ဖျက်လိုက်တဲ့ဖိုင်မှန်သမျှ ပြန်လည်ရယူပေးနိုင်မယ့် Dumpster











ကျွန်တော်တို့စမတ်ဖုန်းအသုံးပြုသူအတော်များများဟာ တစ်ခါတစ်ရံမှာ သေးငယ်တဲ့ button လေးတွေကို မြန်ဆန်တဲ့လက်ချောင်းလေးတွေနဲ့ လိုရာမရောက်ဘဲ အမှတ်တမဲ့မှားယွင်းနှိပ်မိတာမျိုး ကြုံရလေ့ရှိပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ဖိုင်တွေ၊ ပုံတွေ၊ ဗွီဒီယိုတွေကို အမှတ်တမဲ့မှားယွင်းဖျက်မိတဲ့အခါ အရေးတကြီး ပြန်လည်ရယူချင်တဲ့အတွက် အခက်အခဲ အနည်းနဲ့အများဖြစ်ပေါ်တတ်ကြပါတယ်။ 

အထူးသဖြင့် ကိုယ့်အတွက် အရေးကြီးမယ့်ဖိုင်တွေ၊ ပုံတွေကို ဖုန်းရဲ့ external storage (SD card) ထဲမှာမဟုတ်ဘဲ builtin storage ထဲမှာ သိမ်းဆည်းထားပြီး မှားယွင်းဖျက်မိလိုက်ရင် လွန်စွာစိတ်က သိကအောက် ဖြစ်စေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့စမတ်ဖုန်းထဲမှာ PC ကွန်ပျူတာပေါ်မှာလို ပျက် သွားနိုင်တဲ့ဖိုင်တွေကို အလွယ်တကူပြန်လည်ဆယ်ယူနိုင်မယ့် software Apps မျိုး ကြိုတင်ထည့်သွင်း ထားမယ်ဆိုရင်တော့ ပျက်သွားတဲ့ဖိုင်တွေ၊ ပုံတွေ၊ ဗီဒီယိုတွေနဲ့ အခြား Android တွေကအစ ပြန်လည်ရ ယူပေးနိုင်ဖြစ်ပါတယ်။ ဒီ Apps လေးကတော့ Dumpster ဆိုတဲ့ Apps လေးဖြစ်ပြီး playstore မှာ သွားရောက်ရယူနိုင်ပါတယ်။

Apps ကို ရယူပြီးတာနဲ့ Initial Setup မှာ ဖိုင်တွေကိုမှားဖျက်မိတဲ့အခါ ပြန်လည်ရယူနိုင်မယ့် အမျိုးအစား ကို On ပြုလုပ်ကာ ရွေးချယ်ပေးတာတွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့်စိတ်ကြိုက်ပြန် လည်ချိန်ညှိနိုင် ပါသေးတယ်။ ပြီးရင် Next ကိုနှိပ်ပြီး ဆက်သွားပါမယ်။ ပြီးရင် Dumpster Apps ရဲ့ စစချင်းအသုံးပြုမှုအ တွက် ဖျက်ထားတဲ့ဖိုင်တွေကို စိစစ်ဖော်ပြပေးပါလိမ့်မယ်။ အဲဒီနေရာမှာ ကိုယ်ဖျက်မိထားတဲ့ဖိုင်တွေကို အမျိုးအစားလိုက်ပြန်လည်တွေ့မြင်ရမှာဖြစ်ပါတယ်။

Apps ရဲ့အပေါ်ဘက်ဆုံးက Dumpster ဆိုတဲ့ menu ကို တစ်ချက်နှိပ်လိုက်ပြီး ကိုယ်ပြန်ရှာချင်တဲ့ ဖိုင်အမျိုး အစားတစ်ခုချင်းစီကိုသတ်မှတ်ကာ သီးသန့်ရှာဖွေမှုလည်း ပြုလုပ်နိုင်ပါသေးတယ်။
Dumpster Apps ကနေ ဖော်ပြပေးထားတဲ့ဖိုင်တွေကို ပြန်လည်ရယူလိုတဲ့အခါ လိုချင်တဲ့ဖိုင်ပေါ်ကို တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် ဘေးနားမှာပေါ်လာတဲ့ preview ကနေတစ်ဆင့် အောက်နားမှာရှိတဲ့ restore ကိုရွေးချယ်ပြီး မှားယွင်းဖျက်မိလိုက်တဲ့ဖိုင်တွေကို မူလနေရာမှာ သွားရောက်ရှာဖွေကြည့်ပါ။ Dumpster List ထဲကနေ ပျောက်သွားတာနဲ့ မူလနေရာမှာပြန်လည်တွေ့မြင်ရမှာဖြစ်ပါတယ်။

တကယ်လို့ Dumpster Apps ရဲ့ မူလ setting တွေကို Apps ထည့်သွင်းစဉ်က မချိန်ညှိခဲ့ရဘူးဆိုရင် ပြန်လည် ချန်ညှိနိုင်ဖို့အတွက် Dumpster ဆိုတဲ့ menu button ရဲ့ဘယ်ဘက်က menu လေးကို တစ်ချက်နှိပ်လိုက်ပါ။ ဒီ Apps လေးဟာ အထူးသဖြင့် မိမိဖုန်းထဲမှာကြိုတင်ထည့်သွင်းရမယ့် Apps လေးဖြစ်ပြီး ဒီလိုကြိုတင်ထည့်သွင်းထားမှသာ ဖျက်မိတဲ့ဖိုင်တွေကို ပြန်လည်ရယူဖို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Pro Version မဟုတ်တဲ့အတွက် Apps ကို အသုံးပြုနေတဲ့အချိန်မှာ Ads တွေ မကြာခဏပေါ်လာတတ်တာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။
မင်းသုနောင်



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment