အိမ်မွေးခွေးတွေနဲ့ ဘယ်လိုခရီးသွားမလဲ










ပိုင်ရှင်သွားလေရာ  ပါနိုင်လောက်အောင်တော့ ခွေးတိုင်းက မလိမ္မာကြပါဘူး။ ဒါကြောင့် ဒီလိုကားနဲ့ သွားဖို့သိပ်အဆင်မပြေနိုင်မယ့် ခွေးမျိုးကိုပိုင်ဆိုင်ထားသူတွေအနေနဲ့ သူတို့နဲ့အဆင်ပြေအောင်ဘယ်လိုပြုမူ သင့်တယ်ဆိုတာ..

ခွေးတွေဟာ လူတွေနဲ့နီးစပ်တဲ့တိရိစ္ဆာန်တွေဖြစ်ပါတယ်။ လူတွေရဲ့အရိပ်အကဲကို နားလည်သလို ချစ်စဖွယ်အမူအရာတွေနဲ့ လေ့ကျင့်သင်ကြားပေးလို့လည်း ရပါတယ်။ ဒီအထဲမှာမှ တချို့ခွေးတွေဟာ ကားစီးရတာကို ကြိုက်နှစ်သက်ကြတာပါ။ သူတို့တွေဟာ ကားစီးရတဲ့အခါမျိုးမှာ ပျော်ရွှင်နေတတ်ကြသလို ပိုင်ရှင်ကိုလည်း အပျော်တွေကူးဆက်အောင် စွမ်းဆောင်ပေးနိုင်သူတွေဆိုရင် မမှားပါဘူး။ ဒါကြောင့် တချို့ ခွေးချစ်သူတွေဟာ သူတို့ဘယ်သွားသည်ဖြစ်စေ ခွေးလေးတွေကို သူတို့နဲ့အတူ ခေါ်ဆောင်သွားလေ့ရှိကြ တာပါ။ ဒီနေရာမှာ တစ်ခုချွင်းချက်ရှိတာကတော့ ဒီလိုမျိုးပိုင်ရှင်သွားလေရာ  ပါနိုင်လောက်အောင်တော့ ခွေး တိုင်းက မလိမ္မာကြပါဘူး။ ဒါကြောင့် ဒီလိုကားနဲ့သွားဖို့ သိပ်အဆင်မပြေနိုင်မယ့်ခွေးမျိုးကို ပိုင်ဆိုင် ထားသူတွေအနေနဲ့ သူတို့နဲ့အဆင်ပြေအောင် ဘယ်လိုပြုမူသင့်တယ်ဆိုတာအကြံပေးချင်ပါတယ်။

၁။ ဘယ်လိုပုံစံမျိုးနဲ့ ထိန်းမလဲအရင်စဉ်းစားပါ
ကားမောင်းနှင်နေချိန်မှာ ခွေးကိုအော်ချင်အော်၊ ဟစ်ချင်ဟစ်ဆိုတဲ့ပုံစံမျိုးနဲ့ လွှတ်ထားလို့ အဆင်ပြေ မှာမဟုတ်ပါဘူး။ ဒါကြောင့် ခရီးတာနည်းနည်းရှည်တဲ့ခရီးမျိုး သွားတော့မယ်ဆိုရင် သူတို့ကို ကိုယ်နဲ့ အနီးဆုံး နေရာမှာထားပြီး ပွတ်သပ်ချော့မြူပေးဖို့ လိုအပ်မှာအသေအချာပဲဖြစ်ပါတယ်။ ဒါဟာ ရိုးလွန်းတယ်လို့ ထင်စရာ ရှိပေမယ့် တိရိစ္ဆာန်တွေကို ငြိမ်ဝပ်နေအောင် ထိန်းထားရာမှာ အလုပ်ဖြစ်လွန်းတဲ့ နည်းလမ်းတစ်ခုဖြစ်လို့ မေ့မထားသင့်ပါဘူး။ တကယ်လို့ ကိုယ်ကခွေးတစ်ကောင်ငြိမ်ငြိမ်နေနိုင်မယ့် အကွာအဝေးထက်ပိုတဲ့နေရာ    ဒေသတစ်ခုကိုသွားမယ်၊ နောက်တစ်ချက်က ကိုယ့်ခွေးကထိန်းသိမ်းရလည်း အတော်လေးခက်နေမယ် ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက အိမ်မွေးခွေးလေးတွေအတွက် ဖန်တီးထားတဲ့ခွေးလှောင်အိမ်ထဲ ထည့်ပြီး သယ်ဆောင်သွားသင့်ပါတယ်။ ဒီအချက်က ခွေးအချစ်တော်တွေအတွက် အနည်းငယ် ကသိ ကအောက်နိုင်စရာရှိပေမယ့်   သူ့ကိုဂရုစိုက်နေရတဲ့အချိန်ကို လျှော့ချနိုင်မှာဖြစ်တဲ့အတွက် အန္တရာယ် ကင်းကင်းနဲ့ မောင်းနှင်နိုင်မှာအသေအချာပါပဲ။ ဒါ့အပြင် ဒီလိုနည်းက ယာဉ်မတော်တဆဖြစ်မှုတွေကိုပါ လျှော့ချပေးနိုင်မှာဖြစ်လို့ ရွေးချယ်သင့်တဲ့နည်းလမ်းတစ်ခုလို့လည်း အကြံပြုချင်ပါတယ်။

နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ ခွေးကိုကားအတွင်း တစ်နေရာမှာ ပိတ်မိနေအောင် ဖမ်း တီးထားရမယ့်နည်းလမ်းပါပဲ။ ကားအတွင်းတစ်နေရာမှာ ခွေးအတွက် သီးသန့်နေရာတစ်ခုပြုလုပ်ပေးပြီး သူ့ကိုအဲဒီနေရာမှာ သက်သောင့်သက်သာရှိနေစေမယ့် အချက်လည်းဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် တော့ ကိုယ်က စတေရှင်ဝက်ဂွန်ကားပိုင်ရှင်တစ်ယောက်ဖြစ်နေရင် ကားရဲ့နောက်ခန်းထဲမှာ ခွေးအတွက် နေရာပြုလုပ်ဖို့အကောင်းဆုံးဖြစ်မှာပါ။ စတေရှင်ဝက်ဂွန်လိုကား မျိုးမှာမှ ကားပြတင်းပေါက်ကတစ်ဆင့် အဆော့သန်တဲ့ ကိုယ့်ခွေးထွက်ပြေးမသွားဖို့ဆိုရင် ၀ါယာကို သံဇကာကွက်ယက်ထားတဲ့ အထောက်အကူ ပစ္စည်းမျိုးကိုအသုံးပြုပြီး တားဆီးထားရမှာဖြစ်ပါတယ်။ ခွေးကို ပိုပြီးသက်သောင့်သက်သာ ရှိနေစေချင်တဲ့ ကားပိုင်ရှင်တွေကဆိုရင်တော့ အဲဒီလိုနောက်ဖက်အခြမ်းမှာ ကိုယ့်ခွေးအတွက် အိပ်ယာဖန်တီးပေးထားလေ့ ရှိကြတာပါ။

၂။ လှောင်အိမ်နဲ့ မိတ်ဆက်ပေးထား
ကိုယ်က အဲဒီလောက်အထိ ကရိကထမခံချင်ဘူး။ တစ်ထိုင်တည်းလည်း အလုပ်ဖြစ်ချင်တယ် ဆိုရင်တော့ အကောင်းဆုံးနည်းက  ခွေးကိုလှောင်အိမ်ထဲ ထည့်ထားဖို့ပါပဲ။ ဒါပေမယ့် တချို့ခွေးတွေက သူတို့ကို လှောင်အိမ်ထဲထည့်ထားရင် သိပ်မကြိုက်တတ်ကြတာကြောင့် ခရီးရှည်သွားတဲ့အချိန် သူတို့ကို ခေါ်သွားချင်တယ်ဆိုရင် လှောင်အိမ်နဲ့ရင်းနှီးမှုရအောင် အရင်ဖန်တီးထားသင့်ပါတယ်။ ပထမဆုံးအနေနဲ့ ခွေးတွေကို အပြုသဘောဆောင်တဲ့ဘက်က လှောင်အိမ်နဲ့ရင်းနှီးသွားအောင် မိတ်ဆက်ထားပေးရပါမယ်။ လှောင်အိမ်လေးပြပြီး ဆော့ကစားပေးတာမျိုး၊ ရင်းနှီးသွားအောင် နမ်းကြည့်ခိုင်းတာမျိုးကလည်း အလုပ် ဖြစ်တဲ့နည်းလမ်းတွေဆိုရင် မမှားပါဘူး။ ပြီးတော့ ခရီးရှည်မသွားခင် တစ်ပတ်လောက်ကတည်းက ခွေးကို လှောင်အိမ်ထဲထည့်၊ နောက်တစ်ဆင့်အနေနဲ့ ဘယ်သူမှရှိမနေမယ့် ကားထဲမှာ နှစ်မိနစ်၊ သုံးမိနစ်လောက် ကျင့်သားရအောင် ခဏထားခဲ့တာမျိုးတွေလည်း ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းမျိုးနဲ့ ခွေးနဲ့ လှောင်အိမ်ရင်းနှီးလာအောင် ပြုလုပ်ပေးထားရမှာဖြစ်ပြီး ကိုယ်ကိုယ်တိုင်ကလည်း ဒီနည်းက အလုပ်ဖြစ် ကြောင်း ယုံကြည်စိတ်နဲ့ ကြိမ်ဖန်များစွာလေ့ကျင့်ပေးထားနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။

၃။ လေ့ကျင့်ခန်း လုပ်ပေးပါ
ခရီးဝေးမသွားခင်နဲ့ ခွေးကိုလှောင်အိမ်ထဲမထည့်ခင် သူ့ကိုမောပန်းသွားအောင် အရင်ပြုလုပ် ပေးနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။ ခွေးနဲ့အတူ ပြေးလွှားဆော့ကစားပေးထားမျိုး ဒါမှမဟုတ် ခွေးကို သူကြိုက်တဲ့အစားအစာတွေ စိတ်ကြိုက်စားခွင့်ပေးတာမျိုး ပြုလုပ်ပေးရပါလိမ့်မယ်။ ရည်ရွယ်ချက်ကတော့ ခရီးမသွားခင် ခွေးကိုပင်ပန်းသွားအောင်ပြုလုပ်ချင်လို့ပါပဲ။ ဒါမှ သူ့ကိုလှောင်အိမ်ထဲထည့်ပြီး သယ်ဆောင် သွားချိန်မှာ သူကလည်းအတိုင်းအတာတစ်ခုအထိ အိပ်စက်လိုက်ပါလာဖို့ အသင့်ရှိနေမှာဖြစ်ပါတယ်။

၎။ ကြိုတင်ပြင်ဆင်နိုင်ပါစေ
နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ခွေးအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်နိုင်ဖို့ပါပဲ။ သူတို့စောင်၊ အိပ်ယာစတဲ့ သက်သောင့်သက်သာရှိစေနိုင်မယ့် ၀န်းကျင်မျိုးဖန်တီးပေးထားပြီး လိုအပ်တဲ့အသုံးအဆောင် တွေဖြစ်တဲ့ ရေ၊ အပေါ့ အလေးသွားရင်အသုံးပြုတဲ့ပစ္စည်း စတာတွေကိုလည်း ကိုယ့်အနေနဲ့ အဆင်သင့်ဖြစ် အောင် မဖြစ်မနေပြင်ဆင်ထားရမှာဖြစ်ပါတယ်။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment