Connector and Charger










iPhone ကို iPad adaptor နဲ့အားသွင်းရင် ဖုန်းမပျက်စီးတဲ့အပြင် အားမြန်မြန်တောင်မှပြည့်ပါသေးတယ်

အရင်ကဆိုရင် ကျွန်တော်တို့ကဖုန်းတွေကိုကွန်ပျူတာတွေနဲ့ ချိတ်ဆက်ဖို့အတွက်နဲ့ အားသွင်းဖို့အတွက် ဆိုပြီး ကြိုးနှစ်မျိုးခွဲပြီးထားရပေမယ့် အခုအခါမှာတော့ USB cable တွေကနေပဲအားသွင်းဖို့အတွက်ရော၊ Data အတွက်ပါ အသုံးပြုနေတာကစံသတ်မှတ်ချက်လိုဖြစ်လာပါတယ်။ တစ်ခုရှိတာက USB ကြိုးတိုင်းဟာ တူညီတဲ့ စံသတ်မှတ်ချက်နဲ့တော့မဟုတ်ပါဘူး။ USB မှာကစံသတ်မှတ်ချက် အမျိုးမျိုးရှိပါတယ်။ USB 1.0၊ USB 2.0၊ USB 3.0၊ USB3.1 ဆိုပြီးတော့ စံတွေခွဲခြားသတ်မှတ်ထားပါတယ်။ နောက်တစ်ခါ USB စံအပြင် ကို USB ခေါင်းတွေမှာသုံးတဲ့ Type တွေထပ်ပြီးရှိသေးတယ်။ USB Type A၊ B၊ C ဆိုပြီးသုံးမျိုးကွဲပါတယ်။ နောက်တစ်ခါ Full size၊ Mini ၊ Micro ဆိုပြီးတော့လည်း တစ်ခါခေါင်းရဲ့အရွယ်ကိုမူတည်ပြီးတော့ USB က ထပ်ပြီးကွဲပြားသွားပါတယ်။

တစ်ခုရှိတာက USB တွေကို အခုလိုသုံးနိုင်လာတာရဲ့နောက်ကွယ်က အားသာချက်က အဆင့် တစ်ဆင့်မြင့်တဲ့ USB စံဟာ သူ့အောက်က အဆင့်နိမ့်တဲ့ USB စံတွေနဲ့ ကိုက်ညီမှုရှိနေတာပါ။ ပြောချင်တာ က USB 2.0 ဆိုရင် USB 1.0 နဲ့ကြိုးတွေကိုလာသုံးလို့ရတယ်။ Data သွားတဲ့ speed အနှေးအမြန်ပဲ ကွာသွားလိမ့်မယ်။ သုံးတာကသုံးလို့ရတယ်။ USB တွေဟာ ကမ္ဘာနဲ့တစ်ဝှန်းမှာ စံရယ်လို့ဖြစ်လာပြီး တဲ့နောက်မှာ အသုံးပြုတဲ့သူတွေအနေနဲ့လည်း ပိုပိုပြီးအသုံးများလာပါတယ်။ သူ့ရဲ့အသုံးကလည်း ပိုပိုပြီးတွင်ကျယ်လာတယ်။ အခု USB Type C မှာဆိုရင် ကျွန်တော်တို့ data နဲ့ power တင်မကဘဲ display ကိုပါ သယ်ပေးနိုင်နေပါပြီ။

နောက်ထူးခြားတာတစ်ခုက sleep-and- charger ဆိုတဲ့ technology ရှိပါတယ်။ ပြောချင်တာက ဒီနည်း ပညာသုံးထားတဲ့ port တွေမှာဆိုရင် ကွန်ပျူတာကြီးကို shutdown လုပ်ထားပေမယ့် USB ကနေတော့ Power ပေးပြီးအားသွင်းလို့ရတုန်းပါပဲ။ အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ တကယ်လို့များ ကိုယ့်ဖုန်းမှာပါတဲ့ charger ထက် ပိုပြီးအားကောင်းတဲ့၊ ပိုပြီးလျှပ်စစ်ဓာတ်အားထုတ်ပေးနိုင်တဲ့ charger မျိုးနဲ့အားသွင်းမိရင် ဖုန်းတွေထပြီးမီးလောင်နိုင်သလားဆိုတဲ့အချက်ဖြစ်ပါတယ်။

မပျက်ပါဘူး။ USB device မှန်ရင် ဘယ် USB cable ကိုမဆိုသုံးပြီး ဘယ် USB port မှာမဆို အား သွင်းနိုင်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက USB Implementers Forum က ပြဌာန်းလိုက်တဲ့ စံသတ်မှတ် ချက်ထဲမှာ သာမန်ထက်အားပိုကောင်းတဲ့လိုင်းကနေလာတဲ့ လျှပ်စစ်ဓာတ်ကိုသုံးပြီး ဘက်ထရီတွေကို မြန်မြန်အားပြည့်အောင် လုပ်ပေးတဲ့နည်းပညာကို ထည့်ပေးပြီးသားပါ။ ဒါကြောင့် iPhone ကို iPad adaptor နဲ့အားသွင်းရင် ဖုန်းမပျက်စီးတဲ့အပြင် အားမြန်မြန်တောင်မှ ပြည့်ပါသေးတယ်။

ဒါပေမဲ့ ဒီစနစ်မှာက အားနည်းချက်ရှိပါတယ်။ အဲဒါက ဘက်ထရီတွေရဲ့သက်တမ်းပါ။ ဘယ်ဘက်ထရီမဆို စက်ရုံကထုတ်လိုက်ပြီဆိုတာနဲ့ စပြီးတော့ပျက်စီးလာတယ်၊ degrade ဖြစ်လာတယ်ပေါ့။ အဲဒီအကြောင်းကို ကျွန်တော် Li-ion ဘက်ထရီတွေအကြောင်းပြောတုန်းကရေးပြီးပါပြီ။ တကယ်လို့ ကိုယ့်ဖုန်းကသုံးတာ နှစ်ကြာလာနေပြီ။ ပြောချင်တာက ၂ နှစ်ကျော်လာပြီဆိုရင် အဲဒီလိုမျိုး mA မြင့်မြင့်နဲ့ အမြန်တွန်းပြီး အားသွင်းတဲ့စနစ်က ဘက်ထရီကိုဝန်ပိစေပြီးတော့ ဘက်ထရီပူလာပြီးပေါက်ကွဲနိုင်ပါတယ်။ အဲဒီတော့ ဒီအတွက်အဖြေကိုပြောပါဆိုရင် ဘက်ထရီအသစ်၊ ဖုန်းအသစ်တွေမှာဆိုရင် ဒီလိုမျိုး mA မြင့်မြင့်နဲ့ အားသွင်းတာက အားမြန်မြန်ပြည့်စေတဲ့ အကျိုးရလဒ်ကိုရစေပေမယ့်၊ ဖုန်းအဟောင်းတွေ၊ သက်တမ်းရင့်နေတဲ့ဘက်ထရီတွေမှာဆိုရင်တော့ အန္တရာယ်ရှိတယ်လို့ ပြောရပါမယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment