Donatella Versace










ဒီတစ်ပတ်ရဲ့ဖက်ရှင်ကဏ္ဍလေးအတွက်ကိုတော့ ကမ္ဘာ့နာမည်ကြီးဖက်ရှင် Brand တွေထဲကတစ်ခုဖြစ်တဲ့ Versace နဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ Versace ဆိုတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ ကမ္ဘာကျော် အဆိုတော် Lady Ga Ga ရဲ အနှစ်သက်ဆုံး Brand တွေထဲက တစ်ခု။ Lady Ga Ga ရဲ့ အဓိက ဒီဇိုင်နာ Donatella အတွက်တောင် သီချင်းတစ်ပုဒ်ရေးသားပြီး သီဆိုခဲ့ပါတယ်။ အသက်(၅၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နာတယ်လာဟာ အီတလီလူမျိုးဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်ပြီး Versaca အုပ်စုရဲ့ Vice President တစ်ဦးလည်းဖြစ်ပါတယ်။

သူမကို အီတလီနိုင်ငံတောင်ပိုင်းရဲ့ Reggio Calabria မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ဖခင်ဟာ အီတာလျန် မင်းမျိုးမင်းနွယ်ရဲ့ ငွေကြေးထောက်ပံ့သူတစ်ဦးဖြစ်ပါတယ်။ မွေးချင်း(၄)ဦးအနက် အငယ်ဆုံးဖြစ်ပြီး အစ်မကြီးဖြစ်သူ တီနာက အသက်(၁၀)နှစ်အရွယ်မှာ မေးခိုင်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ပထမဦးဆုံး ဇာထိုးအထည်ဒီဇိုင်းပညာကို အစ်ကိုဖြစ်သူ Gianni နဲ့အတူသင်ယူခဲ့ပါတယ်။ ဆယ်စုနှစ် တစ်ခုကြာပြီးနောက်မှာတော့ အစ်ကိုဖြစ်သူ Gianni ဟာ သူမအတွက်ရည်ရွယ်ပြီး Blonde ဆိုတဲ့ ရေမွေးစတင်ထုတ်လုပ်ခဲ့ပြီးနောက်မှာတော့ Versace က စတင်နာမည်ကြီးဖို့ အကြောင်းပြုလာပါပြီ။

အစ်ကိုဖြစ်သူ Gianni အသတ်ခံရခြင်း
၁၉၉၇ခုနှစ် ဇူလိုင်လမှာ Donatella ရဲ့ အစ်ကိုဖြစ်သူ Gianni ဟာ ပိုင်ယာမီကနေအိမ်မှာသေနတ်နဲ့ပစ်ပြီး အသတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ တရားခံ Andrew ကတော့ ဖမ်းဆီးမှုကိုရှောင်တိမ်းနေခဲ့ပြီး ရက်သိပ်မကြာ ခင်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ ဒီအသတ်ခံရမှုကလည်း လူစိတ်ဝင်စားစရာ တစ်ခုဖြစ် ခဲ့ပြီး Donatella အပါအ၀င် တစ်မိသားစုလုံးက အောင်မြင်မှုရနေဆဲ့ Versace Spring Summer Collection အပြင် အခြားသောလုပ်ငန်းတွေကို ခဏဆိုင်းငံ့ထားပြီး ပြောင်းရွေ့သွားခဲ့ပါတယ်။ Donatella ကလည်း စိတ်မကောင်းဖြစ်မှု၊ ၀မ်းနည်းမှုတွေဖြေသိမ့်ဖို့ အိပ်ဆေးတွေ၊ ကိုကိန်းတွေသုံးစွဲရင်း ဆေးဆွဲသူတစ်ဦးဖြစ်ခဲ့ပါတော့တယ်။ 

Gianni ရဲ့ အသုဘပွဲကို ကမ္ဘာတစ်ဝှမ်းလုံးမှ လူပေါင်းနှစ်ထောင်ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။ အဲဒီ ထဲကမှ နာမည်ကြီးတွေအနေနဲ့ အားလုံးသိတဲ့ မက်ဒေါနား၊ ကမ္ဘာ့ နာမည်ကြီးမော်ဒယ် နာအိုမီ ကမ်းပဲလ်၊ ဒိုင်ယာနာမင်းသမီး၊ ဂျာမန်ဖက်ရှင်ဒီဇိုင်နာ Karl Lagerfeld ၊ ARMANI ရဲ့ ဒီဇိုင်နာတည်ထောင်သူ တစ်ဦးဖြစ်တဲ့ Giorgio Armani တို့နဲ့ အခြားကမ္ဘာ့နာမည်ကြီးများစွာ တက်ရောက်ခဲ့ကြပါတယ်။

အနုညာလုပ်ငန်း
Donatella က ဖက်ရှင်မှာတင်မက နာမည်ကြီးရုပ်သံဇာတ်လမ်းတွဲတွေဖြစ်တဲ့ The Devil Wears Prada ၊ Ugly Betty တို့မှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပါသေးတယ်။

အောင်မြင်မှု
Donatella ရဲ့ အကြီးကျယ်ဆုံးအောင်မြင်မှုတစ်ခုလို့ပြောလို့ရတာကတော့ အခြားသောဒီဇိုင်နာများကဲ့သို့ ဖက်ရှင်ပြပွဲတွေမှာ နာမည်မရှိသေးတဲ့ မော်ဒယ်တွေအသုံးပြုတာမဟုတ်ဘဲ ကြော်ငြာများနဲ့ လျှောက်လမ်း များမှာ နာမည်ကြီးအနုပညာရှင်များကို ပထမဦးဆုံး အသုံးပြုခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။ နောက်ထပ် Versaca ရဲ့နာမည်ကြီးဒီဇိုင်နာကတော့ သူမရဲ့အစ်ကို Santo Versace ပဲဖြစ်ပါတယ်။ သူမက သူမရဲ့သူငယ် ချင်းတွေဖြစ်တဲ့ ဂျနီဖာလိုပက်ဇ်၊ မက်ဒေါနား၊ ခရစ္စတီးနားအဂွေလီယာ၊ ဒယ်မီဖိုး၊ Lady Ga Ga တို့လို Versace ကြော်ငြာများမှာ အများဆုံးအသုံး ပြုခွင့်ရခဲ့တဲ့ ဒီဇိုင်နာတစ်ဦးလည်း ဖြစ်ပါတယ်။ 

ဘီယွန်ဆေးနဲ့ အမေရိကန်မင်းသမီး၊ မော်ဒယ် Januaru တို့လို ထိပ်တန်းအနုပညာရှင်တွေကလည်း Versaca Brand ရဲ့မပါမဖြစ်ကြော်ငြာရှင်တွေဖြစ်ပါတယ်။ ၂၀၀၀ပြည့်နှစ် Grammy ဆုပေးပွဲမှာ ဂျနီဖာလိုပက်ဇ်ဝတ်ဆင်ခဲ့တဲ့ Jungle Dress လို့ခေါ်တဲ့ အစိမ်းရောင် Versaca ၀တ်စုံကတော့ Donatella ရဲ့ နာမည်ကြီးဝတ်စုံထဲက တစ်ခုဖြစ်ပါတယ်။ Lady Ga Ga ရဲ့ စတုတ္ထမြောက် အပ်သာမ် ARTPOP မှာလည်း Donatella ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂုဏ်ပြုသီဆိုခံထားရတဲ့ ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။
၁၉၉၈ ခုနှစ်ရုပ်ရှင် The Versace Murder ဆိုတဲ့ဇာတ်ကားမှာ မင်းသမီး Dania Deville က Gianni အသတ်ခံရမှုကို  ဖော်ပြရိုက်ကူးထားခဲ့ပါတယ်။

The Devil Wears Prada ဆိုတဲ့ Lauren ရဲ့ ၀တ္ထုရှည်မှာလည်း Versace ကို များစွာရည်ညွှန်းဖော်ပြခဲ့ပြီး အဲဒီရုပ်ရှင်မှာလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ် ဟောလီးဝုဒ်ရုပ်ရှင် Student of the Year ရဲ့ သီချင်း အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားကလည်း အောင်မြင်မှုရရှိတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။
ဒီလိုအောင်မြင်မှုပေါင်းများစွာရရှိထားတဲ့ Dotanella က Versace Brand တစ်ခုလုံးရဲ့ ရှယ်ယာဈေးကွက်ရဲ့ (၂၀)ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ VOGUE Magazine ရဲ့ (၁၅)နှစ်ပြည့်မှာလည်း သူမအကြိုက်ဆုံး အမျိုးသမီး(၁၅)ဦးနဲ့အတူ ဖက်ရှင်ပြပွဲကျင်းပခဲ့ပါသေးတယ်။ အဲဒီပွဲမှာ စင်ဒီခရောဖိုဒ်၊ ချားလီဇ်သီရွန်၊ ဒယ်မီဖိုး၊ အန်းဟယ်သာဝေး၊ ဂျနီဖာလိုပက်ဇ်၊ အန်ဂျလီနာဂျိုလီနဲ့ အထူးအခြားနာမည်ကြီး အနုပညာရှင်စုစုပေါင်း (၁၅)ဦးမှ Sersace ရဲ့ဝတ်စုံများကို ၀တ်ဆင်ပြသခဲ့ပါတယ်။
အခုချိန်အထိလည်း Versace ဟာ အီတလီ၊ ဥရောပ၊ အနောက်နိုင်ငံများသာမက အာရှတို့လို အရှေ့နိုင်ငံများမှာပါ စွဲမြဲစွာဝတ်ဆင်နေကြတဲ့ နာမည်ကြီး Brand တစ်ခုအဖြစ် ရပ်တည်လျှက်ရှိနေဆဲ ဖြစ်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment