Collectable Card နဲ့ Tower Defecnce ကိုပေါင်းစပ်ထားတဲ့ ကာတွန်းမိုဘိုင်းဂိမ်းလေး Crazy Kings









Crazy Kings ဟာ Collectable Card စတိုင်နဲ့ Tower Defence ကိုပေါင်းစပ်ထားတဲ့ ကာတွန်း ဆန်ဆန်မိုဘိုင်းဂိမ်းလေးဖြစ်ပါတယ်။ ထုတ်လုပ်သူကတော့ Jelly Splash, Diamond Dash တို့နဲ့လူသိများတဲ့ ကုမ္ပဏီ Wooga ပါ။ ဒီဂိမ်းရဲ့ပုံသဏ္ဍန်ဟာ ပုံမှန် TD ဂိမ်းတွေထက်ဆွဲဆောင်မှုရှိနေတာကြောင့် မကြာသေး ခင်ကမှထွက်လာတဲ့ ဒီဂိမ်းလေးကိုမိတ်ဆက်ပေးချင်တာဖြစ်ပါတယ်။
ကစားသူဟာဂိမ်းအစမှာ ရယ်စရာကောင်းတဲ့ cut scenne လေးကိုအရင်ကြည့်ရမှာဖြစ်ပြီး စိတ် ဖောက်ပြန်သွားတဲ့ တော်ဝင်တွေဟာ ကမ္ဘာတစ်ခုလုံးကို မိစ္ဆာတွေရန်က ကာကွယ်မပေးဘဲသူရဲကောင်းတွေ ကျဆုံးသွားခဲ့တယ်။ ဒီအချိန်မှာ တိုက်ပွဲကိုနတ်သမီးတစ်ပါးရောက်လာပြီး ကစားသူရဲ့ Avatar ဖြစ်လာမယ့် သူကို ရူးသွတ်နေတဲ့ဘုရင်တွေကိုရပ်တန့်ဖို့ သူရဲကောင်းတစ်ယောက်လိုနေပြီလို့ ပြောလိုက်ပါတယ်။ တကယ်က နတ်သမီးဟာ သူ့ကိုသူရဲကောင်းတစ်ယောက် ရှာခိုင်းတာဖြစ်ပေမယ့် နားလည်မှုလွဲသွားတဲ့ ကျနော်တို့ရဲ့ဇာတ်လိုက်က သူ့ကိုယ့်သူနတ်သမီးက ပြောကြားတဲ့သူရဲကောင်းလို့ထင်ပြီး  Minotaur စတဲ့ မိစ္ဆာတွေကိုပြန်လည်တိုက်ခိုက်ပြီး Crazy Kings တွေကိုတားဆီးဖို့ ကြိုးစားပါတော့တယ်။

ရယ်စရာကောင်းတဲ့ပုံစံနဲ့ စတင်ထားပြီး ကာတွန်းပုံအခြေခံဂရပ်ဖစ် ဒီဖိုင်းလေးတွေကတော်တော်နှစ် သက်စရာကောင်းပါတယ်။ မြေပုံပေါ်မှာတစ်ခန်းကိုနိုင်မှ နောက်ထပ်ဇာတ်လမ်းအသစ်တွေ ပွင့်သွားတဲ့ပုံစံဖြစ် ပြီး Daily Quest, Upgrade စတဲ့ နေရာတွေကိုလဲရှေ့က Level တွေကိုနိုင်မှ ပွင့်လာမှာပါ။

တစ်ခန်းချင်းစီမှာ သိပ်အချိန်မကြာတဲ့ Tutorial လေးတွေရှိပြီး တိုတိုနဲ့ထိရောက်တယ်။ ကစားသူဟာ အနိုင်ရရှိတဲ့ ကြယ်အဆင့်ပေါ်မူတည်ပြီး in-game currency  ဖြစ်တဲ့ gem တွေကိုပါ အမြင့်ဆုံး 3 Stars နဲ့နိုင်ရင် ရရှိနိုင်တယ်။ တာဝါတွေကို upgrade တင်ဖို့အတွက်တော့ တူညီတဲ့ကတ်နှစ်ကတ်ရမှ တင်လို့ရမှာပါ။ ဒီကတ်တွေကိုလဲ Level တွေကိုအနိုင်ရင် ရရှိမှာဖြစ်တယ်။ Tower card တွေအပြင် ကိုယ့်ဟီးရိုးအတွက် weapon, armor စတာတွေလဲပါဝင်ပါတယ်။ ကစားရတဲ့ပုံက OMG! TD တုန်းကလိုပဲ ကိုယ့်ရဲ့ဟီးရိုးကို ရန်သူ wave တွေအပေါ် အချိန်ခဏတားဆီးဖို့ အသုံးပြုနိုင်တယ်။ လက်နဲ့ဆွဲရွေ့ပြီး ကိုယ်ချစေချင်တဲ့ ရန်သူပေါ် တင်ပေးလိုက်ရုံပါပဲ။ Tower  တွေကိုဆောက်ဖို့အတွက် Mana ကို အသုံးပြုရပြီး ရန်သူတွေကိုသတ်နိုင်ရင် Mana ပိုရမှာဖြစ်တယ်။ Trap တွေကတော့ ability လိုသဘောမျိုးဖြစ်ပြီး 1 mana စသဖြင့် အနည်းငယ်သာ ကုန်ပြီး Cooldown နဲ့ဖြစ်ပါတယ်။
Tower တွေမှာထုံးစံအတိုင်း AoE ထိစေတာ၊ တစ်ယောက်ထဲကို မြန်မြန်ချေမှုန်းတာ၊ တစ်ကောင် ထက်ပိုတဲ့ရန်သူတွေကို တစ်ချိန်တည်းတိုက်ခိုက်တာစသဖြင့် ကွဲပြားတယ်။ ဒီဂိမ်းလေးမှာ နှစ်သက်စရာ အကောင်းဆုံးကတော့ သူ့ရဲ့ကာတွန်းအခြေခံဂရမ်းဖစ်ပုံစံလေးတွေပါပဲ။ CCG နဲ့ TD ကို ရောထားတဲ့ gameplay ကလဲ သင့်ကိုအစောပိုင်းမှာ ကတ်တွေစုရတာ ပျော်ရွှင်စရာလို့ထင်စေမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အခန်းတစ်ခန်းကိုကျော်ဖို့ ဘယ်ကတ်တွေကို အသုံးပြုရမလဲဆိုတာနဲ့ ဦးနှောက်စားစေမှာပါ။ iOS ပေါ်မှာ အခမဲ့ရရှိနိုင်တဲ့ ဂိမ်းဖြစ်ပြီး ကစားရတာလဲကောင်းပါတယ်။ ဒါပေမယ့် မိုဘိုင်းဂိမ်းဆန်တဲ့ Featuer တစ်ခုဖြစ်တဲ့ Energy Bar စနစ်ကို ထည့်ထားတာကြောင့် အမှတ်ပြန်လျော့လိုက်တာဖြစ်ပါတယ်။ သင့်ရဲ့ဖုန်းပေါ်မှာ ထည့်ထားသင့်တဲ့ TD ပရိသတ် တစ်ယောက်အနေနဲ့ လက်လွတ်မခံသင့်တဲ့ ဂိမ်းလေးပါပဲ။

Barnuka

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment