချို့တွေကတော့ ပြောင်းလဲသွားကြတာပေါ့။ တချို့ကျတော့လည်း ငယ်ငယ်ကတည်းက နှစ်သက်တဲ့အရောင်တစ်မျိုး တည်း ကို အသက်ကြီးတဲ့အထိ နှစ်သက်ကြပါတယ်။ ကိုယ်နှစ်သက်တဲ့အရောင်က ကိုယ့်ရဲ့အပြုအမူတွေ၊ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာခံစားမှုအခြေအနေတွေ၊ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်၊ ဘ၀ရဲ့အနက်ရှိုင်းဆုံးလိုအပ်မှုတွေ၊ စိန်ခေါ်မှုတွေကို ပြောပြပါတယ်။ အခုဖော်ပြမယ့် အရောင်တွေ ကိုကြည့်ပြီး ကိုယ်ကဘယ်လိုလူမျိုးဖြစ်စေလဲဆိုတာ လေ့လာကြည့်ရအောင်…

အနီရောင်
ပျော်ပျော်နေတတ်သူ၊ အကောင်းမြင်သူတစ်ဦးဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာတက်ကြွသူဖြစ်ပါ တယ်။ လူတကာရဲ့ အာရုံဝင်စားခံရမှုလိုချင်သူတစ်ဦးဖြစ်ပါတယ်။ ရည်မှန်းချက်ပြင်းထန်ပြီး ပြိုင်ဆိုင်လိုစိတ် အမြဲရှိပါတယ်။ ဘ၀ကို စိတ်ဝင်စားမှုပြင်းထန်ပြီး ရည်မှန်းချက်ပန်းတိုင်ရောက်အောင် အစဉ်မပြတ်ကြိုး စားနေသူဖြစ်ပါတယ်။ တစ်ခါတစ်ရံ စိတ်ကူးရလျှင်ရသလို လုပ်တတ်ပါတယ်။ ရန်လိုတတ်ပြီး အလွယ် တကူဒေါသထွက်လွယ်ပါတယ်။ ရန်ငြိုးထားတတ်သူတစ်ယောက်တော့မဟုတ်ပါ။

အဖြူရောင်
အသွင်အပြင်ကသပ်ရပ်ပြီး အပြစ်အနာအဆာမရှိတဲ့ပုံသဏ္ဍာန်ဖြစ်ပါတယ်။ အဝေးကိုကြိုမြင်တတ်သူ တစ်ဦးဖြစ်ပါတယ်။ အကောင်းမြင်တဲ့သဘာဝရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ အရာရာကို ဆင်ခြင်  ဆုံးဖြတ်နိုင်စွမ်းရှိပြီး အမြော်အမြင်ကြီးမားသူ၊ ဉာဏ်ပညာကြီးမားသူတစ်ဦးဖြစ်ပါတယ်။ သတိကြီးပြီး လက်တွေ့ကျပါတယ်။ အများအတွက်အရေးပါသူတစ်ဦးလည်း ဖြစ်ပါတယ်။ ရှက်တတ်တယ်ထင်ရပေမယ့် ပြင်းထန်တဲ့ယုံကြည်မှုတွေရှိပါတယ်။ ၄င်းယုံကြည်မှုတွေကို မျှဝေပေးဖို့အခွင့်အရေးတွေကိုလည်း ရှာဖွေနေသူတစ်ဦးဖြစ်ပါတယ်။

အနက်ရောင်
ဂုဏ်ဒြပ်နဲ့ စွမ်းအားကအရေးကြီးတယ်ထင်နေသူဖြစ်ပါတယ်။ မှီခိုမှုကင်းမဲ့သူ၊ စိတ်ဓာတ်အင်အားပြင်း ထန်သူ၊ ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်ချတတ်သူတစ်ဦးဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာတော့ အဝေး တစ်နေရာကနေ စောင့်ကြည့်ပေါင်းသင်းတတ်သူတစ်ဦးဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာတော့ သတ်မှတ် ထားတဲ့လုပ်ငန်းတာဝန်တွေကို အလိုမရှိလက်တွေ့ကျကျ တိကျစွာလုပ်ကိုင်တတ်သူတစ်ဦးဖြစ်ပါတယ်။

အ၀ါရောင်
တီထွန်ဖန်တီးမှုအလွန်ကောင်းမွန်သူဖြစ်ပါတယ်။ အမြဲတမ်း စိတ်ကူးသစ်တွေနဲ့ပြည့်နေသူ တစ်ဦးဖြစ်ပါ တယ်။ အချိန်တိုင်းမှာ အရာရာကို နည်းလမ်းတကျခွဲခြမ်းစိတ်ဖြာနေတတ်ပါတယ်။ စိတ်ကူးရရင်ရသလို လုပ်တတ်ပြီး ဆုံးဖြတ်ချက်လျှင်မြန်စွာချတတ်ပါတယ်။ သူငယ်ချင်းပေါင်းသင်းရာမှာလည်း ရွေးချယ်ပေါင်း သင်းတတ်သူတစ်ဦးဖြစ်ပါတယ်။ ကိုယ့်ခံစားချက်ကို ဖုံးကွယ်ထားပြီး ဘာကိစ္စပဲရှိနေပါစေ မျက်နှာမှာ သတ္တိအပြည့်ထည့်ထားသူတစ်ဦးဖြစ်ပါတယ်။ ခေါင်းမာသူတစ်ဦးဖြစ်ပေမယ့် သနားညှာတာမှုကင်းမဲ့ခြင်းတွေ၊ ကြင်နာမှုကင်းမဲ့ခြင်းတွေကိုမနှစ်မြို့သူတစ်ဦးဖြစ်ပါတယ်။

အစိမ်းရောင်
လက်တွေ့ကျသူ၊ တည်ငြိမ်သူတစ်ဦးဖြစ်ပါတယ်။ အချစ်ခံရဖို့နဲ့ ချစ်ဖို့လိုအပ်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ကြင်နာတတ်ပြီးရက်ရောသူ၊ ကရုဏာကြီးမားသူဖြစ်ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ဆောင်ရွက်ချက်ကို လူ့အဖွဲ့ အစည်းအပါအ၀င် မိသားစုကပါလက်ခံစေချင်သူ၊ နားလည်စေချင်သူ၊ ကျေးဇူးတင်ခံချင်သူ တစ်ဦးဖြစ်ပါ တယ်။ သူငယ်ချင်းအပေါ်မှာ သစ္စာရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ ငြင်းခုန်ရာမှာ အနိုင်ရလိုစိတ်ပြင်းထန်ပြီး အလွယ်တကူအရှုံးမပေးတတ်သူလည်းဖြစ်ပါတယ်။

အပြာရောင်
ပြောင်းလဲမှုကိုမနှစ်သက်သူ၊ ယုံကြည်အားထားရသူ၊ ယုံကြည်ထိုက်သူတစ်ဦးဖြစ်ပါတယ်။ အလုပ်တစ်ခု မဆောင်ရွက်ခင်၊ စကားတစ်ခွန်းမပြောခင် သေသေချာချာစဉ်းစားတတ်သူတစ်ဦးဖြစ်ပါတယ်။ အရာရာတိုင်း ကို ကိုယ်ပိုင်ဟန်ဖြင့်ပြုလုပ်တတ်သူလည်းဖြစ်ပါတယ်။ ရက်ရောပြီးရိုးသားသူ၊ ကိုယ့်တာဝန်ကိုယ် အပြည့် အ၀ယူတတ်သူလည်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသယောင်၊ ထိန်းချုပ်နိုင်မှုရှိ သယောင်ထင် ရပေမယ့် ပျက်စီးလွယ်တဲ့စိတ်ဓာတ်ကို ဖုံးကွယ်ထားခြင်းသာဖြစ်ပါတယ်။ ဘ၀မှာပဋိပက္ခတွေ၊ ရန်ပွဲတွေနဲ့ မတွေ့ကြုံချင်ပေမယ့်လည်း အခြားသူများနှင့် မကြာခဏ ပဋိပက္ခဖြစ်နေရသူတစ်ဦးဖြစ်ပါတယ်။ ရိုးသားပြီး ယုံကြည်ထိုက်တဲ့သူငယ်ချင်းကောင်းလည်းဖြစ်ပါတယ်။

ပန်းရောင်
ချစ်ခင်ဖွယ်ကောင်းသူ၊ ရက်ရောသူ၊ သနားကြင်နာတတ်သူတစ်ဦးဖြစ်ပါတယ်။ ခင်မင်စရာအလွန်ကောင်းပြီး ကိုယ့်အပြုအမူတွေဟာ တခြားလူများကိုယ့်ကိုခင်မင်ချင်လာအောင် ဆွဲဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ အကောင်းမြင်စိတ်ကြောင့် တခြားလူတွေမှာရှိတဲ့ကောင်းကွက်ကို မြင်တတ်သူတစ်ဦးဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းသူတစ်ဦးဖြစ်တဲ့အတွက်တစ်ခါတစ်ရံရှက်နေသယောင်ထင်ရပါတယ်။

အညိုရောင်
အညိုရောင်ကိုနှစ်သက်သူတွေကတော့ ရိုးသားသူ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လိုသူ၊ တည်ငြိမ်ပြီး ယုံကြည်မှုရှိသူ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူများဖြစ်ကြပါတယ်။ ခင်မင်စရာကောင်းပြီး ရိုးသားသူများ လည်းဖြစ်ကြပါတယ်။ မိသားစုနဲ့ မိသားစုဘ၀က ကိုယ့်ဘ၀မှာ အရေးကြီးဆုံးလို့ သတ်မှတ်ထားသူတွေ လည်းဖြစ်ကြပါတယ်။ အခြားလူများကို ကိုယ်ရှိနေစဉ်မှာစိတ်သက်သာမှုပေးနိုင်သူလည်းဖြစ်ပါတယ်။

ခရမ်းရောင်
ခရမ်းရောင်ကိုနှစ်သက်သူတွေကတော့ ကရုဏာတရားကြီးမားသူတွေ၊ နားလည်မှုရှိသူတွေ၊ သူတစ်ပါးကို ဦးစားပေးတတ်သူတွေဖြစ်ကြပါတယ်။ တာဝန်ယူမှုကို မနှစ်သက်သူ၊ နေ့စဉ်ပြဿနာတွေကနေ ရှောင်ကွင်း လိုသူတွေလည်းဖြစ်ကြပါတယ်။ သူများတကာအပြုအမူကို အတုယူတတ်သလို၊ ကိုယ့်အပြုအမူကိုလည်း သူများတကာလိုက်လံအတုခိုးခြင်းကိုမုန်းတီးသူတွေလည်းဖြစ်ကြပါတယ်။ လွတ်လပ်စွာနေချင်တဲ့ ဆန္ဒရှိသူတွေဖြစ်တဲ့အတွက် နေရာဒေသပေါင်းစုံခရီးသွားလိုသူ၊ အသစ်အသစ်သောသူငယ်ချင်းများနှင့် မိတ်ဆွေဖွဲ့လိုသူများဖြစ်ကြပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment