မင်္ဂလာပွဲတွေကလည်းနီးလာပြီ။
မကြာခင် မဂင်ဿလာပွဲရာသီရောက်တော့မယ်။ အလှအပပြင် ဆင်တာ ထက်
ဘာဝတ်ရမယ် အထူးသဖြင့် ဘယ်အရောင်ဝတ်ဆင်မလဲဆိုတာ သတို့သမီးလောင်းအတွက်တော့ အလွန်ခေါင်းစားလှပါတယ်။
မင်္ဂလာပွဲဆိုတာ တစ်သက်မှာတစ်ခါကျင်းပရတဲ့ ပွဲမဟုတ်ပါလား။ အမျိုးသမီးတစ်ယောက်ရဲ့ အမျှော်လင့်ရဆုံး
အချိန်၊ အတမ်းတရဆုံးအချိန်၊ တစ်ဘ၀စာလုံးအတွက် ကိုယ်ချစ်တဲ့သူနဲ့အတူ အစွမ်းကုန်လှပရဆုံးအချိန်၊
မိဘဆွေမျိုး၊ သူငယ်ချင်း၊ မိတ်ဆွေတွေအားလုံးရဲ့ရှေ့မှာ ၀ံ့ဝံ့ြွကာြးွကားနဲ့ အလှပဆုံးအချိန်လေးမဟုတ်ပါလား။
အဲဒီလိုအချိန်လေးကို တစ်ဘ၀စာလုံးနမိတ်ယူဖို့ ဘယ်အရောင်လေးတွေဝတ်မလဲဆိုတာ ဒီဆောင်းပါးလေးဖတ်ပြီး
လေ့လာကြည့်ကြရအောင်…
အဖြူရောင်
အဖြူရောင်က
ရိုးသားခြင်း၊ စင်ကြယ်ခြင်း၊ သန့်စင်ခြင်းကို ကိုယ်စားပြုပါတယ်။ အဖြူရောင်က အသစ်ပြန်လည်စတင်ခြင်းရဲ့
အထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါသေးတယ်။ ရိုးရှင်းမှု၊ ရိုးရှင်းတဲ့ဘ၀ကိုလည်း ကိုယ်စားပြုပါတယ်။
အသက်အရွယ်ကြီးသူတွေအနေနဲ့ကတော့ ဆုံးရှုံးသွားတဲ့နုပျိုမှုတွေကို ပြန်လည်နုပျိုခံစားလာစေတဲ့
အရောင်ဖြစ်ပါတယ်။ နောက်ထပ် အဖြူရောင်ရဲ့သတ်မှတ်ချက်တွေကတော့ ရိုးသားမှု၊ ခေါင်းမာမှု၊
ရှက်ရွံ့မှုတို့ပဲဖြစ်ပါတယ်။
အ၀ါရောင်
ယေဘုယျအားဖြင့်
အ၀ါရောင်က ဉာဏ်ပညာကြီးမြင့်မှု၊ ပျော်ရွှင်မှုတို့ကို ထင်ဟပ်နေစေပါတယ်။ အ၀ါရောင်ဟာ အလွန်စိတ်ကူးယဉ်ဆန်တဲ့အရောင်ဖြစ်ပြီး
စွန့်စားမှု၊ စိတ်ကျေနပ်ပျော်ရွှင်မှုတို့ကိုရှာဖွေသူများအတွက် အထူးသင့်လျော်ပါတယ်။ ဟာသဉာဏ်ရွှင်တဲ့
လူအများစုကလည်း အ၀ါရောင်ဝတ်ဆင်တတ်ကြပါတယ်။ အ၀ါရောင်က နောက်ထပ်ကိုယ်စားပြုတာကတော့ သိလိုစိတ်ပြင်းထန်ခြင်းဖြစ်ပါတယ်။
အ၀ါနုရောင်
အ၀ါနုရောင်ကတော့
လန်းဆန်းခြင်း၊ ပျော်ရွှင်ခြင်း၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားခြင်းကို ကိုယ်စားပြုပါတယ်။
လိမ္မော်ရောင်
လိမ္မော်ရောင်က
ဖန်တီးတီထွင်မှုကို အသားပေးတဲ့အရောင်ဖြစ်ပါတယ်။ လိမ္မော်ရောင်က ၀င့်ဝါသော ဟိတ်ဟန်တွေအပြည့်ရှိပြီး
အကောင်းမြင်စိတ်၊ ပျော်ရွှင်မှု၊ စိတ်အားထက်သန်တက်ကြွမှုတို့ကို ကိုယ်စားပြုဖော်ညွှန်းပါတယ်။
လိမ္မော်ရောင်ကြိုက်တဲ့လူအများစုက စိတ်သဘောထားကောင်းပြီး အများကြားမှာ နာမည်ကြီးသူများဖြစ်ကြပါတယ်။
အနီရောင်
ကျန်းမာခြင်း၊
အင်အား၊ အသက်ရှည်ခြင်းတို့ကိုရည်ညွှန်းပါတယ်။ အနီရောင်ဟာ မိမိအိပ်မက်တွေကို အကောင်အထည်ဖော်လိုတဲ့
ယုံကြည်မှုအပြည့်ရှိသူတွေ ၀တ်ဆင်လေ့ရှိပါတယ်။ အနီရောင်မြတ်နိုးသူများစုဟာ အကောင်းမြင်စိတ်ရှိသူများ၊
ပွင့်လင်းသောသဘာဝရှိသူများဖြစ်ကြပါတယ်။
ပန်းရောင်
ပန်းရောင်ဟာ
သတို့သမီးအများစုရဲ့ အိပ်မက်စိတ်ကူးဖြစ်ပါတယ်။ ချစ်ခြင်းတရား၊ အလှအပကို ကိုယ်စားပြုဖော်ညွှန်းပါတယ်။
ပန်းရောင်ချစ်မြတ်နိုးသူသတို့သမီးများဟာ ကိုယ့်ချစ်သူ၊ ဘ၀လက်တွဲဖော်ထဲမှချစ်ခင်မြတ်နိုးမှုအပြည့်အ၀ရလိုသူ၊
ချစ်ခြင်းတရားဖြင့် လုံခြုံစိတ်ချရနေချင်သူများဖြစ်ပါတယ်။ ဘ၀အတွက်ဆိုရင် ဆွဲဆောင်မှုရှိခြင်း၊
နူးညံ့သိမ်မွေ့ခြင်း၊ အနုပညာဆန်ခြင်းတို့ကို ရည်ညွှန်းပါတယ်။
ခရမ်းရောင်
ခရမ်းရောင်ဟာ
သစ္စာတရားကို ကိုယ်စားပြုပြီး လျှို့ဝှက်၊ စိတ်ကူးယဉ်ဆန်၊ အင်အားတို့ကို ဖော်ညွှန်းပါ တယ်။
ခရမ်းရောင်ဝတ်ဆင်သူသတို့သမီးအများစုဟာ ဂုဏ်ကြီးသူများဖြစ်ကြပါတယ်။
အပြာရောင်
အပြာရောင်ဟာ
နုပျိုခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ဖော်ညွှန်းပါတယ်။ အပြာရောင်ဝတ်ဆင်တဲ့သတို့သမီးများဟာ
သစ္စာရှိသူများ၊ ကိုယ့်ချစ်သူအပေါ်ဂရုစိုက်ကြင်နာသူများ ဖြစ်ကြပါတယ်။
မီးခိုးရောင်
မီးခိုးရောင်ဟာ
ရင့်ကျက်ခြင်း၊ လုံခြုံစိတ်ချရခြင်းတို့ရဲ့ သင်္ကေတဖြစ်ပါတယ်။ မီးခိုးရောင်ဝတ်ဆင်သူ သတို့သမီးများဟာ
တည်ငြိမ်အေးဆေးမှုကိုရှာဖွေလိုသူများဖြစ်ကြပါတယ်။
အနက်ရောင်
အနက်ရောင်ကတော့
ညနေခင်း Dinner တွေမှာ အမျိုးသမီးတွေ နှစ်သက်စွာဝတ်ဆင်ကြပါတယ်။ အချိန်အကန့်အသတ်မရှိ
စတိုင်ကျသေသပ်ခြင်း၊ ခေတ်ဆန်ခြင်းတို့ကိုဖော်ပြပါတယ်။ အနက်ရောင်ဝတ်ဆင်သူသတို့သမီးများဟာ
ဂုဏ်ကျက်သရေရှိပြီး လျှို့ဝှက်နက်နဲသူ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိသူတွေဖြစ်ကြပါတယ်။
ရွှေရောင်
ဂုဏ်ကျက်သရေရှိခြင်း၊
ကျန်းမာခြင်း၊ ချမ်းသာကြွယ်ဝခြင်းတို့ရဲ့ ရှေ့တော်ပြေးအရောင်ဖြစ်ပါတယ်။ ရွှေရောင်ဝတ်ဆင်သူ
သတို့သမီးများဟာ ဘ၀ရဲ့ပျော်ရွှင်မှုကိုခံစားလိုသူ၊ သက်တောင့်သက်သာ အနားယူအပန်းဖြေလိုသူများ
ဖြစ်ကြပါတယ်။
ငွေရောင်
ငွေရောင်က
ကြော့မော့ခြင်း၊ တာဝန်ယူလိုစိတ်ရှိခြင်းကိုရည်ညွှန်းပါတယ်။ မင်္ဂလာပွဲမှာ ငွေရောင်ဝတ်ဆင်သူ
သတို့သမီးဟာ ကြည့်သူကိုမျက်စိအေးစေပြီး ဘယ်နေရာရောက်ရောက် စကားပြောရာမှာလည်း ပွဲလယ်တင့်စေပြီး
ဧည့်ပရိသတ်တွေ သတိထားမိစေပါတယ်။
Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment